TNLA နှင့် MNDAA တို့ ဘာသာရေးအဆောက်အအုံနှင့် ပြည်သူပိုင်နေအိမ်များအတွင်း ဝင်ရောက်တပ်စွဲခြင်းမပြုလုပ်ရန် ဒေသခံများတောင်းဆို

 5919

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA နှင့် MNDAA အဖွဲ့ဝင်များကို ဘာသာရေးအ ဆောက်အအုံနှင့် ပြည်သူပိုင်နေအိမ်များအတွင်း ဝင်ရောက်တပ်စွဲခြင်းမပြုလုပ်ရန် ဒေသခံများက တောင်းဆိုမှုများရှိနေသည်။ ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် အောက်တိုဘာလ (၂၇)ရက်တွင် TNLA လက်နက်ကိုင်အဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း တွင် (၁၀၂၇)စစ်ဆင်ရေး ဖော်ဆောင်ခဲ့ပြီး ကျောက်မဲ မြို့နှင့် နောင်ချိုမြို့အပါအဝင် မြို့အချို့ကို ထိန်းချုပ်ကာ အဆိုပါမြို့များရှိ ဘာသာရေး အဆောက်အအုံများ ဘုရားစေတီများအတွင်း ခိုအောင်းနေထိုင်ကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"လက်ရှိမြေပြင်မှာက အထူးသဖြင့်တော့ ရွာတွေမှာရှိတဲ့ စေတီတွေ။ တောင်တန်းတွေပေါ်မှာရှိတဲ့ စေတီတွေ။ ဘုရာကျောင်းတွေနဲ့ ထုထည် ကြီးမား တဲ့ဘုန်းကြီးကျောင်းတွေမှာ စစ်ရေးအရ ပုန်းအောင်းကြတယ်။ ကျောက်မဲမြို့နယ်ထဲမှာရှိတဲ့ ဘုန်းကြီး ကျောင်းမှာ TNLA တွေက စစ်ရေးသင်တန်းပေးတော့ PDF တွေက သင်တန်းတက်တယ်။ ဒါကို သိသွားတော့ တပ်မတော်အနေနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တယ်။ အမှန်တကယ်မှာတော့ စစ်သင်တန်းပေးတယ်ပေါ့။ ဒီဟာတွေကိုလည်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပြီးဖြစ်တယ်ပေါ့"ဟု ရှမ်းပြည် နယ်မြောက်ပိုင်းရှိ ဒေသခံပြည်သူတစ်ဦးက NP News သို့ပြောသည်။

ထိုပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ရွာများမှ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် ဘာသာရေးအဆောက်အအုံများအတွင်း ဝင်ရောက် တပ်စွဲနေထိုင်ခြင်းကို TNLA နှင့် MNDAA လက်နက်ကိုင်အဖွဲ့တို့က ပိုမိုကျင့်သုံးကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“MNDAA အနေနဲ့ လားရှိုးဖြစ်စဉ်တွေမှာ ရန်တိုင်းအောင်ဘုရားကုန်းပေါ်ကနေပြီးတော့မှ ရမခကို စိန်ပြောင်းတွေ ဘာတွေနဲ့ ထုတယ်။ သေနတ်တွေနဲ့ လှမ်းပစ်တယ်။ အဲဒီလို ဘုရားကို Cover ယူပြီး ပစ်ခတ်မှုတွေရှိတယ်။ ဒါတွေက ထင်ရှားတဲ့ သာဓကတွေပေါ့။ အခုနောက်ပိုင်းမှာ TNLA အနေနဲ့ကလည်း သူသိမ်းပိုက်ထားတဲ့ ကျောက်မဲ။ သီပေါ ဆိုလည်း ဘော်ကြိုဘုရားဝန်းထဲမှာ တပ်စွဲထားတယ်ပေါ့။ အဲဒီထဲမှာ အင်အား (၂၅)ယောက်လောက်ရှိမယ်။ ဒီလိုပဲ သာသနိကအဆောက်အအုံတွေကို Cover ယူပြီးတော့ တိုက်ပွဲတွေလုပ်တော့ တပ်မတော်က လေယာဉ်နဲ့ ထိုးစစ်ဆင်တော့။ တိုက်တာက သူတို့ကို ဆိုပေမယ့် သူတို့ cover ယူထားတဲ့ ဘုရားစေတီတွေ၊ သာသနိက အဆောက်အအုံတွေမှန်တော့ အဲဒါတွေ ပျက်စီးရတာပေါ့။ ဒီလိုမျိုး ဘာသာရေးအဆောက်အအုံတွေမှာ တပ်စွဲပြီး တိုက် ခိုက်တာတော့ မလုပ်သင့်တာပါ"ဟု ၎င်းကဆက်လက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ တစ်လ အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဘာသာရေးအဆောက်အအုံ (၄) ခုထက်မနည်း ပျက်စီးခဲ့ရကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြရေးသားချက်အရ သိရသည်။ ထိုသို့ ဘာသာရေးဆောက်အအုံများအတွင်း ဝင်ရောက်တပ်စွဲတိုက်ခိုက်ခြင်းကြောင့် အဆိုပါအဆောက်အအုံများ ပျက်စီးရသည့်အတွက် ဘာသာရေးအား တိုက်ရိုက်ထိခိုက်သည့် လုပ်ရပ်များပင်ဖြစ်ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ဆိုသည်။ ထို့ပြင် လက်နက်ကိုင်အဖွဲ့များက ပြည်သူပိုင်အဆောက်အအုံများအတွင်း ဝင်ရောက်နေထိုင်ခြင်းနှင့် ပြည်သူများအကြား အရပ် ဝတ်လဲကာရောနှောနေထိုင်ခြင်းများသည်လည်း သွယ်ဝိုက်သောနည်းဖြင့် လူသားတံတိုင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း အထက်ပါဒေသခံကဆိုသည်။

