မြန်မာကျောင်းသားများအတွက် ပညာသင်ဆုများကို တရုတ်နိုင်ငံက ပိုမိုခေါ်ယူမည်
                        
                            
                             
 1033
 
                             
                            
                            
                         
                        
 
                        တင်ဇာလင်း (NP News) - နိုဝင်ဘာ ၁၁
မြန်မာနိုင်ငံသား ကျောင်းသားကျောင်းသူများအတွက် ပညာသင်ထူးချွန်ဆု၊ ထောက်ပံ့ ကြေးများကို တရုတ်နိုင်ငံက ပိုမိုပေးအပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။ 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများကို တရုတ်ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များနှင့်အတူ ဆွေးနွေးခဲ့ကြကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၀ ရက်က တပ်မတော်လေဆိပ်၌ မီဒီယာများနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပညာရေးကဏ္ဍအတွက် တရုတ်နိုင်ငံဘက်မှ ပြည်နယ်အဆင့်ရော၊ ဗဟိုအဆင့်မှာပါ ပညာသင်တွေ ပိုမိုခေါ်ယူသွားဖို့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့ တရုတ်ဘက်က ဆက်လက်ကူညီသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အစိုးရပညာသင်ဆုများဖြစ်သည့် Chinese Government   Scholarship (CGS)၊ Chinese Scholarship Council (CSC)၊ Youth Excellent Scholarship (YES) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM)တို့မှ ပညာသင်ဆုများကို နှစ်စဉ်ကမ်းလှမ်းလျက်ရှိပြီး တစ်နှစ်လျှင် မြန်မာကျောင်းသား အနည်းဆုံး (၅၀၀)ဦးခန့် ပညာသင်ထောက်ပံ့ကြေး အမျိုးမျိုးဖြင့် တရုတ်နိုင်ငံ၌ ပညာသင်ကြားနေကြကြောင်း သိရသည်။
“ပရိုဂရမ် အမျိုးမျိုးဆိုရင်တော့ တစ်နှစ်ကို အနည်းဆုံး ၅၀၀ လောက်ရှိပါတယ်။ ကျွန်တော်တို့ဆီက ဒီနှစ်မှာတော့ ကျောင်းသား ၁၀၈ ယောက်ကို ပညာသင်ဆုရအောင် လျှောက်ထားပေးနိုင်ခဲ့ပါတယ်” ဟု တရုတ်နိုင်ငံ၌ မြန်မာကျောင်းသားများအတွက် ပညာသင်ဆု လျှောက်ထားပေးခြင်း ဝန်ဆောင်မှုပေးနေသော Shwe Tun China Scholarship Consultant က ပြောသည်။ 
ကမ်းလှမ်းလာသည့် ပညာသင်ဆုများတွင် ပညာရေး၊ စီမံခန့်ခွဲမှု၊  ပြည်သူ့ရေးရာမူဝါဒများ၊    နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ စာရင်းအင်းနှင့် ဥပဒေ စသည့် ဘာသာရပ်များ စုံလင်စွာ ပါဝင်သဖြင့်  မြန်မာပညာတော်သင်များ၏ စွမ်းရည်ကို  မြှင့်တင်ရာတွင် များစွာအထောက်အကူပြုလျက်ရှိသည်။
                     
                        
                                
                                
                                        zawgyi version
ျမန္မာေက်ာင္းသားမ်ားအတြက္ ပညာသင္ဆုမ်ားကို တ႐ုတ္ႏိုင္ငံက ပိုမိုေခၚယူမည္
တင္ဇာလင္း (NP News) - ႏိုဝင္ဘာ ၁၁
ျမန္မာႏိုင္ငံသား ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ ပညာသင္ထူးခြၽန္ဆု၊ ေထာက္ပံ့ ေၾကးမ်ားကို တ႐ုတ္ႏိုင္ငံက ပိုမိုေပးအပ္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း၏ ေျပာၾကားခ်က္အရ သိရသည္။ 
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာႏိုင္ငံအတြက္ အက်ိဳးျဖစ္ထြန္းေစမည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား၊ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို တ႐ုတ္ေခါင္းေဆာင္မ်ား၊ ပါတီေခါင္းေဆာင္မ်ားႏွင့္အတူ ေဆြးေႏြးခဲ့ၾကေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ႏိုဝင္ဘာလ ၁၀ ရက္က တပ္မေတာ္ေလဆိပ္၌ မီဒီယာမ်ားႏွင့္ ေတြ႕ဆုံေမးျမန္းစဥ္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ပညာေရးက႑အတြက္ တ႐ုတ္ႏိုင္ငံဘက္မွ ျပည္နယ္အဆင့္ေရာ၊ ဗဟိုအဆင့္မွာပါ ပညာသင္ေတြ ပိုမိုေခၚယူသြားဖို႔ရွိပါတယ္။ ျမန္မာႏိုင္ငံရဲ႕ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ဖို႔ တ႐ုတ္ဘက္က ဆက္လက္ကူညီသြားမွာျဖစ္ပါတယ္” ဟု ၎က ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံအတြက္ အစိုးရပညာသင္ဆုမ်ားျဖစ္သည့္ Chinese Government   Scholarship (CGS)၊ Chinese Scholarship Council (CSC)၊ Youth Excellent Scholarship (YES) ႏွင့္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန (MOFCOM)တို႔မွ ပညာသင္ဆုမ်ားကို ႏွစ္စဥ္ကမ္းလွမ္းလ်က္ရွိၿပီး တစ္ႏွစ္လွ်င္ ျမန္မာေက်ာင္းသား အနည္းဆုံး (၅၀၀)ဦးခန႔္ ပညာသင္ေထာက္ပံ့ေၾကး အမ်ိဳးမ်ိဳးျဖင့္ တ႐ုတ္ႏိုင္ငံ၌ ပညာသင္ၾကားေနၾကေၾကာင္း သိရသည္။
“ပ႐ိုဂရမ္ အမ်ိဳးမ်ိဳးဆိုရင္ေတာ့ တစ္ႏွစ္ကို အနည္းဆုံး ၅၀၀ ေလာက္ရွိပါတယ္။ ကြၽန္ေတာ္တို႔ဆီက ဒီႏွစ္မွာေတာ့ ေက်ာင္းသား ၁၀၈ ေယာက္ကို ပညာသင္ဆုရေအာင္ ေလွ်ာက္ထားေပးႏိုင္ခဲ့ပါတယ္” ဟု တ႐ုတ္ႏိုင္ငံ၌ ျမန္မာေက်ာင္းသားမ်ားအတြက္ ပညာသင္ဆု ေလွ်ာက္ထားေပးျခင္း ဝန္ေဆာင္မႈေပးေနေသာ Shwe Tun China Scholarship Consultant က ေျပာသည္။ 
ကမ္းလွမ္းလာသည့္ ပညာသင္ဆုမ်ားတြင္ ပညာေရး၊ စီမံခန႔္ခြဲမႈ၊  ျပည္သူ႔ေရးရာမူဝါဒမ်ား၊    ႏိုင္ငံတကာဆက္ဆံေရး၊ စီးပြားေရး၊ စာရင္းအင္းႏွင့္ ဥပေဒ စသည့္ ဘာသာရပ္မ်ား စုံလင္စြာ ပါဝင္သျဖင့္  ျမန္မာပညာေတာ္သင္မ်ား၏ စြမ္းရည္ကို  ျမႇင့္တင္ရာတြင္ မ်ားစြာအေထာက္အကူျပဳလ်က္ရွိသည္။