၂၀၂၄-၂၀၂၅ နေရှင်းလိဂ်ပွဲစဉ်(၅)ရဲ့ အကောင်းဆုံးပွဲစဉ်များ သုံးသပ်ချက်

 252

ရဲထက် (NP News) - နိုဝင်ဘာ ၁၃

(၄)ကြိမ်မြောက်အဖြစ်ကျင်းပနေတဲ့ နေး ရှင်းလိဂ်ပြိုင်ပွဲကတော့ ဒီတစ်ပတ်မှာ အကောင်းဆုံး ပွဲစဉ်တွေကို ဆက်လက်စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ ပွဲစဉ်(၅)အဖြစ် ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက်လည်း နောက်တစ်ဆင့်တက်ဖို့ ရမှတ်လိုအပ်နေတဲ့အသင်း ကြီးတွေရှိနေသလို မနိုင်ခဲ့ရင် နေးရှင်းလိဂ်ကနေ ထွက်ရမယ့် အသင်းတွေလည်းရှိနေတာကြောင့် ဒီ တစ်ပတ်နေးရှင်းလိဂ်ပြိုင်ပွဲက နိုင်ငံတကာပွဲစဉ်ရဲ့ စောင့်ကြည့်ချင်စရာကောင်းတဲ့ ပွဲစဉ်တွေဖြစ် လာနိုင် ပါတယ်။ အခု ၂၀၂၄-၂၀၂၅ ရဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတွေကတော့ လက်ရှိ နေးရှင်းလိဂ်ချန်ပီယံ စပိန်အသင်းကပဲ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ပေါ်တူဂီ၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်နဲ့ နယ်သာလန်အသင်းတို့က အစဉ်လိုက်ရပ်တည် နေ တာကို တွေ့ရပါတယ်။ ခြေစွမ်းအရကြည့်ရင် စပိန်၊ အီတလီ၊ ဂျာမနီနဲ့ ပေါ်တူဂီအသင်းတို့က ရာနှုန်းပြည့် နိုင်ပွဲရ ယူထားတာကိုတွေ့ရပြီး နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးကိုယ်စီလည်းရှိနေတာကိုတွေ့ရပါတယ်။ ဒီတပတ်မှာတော့ NP News အကြိုက် နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးပွဲစဉ် တွေကို သုံးသပ်ခန့်မှန်းပေးသွားချင်ပါတယ်။

ဘယ်လ်ဂျီယံ Vs အီတလီ
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အီတလီ ၂ - ၂ ဘယ်လ်ဂျီယံ (၁၀-၁၁-၂၀၂၄)
အီတလီ ၂ - ၁ ဘယ်လ်ဂျီယံ (၁၀-၁၀-၂၀၂၁)
ဘယ်လ်ဂျီယံ ၁ - ၂ အီတလီ (၃-၇-၂၀၁၆)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘယ်လ်ဂျီယံ ၂ - ၂ အီတလီ
ဘယ်လ်ဂျီယံ ဝ - ၁ အီတလီ
ဒီနှစ်သင်းရဲ့ ပွဲစဉ်က ကြည့်ကောင်းမယ့် ပွဲကောင်းတစ်ပွဲဖြစ်ပေမယ့် ပြိုင်ဆိုင်မှုပြင်းထန်ဖို့တော့ မရှိလာနိုင်ဘူးလို့ထင်စရာရှိပါတယ်။ ဘာဖြစ်လို့လဲဆို တော့ အီတလီအသင်းက ဒီအုပ်စုထဲမှာ ရမှတ် (၁၀)မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေတဲ့အသင်းဖြစ်တာ ကြောင့် ဒီပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းကို ရှုံးခဲ့ရင် တောင် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်း နေတာကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ အီတလီအ သင်းအနေနဲ့ တစ်ဖက်မှာ ပြင်သစ်အသင်းကသာ အစ္စရေးအသင်းကို နိုင်ခဲ့ရင် အုပ်စုထိပ်ဆုံးကို ရောက် သွားနိုင်တာကြောင့် အီတလီအသင်းက ဒီပွဲစဉ်ကို ရှုံး လို့မရတဲ့အပြင် နိုင်ပွဲရအောင်ယူနိုင်ဖို့လည်း လိုအပ် နေတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းကတော့ ဒီ ပွဲစဉ်မှာ ဘယ်လိုရလဒ်ပဲထွက်ထွက် နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးနည်းသွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လ်ဂျီယံအသင်းက အီတလီအသင်းကို ၂၀၂၁ ယူရိုကွာတားဖိုင်နယ်မှာရှုံးပြီး ထွက်ခဲ့ရတာကြောင့် ဒီပွဲစဉ်မှာ အီတလီအသင်းအမှတ်မရရေးအတွက် လျှော့ကန်မှာမဟုတ်တာတော့ သေချာပါတယ်။ ထိပ် တိုက်တွေ့ဆုံမှုတွေမှာတော့ အီတလီအသင်းက အ သားစီးရယူထားတာကိုတွေ့ရပြီး ခြေစွမ်းအရလည်း အီတလီအသင်းက ပိုကောင်းပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ပွဲစဉ်က သရေကျဖို့များပြီး သွင်းဂိုးတွေကို များများစားစား မြင်တွေ့ရမယ့် ပွဲစဉ်မဖြစ်နိုင်ပါဘူး။ နိုင်ဖို့ဆိုရင် အီတလီအသင်းက ဂိုးမပြတ်ပဲနိုင်ပါမယ်။

