အင်ဒိုနီးရှား သမ္မတအသစ်က တရုတ် အပါအဝင် နိုင်ငံ ၅ နိုင်ငံသို့ သွားမည်
803
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁ဝ
အင်ဒိုနီးရှားအင်ဒိုနီးရှား သမ္မတအသစ်ဖြစ်သော ပရာဘိုဝီသည် အမေရိကန်ရွေးကောက်ခံသမ္မတ ထရမ့် နှင့်တွေ့ဆုံ ဆွေးနွေးမည့်အစီအစဥ် အပါအဝင် နိုင်ငံ ၅ နိုင်ငံကို ချစ်ကြည်ရေး ခရီးသွားရောက်မည်ဖြစ်သည်။
အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီသည် ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် သမ္မတအသစ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်သည်။ ပရာဘိုဝီက အဓိက အင်အားကြီးနိုင်ငံများနှင့်ဆက်ဆံရေးကို ဟန်ချက်ညီအောင် ထိန်းမည်ဖြစ်ကြောင်း ပြောဆိုထားပြီး ၅ နိုင်ငံသို့ သွားရောက်မည့် ၄င်း၏ ပြည်ပချစ်ကြည်ရေး ပထမဆုံး ခရီးစဥ်အတွင်း တရုတ်နိုင်ငံသို့လည်း သွားရောက်မည်ဖြစ်သည်။
၄င်းသည် သမ္မတရှီကျင့်ဖျင့်နှင့်တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံသို့သွားရောက်မည်ဖြစ်သလို အမေရိကန် သမ္မတ နှင့်တွေ့ဆုံရန် အမေရိကန်သို့ ထပ်မံသွားရောက်မည်ဖြစ်သည်။ ၄င်းက ပီးရူးနိုင်ငံ၊ ဘရာဇီး နှင့် ဗြိတိန်နိုင်ငံသို့ ထပ်မံသွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ပရာဘိုဝိသည် အဆိုပါ ၅နိုင်ငံသို့ သီတင်းပတ် နှစ်ပတ်ကြာသွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုအပြင် ၄င်းသည် အရှေ့အလယ်ပိုင်းဒေသ ရှိနိုင်ငံများသို့လည်း ထပ်မံသွားရောက်မည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
အင္ဒိုနီးရွား သမၼတအသစ္က တ႐ုတ္ အပါအဝင္ ႏိုင္ငံ ၅ ႏိုင္ငံသို႔ သြားမည္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁ဝ
အင္ဒိုနီးရွားအင္ဒိုနီးရွား သမၼတအသစ္ျဖစ္ေသာ ပရာဘိုဝီသည္ အေမရိကန္ေ႐ြးေကာက္ခံသမၼတ ထရမ့္ ႏွင့္ေတြ႕ဆုံ ေဆြးေႏြးမည့္အစီအစဥ္ အပါအဝင္ ႏိုင္ငံ ၅ ႏိုင္ငံကို ခ်စ္ၾကည္ေရး ခရီးသြားေရာက္မည္ျဖစ္သည္။
အင္ဒိုနီးရွား ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာဘိုဝီသည္ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရၿပီးေနာက္ သမၼတအသစ္အျဖစ္ ေ႐ြးေကာက္ခံခဲ့ရသူျဖစ္သည္။ ပရာဘိုဝီက အဓိက အင္အားႀကီးႏိုင္ငံမ်ားႏွင့္ဆက္ဆံေရးကို ဟန္ခ်က္ညီေအာင္ ထိန္းမည္ျဖစ္ေၾကာင္း ေျပာဆိုထားၿပီး ၅ ႏိုင္ငံသို႔ သြားေရာက္မည့္ ၄င္း၏ ျပည္ပခ်စ္ၾကည္ေရး ပထမဆုံး ခရီးစဥ္အတြင္း တ႐ုတ္ႏိုင္ငံသို႔လည္း သြားေရာက္မည္ျဖစ္သည္။
၄င္းသည္ သမၼတရွီက်င့္ဖ်င့္ႏွင့္ေတြ႕ဆုံေဆြးေႏြးရန္ တ႐ုတ္ႏိုင္ငံသို႔သြားေရာက္မည္ျဖစ္သလို အေမရိကန္ သမၼတ ႏွင့္ေတြ႕ဆုံရန္ အေမရိကန္သို႔ ထပ္မံသြားေရာက္မည္ျဖစ္သည္။ ၄င္းက ပီး႐ူးႏိုင္ငံ၊ ဘရာဇီး ႏွင့္ ၿဗိတိန္ႏိုင္ငံသို႔ ထပ္မံသြားေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
ပရာဘိုဝိသည္ အဆိုပါ ၅ႏိုင္ငံသို႔ သီတင္းပတ္ ႏွစ္ပတ္ၾကာသြားေရာက္မည္ျဖစ္ေၾကာင္း သိရသည္။ ထိုအျပင္ ၄င္းသည္ အေရွ႕အလယ္ပိုင္းေဒသ ရွိႏိုင္ငံမ်ားသို႔လည္း ထပ္မံသြားေရာက္မည္ျဖစ္ေၾကာင္း သိရသည္။