UK Official Singles Chart မှာ အဆင့်အမြင့်ဆုံးအမျိုးသမီး K-pop အနုပညာရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ Rose
176
Pika (NP News) - နိုဝင်ဘာ ၁၁
တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏အဖွဲ့ဝင် တစ်ဦးဖြစ်သူ Rose သည် ၎င်း၏သီချင်းအသစ် ‘APT’ ဖြင့် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်း သိရသည်။ Rose နှင့် ဘရူနိုမားစ်တို့ ဖန်တီးထားသော ‘APT’ သီချင်းသည် ဗြိတိန်၏ Official Singles Chart Top 100 တွင် ဒုတိယနေရာအထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်လနှောင်းပိုင်းတွင် အဆင့်(၄)နေရာဖြင့် ပွဲဦးထွက်ခဲ့သော ‘APT’ သီချင်းသည် သီတင်းပတ်နှစ်ပတ် ဆက်တိုက် မြင့်မားသောအရှိန် အဟုန်ဖြင့် အဆင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအောင်မြင်မှုနှင့်အတူ Rose သည် UK Official Singles Chart တွင် အဆင့်အမြင့်ဆုံး အမျိုးသမီး K-pop အနုပညာရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် Rose အတွက် နောက်ထပ်ရည်မှန်း ချက်တစ်ခုမှာ PSY ၏ ‘Gangnam Style’ က ဗြိတိန်၏ Official Singles Chart Top 100 တွင် ပြီးခဲ့သည့်(၁၂)နှစ်လုံးရယူထားသော ထိပ်တန်းနေရာကို ရယူနိုင်ရန်ဖြစ်ကြောင်း လည်း သိရသည်။ ကမ္ဘာလုံးဆိုင်ရာ K-pop သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် 'Gangnam Style' သည် (၂၀၁၂)ခုနှစ် အောက်တို ဘာလ ပထမသီတင်းပတ်တွင် အဆိုပါ ဇယားမှာ အဆင့်(၁)နေရာသို့ရောက်ရှိခဲ့ပြီး K-pop သမိုင်းတွင် လက်ရှိအချိန် အထိ မပြိုကွဲသေးသော စွမ်းဆောင်မှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ‘APT’ သီချင်းက အောင်မြင်မှုများ ရရှိလာမှုနှင့်အတူ ဗြိတိန်၏ Official Singles Chart Top 100 တွင် အဆင့်(၁)နေရာကို ရယူနိုင်ရန် Rose က ရည် မှန်းထားကြောင်းလည်းသိရသည်။
ထို့ပြင် ‘APT’ သီချင်းသည် အင်စတာဂရမ်နှင့် TikTok တို့ကဲ့သို့သော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် နာမည်ကျော်ကြားခဲ့ပြီး ပရိသတ်များက ကိုရီးယား ဘာသာစကားဖြင့် သီဆိုခြင်း သို့မဟုတ် အကစိန်ခေါ်မှုများတွင် ပါဝင်ခြင်းတို့နှင့်အတူ ခေတ်ရေစီး ကြောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ကြောင်းသိရသည်။
zawgyi version
UK Official Singles Chart မွာ အဆင့္အျမင့္ဆုံးအမ်ိဳးသမီး K-pop အႏုပညာရွင္အျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့တဲ့ Rose
Pika (NP News) - ႏိုဝင္ဘာ ၁၁
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ BLACKPINK ၏အဖြဲ႕ဝင္ တစ္ဦးျဖစ္သူ Rose သည္ ၎၏သီခ်င္းအသစ္ ‘APT’ ျဖင့္ စံခ်ိန္သစ္တစ္ခုကို တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။ Rose ႏွင့္ ဘ႐ူႏိုမားစ္တို႔ ဖန္တီးထားေသာ ‘APT’ သီခ်င္းသည္ ၿဗိတိန္၏ Official Singles Chart Top 100 တြင္ ဒုတိယေနရာအထိ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္လေႏွာင္းပိုင္းတြင္ အဆင့္(၄)ေနရာျဖင့္ ပြဲဦးထြက္ခဲ့ေသာ ‘APT’ သီခ်င္းသည္ သီတင္းပတ္ႏွစ္ပတ္ ဆက္တိုက္ ျမင့္မားေသာအရွိန္ အဟုန္ျဖင့္ အဆင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါေအာင္ျမင္မႈႏွင့္အတူ Rose သည္ UK Official Singles Chart တြင္ အဆင့္အျမင့္ဆုံး အမ်ိဳးသမီး K-pop အႏုပညာရွင္အျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ Rose အတြက္ ေနာက္ထပ္ရည္မွန္း ခ်က္တစ္ခုမွာ PSY ၏ ‘Gangnam Style’ က ၿဗိတိန္၏ Official Singles Chart Top 100 တြင္ ၿပီးခဲ့သည့္(၁၂)ႏွစ္လုံးရယူထားေသာ ထိပ္တန္းေနရာကို ရယူႏိုင္ရန္ျဖစ္ေၾကာင္း လည္း သိရသည္။ ကမာၻလုံးဆိုင္ရာ K-pop သမိုင္းမွတ္တိုင္တစ္ခုျဖစ္သည့္ 'Gangnam Style' သည္ (၂၀၁၂)ခုႏွစ္ ေအာက္တို ဘာလ ပထမသီတင္းပတ္တြင္ အဆိုပါ ဇယားမွာ အဆင့္(၁)ေနရာသို႔ေရာက္ရွိခဲ့ၿပီး K-pop သမိုင္းတြင္ လက္ရွိအခ်ိန္ အထိ မၿပိဳကြဲေသးေသာ စြမ္းေဆာင္မႈတစ္ခုအျဖစ္ မွတ္တမ္းဝင္ခဲ့သည္။ ‘APT’ သီခ်င္းက ေအာင္ျမင္မႈမ်ား ရရွိလာမႈႏွင့္အတူ ၿဗိတိန္၏ Official Singles Chart Top 100 တြင္ အဆင့္(၁)ေနရာကို ရယူႏိုင္ရန္ Rose က ရည္ မွန္းထားေၾကာင္းလည္းသိရသည္။
ထို႔ျပင္ ‘APT’ သီခ်င္းသည္ အင္စတာဂရမ္ႏွင့္ TikTok တို႔ကဲ့သို႔ေသာ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းမ်ားတြင္ နာမည္ေက်ာ္ၾကားခဲ့ၿပီး ပရိသတ္မ်ားက ကိုရီးယား ဘာသာစကားျဖင့္ သီဆိုျခင္း သို႔မဟုတ္ အကစိန္ေခၚမႈမ်ားတြင္ ပါဝင္ျခင္းတို႔ႏွင့္အတူ ေခတ္ေရစီး ေၾကာင္းတစ္ခုကို ဖန္တီးႏိုင္ခဲ့ေၾကာင္းသိရသည္။