ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ PDF အဖွဲ့များ ရောက်ရှိလာသည်ဟူသောသတင်းမှာ မမှန်ကန်ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဖြေရှင်း

 2926

ချယ်ရီ (NP News) - နိုဝင်ဘာ ၁၂

မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ PDF အဖွဲ့များ ရောက်ရှိလာသည်ဟူသော သတင်းမှာ မမှန်ကန်ကြောင်း ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက NP News ကိုပြောသည်။

လက်နက်ကိုင်ထားသော PDF အချို့က ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ကို တက်လာသည်ဆိုသော ရုပ်သံဖိုင်တစ်ခုမှာ လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိပြီး ၎င်းရုပ်သံဖိုင်ကြောင့် ဘုရားဖူးသွားရောက်မည့် ပြည်သူများအတွက် စိုးရိမ်စရာဖြစ်စေကြောင်း ပြောဆိုနေကြသည်။

NP News သတင်းဌာနအနေဖြင့် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်နှင့် ပတ်သက်၍ ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှထံ ဆက်သွယ်မေး မြန်းရာတွင် ၎င်းအချက်အလက်မှာ မှန်ကန်မှုမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ဒါက ကောလာဟလ လုပ်တဲ့အပိုင်းတွေ ဖြစ်ပါတယ်ခင်ဗျ။ မဟုတ်ပါဘူးခင်ဗျ။ ကျွန် တော်တို့ ဒီမှာလည်း လုံခြုံရေးနဲ့ ဂေါပကအဖွဲ့ကနေ ဘုရားရင်ပြင်ကို တက်ကတည်းက လုံခြုံချောမွေ့စွာနဲ့ လာနိုင်အောင် လုံခြုံရေးဆောင်ရွက်ထားတာတွေလည်း ရှိပါတယ်ခင်ဗျ။ အပေါ်မှာလည်း နေ့၊ ည လုံခြုံရေးကိစ္စရပ်တွေကို လုံခြုံရေးတပ်ဖွဲ့များနဲ့ ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့က အမြဲတမ်းကြည့်ရှု ထိန်သိမ်းမှုတွေ ရှိပါတယ်ခင်ဗျ။ ဒီကောလာဟ လလေးတွေကတော့ ဖေ့ဘွတ်စ်တွေက ကိုယ်ထင်တာလေးတွေကို ပြောကြ၊ ဆိုကြတဲ့ ဟာလေးတွေတော့ ရှိပါတယ်။ ဒါလေးတွေကိုတော့ သိပ်ပြီးတော့ အသိမှတ် မပြုစေချင်ပါဘူး”ဟု ဥက္ကဋ္ဌ ဦးစိုးလှက ပြောသည်။

လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော Video ဖိုင်၌ PDF အဖွဲ့ဝင်များက မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဒေါင်းအိုကြီးရွာရှိ ကျိုက်ထီးရိုးပုံတူ စေတီတော်၌ ရိုက်ကူးထားသည့် ရုပ်သံဖိုင်ဖြစ်ကြောင်း ပြောဆိုမှုများရှိသည်။ မြန်မာနိုင်ငံ၌ ကျိုက်ထီးရိုးပုံတူ စေတီတော်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် ရှိကြောင်း သိရသည်။

zawgyi version
က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ေစတီေတာ္သို႔ PDF အဖြဲ႕မ်ား ေရာက္ရွိလာသည္ဟူေသာသတင္းမွာ မမွန္ကန္ဟု ေဂါပကအဖြဲ႕ဥကၠ႒ ေျဖရွင္း
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၁၂

မြန္ျပည္နယ္ရွိ က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ေစတီေတာ္သို႔ PDF အဖြဲ႕မ်ား ေရာက္ရွိလာသည္ဟူေသာ သတင္းမွာ မမွန္ကန္ေၾကာင္း က်ိဳက္ထီး႐ိုးဘုရား ေဂါပကအဖြဲ႕ဥကၠ႒ ဦးစိုးလွက NP News ကိုေျပာသည္။

လက္နက္ကိုင္ထားေသာ PDF အခ်ိဳ႕က က်ိဳက္ထီး႐ိုးဘုရား ရင္ျပင္ေတာ္ေပၚကို တက္လာသည္ဆိုေသာ ႐ုပ္သံဖိုင္တစ္ခုမွာ လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔လ်က္ရွိၿပီး ၎႐ုပ္သံဖိုင္ေၾကာင့္ ဘုရားဖူးသြားေရာက္မည့္ ျပည္သူမ်ားအတြက္ စိုးရိမ္စရာျဖစ္ေစေၾကာင္း ေျပာဆိုေနၾကသည္။

NP News သတင္းဌာနအေနျဖင့္ လူမႈကြန္ယက္စာမ်က္ႏွာမ်ားေပၚတြင္ ပ်ံ႕ႏွံ႔ေနသည့္ ႐ုပ္သံဖိုင္ႏွင့္ ပတ္သက္၍ က်ိဳက္ထီး႐ိုးဘုရားေဂါပကအဖြဲ႕ဥကၠ႒ ဦးစိုးလွထံ ဆက္သြယ္ေမး ျမန္းရာတြင္ ၎အခ်က္အလက္မွာ မွန္ကန္မႈမရွိေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။

“ဒါက ေကာလာဟလ လုပ္တဲ့အပိုင္းေတြ ျဖစ္ပါတယ္ခင္ဗ်။ မဟုတ္ပါဘူးခင္ဗ်။ ကြၽန္ ေတာ္တို႔ ဒီမွာလည္း လုံၿခဳံေရးနဲ႔ ေဂါပကအဖြဲ႕ကေန ဘုရားရင္ျပင္ကို တက္ကတည္းက လုံၿခဳံေခ်ာေမြ႕စြာနဲ႔ လာႏိုင္ေအာင္ လုံၿခဳံေရးေဆာင္႐ြက္ထားတာေတြလည္း ရွိပါတယ္ခင္ဗ်။ အေပၚမွာလည္း ေန႔၊ ည လုံၿခဳံေရးကိစၥရပ္ေတြကို လုံၿခဳံေရးတပ္ဖြဲ႕မ်ားနဲ႔ ေပါင္းစပ္ၿပီးေတာ့ ကြၽန္ေတာ္တို႔က အၿမဲတမ္းၾကည့္ရႈ ထိန္သိမ္းမႈေတြ ရွိပါတယ္ခင္ဗ်။ ဒီေကာလာဟ လေလးေတြကေတာ့ ေဖ့ဘြတ္စ္ေတြက ကိုယ္ထင္တာေလးေတြကို ေျပာၾက၊ ဆိုၾကတဲ့ ဟာေလးေတြေတာ့ ရွိပါတယ္။ ဒါေလးေတြကိုေတာ့ သိပ္ၿပီးေတာ့ အသိမွတ္ မျပဳေစခ်င္ပါဘူး”ဟု ဥကၠ႒ ဦးစိုးလွက ေျပာသည္။

လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔ေနေသာ Video ဖိုင္၌ PDF အဖြဲ႕ဝင္မ်ားက မကွေးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္၊ ေဒါင္းအိုႀကီး႐ြာရွိ က်ိဳက္ထီး႐ိုးပုံတူ ေစတီေတာ္၌ ႐ိုက္ကူးထားသည့္ ႐ုပ္သံဖိုင္ျဖစ္ေၾကာင္း ေျပာဆိုမႈမ်ားရွိသည္။ ျမန္မာႏိုင္ငံ၌ က်ိဳက္ထီး႐ိုးပုံတူ ေစတီေတာ္မ်ားသည္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.