မွေးကင်းစ ကလေးနှစ်ဦးကို သတ်ပြီး အလောင်းကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းခဲ့တဲ့ တောင်ကိုရီးယားမိခင်ကို ထောင်ဒဏ် ၈ နှစ် ချမှတ်

 821

ရောင်နီ (NP News) - နိုဝင်ဘာ ၁၁

မွေးကင်းစကလေးငယ်နှစ်ဦးကို သတ်ဖြတ်ပြီး အလောင်းကို ရေခဲသေတ္တာထဲ ဝှက်ထားခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားတရားရုံးချုပ်က ထောင်ဒဏ်(၈)နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

လူသတ်မှု၊ အလောင်းကို ဖုံးကွယ်မှုစွဲချက်နဲ့ အသက် ၃၀ အရွယ် မိခင်ကို အောက်တိုဘာ ၈ ရက်မှာ စီရင်ချက်ချခဲ့ ပါတယ်။ အဆိုပါမိခင်ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလနဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတို့က မွေးကင်းစ သမီးတစ်ဦးနဲ့ သားတစ်ဦးကို လည်ပင်းညှစ်သတ်ခဲ့တယ်လို့ ပြစ်မှုထင်ရှားခဲ့ပါတယ်။ ၄င်းက ကလေးငယ်တွေကို သူမရဲ့ အိမ် အနီးတစ်ဝိုက် (သို့မဟုတ်) အနီးနားရှိ လမ်းကြားတစ်ခုကို ခေါ်ဆောင်သွားပြီး သတ်ပစ်ခဲ့တာဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ပြောကြားခဲ့ပါတယ်။
ကလေး အလောင်းတွေကို အနက်ရောင်ပလပ်စတစ်အိတ်တွေနဲ့ထည့်ပြီး ဂျွန်ဂျီပြည်နယ်၊ ဆူဝန်ရှိ သူမရဲ့ တိုက်ခန်း ရေခဲသေတ္တာထဲမှာ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေကို ရေခဲသေတ္တာထဲ မှာ လေးနှစ်နဲ့ ခုနှစ်လ၊ ကျန်တစ်ဦးကို သုံးနှစ်နဲ့ ခုနှစ်လ အသီးသီး သိမ်းဆည်းထားရှိခဲ့ပါတယ်။
သူမရဲ့ဝန်ခံချက်ကတော့ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ ငွေကြေးအခက်အခဲရှိတာကြောင့် ကလေးငယ်တွေကို သတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုပါတယ်။

Zawgyi Version;
ေမြးကင္းစ ကေလးႏွစ္ဦးကို သတ္ၿပီး အေလာင္းကို ေရခဲေသတၱာထဲမွာ သိမ္းဆည္းခဲ့တဲ့ ေတာင္ကိုရီးယားမိခင္ ကို ေထာင္ဒဏ္ ၈ ႏွစ္ ခ်မွတ္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၁

ေမြးကင္းစကေလးငယ္ႏွစ္ဦးကို သတ္ျဖတ္ၿပီး အေလာင္းကို ေရခဲေသတၱာထဲ ဝွက္ထားခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးကို ေတာင္ကိုရီးယားတရား႐ုံးခ်ဳပ္က ေထာင္ဒဏ္(၈)ႏွစ္ ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။

လူသတ္မႈ၊ အေလာင္းကို ဖုံးကြယ္မႈစြဲခ်က္နဲ႔ အသက္ ၃၀ အ႐ြယ္ မိခင္ကို ေအာက္တိုဘာ ၈ ရက္မွာ စီရင္ခ်က္ခ်ခဲ့ ပါတယ္။ အဆိုပါမိခင္ဟာ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလနဲ႔ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလတို႔က ေမြးကင္းစ သမီးတစ္ဦးနဲ႔ သားတစ္ဦးကို လည္ပင္းညႇစ္သတ္ခဲ့တယ္လို႔ ျပစ္မႈထင္ရွားခဲ့ပါတယ္။ ၄င္းက ကေလးငယ္ေတြကို သူမရဲ႕ အိမ္ အနီးတစ္ဝိုက္ (သို႔မဟုတ္) အနီးနားရွိ လမ္းၾကားတစ္ခုကို ေခၚေဆာင္သြားၿပီး သတ္ပစ္ခဲ့တာျဖစ္တယ္လို႔ အစိုးရေရွ႕ေနေတြက ေျပာၾကားခဲ့ပါတယ္။
ကေလး အေလာင္းေတြကို အနက္ေရာင္ပလပ္စတစ္အိတ္ေတြနဲ႔ထည့္ၿပီး ဂြၽန္ဂ်ီျပည္နယ္၊ ဆူဝန္ရွိ သူမရဲ႕ တိုက္ခန္း ေရခဲေသတၱာထဲမွာ သိမ္းဆည္းခဲ့တယ္လို႔ သိရပါတယ္။ ကေလးငယ္ေတြရဲ႕ ႐ုပ္အေလာင္းေတြကို ေရခဲေသတၱာထဲ မွာ ေလးႏွစ္နဲ႔ ခုႏွစ္လ၊ က်န္တစ္ဦးကို သုံးႏွစ္နဲ႔ ခုႏွစ္လ အသီးသီး သိမ္းဆည္းထားရွိခဲ့ပါတယ္။
သူမရဲ႕ဝန္ခံခ်က္ကေတာ့ ကေလးေတြကို ျပဳစုပ်ိဳးေထာင္ရာမွာ ေငြေၾကးအခက္အခဲရွိတာေၾကာင့္ ကေလးငယ္ေတြကို သတ္ခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုပါတယ္။

Related news

© 2021. All rights reserved.