ရှမ်းမြောက်၌ တိုက်ပွဲများ ငြိမ်သက်လာသော်လည်း လက်နက်ကိုင်အဖွဲ့များ ပိုမိုခြေရှုပ်လာသည့် အညာဒေသ၌ စစ်ရေးပြင်းထန်နိုင်
3844
မြူနစ် (NP News) - နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ငြိမ်သက်လာသော်လည်း လက်နက်ကိုင်အဖွဲ့များ ပိုမိုခြေရှုပ်လာသည့် အညာဒေသ၌ စစ်ရေးပဋိပက္ခများ ပြင်းထန်လာနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်နေကြသည်။
စစ်ကိုင်း၊ မကွေး အညာဒေသ တစ်ဝိုက်တွင် ယခင်ကတည်းက PDF အဖွဲ့အစည်းပေါင်းများစွာ ရှိနေပြီး ရှမ်းမြောက်တိုက်ပွဲများ၌ မြောက်ပိုင်း(၃) ဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ပေးခဲ့သော မောင်ဆောင်းခ၏ BPLA လက်နက်ကိုင်အဖွဲ့သည်လည်း အညာဒေသတွင် စစ်ရေးလှုပ်ရှားမည်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းက ကြေညာခဲ့ဖူးသည်။ ရှမ်းပြည် နယ်မြောက်ပိုင်းအတွင်း၌ (၁၀၂၇) စစ်ဆင်ရေးကို ပြီးခဲ့သော (၂၀၂၃) ခုနှစ် အောက်တိုဘာ (၂၇) ရက် တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) ၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တို့နှင့်အတူ (၂၀၂၁) ခုနှစ် နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သည့် PDF အဖွဲ့ အစည်းများက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နစက၏ လားရှိုးမြို့၊ လောက်ကိုင် မြို့ အပါအဝင် အခြားသောမြို့များကို လက်လွှတ်ခဲ့ရ သည့်အခြေအနေရှိခဲ့သည်။ သို့သော်လည်း လက်ရှိ တွင်တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ငြိမ်သက်လာသည်ကို တွေ့ရှိရသည်။
“ရှမ်းမြောက်မှာတော့ ငြိမ်သွားနိုင်တယ်။ ရှမ်း မြောက်က ပဲ့ထိန်းရှိတယ်ဗျ။ ဥပမာဗျာ ပဲ့ထိန်းက တရုတ်ကြီးပေါ့ဗျာ။ ဘယ်လောက်ပဲ ဒီကောင်တွေ ထောင်ထောင် ပဲ့ထိန်းကို မကျော်နိုင်ဘူးဗျ။ အခု တောင် တိုက်ပွဲက ငြိမ်နေပြီလေ။ လေယာဉ်နဲ့ ပစ်တာ လောက်ပဲ ကျန်တော့တယ်လေ။ နှစ်ဖက် ထိပ်တိုက် တွေ့ပြီး ပစ်ခတ်တိုက်ခိုက်တာက ရှားသွားပြီလေ။ အဓိက ဘာလဲဆိုတော့ သူတို့မှာ ပဲ့ထိန်းရှိနေတယ် လေဗျာ။ ဒီအညာမှာက ပဲ့ထိန်းမရှိဘူးဗျ။ အထိန်း အသိမ်းမရှိဘူး။ ရှင်းရှင်းပြောမယ်ဗျာ ဩဇာညောင်း တဲ့သူ မရှိဘူး။ မရှိတော့ PDF တွေက ချချချဆိုတာပဲ ရှိတယ်” ဟု ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း