ဂရိ Vs အင်္ဂလန်
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အင်္ဂလန် ၁-၂ ဂရိ (၁၀-၁၁-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဂရိ ၁ - ၂ အင်္ဂလန်
ဂရိ ၁ - ၃ အင်္ဂလန်
အင်္ဂလန်အသင်းကတော့ နည်းပြအ ပြောင်းအလဲလုပ်ထားတာကြောင့် အခုနေးရှင်းလိဂ် ပြိုင်ပွဲမှာ ချန်လှပ်ခံထားရတဲ့ ကစားသမားတွေရှိတဲ့ အပြင် နေးရှင်းလိဂ်ကို မပြိုင်ဘဲ နုတ်ထွက်ထားတဲ့ ကစားသမားကောင်းတွေလည်း ရှိနေတာကြောင့် ဒီပြိုင်ပွဲမှာ ရလဒ်ကောင်းဖို့ဆိုတာ အရမ်းကြီးမျှော် လင့်လို့မရတဲ့ အနေအထားဖြစ်ပါတယ်။ အုပ်စုတွင်း ပွဲစဉ်တွေမှာလည်း ရှုံးပွဲတွေ့ထားပြီး အချောင် ဆုံး အုပ်စုမှာတောင် နောက်တစ်ဆင့်ဖို့ဆိုရင် ဂရိအသင်း ကို သရေလောက်နဲ့မဟုတ်ဘဲ ဂိုးပြတ်အနိုင်ကန်ထား မှသာ အုပ်စုထိပ်ဆုံးနေရာကို ဦးဆောင်နိုင်မှာ လည်းဖြစ်ပါတယ်။ လက်ရှိလူစာရင်းအရကြည့်ရင် အင်္ဂလန်အသင်းက အမြဲတမ်းကောင်းနေပေမယ့် ကွင်းတွင်းခြေစွမ်းနဲ့ အများကြီး ကွာဟနေတာကို မြင် တွေ့ရမှာဖြစ်ပြီး သွင်းဂိုးတွေရဖို့ဆိုတာကလည်း အ များကြီး ရုန်းကန်နေရတဲ့အသင်းလိုဖြစ်နေပါတယ်။ ဂရိအသင်းကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တာကြောင့်လည်း အခုအဝေးကွင်းမှာ အနိုင်ရဖို့လည်း ခက်ခဲလာနိုင် တာကြောင့် အင်္ဂလန်အသင်းအတွက် လွယ်ကူနေမှာ မဟုတ်တာတော့ သေချာပါတယ်။ ဒါကြောင့် ဒီနှစ် သင်းရဲ့ပွဲစဉ်ကအကြိတ်အနယ်ရှိလာနိုင်မယ့် ပွဲ ကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်။ အင်္ဂလန်အသင်း ကလည်း နိုင်ပွဲရဖို့လိုအပ်နေတာကြောင့် ဒီပွဲစဉ်က အပြန်အလှန်သွင်းဂိုးတွေ တွေ့မြင်ရမှာဖြစ်ပြီး သရေ လည်းကျသွားနိုင်သလို နိုင်မယ်ဆိုရင်တော့ အင်္ဂလန် အသင်းက (၁)ဂိုးလောက်အကွာနဲ့ နိုင်ပါမယ်။

ပြင်သစ် Vs အစ္စရေး
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အစ္စရေး ၁ - ၄ ပြင်သစ် (၁၀-၁၁-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ပြင်သစ် ၂ - ဝ အစ္စရေး
ပြင်သစ် ၃ - ဝ အစ္စရေး
ဒီပွဲစဉ်က ပြင်သစ်အသင်းအတွက် အရေး ကြီးတဲ့ ပွဲစဉ်ဖြစ်သလို နိုင်ပွဲရဖို့ မဖြစ်မနေကြိုးစား သွားရမယ့် ပွဲစဉ်ဖြစ်ပါတယ်။ အီတလီအသင်းက ရမှတ်(၁၀)မှတ်နဲ့ အုပ်စုမှာထိပ်ဆုံးက ရပ်တည်မှုကို ဖြတ်ကျော်ဖို့အတွက် ပြင်သစ်အသင်းအနေနဲ့ ဒီပွဲစဉ် ကို နိုင်ထားမှသာ အခြေအနေပိုကောင်းနိုင်မှာဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့ ရမှတ်ယူထားမှဖြစ်မယ့် ပွဲ စဉ်တစ်ပွဲလည်းဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ အာဂျင်တီးနား အသင်းကို ပင်နတီနဲ့ရှုံးနိမ့်ပြီးကတည်းက ခြေစွမ်း ပိုင်းမှာရော လူစာရင်းအရပါ အနည်းငယ်ကျဆင်းသွား တာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ယူရို (၂၀၂၄) ပြိုင် ပွဲမှာလည်း စပိန်အသင်းကို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီး ယူ ရိုဖလားကို လက်လွှတ်ခဲ့ရပြန်ပါတယ်။ အခု နေရှင်း လိဂ်ပွဲစဉ်မှာလည်း ခြေစွမ်းပိုင်းအရကောင်းမွန်ပေ မယ့် ရှုံးပွဲတစ်ပွဲရှိထားပြီး အစ္စရေးအသင်းကိုသာ နိုင် အောင်ကန်မထားရင် နေးရှင်းလိဂ်မှာလည်း ရလဒ် ကောင်းဖို့ မဖြစ်နိုင်တာကို တွေ့ရပါတယ်။ ထိပ်တိုက် တွေ့ဆုံမှုမှာလည်း ပြင်သစ်အသင်းက အနိုင်ရထား တာကြောင့် ဒီပွဲစဉ်က ပြင်သစ်အသင်းအတွက် အနိုင်(၃)မှတ်ရယူမယ့်ပွဲစဉ်ဖြစ်ပြီး ဂိုးပြတ်နိုင်ပွဲရယူ သွားနိုင်ပါတယ်။

