ဖားကန့် ကျောက်တူးသမားများအတွက် KIA ၏ မှော်နင်းလက်မှတ်ဈေး သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ယူမှုများ ရှိနေ
476
သုတကျော် (NP News) - နိုဝင်ဘာ ၁၁
ဖားကန့် ကျောက်တူးသမားများအတွက် KIA ကထုတ်ပေးသော မှော်နင်းလက်မှတ်တွင် ကျပ်တစ်သောင်းဟု စာရေးထားသော်လည်း ကျပ်နှစ်သောင်းအထိပင် ကောက်ယူမှုများရှိနေကြောင်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သော သတင်းရင်းမြစ်များထံ NP News က မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ဖားကန့်သို့အလာ လုံးခင်းကျေးရွာအနီး နှင့် ဝှေခါဘက်တွင် မှော်နင်းလက်မှတ်ဟု အကြမ်းဖျင်းခေါ်ကြသော ကျောက်စိမ်းလုပ်ကွက်များသို့ ဝင်ခွင့်လက်မှတ်ကို KIA ထံက ယူရခြင်းဖြစ်ပြီး ယခင်က ကျောက်စိမ်းမှော်တွင် နေထိုင်သူများ လက်မှတ်မလိုသော်လည်း ယခုအခါ နေထိုင်သူများပါ မှော်နင်းလက်မှတ်ကို ယူဆောင်ကြရကြောင်း သိရသည်။
"အစ်ကို သိရတဲ့ သတင်းက မှန်ပါတယ်။ မှော်နင်းလက်မှတ်မှာ တစ်သောင်းကျပ်လို့ ရေးထားရင်လည်း တကယ်က တစ်သောင်းခွဲပေးရတာတွေ ရှိနေတယ်။ အကြွေမရှိလို့ နှစ်သောင်းပေးလိုက်ရင် ငါးထောင်က ပြန်မလာတော့ဘူး အဲဒီလိုမျိုးတွေ ဖြစ် နေတာပါ။ ကျွန်တော် မေးကြည့်ရသလောက် နှစ်သောင်းပေးခဲ့ရသူတွေလည်း အသိထဲရှိတယ်"ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ဖားကန့်မြို့နယ်နှင့်ပတ်သက်သော အဖြစ်အပျက်များကို အစဉ်တစိုက် ရေးသားဖော် ပြလေ့ရှိသော လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကလည်း KIA အနေဖြင့် အခွန်ငွေကောက်ခံရာတွင် ကောက်ခံငွေပမာဏအတိုင်းစာရွက်တွင် မည်သည့်အခါမျှ မရေးကြကြောင်း ဆိုထားသည်။
"ကျောက်စိမ်းကိစ္စ အခွန်ဆောင်ရင်လည်း အခွန်ဆောင်သူက သိန်းတစ်ထောင်ဆောင်ရပေမယ့် ပြေစာဖြတ်ပိုင်းမှာတော့ သိန်းနှစ်ရာပဲရေးပေးပါတယ်။ဖားကန့်အပါအဝင် ကချင်ပြည်နယ်တစ်ခုလုံးမှာ KIA ရဲ့ အခွန်ကောက်သူတွေဟာ အခွန်ပေးရသူတွေပေးတဲ့ငွေကို ဘယ်တော့မှအမှန်မရေးတာဟာလည်း စစ်တပ်နဲ့တထေရာတည်းပါပဲ။ ပိုတောင်ဆိုးတယ် လို့ပြောရမှာပါပဲ။ ထိုကဲ့သို့ကိစ္စရပ်မျိုးတွေကို ကချင် ပြည်နယ်က သတင်းဌာနများက ရေးကြလေ့မရှိပေမယ့် ပြည်မဘက် ပကဖ/ပအဖ NUG လက်အောက်ခံမှားကွက်များကိုတော့ အချိန်နဲ့တစ်ပြေးညီ ဖောင်း ထုထောက်ပြနေကြတာဟာလည်း စဉ်းစားတတ်ရင် စဉ်း စားစရာတွေပါပဲ"ဟု ရေးသားထားသည်။