"ကျောက်မဲမှာ ဖြစ်သွားတဲ့ သေတာတွေကြည့်ရင် အဲဒီလိုမျိုးတွေများတယ်။ သူတို့အနေနဲ့ ပြည်သူ့အတွက်လို့ အမှန်တကယ် စိတ်ရင်းစေတနာကောင်းမယ်ဆိုရင် အခုလိုလုပ်တာကိုလုပ်လို့ရတယ်။ အခုက သူတို့အကျိုးစီးပွားအတွက် ပြည်သူတွေကို Cover လုပ်တဲ့ အနေအထားဖြစ်တဲ့အတွက် ဒါကို ရှမ်းမြောက်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေကနေ ကန့်ကွက်တယ်။ ရှုတ်ချတယ်ပေါ့"ဟု ၎င်းကဆိုသည်။ အလားတူ ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်၊ ဇန်နဝါရီလကလည်း စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၊ မိုးတားလေးရွာအနီး ဆိပ်သာဘုရားကုန်းပေါ်ရှိ သာသနိကအဆောက်အအုံများကိုအကာအကွယ်ယူကာ KIA-PDF ပူးပေါင်းအဖွဲ့က တိုက်ပွဲများ ဖော်ဆောင်ခဲ့ဖူးကြောင်း သိရသည်။ ထို့ပြင် (၂၀၂၃) ခုနှစ် နိုဝင်ဘာလကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် နမ့်ခမ်းမြို့ ၌ TNLA လက်နက်ကိုင်အဖွဲ့က တိုက်ပွဲများဖော်ဆောင်လာသည့်အတွက် တပ်မတော်မှပြန်လည်တိုက် ခိုက်ခဲ့ရာ (၂)ဖက် ပစ်ခတ်မှုများအကြား သာသနိက အဆောက်အအုံနှင့် အိုးအိမ်များစွာထိခိုက် ပျက်စီးခဲ့ရကြောင်း သိရသည်။ (၃)နှစ်ခွဲကျော်ကာလအတွင်း ရဟန်းသံဃာအများဆုံး သတ်ဖြတ်ခံထားရသည့် စစ်တိုင်းဒေသကြီးတွင်လည်း နယ်မြေခံ PDF လက် နက်ကိုင်အဖွဲ့များက ဘုရားစေတီများ၊ ဘုန်းတော်ကြီး ကျောင်းများအပါအဝင် ပြည်သူပိုင် အဆောက် အအုံများကိုDrone ဖြင့် Drop Bomp ချတိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေသည်။

zawgyi version
TNLA ႏွင့္ MNDAA တို႔ ဘာသာေရးအေဆာက္အအုံႏွင့္ ျပည္သူပိုင္ေနအိမ္မ်ားအတြင္း ဝင္ေရာက္တပ္စြဲျခင္းမျပဳလုပ္ရန္ ေဒသခံမ်ားေတာင္းဆို
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၁