ပေါ်တူဂီ Vs ပိုလန်
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ပိုလန် ၁ - ၃ ပေါ်တူဂီ (၁၃-၁၀-၂၀၂၄)
ပေါ်တူဂီ ၁ - ၁ ပိုလန် (၂၁-၁၁-၂၀၁၈)
ပိုလန် ၂ - ၃ ပေါ်တူဂီ (၁၂-၁၀-၂၀၁၈)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ပေါ်တူဂီ ၁ - ၁ ပိုလန်
ပေါ်တူဂီ ၁ - ၂ ပိုလန်
ပေါ်တူဂီအသင်းအတွက် ဒီပွဲစဉ်ကို ရှုံးခဲ့ ရင်တောင် အရမ်းကြီးပြဿနာမရှိတဲ့ ပွဲစဉ်ဖြစ်ပါ တယ်။ ပေါ်တူဂီအသင်းက နေးရှင်းလိဂ်မှာဆိုရင် အမြဲတမ်းခြေစွမ်းကောင်းနေပြီး ဆုဖလားရဖို့လည်း ရေပန်စားနေတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ လူများ ပြီး ပွဲမစည်တတ်တဲ့အသင်းဖြစ်ပြီး စိတ်ဓာတ်ပိုင်း ဆိုင်ရာ အားနည်းချက်တွေကြောင့်သာ ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေကွားနေတဲ့အသင်း ဖြစ်နေ တာပါ။ ကမ္ဘာ့ဖလားရယူသွားတဲ့ အာဂျင်တီးနာ အသင်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နောက်တန်းနဲ့ ကွင်းလယ်မှာ ပရီးမီးယားလိဂ်ရဲ့ထိတ်ထိတ်ကြဲ ကစား သမားတွေ ဖြစ်တဲ့ ရူဘင်ဒီရက်ဇ် ၊ ဘရူနို ဖာနန် ဒက်စ်နဲ့ ဘာနာဒိုဆေးလ်တို့ကို ပိုင်ဆိုင်ထားချိန်မှာ အာဂျင်တီးနားရဲ့ နောက်တန်းနဲ့ကွင်းလယ်ဟာ လူ မသိသူမသိတဲ့ အန်ဇိုနဲ့ အလစ္စတာတို့လို ကစားသမား လေးတွေနဲ့ ကမ္ဘာ့ဖလားကိုရယူသွားခဲ့တာဖြစ်ပါ တယ်။ ဒါဟာ ပေါ်တူဂီအသင်းရဲ့ စိတ်ဓာတ်ပိုင်ဆိုင် ရာလိုအပ်ချက်ဆိုတာ ငြင်းမရတဲ့အချက်တစ်ခု လည်းဖြစ်နေပါတယ်။ အခုပွဲစဉ်မှာလည်း ပိုလန် အသင်းကို သရေလောက်ကစားနိုင်တာနဲ့ နောက်တစ် ဆင့်တက်ဖို့အခွင့်အရေးရှိနေတဲ့အပြင် ထိပ်တိုက် တွေ့ဆုံမှုတိုင်းမှာလည်း အသာရတတ်တာကြောင့် ဒီ ပွဲစဉ်ကို ပေါ်တူဂီအသင်းက သရေလောက်အထိ ထိန်းကန်သွားနိုင်ပါတယ်။

ဒိန်းမတ် Vs စပိန်
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
စပိန် ၁ - ဝ ဒိန်းမတ် (၁၃-၁၀-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဒိန်းမတ် ၁ - ၁ စပိန်
ဒိန်းမတ် ၁ - ၂ စပိန်
စပိန်အသင်းက နေးရှင်းလိဂ်မှာ အကောင်းဆုံးပုံစံကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားပြီး ခြေစွမ်းပိုင်းမှာလည်း အကောင်းဆုံးအနေအထားကို ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ယူရို (၂၀၂၄)ဖလား ကို ရယူထားသလို နေးရှင်းလိဂ်ဖလားကိုလည်း နောက် ဆုံးရယူထားတဲ့အသင်းဖြစ်တာကြောင့် စပိန်အသင်း ဟာ လက်ရှိအအောင်မြင်ဆုံးအသင်းလို့လည်း ပြော လို့ရတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ လာမယ့် (၂၀၂၆) ကမ္ဘာ့ဖလားမှာ စပိန်အသင်းက လူငယ်မျိုးဆက် တစ် ခုနဲ့ (၂၀၁၀) ကမ္ဘာ့ဖလားကို ရယူခဲ့သလိုမျိုး နောက် တစ်ကြိမ်ပြန်လည် ဖိတ်ခေါ်နိုင်လိမ့်မယ်လို့ ထင်ကြေး ပေးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ လက်ရှိ နေး ရှင်းလိဂ်အုပ်စုတွင်းမှာလည်း ရှုံးပွဲမရှိသေးတဲ့ အ သင်းဖြစ်ပြီး နိုင်ပွဲပိုရထားတဲ့အသင်းဖြစ်ပါတယ်။ ဒါ့ပြင် ဒိန်းမတ်အသင်းကိုလည်း ပထမအကျော့ တွေ့ဆုံမူမှာ အနိုင်ရထားတဲ့အပြင် သရေလောက် ထိန်းကန်နိုင်ရင် နောက်တစ်ဆင့်တက်ဖို့အခွင့်အရေး ရှိနေတာကြောင့်လည်း ဒီပွဲစဉ်က စပိန် အသင်းအတွက် အရမ်းမခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါ တယ်။ ဒါကြောင့် ဒီပွဲစဉ်က စပိန်အသင်းအတွက် နိုင်ပွဲရဖို့များပြီး အနည်းဆုံးသရေရလဒ် ထွက်ပေါ်နိုင် ပါတယ်။

