တောင်ကိုရီးယား virtual girl group နဲ့ virtual influencer ဖန်တီးမှုတွေဟာ AI မဟုတ်ကြောင်း Metaverse Entertainment အကြီးအကဲပြော
219
ရောင်နီ (NP News) - နိုဝင်ဘာ ၁၁
Metaverse Entertainment ရဲ့ virtual human department အကြီးအကဲ ကင်ကီဒေါ့ခ် က vitual K Pop girl group တွေနဲ့ virtual influencer တွေရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်အများစုဟာ 3D နည်းပညာပေါ်မှာသာ မှီခိုနေတာဖြစ်ပြီး ဥာဏ်ရည်တု (AI) မဟုတ်ဘူးလို့ ပြောပါတယ်။
Metaverse Entertainment မှာ virtual creation တွေကို Facer စနစ်နဲ့ စတင်ပြီး မျက်နှာအမူအရာတွေကို အသေးစိတ် ဖမ်းယူကာ ဒီဇိုင်းထုတ်ထားပါတယ်။ အဲဒီနောက် Metaverse Entertainment ရဲ့ ခန္ဓာကိုယ်စကင်နာ၊ အလင်းပြန်စနစ် ၁၇၆ ခု၊ ပိုလာ source တွေနဲ့ နည်းပညာမြင့် မီးစနစ်တို့ကို အသုံးပြုပြီး ဖန်တီးထားပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့မှသာ လူနဲ့တူတဲ့ virtual ကာရိုက်တာတွေကို စကင်န်ဖတ်နိုင်မှာဖြစ်ပါတယ်။
မော်ဒယ်လ်ရဲ့နောက်ဆုံး 3D သရုပ်ဖော်နဲ့ လက်တွေ့ကျတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုလည်း Metaverse Entertainment ရဲ့ VFX စတူဒီယိုမှာ လုပ်ဆောင်ရတယ်လို့ ဆိုပါတယ်။ Metaverse Entertainment ရဲ့ virtual human department အကြီးအကဲ ကင်ကီဒေါ့ခ်က "ကျွန်တော်တို့ AI ကို အစပိုင်းကတော့ အသုံးပြုခဲ့ကြတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေကြောင့် အခု 3D နည်းပညာကိုပဲ ပိုအားကိုးလာပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။
တောင်ကိုရီးယား Virtual K Pop group ဖြစ်တဲ့ "Mave" အဖွဲ့ရဲ့ပွဲဦးထွက် သီချင်း "Pandora" ဟာ YouTube မှာ ကြည့်ရှုသူ သန်း ၃၀ ကျော်ရှိနေပြီး Plave မှာ လက်ရှိ တစ်နှစ်တာ အရောင်းရဆုံး အယ်လ်ဘမ်တွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ တောင်ကိုရီးယားမှာ နောက်ပိုင်း K Pop တွေမှာ virtual idol တွေနဲ့မိတ်ဆက်ပေးလာတာ ခပ်စိတ်စိတ် တွေ့လာရပါတယ်။
Zawgyi Version;
ေတာင္ကိုရီးယား virtual girl group နဲ႔ virtual influencer ဖန္တီးမႈေတြဟာ AI မဟုတ္ေၾကာင္း Metaverse Entertainment အႀကီးအကဲေျပာ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၁
Metaverse Entertainment ရဲ႕ virtual human department အႀကီးအကဲ ကင္ကီေဒါ့ခ္ က vitual K Pop girl group ေတြနဲ႔ virtual influencer ေတြရဲ႕ထုတ္လုပ္မႈလုပ္ငန္းစဥ္အမ်ားစုဟာ 3D နည္းပညာေပၚမွာသာ မွီခိုေနတာျဖစ္ၿပီး ဥာဏ္ရည္တု (AI) မဟုတ္ဘူးလို႔ ေျပာပါတယ္။
Metaverse Entertainment မွာ virtual creation ေတြကို Facer စနစ္နဲ႔ စတင္ၿပီး မ်က္ႏွာအမူအရာေတြကို အေသးစိတ္ ဖမ္းယူကာ ဒီဇိုင္းထုတ္ထားပါတယ္။ အဲဒီေနာက္ Metaverse Entertainment ရဲ႕ ခႏၶာကိုယ္စကင္နာ၊ အလင္းျပန္စနစ္ ၁၇၆ ခု၊ ပိုလာ source ေတြနဲ႔ နည္းပညာျမင့္ မီးစနစ္တို႔ကို အသုံးျပဳၿပီး ဖန္တီးထားပါတယ္။ ဒီလိုနည္းလမ္းေတြနဲ႔မွသာ လူနဲ႔တူတဲ့ virtual ကာ႐ိုက္တာေတြကို စကင္န္ဖတ္ႏိုင္မွာျဖစ္ပါတယ္။
ေမာ္ဒယ္လ္ရဲ႕ေနာက္ဆုံး 3D သ႐ုပ္ေဖာ္နဲ႔ လက္ေတြ႕က်တဲ့ ခႏၶာကိုယ္လႈပ္ရွားမႈေတြကိုလည္း Metaverse Entertainment ရဲ႕ VFX စတူဒီယိုမွာ လုပ္ေဆာင္ရတယ္လို႔ ဆိုပါတယ္။ Metaverse Entertainment ရဲ႕ virtual human department အႀကီးအကဲ ကင္ကီေဒါ့ခ္က "ကြၽန္ေတာ္တို႔ AI ကို အစပိုင္းကေတာ့ အသုံးျပဳခဲ့ၾကတယ္။ ဒါေပမယ့္ အဆင္မေျပမႈေတြေၾကာင့္ အခု 3D နည္းပညာကိုပဲ ပိုအားကိုးလာပါတယ္" လို႔ ရွင္းျပခဲ့ပါတယ္။
ေတာင္ကိုရီးယား Virtual K Pop group ျဖစ္တဲ့ "Mave" အဖြဲ႕ရဲ႕ပြဲဦးထြက္ သီခ်င္း "Pandora" ဟာ YouTube မွာ ၾကည့္ရႈသူ သန္း ၃၀ ေက်ာ္ရွိေနၿပီး Plave မွာ လက္ရွိ တစ္ႏွစ္တာ အေရာင္းရဆုံး အယ္လ္ဘမ္ေတြထဲက တစ္ခုျဖစ္လာခဲ့ပါတယ္။ ေတာင္ကိုရီးယားမွာ ေနာက္ပိုင္း K Pop ေတြမွာ virtual idol ေတြနဲ႔မိတ္ဆက္ေပးလာတာ ခပ္စိတ္စိတ္ ေတြ႕လာရပါတယ္။