တောင်ကိုရီးယားမှာ မူးယစ်ဆေးသုံးစွဲသူ ပျှမ်းမျှအရေအတွက် တိုးလာနေပေမယ့် မူးယစ်ဆေးသားကောင်ကို ဆေးကုသရခြင်း မရှိ
314
ရောင်နီ (NP News) - နိုဝင်ဘာ ၁၁
တောင်ကိုရီးယားမှာ ခန့်မှန်းခြေ မူးယစ်ဆေးဝါးသုံးစွဲသူအရေအတွက်ဟာ ၂၀၂၄ ခုနှစ်အတွင်း ၄၀၀,၀၀၀ ကျော် အထိ တိုးလာနေပေမယ့် မူးယစ်ဆေးစွဲလူနာတွေအတွက် နိုင်ငံတော်က သတ်မှတ်ထားတဲ့ဆေးရုံအချို့မှာတော့ လူနာတစ်ဦးတစ်ယောက်ကိုမှ ကုသပေးရခြင်း မရှိဘူးလို့ သိရပါတယ်။
ကျန်းမာရေး လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့အစီရင်ခံစာအရ ယခုနှစ်အတွင်း တောင်ကိုးရီးယားမှာ လူပေါင်း ၄၀၀,၅၃၀ ဟာ တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲနေတယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီ ကိန်းဂဏန်းဟာ ဝန်ကြီးဌာနရဲ့ ဖော်မြူလာအရ မူးယစ်ဆေးဝါးသုံးစွဲမှုအတွက် စုံစမ်းစစ်ဆေးခံရသူ အရေအတွက်ကို ၃၀ နဲ့ မြှောက်ပြီး ရရှိလာတဲ့ ရလဒ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကလည်း တောင်ကိုရီးယားမှာ မူးယစ်ဆေးဝါးသုံးစွဲသူအရေအတွက် ခန့်မှန်းခြေနှုန်းတွေ မြင့်တက်ခဲ့ ပါတယ်။ ၂၀၁၉ ခုနှစ် တစ်နှစ်ပတ်လုံးမှာ ခန့်မှန်းခြေ မူးယစ်ဆေး သုံးစွဲသူ ၂၄၆,၃၀၀ ရှိပြီး ၂၀၂၃ ခုနှစ်မှာ ခန့်မှန်းခြေ မူးယစ်ဆေး သုံးစွဲသူ အရေအတွက် ၃၂၆,၉၇၀ ထိ တိုးလာခဲ့တယ်လို့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
မူးယစ်ဆေးဝါးစွဲသူ လူနာတွေကို ကုသမှုအတွက် အဓိက ဆေးရုံ ၃၁ ရုံကိုလည်း နိုင်ငံတော်က သတ်မှတ်ပေးထား ပေမယ့် ဆေးရုံတွေမှာ ကုသမှုခံယူသူ အရေအတွက်ဟာ စုစုပေါင်း ၆၄၁ ဦးသာ ရှိခဲ့ပါတယ်။ ဒါကြောင့် ဆေးရုံ တွေရဲ့ထက်ဝက်နီးပါးဟာ မူးယစ်ဆေးစွဲလူနာတွေကို ကုသရေးအတွက် အပြည့်အဝစွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါ ဘူး။ ဝန်ကြီးဌာနရဲ့အစီရင်ခံစာအရ စက်တင်ဘာလအထိအတွင်း ဆေးရုံ ၃၁ ရုံအနက် ၁၃ ရုံဟာ လူနာ လုံးဝ မရှိခဲ့ဘူးလို့ သိရပါတယ်။ တောင်ကိုရီးယားမှာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအက်ဥပဒေအရ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ဖြန့်ဖြူးမှုနဲ့ လက်ဝယ်ထားရှိမှုတို့ကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။