နယ်သာလန် Vs ဟန်ဂေရီ
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဟန်ဂေရီ ၁ - ၁ နယ်သာလန် (၁၂-၁၀-၂၀၂၄)
နယ်သာလန် ၈ - ၁ ဟန်ဂေရီ (၁၂-၁၀-၂၀၁၃)
ပိုလန် ၁ - ၁ ဏနည (၃-၅)ပေါ်တူဂီ (၁၂-၉-၂၀၁၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
နယ်သာလန် ၂ - ၁ ဟန်ဂေရီ
နယ်သာလန် ၁ - ၁ ဟန်ဂေရီ
နယ်သာလန်အသင်းအတွက် ဒီပွဲစဉ်က မဖြစ်မနေ နိုင်ပွဲရဖို့ကို လိုအပ်နေတာဖြစ်ပြီး နိုင်ပွဲရ ယူဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အုပ်စုထိပ်ဆုံးနေရာကို ဂျာမနီအသင်းက (၁၀)မှတ်နဲ့ ဦးဆောင်နေချိန်မှာ နယ်သာလန်နဲ့ ဟန် ဂေရီအသင်းတို့က ရမှတ်(၅)တူအနေအထားမှာ နိုင် ပွဲရယူနိုင်တဲ့ အသင်းကသာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနိုင်တာကြောင့် ဒီပွဲစဉ်က အ ကြိတ်အနယ်ရှိပြီး နိုင်ပွဲရလိုမှုတွေကြောင့် ကြည့် ကောင်းမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်။ ထိပ် တိုက်တွေ့ဆုံမှုအရကြည့်ရင်လည်း နယ်သာလန် အ သင်းကသာ ပွဲစဉ်တော်တော်များများကို နိုင်ပွဲရထား တာကြောင့် နယ်သာလန်အသင်းက နိုင်ပွဲရဖို့ပိုများ နေပြီး ခြေစွမ်းအရလည်း ပိုကောင်းတာကို တွေ့ရ ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်ကိုခန့် မှန်းရရင် နယ်သာလန်အသင်းအနေနဲ့ နောက်ပိုင်းနှစ်တွေမှာ ကစားပုံသိသိသာသာတိုး တက်လာတာကိုတွေ့ရပြီး ကစားသမားအင်အားလည်း တောင့်တင်းလာပြီဖြစ် တာကြောင့် နေရှင်းလိဂ်အပြင် အခြားသော နိုင်ငံ တကာပွဲစဉ်တွေမှာပါ ရလဒ်ပိုင်းကောင်းလာဖို့ရှိနေ ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က နယ်သာလန်အသင်း နိုင်ဖို့များပြီး ဂိုးတော့ မပြတ်နိုင်ပါဘူး။

(၁၅-၁၁-၂၀၂၄) သောကြာနံနက်ပိုင်း
နံနက် (၂း၁၅) ဘယ်လ်ဂျီယံ Vs အီတလီ
နံနက် (၂း၁၅) ပြင်သစ် Vs အစ္စရေး
နံနက် (၂း၁၅) ဂရိ Vs အင်္ဂလန်
(၁၆-၁၁-၂၀၂၄) စနေနေ့နံနက်ပိုင်း
နံနက် (၂း၁၅) ပေါ်တူဂီ Vs ပိုလန်
နံနက် (၂း၁၅) ဒိန်းမတ် Vs စပိန်
(၁၇-၁၁-၂၀၂၄) တနင်္ဂနွေနေ့ နံနက်ပိုင်း
နံနက် (၂း၁၅) နယ်သာလန် Vs ဟန်ဂေရီ

zawgyi version
၂၀၂၄-၂၀၂၅ ေနရွင္းလိဂ္ပြဲစဥ္(၅)ရဲ႕ အေကာင္းဆုံးပြဲစဥ္မ်ား သုံးသပ္ခ်က္
ရဲထက္ (NP News) - ႏိုဝင္ဘာ ၁၃

(၄)ႀကိမ္ေျမာက္အျဖစ္က်င္းပေနတဲ့ ေနး ရွင္းလိဂ္ၿပိဳင္ပြဲကေတာ့ ဒီတစ္ပတ္မွာ အေကာင္းဆုံး ပြဲစဥ္ေတြကို ဆက္လက္ေစာင့္ၾကည့္ရဖို႔ ရွိေနပါတယ္။ ပြဲစဥ္(၅)အျဖစ္ ယွဥ္ၿပိဳင္မွာျဖစ္တဲ့အတြက္လည္း ေနာက္တစ္ဆင့္တက္ဖို႔ ရမွတ္လိုအပ္ေနတဲ့အသင္း ႀကီးေတြရွိေနသလို မႏိုင္ခဲ့ရင္ ေနးရွင္းလိဂ္ကေန ထြက္ရမယ့္ အသင္းေတြလည္းရွိေနတာေၾကာင့္ ဒီ တစ္ပတ္ေနးရွင္းလိဂ္ၿပိဳင္ပြဲက ႏိုင္ငံတကာပြဲစဥ္ရဲ႕ ေစာင့္ၾကည့္ခ်င္စရာေကာင္းတဲ့ ပြဲစဥ္ေတြျဖစ္ လာႏိုင္ ပါတယ္။ အခု ၂၀၂၄-၂၀၂၅ ရဲ႕ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အသင္းေတြကေတာ့ လက္ရွိ ေနးရွင္းလိဂ္ခ်န္ပီယံ စပိန္အသင္းကပဲ ထိပ္ဆုံးမွာ ရပ္တည္ေနၿပီး ေပၚတူဂီ၊ ဂ်ာမနီ၊ အီတလီ၊ ျပင္သစ္နဲ႔ နယ္သာလန္အသင္းတို႔က အစဥ္လိုက္ရပ္တည္ ေန တာကို ေတြ႕ရပါတယ္။ ေျခစြမ္းအရၾကည့္ရင္ စပိန္၊ အီတလီ၊ ဂ်ာမနီနဲ႔ ေပၚတူဂီအသင္းတို႔က ရာႏႈန္းျပည့္ ႏိုင္ပြဲရ ယူထားတာကိုေတြ႕ရၿပီး ေနာက္တစ္ဆင့္ တက္ဖို႔ အခြင့္အေရးကိုယ္စီလည္းရွိေနတာကိုေတြ႕ရပါတယ္။ ဒီတပတ္မွာေတာ့ NP News အႀကိဳက္ ေနးရွင္းလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးပြဲစဥ္ ေတြကို သုံးသပ္ခန႔္မွန္းေပးသြားခ်င္ပါတယ္။

