မန္တလေးမြို့ရှိ တည်းခိုခန်းတစ်ခုတွင် အမျိုးသမီးငယ်တစ်ဦး ညိုမည်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ
28973
ချယ်ရီ (NP News)- နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ညိုမည်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးငယ်တစ်ဦး ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း မဏီစလ လူမှုကူညီရေးအသင်း(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ရုပ်အလောင်းကို ယမန်နေ့( နိုဝင်ဘာလ ၁၁ ရက်)၊ ည ၉နာရီဝန်းကျင် အချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ ၇၀x ၇၁ လမ်းကြားရှိ ရွှေနဂါးတည်းခိုခန်းအတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ဖြစ်စဉ်ရဲ့အစအဆုံးကိုတော့ မသိခဲ့ပါဘူး။ နယ်မြေခံရဲက ဖုန်းဆက်ပြီး အကူအညီတောင်းလို့ သွားရောက် ကူညီပေးတာပါ။ ကျွန်တော်တို့တွေ့တော့ ကုတင်နဲ့ အုတ်နံရံကြားထဲမှာ သေဆုံးလျက် တွေ့ရတာပါ။ ထိခိုက်ဒဏ်ရာတွေကတော့ ပါးစပ်ကတော့ သွေးထွက်တယ်။ မျက်လုံးတွေကတော့ နည်းနည်းညိုမည်းစွဲတဲ့ ဒဏ်ရာတော့ တွေ့တယ်။ ကျန်တာတော့ ထိုးသွင်းဒဏ်ရာတွေတော့ မရှိဘူးဗျ။ မေးရိုးနားမှာတော့ ထိုးသွင်းဒဏ်ရာတော့မဟုတ်ဘူး။ ပါးစပ်က ထွက်တဲ့ သွေးတွေက ခဲသွားတာ။ သေသေချာချာ ကြည့်ကြည့်တော့ ဒဏ်ရာမဟုတ်ဘူး။ သွေးတွေ။ ပြီးတော့ ကျွန်တော်တို့တွေ့တော့ အလောင်းက တောင့်နေပြီ။ လက်တွေ၊ ခြေတွေကွေးနေတာကို ကျွန်တော်မနည်း ပြန်ဆန့်ထားတာ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
သေဆုံးနေသူအမျိုးသမီးမှာ အသက်(၂၀)ကျော်အရွယ်ခန့်ရှိပြီး ၎င်း၏ရုပ်အလောင်းကို မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)မှ မန္တလေးပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံဌာနသို့ ပို့ဆောင် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“အဲဒီနေရာမှာက ကျွန်တော်တို့နေတာပါ။ အဲဒီနေရာကို တာဝန်ရှိသူတွေ၊ လူမှုကူညီရေးတွေပါ လာပြီးတော့ သူတို့က အလောင်းသယ်သွားတာပဲ။ ကျန်တဲ့ကိစ္စတွေတော့ ဘာမှကို မကြားရဘူး။ တည်းခိုခန်းမှာတော့ သူတို့စစ်စရာရှိတာ စစ်မေးသွားတယ်။ အပြင်လည်း မပေါက်ကြားဘူး။ တစ်ယောက်စကား တစ်ယောက်ကြားတာတော့ လူမှုရေးကိစ္စပေါ့နော်။ သူ့ကောင်းလေးလား၊ သူယောက်ျားလားဆိုတာတော့ မသိသေးဘူး။ သတ်တဲ့သူကလည်း သတ်ပြီးတော့ ဘာသိဘာသာထားပြီးတော့ ထွက်ပြေးသွားတယ်နေမှာပေါ့။ အဲဒါ သူတို့ CCTV မှတ်တမ်းကြည့်ပြီးတော့ ရှာဖွေနေတုန်းပေါ့နော်” ဟု အဆိုပါတည်းခိုခန်းအနီးတွင် နေထိုင်သည့် ဒေသခံတစ်ဦးကလည်း NP News ကိုပြောသည်။
အဆိုပါအမျိုးသမီး အသတ်ခံရသည့်ဖြစ်စဉ်နှင့်တကွ ပြစ်မှုကျူလွန်သူအမျိုးသားကို သက်ဆိုင်ရာရဲတပ်ဖွဲ့များက စုံစမ်းရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
zawgyi version