NP News ကို သုံးသပ်ပြောကြားသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲ များ ငြိမ်သက်လာပြီဖြစ်သော်လည်း (၁၀၂၇)စစ်ဆင် ရေးတွင်ပူးပေါင်းပါဝင် တိုက်ခိုက်ပေးခဲ့သော BPLA အဖွဲ့နှင့် PDF အဖွဲ့အစည်းများသည် အညာဒေသသို့ ရွှေ့ပြောင်းအခြေချလာနေသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် MNDAA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့သည် PDF အဖွဲ့အစည်းများကို ၎င်းတို့၌ လက်ခံနေထိုင်ခြင်းမရှိတော့ဘဲ ပြန်လည်စေလွှတ်နေမှုများ ရှိကြောင်း သိရသည်။ “ ရှမ်းမြောက်မှာ ဆိုလို့ရှိရင် တရုတ်က ဏမနျကမန ပေးပြီးလေ။ PDF တွေကို မခေါ်ထားရဘူးဆိုပြီးတော့။ အဲဒီတော့ သူတို့က အ ညာကို ပြန်ရမယ့်ပုံစံဖြစ်တာပေါ့။ အညာပြန်ရမယ့် ပုံစံဖြစ်တဲ့အခါကျတော့ အညာမှာ နှစ်လိုင်းရှိတယ်ဗျ။ ဘယ်လိုနှစ်လိုင်းရှိလဲဆိုတော့ ဥပမာ အညာပြန်ပြီး ငြိမ်းချမ်းရေးယူကြမှာလား။ ဒါမှမဟုတ် အညာပြီး တော့မှ ဆက်ပြီးနေရာယူထားမှာလား။ နယ်မြေယူ ထားမယ်ဆိုရင်တော့ ပြဿနာက ကြီးဦးမယ်ဗျ” ဟု ဒုဥက္ကဋ္ဌဦးရန်နိုင်ဝင်းက ဆက်လက်ပြောသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အညာဒေသတွင် (၂၀၂၁) ခုနှစ်နောက်ပိုင်း၌ NUG လက်အောက်ခံ PDF အဖွဲ့အစည်းပေါင်းများစွာ ပေါ်ပေါက်လာသကဲ့ သို့ NUG နှင့်သီးခြားရပ်တည်နေသည့်ဒေသခံ လက် နက်ကိုင်အဖွဲ့အစည်းပေါင်းများစွာလည်း ပေါ်ပေါက် လာခဲ့သည်။ ထိုသို့ လက်နက်ကိုင်အဖွဲ့အစည်းပေါင်း များစွာ ရှိနေသည့် အညာဒေသသို့ ရှမ်းမြောက်တိုက်ပွဲ များတွင် ပါဝင်တိုက်ခိုက်ခဲ့သော မောင်ဆောင်းခ၏ BPLA လက်နက်ကိုင်အဖွဲ့သည်လည်း ပြောင်းရွှေ့ အခြေချကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းအတွင်းက ကြေညာခဲ့ ဖူးသည်။ “အညာမှာက PDFအဖွဲ့တွေက အများကြီးပဲလေ။ မောင်ဆောင်းခတို့အဖွဲ့ရော၊ ဗိုလ်နဂါးတို့ ရော အဲဒါ တွေက အများကြီးပဲ မရေမတွက်နိုင်အောင် ဖြစ်နေတာ။ အဲဒီလိုမျိုး တော်လှန်နေတဲ့ ကာလပတ် လုံးမှာ ဒေသမငြိမ်းချမ်းဘူးဗျာ။ ဒေသမငြိမ်းချမ်း ဘာဖြစ်မလဲ မြေစာပင်ဆိုတဲ့ ပြည်သူတွေကတော့ ဒုက္ခရောက်မှာပေါ့ဗျာ။ ဒါကတော့ အကြီးအကျယ် ရောက်မယ့် အလုပ်ပဲ။ တိုက်ပွဲတွေက ပြင်းထန်လာမှာ ပေါ့။ အဲဒီဒေသကိုဝင်တယ်ဆိုကတည်းက၊ သူတို့အညာကို ပြန်မယ်ဆိုကတည်းက