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ TNLA ႏွင့္ MNDAA အဖြဲ႕ဝင္မ်ားကို ဘာသာေရးအ ေဆာက္အအုံႏွင့္ ျပည္သူပိုင္ေနအိမ္မ်ားအတြင္း ဝင္ေရာက္တပ္စြဲျခင္းမျပဳလုပ္ရန္ ေဒသခံမ်ားက ေတာင္းဆိုမႈမ်ားရွိေနသည္။ ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ (၂၇)ရက္တြင္ TNLA လက္နက္ကိုင္အဖြဲ႕ ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ရွမ္းျပည္နယ္ေျမာက္ပိုင္း တြင္ (၁၀၂၇)စစ္ဆင္ေရး ေဖာ္ေဆာင္ခဲ့ၿပီး ေက်ာက္မဲ ၿမိဳ႕ႏွင့္ ေနာင္ခ်ိဳၿမိဳ႕အပါအဝင္ ၿမိဳ႕အခ်ိဳ႕ကို ထိန္းခ်ဳပ္ကာ အဆိုပါၿမိဳ႕မ်ားရွိ ဘာသာေရး အေဆာက္အအုံမ်ား ဘုရားေစတီမ်ားအတြင္း ခိုေအာင္းေနထိုင္ကာ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

"လက္ရွိေျမျပင္မွာက အထူးသျဖင့္ေတာ့ ႐ြာေတြမွာရွိတဲ့ ေစတီေတြ။ ေတာင္တန္းေတြေပၚမွာရွိတဲ့ ေစတီေတြ။ ဘုရာေက်ာင္းေတြနဲ႔ ထုထည္ ႀကီးမား တဲ့ဘုန္းႀကီးေက်ာင္းေတြမွာ စစ္ေရးအရ ပုန္းေအာင္းၾကတယ္။ ေက်ာက္မဲၿမိဳ႕နယ္ထဲမွာရွိတဲ့ ဘုန္းႀကီး ေက်ာင္းမွာ TNLA ေတြက စစ္ေရးသင္တန္းေပးေတာ့ PDF ေတြက သင္တန္းတက္တယ္။ ဒါကို သိသြားေတာ့ တပ္မေတာ္အေနနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈ လုပ္ခဲ့တယ္။ အမွန္တကယ္မွာေတာ့ စစ္သင္တန္းေပးတယ္ေပါ့။ ဒီဟာေတြကိုလည္း ေဒသတြင္း မီဒီယာေတြက ေဖာ္ျပၿပီးျဖစ္တယ္ေပါ့"ဟု ရွမ္းျပည္ နယ္ေျမာက္ပိုင္းရွိ ေဒသခံျပည္သူတစ္ဦးက NP News သို႔ေျပာသည္။

ထိုျပင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ၿမိဳ႕႐ြာမ်ားမွ ဘုရားေစတီမ်ား၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ ခရစ္ယာန္ဘုရားေက်ာင္းမ်ားအပါအဝင္ ဘာသာေရးအေဆာက္အအုံမ်ားအတြင္း ဝင္ေရာက္ တပ္စြဲေနထိုင္ျခင္းကို TNLA ႏွင့္ MNDAA လက္နက္ကိုင္အဖြဲ႕တို႔က ပိုမိုက်င့္သုံးေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

“MNDAA အေနနဲ႔ လားရႈိးျဖစ္စဥ္ေတြမွာ ရန္တိုင္းေအာင္ဘုရားကုန္းေပၚကေနၿပီးေတာ့မွ ရမခကို စိန္ေျပာင္းေတြ ဘာေတြနဲ႔ ထုတယ္။ ေသနတ္ေတြနဲ႔ လွမ္းပစ္တယ္။ အဲဒီလို ဘုရားကို Cover ယူၿပီး ပစ္ခတ္မႈေတြရွိတယ္။ ဒါေတြက ထင္ရွားတဲ့ သာဓကေတြေပါ့။ အခုေနာက္ပိုင္းမွာ TNLA အေနနဲ႔ကလည္း သူသိမ္းပိုက္ထားတဲ့ ေက်ာက္မဲ။ သီေပါ ဆိုလည္း ေဘာ္ႀကိဳဘုရားဝန္းထဲမွာ တပ္စြဲထားတယ္ေပါ့။ အဲဒီထဲမွာ အင္အား (၂၅)ေယာက္ေလာက္ရွိမယ္။ ဒီလိုပဲ သာသနိကအေဆာက္အအုံေတြကို Cover ယူၿပီးေတာ့ တိုက္ပြဲေတြလုပ္ေတာ့ တပ္မေတာ္က ေလယာဥ္နဲ႔ ထိုးစစ္ဆင္ေတာ့။ တိုက္တာက သူတို႔ကို ဆိုေပမယ့္ သူတို႔ cover ယူထားတဲ့ ဘုရားေစတီေတြ၊ သာသနိက အေဆာက္အအုံေတြမွန္ေတာ့ အဲဒါေတြ ပ်က္စီးရတာေပါ့။ ဒီလိုမ်ိဳး ဘာသာေရးအေဆာက္အအုံေတြမွာ တပ္စြဲၿပီး တိုက္ ခိုက္တာေတာ့ မလုပ္ သင့္တာပါ"ဟု ၎ကဆက္လက္ေျပာသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ တစ္လ အတြင္း ရွမ္းျပည္ေျမာက္ပိုင္းတြင္ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ဘာသာေရးအေဆာက္အအုံ (၄) ခုထက္မနည္း ပ်က္စီးခဲ့ရေၾကာင္း ေဒသတြင္း မီဒီယာမ်ား၏ ေဖာ္ျပေရးသားခ်က္အရ သိရသည္။ ထိုသို႔ ဘာသာေရးေဆာက္အအုံမ်ားအတြင္း ဝင္ေရာက္တပ္စြဲတိုက္ခိုက္ျခင္းေၾကာင့္ အဆိုပါအေဆာက္အအုံမ်ား ပ်က္စီးရသည့္အတြက္ ဘာသာေရးအား တိုက္႐ိုက္ထိခိုက္သည့္ လုပ္ရပ္မ်ားပင္ျဖစ္ေၾကာင္း ရွမ္းေျမာက္ေဒသခံတစ္ဦးက ဆိုသည္။ ထို႔ျပင္ လက္နက္ကိုင္အဖြဲ႕မ်ားက ျပည္သူပိုင္အေဆာက္အအုံမ်ားအတြင္း ဝင္ေရာက္ေနထိုင္ျခင္းႏွင့္ ျပည္သူမ်ားအၾကား အရပ္ ဝတ္လဲကာေရာေႏွာေနထိုင္ျခင္းမ်ားသည္လည္း သြယ္ဝိုက္ေသာနည္းျဖင့္ လူသားတံတိုင္းလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း အထက္ပါေဒသခံကဆိုသည္။