ဘယ္လ္ဂ်ီယံ Vs အီတလီ
ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အီတလီ ၂ - ၂ ဘယ္လ္ဂ်ီယံ (၁၀-၁၁-၂၀၂၄)
အီတလီ ၂ - ၁ ဘယ္လ္ဂ်ီယံ (၁၀-၁၀-၂၀၂၁)
ဘယ္လ္ဂ်ီယံ ၁ - ၂ အီတလီ (၃-၇-၂၀၁၆)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘယ္လ္ဂ်ီယံ ၂ - ၂ အီတလီ
ဘယ္လ္ဂ်ီယံ ဝ - ၁ အီတလီ
ဒီႏွစ္သင္းရဲ႕ ပြဲစဥ္က ၾကည့္ေကာင္းမယ့္ ပြဲေကာင္းတစ္ပြဲျဖစ္ေပမယ့္ ၿပိဳင္ဆိုင္မႈျပင္းထန္ဖို႔ေတာ့ မရွိလာႏိုင္ဘူးလို႔ထင္စရာရွိပါတယ္။ ဘာျဖစ္လို႔လဲဆို ေတာ့ အီတလီအသင္းက ဒီအုပ္စုထဲမွာ ရမွတ္ (၁၀)မွတ္နဲ႔ ထိပ္ဆုံးက ဦးေဆာင္ေနတဲ့အသင္းျဖစ္တာ ေၾကာင့္ ဒီပြဲစဥ္မွာ ဘယ္လ္ဂ်ီယံအသင္းကို ရႈံးခဲ့ရင္ ေတာင္ ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္း ေနတာေၾကာင့္ပဲျဖစ္ပါတယ္။ ဒါေပမဲ့ အီတလီအ သင္းအေနနဲ႔ တစ္ဖက္မွာ ျပင္သစ္အသင္းကသာ အစၥေရးအသင္းကို ႏိုင္ခဲ့ရင္ အုပ္စုထိပ္ဆုံးကို ေရာက္ သြားႏိုင္တာေၾကာင့္ အီတလီအသင္းက ဒီပြဲစဥ္ကို ရႈံး လို႔မရတဲ့အျပင္ ႏိုင္ပြဲရေအာင္ယူႏိုင္ဖို႔လည္း လိုအပ္ ေနတာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံအသင္းကေတာ့ ဒီ ပြဲစဥ္မွာ ဘယ္လိုရလဒ္ပဲထြက္ထြက္ ေနာက္တစ္ဆင့္ တက္ဖို႔ အခြင့္အေရးနည္းသြားၿပီျဖစ္ပါတယ္။ ဒါေပမဲ့ ဘယ္လ္ဂ်ီယံအသင္းက အီတလီအသင္းကို ၂၀၂၁ ယူ႐ိုကြာတားဖိုင္နယ္မွာရႈံးၿပီး ထြက္ခဲ့ရတာေၾကာင့္ ဒီပြဲစဥ္မွာ အီတလီအသင္းအမွတ္မရေရးအတြက္ ေလွ်ာ့ကန္မွာမဟုတ္တာေတာ့ ေသခ်ာပါတယ္။ ထိပ္ တိုက္ေတြ႕ဆုံမႈေတြမွာေတာ့ အီတလီအသင္းက အ သားစီးရယူထားတာကိုေတြ႕ရၿပီး ေျခစြမ္းအရလည္း အီတလီအသင္းက ပိုေကာင္းပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ပြဲစဥ္က သေရက်ဖို႔မ်ားၿပီး သြင္းဂိုးေတြကို မ်ားမ်ားစားစား ျမင္ေတြ႕ရမယ့္ ပြဲစဥ္မျဖစ္ႏိုင္ပါဘူး။ ႏိုင္ဖို႔ဆိုရင္ အီတလီအသင္းက ဂိုးမျပတ္ပဲႏိုင္ပါမယ္။