ပြင်းထန်လာ မှာပဲလေ။ မနေ့ကဆိုရင်ပဲကြည့်လေ စစ်ကိုင်းတက္က သိုလ်ကြီးကို လောင်ချာနဲ့ပစ်ကုန်ပြီ။ ဒါတွေက အရိပ်အငွေ့တွေက စပြလာပြီ။ နောက်ဆိုရင် ဒီထက် ဆိုးအုံးမှာပေါ့။ သူတို့က ငြိမ်းချမ်းရေးယူမယ်ဆိုတဲ့ ခံယူချက်ရှိရင်တော့ တစ်မျိုးပေါ့ဗျာ။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ ဝမ်းသာရမှာပေါ့။ အညာက အခုတောင် ကျေနေပြီ။ ဒီထက် ဆက်ကြေစရာကတော့ လူမရှိဖို့ပဲ ကျန်တော့တယ်။ တိုက်ပွဲဧရိယာကြီးလို ဖြစ်သွားမယ်။ တကယ့်ကို အနက်ရောင်နယ်မြေကြီးလို့ ဖြစ်သွားနိုင် တာပေါ့"ဟု ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌက ဆိုသည်။
အညာဒေသတွင်ရှိသည့် လက်နက်ကိုင်အဖွဲ့အ စည်းများသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အတူ စနစ် တကျဖွဲ့စည်းထားခြင်းမရှိသည့် လက်နက်ကိုင်အဖွဲ့ အစည်းများဖြစ်၍ ပြည်သူများအတွက် အလွန်အန္တ ရာယ်ကြီးမားကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ထိပ်ပိုင်းအရာရှိတစ်ဦး က NP News ကို သုံးသပ်ပြောကြားသည်။ "ဥပဒေပြဋ္ဌာန်းချက် မရှိ၊ စနစ်တကျဖွဲ့စည်းထား ခြင်းမရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဟာ သူ တို့အတွက်ရော၊ ပြည်သူအတွက်ရော အလွန်အန္တ ရာယ်ကြီးလှပါတယ်။ တိုက်ပွဲတွေကတော့ နယ်ဘက် တွေမှာ ဖြစ်နိုင်တယ်။ အရှင်းပြီးပြတ်ဖို့တော့ ကြာ လိမ့်ဦးမယ်။ အဲဒီလိုကြာလာတာနဲ့ လက်နက်ကိုင်အဖွဲ့ တွေဟာ တော်လှန်ရေးထက်အချောင်ရလွယ်တဲ့ ငွေ ရှာတာကို စီးပွားရေးအသွင် ဦးစားပေးလုပ်ဆောင်လာ ကြမယ်။ ပြီးတော့ လက်နက်ကိုင်အဖွဲ့တွေ နယ်မြေလု တိုက်ပွဲတွေ ဖြစ်ကြမယ်။ လက်နက်ကိုင်အဖွဲ့အစည်း တွေ ပေးတဲ့ဒုက္ခကို ပြည်သူတွေ ဆင်းရဲကြီးစွာနဲ့ ရင် ဆိုင်ရလိမ့်ဦးလို့ ထင်တယ်"ဟု ၎င်းက သုံးသပ်ထားသည်။
လတ်တလောကာလတွင် အညာဒေ၌ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သော လက် နက်ကိုင်အဖွဲ့အစည်းများ အချင်းချင်းကြားတွင် အ ပြန်အလှန်ဖမ်းဆီးသတ်ဖြတ်မှုများရှိနေသကဲ့သို့ နယ် မြေလုသည့်ကိစ္စရပ်များလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ပြင် NUG လက်အောက်ခံ PDF အဖွဲ့ အစည်းများသည် အညာဒေသရှိ ဒေသခံပြည်သူများ ကို သတင်းပေးဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ် ခဲ့သည့်ဖြစ်စဉ် အများအပြားလည်းရှိခဲ့သည်။ လက်ရှိနစကအစိုးရလက်ထက်တွင် အညာဒေသသည် ဗုဒ္ဓဘာသာရဟန်းသံဃာတော်များကို အများဆုံးအကြမ်းဖက်သတ် ဖြတ်ခဲ့သောစာရင်းဝင်ထား သည့် ဒေသဖြစ်သကဲ့သို့ ခြိမ်းခြောက်ငွေကြေး တောင်းခံမှု၊ ဓားပြတိုက်မှု၊ လုယက်မှုဖြစ်စဉ်များ လည်း အများအပြားဖြစ်ပွားခဲ့ရာဒေသ ဖြစ်နေသည်။ အညာဒေသတွင် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းများစွာ ပေါ်ပေါက်နေမှုနှင့်အတူ ၎င်းလက်နက်ကိုင်အဖွဲ့အစည်းများကို KIA ၊ AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လက်နက်ကူညီ ထောက်ပံ့ကာ ကြားခံစစ်မြေအဖြစ် ပုံဖော်ရန် ကြိုးပမ်းမှုများရှိနေကြောင်း သုံးသပ်မှုများလည်း ရှိနေ သည်။
လက်ရှိတွင် အညာဒေသ၌ ကိုယ့်နေရပ်ကို စွန့် ခွာစစ်ဘေးရှောင်နေသည့် ပြည်သူများစွာ ရှိနေသကဲ့ သို့ ရွာပေါင်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အတွက် နေရပ်သို့ မပြန်နိုင်တော့သည့်ပြည်သူများစွာလည်း ရှိနေသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦး ဆောင်သော နစကအစိုးရသည် PDF အဖွဲ့အစည်း များအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန်အတွက် ပြီးခဲ့သော ကာလအတွင်းက ဖိတ်ခေါ်ထားဖူးသည်။ ထို့ကြောင့် အညာဒေသတွင် အလုံးစုံပျက်စီးမှု မဖြစ်ပေါ်စေရေး အတွက် PDF အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်း ရေးဆွေးနွေးဖြေရှာကြရန် တိုက်တွန်း အကြံပြုမှုများ လည်း ရှိနေသည်။
" ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ကိုယ့်ဒေသကိုယ်ပြန်မယ်။ ပြန်ပြီးတော့ ငြိမ်းချမ်းရေးယူပြီးတော့ တပ်မတော်ကလည်း ခေါ်ထားပြီလေ။ ဟိုတုန်းက ခေါ်တာမှမဟုတ်တာ အခုခေါ်ထားတယ်ဆိုတော့ တော်တော်လေးကို ကောင်းတယ်လေ။ ဒီလိုမျိုး အချိန်မှာ သူတို့ကညှိနှိုင်းသင့်တယ်ဗျ။ လက်ရှိတိုက်ပွဲ အခြေအနေမှာ ဘယ်လောက်အထိအောင်မြင်နေပြီ လဲ (၄)နှစ်တာမှာ။ ငါတို့ ဘယ်လိုသွားရမလဲ။ အမြဲ တမ်းကြီး တစ်သက်လုံးကြီး တော်လှန်နေဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ဥပမာ ကရင်ပဲ ကြည့်လေဗျာ။ နှစ်ပေါင်း (၇၀)လုံးတော်လှန်နေတာ အခုအချိန်ထိ တော်လှန် ရေးကတော်လှန်ရေးပဲ။ ဒေသမငြိမ်းချမ်းတာနဲ့ ဒေသ ပျက်စီးတာပဲ ဦးတည်နေတာပေါ့" ဟု ဖက်ဒရယ်ဒီမိုက ရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ပြောသည်။
