ဖိလစ်ပိုင်ရဲ့ရေပိုင်နက်ဥပဒေအသစ်ကို တရုတ်က ပြင်းပြင်းထန်ထန်ကန့်ကွက်
437
Pika (NP News) - နိုဝင်ဘာ ၁၁
တောင်တရုတ်ပင်လယ်အတွင်းရှိ ၎င်းရဲ့ပိုင်နက်အချုပ်အခြာအာဏာနဲ့ ရေကြောင်းဆိုင်ရာအခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ထိပါးနေတယ်လို့ ပြောဆိုထားတဲ့ ဖိလစ်ပိုင်နဲ့ ရေကြောင်းဇုန်များအက်ဥပဒေကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ(၁၀)ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံက အငြင်းပွား Scarborough Shoal ကျွန်းအနီးတစ်ဝိုက်ရှိ ရေပိုင်နက်ဆိုင်ရာအခြေခံအချက်တွေပါဝင်တဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေဖြစ်ပွားလာတာဖြစ်ပါတယ်။
ဒါ့ပြင် တရုတ်နိုင်ငံဟာ ၎င်းရဲ့အချုပ်အခြာအာဏာနဲ့ ရေကြောင်းဆိုင်ရာအခွင့်အရေးတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ဥပဒေနည်းလမ်းတွေအားလုံးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း ဖိလစ်ပိုင်နဲ့ တရုတ်တို့ရဲ့သင်္ဘောတွေဟာ အငြင်းပွား Scarborough Shoal ကျွန်းအနီးတစ်ဝိုက်မှာ ထိပ်တိုက်တွေ့ဆုံမှုတွေမကြာခဏဖြစ်ပွားခဲ့ပြီး တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖိလစ်ပိုင်စစ်တပ်ဟာ အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းက ကျွန်းတစ်ကျွန်းကို သိမ်းယူတဲ့ပုံစံ သီတင်းပတ်(၂)ပတ်ကြာ တိုက်ခိုက်ရေးစစ်ရေးလေ့ကျင့်ခန်းကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
Zawgyi Version;
ဖိလစ္ပိုင္ရဲ႕ေရပိုင္နက္ဥပေဒအသစ္ကို တ႐ုတ္က ျပင္းျပင္းထန္ထန္ကန႔္ကြက္
Pika (NP News) - ႏိုဝင္ဘာ ၁၁
ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ၎ရဲ႕ပိုင္နက္အခ်ဳပ္အျခာအာဏာနဲ႔ ေရေၾကာင္းဆိုင္ရာအခြင့္အေရးေတြကို ျပင္းျပင္းထန္ထန္ ထိပါးေနတယ္လို႔ ေျပာဆိုထားတဲ့ ဖိလစ္ပိုင္နဲ႔ ေရေၾကာင္းဇုန္မ်ားအက္ဥပေဒကို တ႐ုတ္ႏိုင္ငံက ျပတ္ျပတ္သားသား ဆန႔္က်င္ကန႔္ကြက္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ႏိုဝင္ဘာလ(၁၀)ရက္မွာ သတင္းထုတ္ျပန္လိုက္ပါတယ္။
တ႐ုတ္ႏိုင္ငံက အျငင္းပြား Scarborough Shoal ကြၽန္းအနီးတစ္ဝိုက္ရွိ ေရပိုင္နက္ဆိုင္ရာအေျခခံအခ်က္ေတြပါဝင္တဲ့ ေၾကညာခ်က္ကို ထုတ္ျပန္ခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြျဖစ္ပြားလာတာျဖစ္ပါတယ္။
ဒါ့ျပင္ တ႐ုတ္ႏိုင္ငံဟာ ၎ရဲ႕အခ်ဳပ္အျခာအာဏာနဲ႔ ေရေၾကာင္းဆိုင္ရာအခြင့္အေရးေတြကို ကာကြယ္ဖို႔အတြက္ လိုအပ္တဲ့ဥပေဒနည္းလမ္းေတြအားလုံးကို ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့လေတြအတြင္း ဖိလစ္ပိုင္နဲ႔ တ႐ုတ္တို႔ရဲ႕သေဘၤာေတြဟာ အျငင္းပြား Scarborough Shoal ကြၽန္းအနီးတစ္ဝိုက္မွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြမၾကာခဏျဖစ္ပြားခဲ့ၿပီး တင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။
ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က ေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ဖိလစ္ပိုင္စစ္တပ္ဟာ အျငင္းပြားေတာင္တ႐ုတ္ပင္လယ္အတြင္းက ကြၽန္းတစ္ကြၽန္းကို သိမ္းယူတဲ့ပုံစံ သီတင္းပတ္(၂)ပတ္ၾကာ တိုက္ခိုက္ေရးစစ္ေရးေလ့က်င့္ခန္းကို စတင္လုပ္ေဆာင္ခဲ့ပါတယ္။