Zawgyi Version;
ေတာင္ကိုရီးယားမွာ မူးယစ္ေဆးသုံးစြဲသူ ပွ်မ္းမွ်အေရအတြက္ တိုးလာေနေပမယ့္ မူးယစ္ေဆးသားေကာင္ကို ေဆးကုသရျခင္း မရွိ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၁
ေတာင္ကိုရီးယားမွာ ခန႔္မွန္းေျခ မူးယစ္ေဆးဝါးသုံးစြဲသူအေရအတြက္ဟာ ၂၀၂၄ ခုႏွစ္အတြင္း ၄၀၀,၀၀၀ ေက်ာ္ အထိ တိုးလာေနေပမယ့္ မူးယစ္ေဆးစြဲလူနာေတြအတြက္ ႏိုင္ငံေတာ္က သတ္မွတ္ထားတဲ့ေဆး႐ုံအခ်ိဳ႕မွာေတာ့ လူနာတစ္ဦးတစ္ေယာက္ကိုမွ ကုသေပးရျခင္း မရွိဘူးလို႔ သိရပါတယ္။
က်န္းမာေရး လူမႈဖူလုံေရးဝန္ႀကီးဌာနရဲ႕အစီရင္ခံစာအရ ယခုႏွစ္အတြင္း ေတာင္ကိုးရီးယားမွာ လူေပါင္း ၄၀၀,၅၃၀ ဟာ တရားမဝင္ မူးယစ္ေဆးဝါး သုံးစြဲေနတယ္လို႔ ခန႔္မွန္းထားပါတယ္။ အဲဒီ ကိန္းဂဏန္းဟာ ဝန္ႀကီးဌာနရဲ႕ ေဖာ္ျမဴလာအရ မူးယစ္ေဆးဝါးသုံးစြဲမႈအတြက္ စုံစမ္းစစ္ေဆးခံရသူ အေရအတြက္ကို ၃၀ နဲ႔ ေျမႇာက္ၿပီး ရရွိလာတဲ့ ရလဒ္ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ေတြကလည္း ေတာင္ကိုရီးယားမွာ မူးယစ္ေဆးဝါးသုံးစြဲသူအေရအတြက္ ခန႔္မွန္းေျခႏႈန္းေတြ ျမင့္တက္ခဲ့ ပါတယ္။ ၂၀၁၉ ခုႏွစ္ တစ္ႏွစ္ပတ္လုံးမွာ ခန႔္မွန္းေျခ မူးယစ္ေဆး သုံးစြဲသူ ၂၄၆,၃၀၀ ရွိၿပီး ၂၀၂၃ ခုႏွစ္မွာ ခန႔္မွန္းေျခ မူးယစ္ေဆး သုံးစြဲသူ အေရအတြက္ ၃၂၆,၉၇၀ ထိ တိုးလာခဲ့တယ္လို႔ ကိန္းဂဏန္းေတြအရ သိရပါတယ္။
မူးယစ္ေဆးဝါးစြဲသူ လူနာေတြကို ကုသမႈအတြက္ အဓိက ေဆး႐ုံ ၃၁ ႐ုံကိုလည္း ႏိုင္ငံေတာ္က သတ္မွတ္ေပးထား ေပမယ့္ ေဆး႐ုံေတြမွာ ကုသမႈခံယူသူ အေရအတြက္ဟာ စုစုေပါင္း ၆၄၁ ဦးသာ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ေဆး႐ုံ ေတြရဲ႕ထက္ဝက္နီးပါးဟာ မူးယစ္ေဆးစြဲလူနာေတြကို ကုသေရးအတြက္ အျပည့္အဝစြမ္းေဆာင္ႏိုင္ျခင္း မရွိခဲ့ပါ ဘူး။ ဝန္ႀကီးဌာနရဲ႕အစီရင္ခံစာအရ စက္တင္ဘာလအထိအတြင္း ေဆး႐ုံ ၃၁ ႐ုံအနက္ ၁၃ ႐ုံဟာ လူနာ လုံးဝ မရွိခဲ့ဘူးလို႔ သိရပါတယ္။ ေတာင္ကိုရီးယားမွာ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးအက္ဥပေဒအရ မူးယစ္ေဆးဝါး သုံးစြဲမႈ၊ ျဖန႔္ျဖဴးမႈနဲ႔ လက္ဝယ္ထားရွိမႈတို႔ကို ျပင္းျပင္းထန္ထန္ တားျမစ္ထားပါတယ္။