ဂရိ Vs အဂၤလန္
ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အဂၤလန္ ၁-၂ ဂရိ (၁၀-၁၁-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဂရိ ၁ - ၂ အဂၤလန္
ဂရိ ၁ - ၃ အဂၤလန္
အဂၤလန္အသင္းကေတာ့ နည္းျပအ ေျပာင္းအလဲလုပ္ထားတာေၾကာင့္ အခုေနးရွင္းလိဂ္ ၿပိဳင္ပြဲမွာ ခ်န္လွပ္ခံထားရတဲ့ ကစားသမားေတြရွိတဲ့ အျပင္ ေနးရွင္းလိဂ္ကို မၿပိဳင္ဘဲ ႏုတ္ထြက္ထားတဲ့ ကစားသမားေကာင္းေတြလည္း ရွိေနတာေၾကာင့္ ဒီၿပိဳင္ပြဲမွာ ရလဒ္ေကာင္းဖို႔ဆိုတာ အရမ္းႀကီးေမွ်ာ္ လင့္လို႔မရတဲ့ အေနအထားျဖစ္ပါတယ္။ အုပ္စုတြင္း ပြဲစဥ္ေတြမွာလည္း ရႈံးပြဲေတြ႕ထားၿပီး အေခ်ာင္ ဆုံး အုပ္စုမွာေတာင္ ေနာက္တစ္ဆင့္ဖို႔ဆိုရင္ ဂရိအသင္း ကို သေရေလာက္နဲ႔မဟုတ္ဘဲ ဂိုးျပတ္အႏိုင္ကန္ထား မွသာ အုပ္စုထိပ္ဆုံးေနရာကို ဦးေဆာင္ႏိုင္မွာ လည္းျဖစ္ပါတယ္။ လက္ရွိလူစာရင္းအရၾကည့္ရင္ အဂၤလန္အသင္းက အၿမဲတမ္းေကာင္းေနေပမယ့္ ကြင္းတြင္းေျခစြမ္းနဲ႔ အမ်ားႀကီး ကြာဟေနတာကို ျမင္ ေတြ႕ရမွာျဖစ္ၿပီး သြင္းဂိုးေတြရဖို႔ဆိုတာကလည္း အ မ်ားႀကီး ႐ုန္းကန္ေနရတဲ့အသင္းလိုျဖစ္ေနပါတယ္။ ဂရိအသင္းကို အိမ္ကြင္းမွာရႈံးနိမ့္ခဲ့တာေၾကာင့္လည္း အခုအေဝးကြင္းမွာ အႏိုင္ရဖို႔လည္း ခက္ခဲလာႏိုင္ တာေၾကာင့္ အဂၤလန္အသင္းအတြက္ လြယ္ကူေနမွာ မဟုတ္တာေတာ့ ေသခ်ာပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ သင္းရဲ႕ပြဲစဥ္ကအႀကိတ္အနယ္ရွိလာႏိုင္မယ့္ ပြဲ ေကာင္းတစ္ပြဲျဖစ္လာႏိုင္ပါတယ္။ အဂၤလန္အသင္း ကလည္း ႏိုင္ပြဲရဖို႔လိုအပ္ေနတာေၾကာင့္ ဒီပြဲစဥ္က အျပန္အလွန္သြင္းဂိုးေတြ ေတြ႕ျမင္ရမွာျဖစ္ၿပီး သေရ လည္းက်သြားႏိုင္သလို ႏိုင္မယ္ဆိုရင္ေတာ့ အဂၤလန္ အသင္းက (၁)ဂိုးေလာက္အကြာနဲ႔ ႏိုင္ပါမယ္။

ျပင္သစ္ Vs အစၥေရး
ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အစၥေရး ၁ - ၄ ျပင္သစ္ (၁၀-၁၁-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ျပင္သစ္ ၂ - ဝ အစၥေရး
ျပင္သစ္ ၃ - ဝ အစၥေရး
ဒီပြဲစဥ္က ျပင္သစ္အသင္းအတြက္ အေရး ႀကီးတဲ့ ပြဲစဥ္ျဖစ္သလို ႏိုင္ပြဲရဖို႔ မျဖစ္မေနႀကိဳးစား သြားရမယ့္ ပြဲစဥ္ျဖစ္ပါတယ္။ အီတလီအသင္းက ရမွတ္(၁၀)မွတ္နဲ႔ အုပ္စုမွာထိပ္ဆုံးက ရပ္တည္မႈကို ျဖတ္ေက်ာ္ဖို႔အတြက္ ျပင္သစ္အသင္းအေနနဲ႔ ဒီပြဲစဥ္ ကို ႏိုင္ထားမွသာ အေျခအေနပိုေကာင္းႏိုင္မွာျဖစ္ၿပီး ေနာက္တစ္ဆင့္တက္ဖို႔ ရမွတ္ယူထားမွျဖစ္မယ့္ ပြဲ စဥ္တစ္ပြဲလည္းျဖစ္ပါတယ္။ ျပင္သစ္အသင္းဟာ ၿပီးခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ ဗိုလ္လုပြဲမွာ အာဂ်င္တီးနား အသင္းကို ပင္နတီနဲ႔ရႈံးနိမ့္ၿပီးကတည္းက ေျခစြမ္း ပိုင္းမွာေရာ လူစာရင္းအရပါ အနည္းငယ္က်ဆင္းသြား တာကိုေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ ယူ႐ို (၂၀၂၄) ၿပိဳင္ ပြဲမွာလည္း စပိန္အသင္းကို ဗိုလ္လုပြဲမွာ ရႈံးနိမ့္ၿပီး ယူ ႐ိုဖလားကို လက္လႊတ္ခဲ့ရျပန္ပါတယ္။ အခု ေနရွင္း လိဂ္ပြဲစဥ္မွာလည္း ေျခစြမ္းပိုင္းအရေကာင္းမြန္ေပ မယ့္ ရႈံးပြဲတစ္ပြဲရွိထားၿပီး အစၥေရးအသင္းကိုသာ ႏိုင္ ေအာင္ကန္မထားရင္ ေနးရွင္းလိဂ္မွာလည္း ရလဒ္ ေကာင္းဖို႔ မျဖစ္ႏိုင္တာကို ေတြ႕ရပါတယ္။ ထိပ္တိုက္ ေတြ႕ဆုံမႈမွာလည္း ျပင္သစ္အသင္းက အႏိုင္ရထား တာေၾကာင့္ ဒီပြဲစဥ္က ျပင္သစ္အသင္းအတြက္ အႏိုင္(၃)မွတ္ရယူမယ့္ပြဲစဥ္ျဖစ္ၿပီး ဂိုးျပတ္ႏိုင္ပြဲရယူ သြားႏိုင္ပါတယ္။