zawgyi version
ရွမ္းေျမာက္၌ တိုက္ပြဲမ်ား ၿငိမ္သက္လာေသာ္လည္း လက္နက္ကိုင္အဖြဲ႕မ်ား ပိုမိုေျခရႈပ္လာသည့္ အညာေဒသ၌ စစ္ေရးျပင္းထန္ႏိုင္
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၁၃
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ား ၿငိမ္သက္လာေသာ္လည္း လက္နက္ကိုင္အဖြဲ႕မ်ား ပိုမိုေျခရႈပ္လာသည့္ အညာေဒသ၌ စစ္ေရးပဋိပကၡမ်ား ျပင္းထန္လာႏိုင္ေၾကာင္း ႏိုင္ငံေရးအသိုင္းအဝိုင္းက သုံးသပ္ေနၾကသည္။
စစ္ကိုင္း၊ မေကြး အညာေဒသ တစ္ဝိုက္တြင္ ယခင္ကတည္းက PDF အဖြဲ႕အစည္းေပါင္းမ်ားစြာ ရွိေနၿပီး ရွမ္းေျမာက္တိုက္ပြဲမ်ား၌ ေျမာက္ပိုင္း(၃) ဖြဲ႕ႏွင့္အတူ ပူးေပါင္းတိုက္ခိုက္ေပးခဲ့ေသာ ေမာင္ေဆာင္းခ၏ BPLA လက္နက္ကိုင္အဖြဲ႕သည္လည္း အညာေဒသတြင္ စစ္ေရးလႈပ္ရွားမည္ျဖစ္ေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းက ေၾကညာခဲ့ဖူးသည္။ ရွမ္းျပည္ နယ္ေျမာက္ပိုင္းအတြင္း၌ (၁၀၂၇) စစ္ဆင္ေရးကို ၿပီးခဲ့ေသာ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာ (၂၇) ရက္ တြင္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕(MNDAA) ၊ တအာင္းလက္နက္ကိုင္အဖြဲ႕ (TNLA)၊ ရခိုင္ လက္နက္ကိုင္အဖြဲ႕ (AA) တို႔ႏွင့္အတူ (၂၀၂၁) ခုႏွစ္ ေနာက္ပိုင္းတြင္ ေပၚေပါက္လာခဲ့သည့္ PDF အဖြဲ႕ အစည္းမ်ားက ပူးေပါင္းပါဝင္တိုက္ခိုက္ခဲ့သည္။
အဆိုပါ စစ္ဆင္ေရးအတြင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ နစက၏ လားရႈိးၿမိဳ႕၊ ေလာက္ကိုင္ ၿမိဳ႕ အပါအဝင္ အျခားေသာၿမိဳ႕မ်ားကို လက္လႊတ္ခဲ့ရ သည့္အေျခအေနရွိခဲ့သည္။ သို႔ေသာ္လည္း လက္ရွိ တြင္တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ေဆာင္႐ြက္ေပးမႈေၾကာင့္ ရွမ္းေျမာက္ေဒသ၌ တိုက္ပြဲမ်ား ၿငိမ္သက္လာသည္ကို ေတြ႕ရွိရသည္။
“ရွမ္းေျမာက္မွာေတာ့ ၿငိမ္သြားႏိုင္တယ္။ ရွမ္း ေျမာက္က ပဲ့ထိန္းရွိတယ္ဗ်။ ဥပမာဗ်ာ ပဲ့ထိန္းက တ႐ုတ္ႀကီးေပါ့ဗ်ာ။ ဘယ္ေလာက္ပဲ ဒီေကာင္ေတြ ေထာင္ေထာင္ ပဲ့ထိန္းကို မေက်ာ္ႏိုင္ဘူးဗ်။ အခု ေတာင္ တိုက္ပြဲက ၿငိမ္ေနၿပီေလ။ ေလယာဥ္နဲ႔ ပစ္တာ ေလာက္ပဲ က်န္ေတာ့တယ္ေလ။ ႏွစ္ဖက္ ထိပ္တိုက္ ေတြ႕ၿပီး ပစ္ခတ္တိုက္ခိုက္တာက ရွားသြားၿပီေလ။ အဓိက ဘာလဲဆိုေတာ့ သူတို႔မွာ ပဲ့ထိန္းရွိေနတယ္ ေလဗ်ာ။ ဒီအညာမွာက ပဲ့ထိန္းမရွိဘူးဗ်။ အထိန္း အသိမ္းမရွိဘူး။ ရွင္းရွင္းေျပာမယ္ဗ်ာ ဩဇာေညာင္း တဲ့သူ မရွိဘူး။ မရွိေတာ့ PDF ေတြက ခ်ခ်ခ်ဆိုတာပဲ ရွိတယ္” ဟု ဖက္ဒရယ္ဒီမိုကရက္တစ္ပါတီမွ ဒုဥကၠ႒ ဦးရန္ႏိုင္ဝင္း NP News ကို သုံးသပ္ေျပာၾကားသည္။