"ေက်ာက္မဲမွာ ျဖစ္သြားတဲ့ ေသတာေတြၾကည့္ရင္ အဲဒီလိုမ်ိဳးေတြမ်ားတယ္။ သူတို႔အေနနဲ႔ ျပည္သူ႔အတြက္လို႔ အမွန္တကယ္ စိတ္ရင္းေစတနာေကာင္းမယ္ဆိုရင္ အခုလိုလုပ္တာကိုလုပ္လို႔ရတယ္။ အခုက သူတို႔အက်ိဳးစီးပြားအတြက္ ျပည္သူေတြကို Cover လုပ္တဲ့ အေနအထားျဖစ္တဲ့အတြက္ ဒါကို ရွမ္းေျမာက္မွာရွိတဲ့ တိုင္းရင္းသားျပည္သူေတြကေန ကန႔္ကြက္တယ္။ ရႈတ္ခ်တယ္ေပါ့"ဟု ၎ကဆိုသည္။ အလားတူ ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္၊ ဇန္နဝါရီလကလည္း စစ္ကိုင္းတိုင္းေဒသႀကီး ကသာၿမိဳ႕နယ္၊ မိုးတားေလး႐ြာအနီး ဆိပ္သာဘုရားကုန္းေပၚရွိ သာသနိကအေဆာက္အအုံမ်ားကိုအကာအကြယ္ယူကာ KIA-PDF ပူးေပါင္းအဖြဲ႕က တိုက္ပြဲမ်ား ေဖာ္ေဆာင္ခဲ့ဖူးေၾကာင္း သိရသည္။ ထို႔ျပင္ (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာလကလည္း ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) မူဆယ္ခ႐ိုင္ နမ့္ခမ္းၿမိဳ႕ ၌ TNLA လက္နက္ကိုင္အဖြဲ႕က တိုက္ပြဲမ်ားေဖာ္ေဆာင္လာသည့္အတြက္ တပ္မေတာ္မွျပန္လည္တိုက္ ခိုက္ခဲ့ရာ (၂)ဖက္ ပစ္ခတ္မႈမ်ားအၾကား သာသနိက အေဆာက္အအုံႏွင့္ အိုးအိမ္မ်ားစြာထိခိုက္ ပ်က္စီးခဲ့ရေၾကာင္း သိရသည္။ (၃)ႏွစ္ခြဲေက်ာ္ကာလအတြင္း ရဟန္းသံဃာအမ်ားဆုံး သတ္ျဖတ္ခံထားရသည့္ စစ္တိုင္းေဒသႀကီးတြင္လည္း နယ္ေျမခံ PDF လက္ နက္ကိုင္အဖြဲ႕မ်ားက ဘုရားေစတီမ်ား၊ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားအပါအဝင္ ျပည္သူပိုင္ အေဆာက္ အအုံမ်ားကိုDrone ျဖင့္ Drop Bomp ခ်တိုက္ခိုက္ျခင္းမ်ားကို လုပ္ေဆာင္ေနသည္။

Related news

© 2021. All rights reserved.