ေပၚတူဂီ Vs ပိုလန္
ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ပိုလန္ ၁ - ၃ ေပၚတူဂီ (၁၃-၁၀-၂၀၂၄)
ေပၚတူဂီ ၁ - ၁ ပိုလန္ (၂၁-၁၁-၂၀၁၈)
ပိုလန္ ၂ - ၃ ေပၚတူဂီ (၁၂-၁၀-၂၀၁၈)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ေပၚတူဂီ ၁ - ၁ ပိုလန္
ေပၚတူဂီ ၁ - ၂ ပိုလန္
ေပၚတူဂီအသင္းအတြက္ ဒီပြဲစဥ္ကို ရႈံးခဲ့ ရင္ေတာင္ အရမ္းႀကီးျပႆနာမရွိတဲ့ ပြဲစဥ္ျဖစ္ပါ တယ္။ ေပၚတူဂီအသင္းက ေနးရွင္းလိဂ္မွာဆိုရင္ အၿမဲတမ္းေျခစြမ္းေကာင္းေနၿပီး ဆုဖလားရဖို႔လည္း ေရပန္စားေနတဲ့ အသင္းျဖစ္ပါတယ္။ ဒါေပမဲ့ လူမ်ား ၿပီး ပြဲမစည္တတ္တဲ့အသင္းျဖစ္ၿပီး စိတ္ဓာတ္ပိုင္း ဆိုင္ရာ အားနည္းခ်က္ေတြေၾကာင့္သာ ဆုဖလား ေအာင္ျမင္မႈေတြနဲ႔ ေဝကြားေနတဲ့အသင္း ျဖစ္ေန တာပါ။ ကမာၻ႔ဖလားရယူသြားတဲ့ အာဂ်င္တီးနာ အသင္းနဲ႔ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ ေနာက္တန္းနဲ႔ ကြင္းလယ္မွာ ပရီးမီးယားလိဂ္ရဲ႕ထိတ္ထိတ္ႀကဲ ကစား သမားေတြ ျဖစ္တဲ့ ႐ူဘင္ဒီရက္ဇ္ ၊ ဘ႐ူႏို ဖာနန္ ဒက္စ္နဲ႔ ဘာနာဒိုေဆးလ္တို႔ကို ပိုင္ဆိုင္ထားခ်ိန္မွာ အာဂ်င္တီးနားရဲ႕ ေနာက္တန္းနဲ႔ကြင္းလယ္ဟာ လူ မသိသူမသိတဲ့ အန္ဇိုနဲ႔ အလစၥတာတို႔လို ကစားသမား ေလးေတြနဲ႔ ကမာၻ႔ဖလားကိုရယူသြားခဲ့တာျဖစ္ပါ တယ္။ ဒါဟာ ေပၚတူဂီအသင္းရဲ႕ စိတ္ဓာတ္ပိုင္ဆိုင္ ရာလိုအပ္ခ်က္ဆိုတာ ျငင္းမရတဲ့အခ်က္တစ္ခု လည္းျဖစ္ေနပါတယ္။ အခုပြဲစဥ္မွာလည္း ပိုလန္ အသင္းကို သေရေလာက္ကစားႏိုင္တာနဲ႔ ေနာက္တစ္ ဆင့္တက္ဖို႔အခြင့္အေရးရွိေနတဲ့အျပင္ ထိပ္တိုက္ ေတြ႕ဆုံမႈတိုင္းမွာလည္း အသာရတတ္တာေၾကာင့္ ဒီ ပြဲစဥ္ကို ေပၚတူဂီအသင္းက သေရေလာက္အထိ ထိန္းကန္သြားႏိုင္ပါတယ္။