လက်ရှိတွင် KIA အနေဖြင့် ခေါင်းစဉ်မျိုးစုံတပ်ကာ ပုံစံမျိုးစုံဖြင့် အခွန်ကောက်နေပြီး KIA/KIO ရာထူးကြီးများ၏ သားသမီးများကလည်း ဖားကန့်ကျောက်စိမ်းလုပ်ကွက်များတွင် ပါဝင်ဆောင် ရွက်နေကြောင်း သိရသည်။
"ဖားကန့်က ကျောက်စိမ်းကျင်းတိုင်းမှာ KIA လူကြီးတွေရဲ့ သားသမီးတွေ၊ ဆွေမျိုးတွေ အကုန်ပါတယ်လေ။ တစ်ကျင်းမှ မပါတာမရှိဘူး"ဟု အခြားသတင်းရင်းမြစ်တစ်ဦးက အတိအကျ ဆိုသည်။ ဖားကန့်တွင် ကျောက်တူးရာသီစတင်နေပြီဖြစ်ပြီး နိုင်ငံတော်က ခွင့်ပြုထားခြင်းမရှိသော်လည်း KIA ၏ ခွင့်ပြုချက်ဖြင့် ကျောက်တူးနေကြခြင်းလည်း ဖြစ် သည်။ နိုင်ငံတော်က အခွန်အခမည်မျှရသည် မရသည်မသိရသော်လည်း KIA က အကျိုး အမြတ်များစွာ ရရှိနေသည်။ ယခုနှစ်ကျောက်တူးရာသီ၏ ထူးခြားချက်မှာ ရေမဆေးသမားအချို့ကို KIA နှင့် PDF တို့က ပေါ်တာဆွဲ၍ စစ်သားစုဆောင်းခြင်းများရှိလာခြင်းပင် ဖြစ် သည်။
zawgyi version
ဖားကန႔္ ေက်ာက္တူးသမားမ်ားအတြက္ KIA ၏ ေမွာ္နင္းလက္မွတ္ေဈး သတ္မွတ္ႏႈန္း ထားထက္ ပိုမိုေကာက္ယူမႈမ်ား ရွိေန
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၁
ဖားကန႔္ ေက်ာက္တူးသမားမ်ားအတြက္ KIA ကထုတ္ေပးေသာ ေမွာ္နင္းလက္မွတ္တြင္ က်ပ္တစ္ေသာင္းဟု စာေရးထားေသာ္လည္း က်ပ္ႏွစ္ေသာင္းအထိပင္ ေကာက္ယူမႈမ်ားရွိေနေၾကာင္း အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ေသာ သတင္းရင္းျမစ္မ်ားထံ NP News က ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ဖားကန႔္သို႔အလာ လုံးခင္းေက်း႐ြာအနီး ႏွင့္ ေဝွခါဘက္တြင္ ေမွာ္နင္းလက္မွတ္ဟု အၾကမ္းဖ်င္းေခၚၾကေသာ ေက်ာက္စိမ္းလုပ္ကြက္မ်ားသို႔ ဝင္ခြင့္လက္မွတ္ကို KIA ထံက ယူရျခင္းျဖစ္ၿပီး ယခင္က ေက်ာက္စိမ္းေမွာ္တြင္ ေနထိုင္သူမ်ား လက္မွတ္မလိုေသာ္လည္း ယခုအခါ ေနထိုင္သူမ်ားပါ ေမွာ္နင္းလက္မွတ္ကို ယူေဆာင္ၾကရေၾကာင္း သိရသည္။