မႏၲေလးၿမိဳ႕ရွိ တည္းခိုခန္းတစ္ခုတြင္ အမ်ိဳးသမီးငယ္တစ္ဦး ညိဳမည္းဒဏ္ရာမ်ားျဖင့္ ေသဆုံးလ်က္ေတြ႕ရွိ
ခ်ယ္ရီ (NP News)- ႏိုဝင္ဘာ ၁၂
မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ တည္းခိုခန္းတစ္ခုတြင္ ညိဳမည္းဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသမီးငယ္တစ္ဦး ႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ရေၾကာင္း မဏီစလ လူမႈကူညီေရးအသင္း(မႏၲေလး)မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ႐ုပ္အေလာင္းကို ယမန္ေန႔( ႏိုဝင္ဘာလ ၁၁ ရက္)၊ ည ၉နာရီဝန္းက်င္ အခ်ိန္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ၃၆ လမ္း၊ ၇၀x ၇၁ လမ္းၾကားရွိ ေ႐ႊနဂါးတည္းခိုခန္းအတြင္း၌ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔က ျဖစ္စဥ္ရဲ႕အစအဆုံးကိုေတာ့ မသိခဲ့ပါဘူး။ နယ္ေျမခံရဲက ဖုန္းဆက္ၿပီး အကူအညီေတာင္းလို႔ သြားေရာက္ ကူညီေပးတာပါ။ ကြၽန္ေတာ္တို႔ေတြ႕ေတာ့ ကုတင္နဲ႔ အုတ္နံရံၾကားထဲမွာ ေသဆုံးလ်က္ ေတြ႕ရတာပါ။ ထိခိုက္ဒဏ္ရာေတြကေတာ့ ပါးစပ္ကေတာ့ ေသြးထြက္တယ္။ မ်က္လုံးေတြကေတာ့ နည္းနည္းညိဳမည္းစြဲတဲ့ ဒဏ္ရာေတာ့ ေတြ႕တယ္။ က်န္တာေတာ့ ထိုးသြင္းဒဏ္ရာေတြေတာ့ မရွိဘူးဗ်။ ေမး႐ိုးနားမွာေတာ့ ထိုးသြင္းဒဏ္ရာေတာ့မဟုတ္ဘူး။ ပါးစပ္က ထြက္တဲ့ ေသြးေတြက ခဲသြားတာ။ ေသေသခ်ာခ်ာ ၾကည့္ၾကည့္ေတာ့ ဒဏ္ရာမဟုတ္ဘူး။ ေသြးေတြ။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ေတြ႕ေတာ့ အေလာင္းက ေတာင့္ေနၿပီ။ လက္ေတြ၊ ေျခေတြေကြးေနတာကို ကြၽန္ေတာ္မနည္း ျပန္ဆန႔္ထားတာ” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။
ေသဆုံးေနသူအမ်ိဳးသမီးမွာ အသက္(၂၀)ေက်ာ္အ႐ြယ္ခန႔္ရွိၿပီး ၎၏႐ုပ္အေလာင္းကို မဏီစလလူမႈကူညီေရးအသင္း(မႏၲေလး)မွ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး၊ ရင္ခြဲ႐ုံဌာနသို႔ ပို႔ေဆာင္ ကူညီေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
“အဲဒီေနရာမွာက ကြၽန္ေတာ္တို႔ေနတာပါ။ အဲဒီေနရာကို တာဝန္ရွိသူေတြ၊ လူမႈကူညီေရးေတြပါ လာၿပီးေတာ့ သူတို႔က အေလာင္းသယ္သြားတာပဲ။ က်န္တဲ့ကိစၥေတြေတာ့ ဘာမွကို မၾကားရဘူး။ တည္းခိုခန္းမွာေတာ့ သူတို႔စစ္စရာရွိတာ စစ္ေမးသြားတယ္။ အျပင္လည္း မေပါက္ၾကားဘူး။ တစ္ေယာက္စကား တစ္ေယာက္ၾကားတာေတာ့ လူမႈေရးကိစၥေပါ့ေနာ္။ သူ႔ေကာင္းေလးလား၊ သူေယာက္်ားလားဆိုတာေတာ့ မသိေသးဘူး။ သတ္တဲ့သူကလည္း သတ္ၿပီးေတာ့ ဘာသိဘာသာထားၿပီးေတာ့ ထြက္ေျပးသြားတယ္ေနမွာေပါ့။ အဲဒါ သူတို႔ CCTV မွတ္တမ္းၾကည့္ၿပီးေတာ့ ရွာေဖြေနတုန္းေပါ့ေနာ္” ဟု အဆိုပါတည္းခိုခန္းအနီးတြင္ ေနထိုင္သည့္ ေဒသခံတစ္ဦးကလည္း NP News ကိုေျပာသည္။
အဆိုပါအမ်ိဳးသမီး အသတ္ခံရသည့္ျဖစ္စဥ္ႏွင့္တကြ ျပစ္မႈက်ဴလြန္သူအမ်ိဳးသားကို သက္ဆိုင္ရာရဲတပ္ဖြဲ႕မ်ားက စုံစမ္းရွာေဖြမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။