ဒိန္းမတ္ Vs စပိန္
ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
စပိန္ ၁ - ဝ ဒိန္းမတ္ (၁၃-၁၀-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဒိန္းမတ္ ၁ - ၁ စပိန္
ဒိန္းမတ္ ၁ - ၂ စပိန္
စပိန္အသင္းက ေနးရွင္းလိဂ္မွာ အေကာင္းဆုံးပုံစံေကာင္းတစ္ရပ္ကို ပိုင္ဆိုင္ထားၿပီး ေျခစြမ္းပိုင္းမွာလည္း အေကာင္းဆုံးအေနအထားကို ေရာက္ရွိေနပါတယ္။ ၿပီးခဲ့တဲ့ယူ႐ို (၂၀၂၄)ဖလား ကို ရယူထားသလို ေနးရွင္းလိဂ္ဖလားကိုလည္း ေနာက္ ဆုံးရယူထားတဲ့အသင္းျဖစ္တာေၾကာင့္ စပိန္အသင္း ဟာ လက္ရွိအေအာင္ျမင္ဆုံးအသင္းလို႔လည္း ေျပာ လို႔ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ လာမယ့္ (၂၀၂၆) ကမာၻ႔ဖလားမွာ စပိန္အသင္းက လူငယ္မ်ိဳးဆက္ တစ္ ခုနဲ႔ (၂၀၁၀) ကမာၻ႔ဖလားကို ရယူခဲ့သလိုမ်ိဳး ေနာက္ တစ္ႀကိမ္ျပန္လည္ ဖိတ္ေခၚႏိုင္လိမ့္မယ္လို႔ ထင္ေၾကး ေပးမႈေတြလည္းရွိေနတာျဖစ္ပါတယ္။ လက္ရွိ ေနး ရွင္းလိဂ္အုပ္စုတြင္းမွာလည္း ရႈံးပြဲမရွိေသးတဲ့ အ သင္းျဖစ္ၿပီး ႏိုင္ပြဲပိုရထားတဲ့အသင္းျဖစ္ပါတယ္။ ဒါ့ျပင္ ဒိန္းမတ္အသင္းကိုလည္း ပထမအေက်ာ့ ေတြ႕ဆုံမူမွာ အႏိုင္ရထားတဲ့အျပင္ သေရေလာက္ ထိန္းကန္ႏိုင္ရင္ ေနာက္တစ္ဆင့္တက္ဖို႔အခြင့္အေရး ရွိေနတာေၾကာင့္လည္း ဒီပြဲစဥ္က စပိန္ အသင္းအတြက္ အရမ္းမခက္ခဲတဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္ပါ တယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က စပိန္အသင္းအတြက္ ႏိုင္ပြဲရဖို႔မ်ားၿပီး အနည္းဆုံးသေရရလဒ္ ထြက္ေပၚႏိုင္ ပါတယ္။

နယ္သာလန္ Vs ဟန္ေဂရီ
ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဟန္ေဂရီ ၁ - ၁ နယ္သာလန္ (၁၂-၁၀-၂၀၂၄)
နယ္သာလန္ ၈ - ၁ ဟန္ေဂရီ (၁၂-၁၀-၂၀၁၃)
ပိုလန္ ၁ - ၁ ဏနည (၃-၅)ေပၚတူဂီ (၁၂-၉-၂၀၁၂)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
နယ္သာလန္ ၂ - ၁ ဟန္ေဂရီ
နယ္သာလန္ ၁ - ၁ ဟန္ေဂရီ
နယ္သာလန္အသင္းအတြက္ ဒီပြဲစဥ္က မျဖစ္မေန ႏိုင္ပြဲရဖို႔ကို လိုအပ္ေနတာျဖစ္ၿပီး ႏိုင္ပြဲရ ယူဖို႔လိုအပ္ေနတာလည္းျဖစ္ပါတယ္။ ဘာျဖစ္လို႔ လဲဆိုေတာ့ အုပ္စုထိပ္ဆုံးေနရာကို ဂ်ာမနီအသင္းက (၁၀)မွတ္နဲ႔ ဦးေဆာင္ေနခ်ိန္မွာ နယ္သာလန္နဲ႔ ဟန္ ေဂရီအသင္းတို႔က ရမွတ္(၅)တူအေနအထားမွာ ႏိုင္ ပြဲရယူႏိုင္တဲ့ အသင္းကသာ ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္းႏိုင္တာေၾကာင့္ ဒီပြဲစဥ္က အ ႀကိတ္အနယ္ရွိၿပီး ႏိုင္ပြဲရလိုမႈေတြေၾကာင့္ ၾကည့္ ေကာင္းမယ့္ ပြဲေကာင္းတစ္ပြဲျဖစ္လာႏိုင္ပါတယ္။ ထိပ္ တိုက္ေတြ႕ဆုံမႈအရၾကည့္ရင္လည္း နယ္သာလန္ အ သင္းကသာ ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားကို ႏိုင္ပြဲရထား တာေၾကာင့္ နယ္သာလန္အသင္းက ႏိုင္ပြဲရဖို႔ပိုမ်ား ေနၿပီး ေျခစြမ္းအရလည္း ပိုေကာင္းတာကို ေတြ႕ရ ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ ပြဲစဥ္ကိုခန႔္ မွန္းရရင္ နယ္သာလန္အသင္းအေနနဲ႔ ေနာက္ပိုင္းႏွစ္ေတြမွာ ကစားပုံသိသိသာသာတိုး တက္လာတာကိုေတြ႕ရၿပီး ကစားသမားအင္အားလည္း ေတာင့္တင္းလာၿပီျဖစ္ တာေၾကာင့္ ေနရွင္းလိဂ္အျပင္ အျခားေသာ ႏိုင္ငံ တကာပြဲစဥ္ေတြမွာပါ ရလဒ္ပိုင္းေကာင္းလာဖို႔ရွိေန ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က နယ္သာလန္အသင္း ႏိုင္ဖို႔မ်ားၿပီး ဂိုးေတာ့ မျပတ္ႏိုင္ပါဘူး။

(၁၅-၁၁-၂၀၂၄) ေသာၾကာနံနက္ပိုင္း
နံနက္ (၂း၁၅) ဘယ္လ္ဂ်ီယံ Vs အီတလီ
နံနက္ (၂း၁၅) ျပင္သစ္ Vs အစၥေရး
နံနက္ (၂း၁၅) ဂရိ Vs အဂၤလန္
(၁၆-၁၁-၂၀၂၄) စေနေန႔နံနက္ပိုင္း
နံနက္ (၂း၁၅) ေပၚတူဂီ Vs ပိုလန္
နံနက္ (၂း၁၅) ဒိန္းမတ္ Vs စပိန္
(၁၇-၁၁-၂၀၂၄) တနဂၤေႏြေန႔ နံနက္ပိုင္း
နံနက္ (၂း၁၅) နယ္သာလန္ Vs ဟန္ေဂရီ

Related news

© 2021. All rights reserved.