လက္ရွိတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၌ တိုက္ပြဲ မ်ား ၿငိမ္သက္လာၿပီျဖစ္ေသာ္လည္း (၁၀၂၇)စစ္ဆင္ ေရးတြင္ပူးေပါင္းပါဝင္ တိုက္ခိုက္ေပးခဲ့ေသာ BPLA အဖြဲ႕ႏွင့္ PDF အဖြဲ႕အစည္းမ်ားသည္ အညာေဒသသို႔ ေ႐ႊ႕ေျပာင္းအေျခခ်လာေနသည္ကို ေတြ႕ရသည္။
တ႐ုတ္ႏိုင္ငံ၏ ဖိအားေပးမႈေၾကာင့္ MNDAA အပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တခ်ိဳ႕သည္ PDF အဖြဲ႕အစည္းမ်ားကို ၎တို႔၌ လက္ခံေနထိုင္ျခင္းမရွိေတာ့ဘဲ ျပန္လည္ေစလႊတ္ေနမႈမ်ား ရွိေၾကာင္း သိရသည္။ “ ရွမ္းေျမာက္မွာ ဆိုလို႔ရွိရင္ တ႐ုတ္က ဏမန်ကမန ေပးၿပီးေလ။ PDF ေတြကို မေခၚထားရဘူးဆိုၿပီးေတာ့။ အဲဒီေတာ့ သူတို႔က အ ညာကို ျပန္ရမယ့္ပုံစံျဖစ္တာေပါ့။ အညာျပန္ရမယ့္ ပုံစံျဖစ္တဲ့အခါက်ေတာ့ အညာမွာ ႏွစ္လိုင္းရွိတယ္ဗ်။ ဘယ္လိုႏွစ္လိုင္းရွိလဲဆိုေတာ့ ဥပမာ အညာျပန္ၿပီး ၿငိမ္းခ်မ္းေရးယူၾကမွာလား။ ဒါမွမဟုတ္ အညာၿပီး ေတာ့မွ ဆက္ၿပီးေနရာယူထားမွာလား။ နယ္ေျမယူ ထားမယ္ဆိုရင္ေတာ့ ျပႆနာက ႀကီးဦးမယ္ဗ်” ဟု ဒုဥကၠ႒ဦးရန္ႏိုင္ဝင္းက ဆက္လက္ေျပာသည္။
စစ္ကိုင္းတိုင္း၊ မေကြးတိုင္း အညာေဒသတြင္ (၂၀၂၁) ခုႏွစ္ေနာက္ပိုင္း၌ NUG လက္ေအာက္ခံ PDF အဖြဲ႕အစည္းေပါင္းမ်ားစြာ ေပၚေပါက္လာသကဲ့ သို႔ NUG ႏွင့္သီးျခားရပ္တည္ေနသည့္ေဒသခံ လက္ နက္ကိုင္အဖြဲ႕အစည္းေပါင္းမ်ားစြာလည္း ေပၚေပါက္ လာခဲ့သည္။ ထိုသို႔ လက္နက္ကိုင္အဖြဲ႕အစည္းေပါင္း မ်ားစြာ ရွိေနသည့္ အညာေဒသသို႔ ရွမ္းေျမာက္တိုက္ပြဲ မ်ားတြင္ ပါဝင္တိုက္ခိုက္ခဲ့ေသာ ေမာင္ေဆာင္းခ၏ BPLA လက္နက္ကိုင္အဖြဲ႕သည္လည္း ေျပာင္းေ႐ႊ႕ အေျခခ်ကာ စစ္ေရးလႈပ္ရွားမႈမ်ား လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းအတြင္းက ေၾကညာခဲ့ ဖူးသည္။ “အညာမွာက PDFအဖြဲ႕ေတြက အမ်ားႀကီးပဲေလ။ ေမာင္ေဆာင္းခတို႔အဖြဲ႕ေရာ၊ ဗိုလ္နဂါးတို႔ ေရာ အဲဒါ ေတြက အမ်ားႀကီးပဲ မေရမတြက္ႏိုင္ေအာင္ ျဖစ္ေနတာ။ အဲဒီလိုမ်ိဳး ေတာ္လွန္ေနတဲ့ ကာလပတ္ လုံးမွာ ေဒသမၿငိမ္းခ်မ္းဘူးဗ်ာ။ ေဒသမၿငိမ္းခ်မ္း ဘာျဖစ္မလဲ ေျမစာပင္ဆိုတဲ့ ျပည္သူေတြကေတာ့ ဒုကၡေရာက္မွာေပါ့ဗ်ာ။ ဒါကေတာ့ အႀကီးအက်ယ္ ေရာက္မယ့္ အလုပ္ပဲ။ တိုက္ပြဲေတြက ျပင္းထန္လာမွာ ေပါ့။ အဲဒီေဒသကိုဝင္တယ္ဆိုကတည္းက၊ သူတို႔အညာကို ျပန္မယ္ဆိုကတည္းက ျပင္းထန္လာ မွာပဲေလ။ မေန႔ကဆိုရင္ပဲၾကည့္ေလ စစ္ကိုင္းတကၠ သိုလ္ႀကီးကို ေလာင္ခ်ာနဲ႔ပစ္ကုန္ၿပီ။ ဒါေတြက အရိပ္အေငြ႕ေတြက စျပလာၿပီ။ ေနာက္ဆိုရင္ ဒီထက္ ဆိုးအုံးမွာေပါ့။ သူတို႔က ၿငိမ္းခ်မ္းေရးယူမယ္ဆိုတဲ့ ခံယူခ်က္ရွိရင္ေတာ့ တစ္မ်ိဳးေပါ့ဗ်ာ။ အဲဒါဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ဝမ္းသာရမွာေပါ့။ အညာက အခုေတာင္ ေက်ေနၿပီ။ ဒီထက္ ဆက္ေၾကစရာကေတာ့ လူမရွိဖို႔ပဲ က်န္ေတာ့တယ္။ တိုက္ပြဲဧရိယာႀကီးလို ျဖစ္သြားမယ္။ တကယ့္ကို အနက္ေရာင္နယ္ေျမႀကီးလို႔ ျဖစ္သြားႏိုင္ တာေပါ့"ဟု ဖက္ဒရယ္ဒီမိုကရက္တစ္ပါတီမွ ဒုဥကၠ႒က ဆိုသည္။
အညာေဒသတြင္ရွိသည့္ လက္နက္ကိုင္အဖြဲ႕အ စည္းမ်ားသည္ ဥပေဒျပ႒ာန္းခ်က္မ်ားႏွင့္အတူ စနစ္ တက်ဖြဲ႕စည္းထားျခင္းမရွိသည့္ လက္နက္ကိုင္အဖြဲ႕ အစည္းမ်ားျဖစ္၍ ျပည္သူမ်ားအတြက္ အလြန္အႏၲ ရာယ္ႀကီးမားေၾကာင္း စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕တြင္ တာဝန္ထမ္းေဆာင္ေနသည့္ ထိပ္ပိုင္းအရာရွိတစ္ဦး က NP News ကို သုံးသပ္ေျပာၾကားသည္။ "ဥပေဒျပ႒ာန္းခ်က္ မရွိ၊ စနစ္တက်ဖြဲ႕စည္းထား ျခင္းမရွိတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုဟာ သူ တို႔အတြက္ေရာ၊ ျပည္သူအတြက္ေရာ အလြန္အႏၲ ရာယ္ႀကီးလွပါတယ္။ တိုက္ပြဲေတြကေတာ့ နယ္ဘက္ ေတြမွာ ျဖစ္ႏိုင္တယ္။ အရွင္းၿပီးျပတ္ဖို႔ေတာ့ ၾကာ လိမ့္ဦးမယ္။ အဲဒီလိုၾကာလာတာနဲ႔ လက္နက္ကိုင္အဖြဲ႕ ေတြဟာ ေတာ္လွန္ေရးထက္အေခ်ာင္ရလြယ္တဲ့ ေငြ ရွာတာကို စီးပြားေရးအသြင္ ဦးစားေပးလုပ္ေဆာင္လာ ၾကမယ္။ ၿပီးေတာ့ လက္နက္ကိုင္အဖြဲ႕ေတြ နယ္ေျမလု တိုက္ပြဲေတြ ျဖစ္ၾကမယ္။ လက္နက္ကိုင္အဖြဲ႕အစည္း ေတြ ေပးတဲ့ဒုကၡကို ျပည္သူေတြ ဆင္းရဲႀကီးစြာနဲ႔ ရင္ ဆိုင္ရလိမ့္ဦးလို႔ ထင္တယ္"ဟု ၎က သုံးသပ္ထားသည္။