"အစ္ကို သိရတဲ့ သတင္းက မွန္ပါတယ္။ ေမွာ္နင္းလက္မွတ္မွာ တစ္ေသာင္းက်ပ္လို႔ ေရးထားရင္လည္း တကယ္က တစ္ေသာင္းခြဲေပးရတာေတြ ရွိေနတယ္။ အေႂကြမရွိလို႔ ႏွစ္ေသာင္းေပးလိုက္ရင္ ငါးေထာင္က ျပန္မလာေတာ့ဘူး အဲဒီလိုမ်ိဳးေတြ ျဖစ္ ေနတာပါ။ ကြၽန္ေတာ္ ေမးၾကည့္ရသေလာက္ ႏွစ္ေသာင္းေပးခဲ့ရသူေတြလည္း အသိထဲရွိတယ္"ဟု သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
ဖားကန႔္ၿမိဳ႕နယ္ႏွင့္ပတ္သက္ေသာ အျဖစ္အပ်က္မ်ားကို အစဥ္တစိုက္ ေရးသားေဖာ္ ျပေလ့ရွိေသာ လူမႈကြန္ရက္ေဖ့စ္ဘြတ္စာမ်က္ႏွာတစ္ခုကလည္း KIA အေနျဖင့္ အခြန္ေငြေကာက္ခံရာတြင္ ေကာက္ခံေငြပမာဏအတိုင္းစာ႐ြက္တြင္ မည္သည့္အခါမွ် မေရးၾကေၾကာင္း ဆိုထားသည္။
"ေက်ာက္စိမ္းကိစၥ အခြန္ေဆာင္ရင္လည္း အခြန္ေဆာင္သူက သိန္းတစ္ေထာင္ေဆာင္ရေပမယ့္ ေျပစာျဖတ္ပိုင္းမွာေတာ့ သိန္းႏွစ္ရာပဲေရးေပးပါတယ္။ဖားကန႔္အပါအဝင္ ကခ်င္ျပည္နယ္တစ္ခုလုံးမွာ KIA ရဲ႕ အခြန္ေကာက္သူေတြဟာ အခြန္ေပးရသူေတြေပးတဲ့ေငြကို ဘယ္ေတာ့မွအမွန္မေရးတာဟာလည္း စစ္တပ္နဲ႔တေထရာတည္းပါပဲ။ ပိုေတာင္ဆိုးတယ္ လို႔ေျပာရမွာပါပဲ။ ထိုကဲ့သို႔ကိစၥရပ္မ်ိဳးေတြကို ကခ်င္ ျပည္နယ္က သတင္းဌာနမ်ားက ေရးၾကေလ့မရွိေပမယ့္ ျပည္မဘက္ ပကဖ/ပအဖ NUG လက္ေအာက္ခံမွားကြက္မ်ားကိုေတာ့ အခ်ိန္နဲ႔တစ္ေျပးညီ ေဖာင္း ထုေထာက္ျပေနၾကတာဟာလည္း စဥ္းစားတတ္ရင္ စဥ္း စားစရာေတြပါပဲ"ဟု ေရးသားထားသည္။
လက္ရွိတြင္ KIA အေနျဖင့္ ေခါင္းစဥ္မ်ိဳးစုံတပ္ကာ ပုံစံမ်ိဳးစုံျဖင့္ အခြန္ေကာက္ေနၿပီး KIA/KIO ရာထူးႀကီးမ်ား၏ သားသမီးမ်ားကလည္း ဖားကန႔္ေက်ာက္စိမ္းလုပ္ကြက္မ်ားတြင္ ပါဝင္ေဆာင္ ႐ြက္ေနေၾကာင္း သိရသည္။
"ဖားကန႔္က ေက်ာက္စိမ္းက်င္းတိုင္းမွာ KIA လူႀကီးေတြရဲ႕ သားသမီးေတြ၊ ေဆြမ်ိဳးေတြ အကုန္ပါတယ္ေလ။ တစ္က်င္းမွ မပါတာမရွိဘူး"ဟု အျခားသတင္းရင္းျမစ္တစ္ဦးက အတိအက် ဆိုသည္။ ဖားကန႔္တြင္ ေက်ာက္တူးရာသီစတင္ေနၿပီျဖစ္ၿပီး ႏိုင္ငံေတာ္က ခြင့္ျပဳထားျခင္းမရွိေသာ္လည္း KIA ၏ ခြင့္ျပဳခ်က္ျဖင့္ ေက်ာက္တူးေနၾကျခင္းလည္း ျဖစ္ သည္။ ႏိုင္ငံေတာ္က အခြန္အခမည္မွ်ရသည္ မရသည္မသိရေသာ္လည္း KIA က အက်ိဳး အျမတ္မ်ားစြာ ရရွိေနသည္။ ယခုႏွစ္ေက်ာက္တူးရာသီ၏ ထူးျခားခ်က္မွာ ေရမေဆးသမားအခ်ိဳ႕ကို KIA ႏွင့္ PDF တို႔က ေပၚတာဆြဲ၍ စစ္သားစုေဆာင္းျခင္းမ်ားရွိလာျခင္းပင္ ျဖစ္ သည္။