လတ္တေလာကာလတြင္ အညာေဒ၌ ၂၀၂၁ ခုႏွစ္ေနာက္ပိုင္းတြင္ ေပၚေပါက္လာခဲ့ေသာ လက္ နက္ကိုင္အဖြဲ႕အစည္းမ်ား အခ်င္းခ်င္းၾကားတြင္ အ ျပန္အလွန္ဖမ္းဆီးသတ္ျဖတ္မႈမ်ားရွိေနသကဲ့သို႔ နယ္ ေျမလုသည့္ကိစၥရပ္မ်ားလည္း ျဖစ္ေပၚေနေၾကာင္း သိရသည္။ ထို႔ျပင္ NUG လက္ေအာက္ခံ PDF အဖြဲ႕ အစည္းမ်ားသည္ အညာေဒသရွိ ေဒသခံျပည္သူမ်ား ကို သတင္းေပးဒလန္ဟုစြပ္စြဲကာ ဖမ္းဆီးသတ္ျဖတ္ ခဲ့သည့္ျဖစ္စဥ္ အမ်ားအျပားလည္းရွိခဲ့သည္။ လက္ရွိနစကအစိုးရလက္ထက္တြင္ အညာေဒသသည္ ဗုဒၶဘာသာရဟန္းသံဃာေတာ္မ်ားကို အမ်ားဆုံးအၾကမ္းဖက္သတ္ ျဖတ္ခဲ့ေသာစာရင္းဝင္ထား သည့္ ေဒသျဖစ္သကဲ့သို႔ ၿခိမ္းေျခာက္ေငြေၾကး ေတာင္းခံမႈ၊ ဓားျပတိုက္မႈ၊ လုယက္မႈျဖစ္စဥ္မ်ား လည္း အမ်ားအျပားျဖစ္ပြားခဲ့ရာေဒသ ျဖစ္ေနသည္။ အညာေဒသတြင္ လက္နက္ကိုင္အဖြဲ႕အစည္းေပါင္းမ်ားစြာ ေပၚေပါက္ေနမႈႏွင့္အတူ ၎လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို KIA ၊ AA တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားက လက္နက္ကူညီ ေထာက္ပံ့ကာ ၾကားခံစစ္ေျမအျဖစ္ ပုံေဖာ္ရန္ ႀကိဳးပမ္းမႈမ်ားရွိေနေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိေန သည္။
လက္ရွိတြင္ အညာေဒသ၌ ကိုယ့္ေနရပ္ကို စြန႔္ ခြာစစ္ေဘးေရွာင္ေနသည့္ ျပည္သူမ်ားစြာ ရွိေနသကဲ့ သို႔ ႐ြာေပါင္းမ်ားစြာ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရသည့္အတြက္ ေနရပ္သို႔ မျပန္ႏိုင္ေတာ့သည့္ျပည္သူမ်ားစြာလည္း ရွိေနသည္။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦး ေဆာင္ေသာ နစကအစိုးရသည္ PDF အဖြဲ႕အစည္း မ်ားအပါအဝင္ လက္နက္ကိုင္အဖြဲ႕အစည္းအားလုံးကို ေတြ႕ဆုံေဆြးေႏြးေျဖရွင္းရန္အတြက္ ၿပီးခဲ့ေသာ ကာလအတြင္းက ဖိတ္ေခၚထားဖူးသည္။ ထို႔ေၾကာင့္ အညာေဒသတြင္ အလုံးစုံပ်က္စီးမႈ မျဖစ္ေပၚေစေရး အတြက္ PDF အဖြဲ႕အစည္းမ်ားအေနျဖင့္ ၿငိမ္းခ်မ္း ေရးေဆြးေႏြးေျဖရွာၾကရန္ တိုက္တြန္း အႀကံျပဳမႈမ်ား လည္း ရွိေနသည္။
" ကြၽန္ေတာ္တို႔ ျဖစ္ေစခ်င္တာကေတာ့ ကိုယ့္ေဒသကိုယ္ျပန္မယ္။ ျပန္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးယူၿပီးေတာ့ တပ္မေတာ္ကလည္း ေခၚထားၿပီေလ။ ဟိုတုန္းက ေခၚတာမွမဟုတ္တာ အခုေခၚထားတယ္ဆိုေတာ့ ေတာ္ေတာ္ေလးကို ေကာင္းတယ္ေလ။ ဒီလိုမ်ိဳး အခ်ိန္မွာ သူတို႔ကညႇိႏႈိင္းသင့္တယ္ဗ်။ လက္ရွိတိုက္ပြဲ အေျခအေနမွာ ဘယ္ေလာက္အထိေအာင္ျမင္ေနၿပီ လဲ (၄)ႏွစ္တာမွာ။ ငါတို႔ ဘယ္လိုသြားရမလဲ။ အၿမဲ တမ္းႀကီး တစ္သက္လုံးႀကီး ေတာ္လွန္ေနဖို႔ဆိုတာက မျဖစ္ႏိုင္ဘူး။ ဥပမာ ကရင္ပဲ ၾကည့္ေလဗ်ာ။ ႏွစ္ေပါင္း (၇၀)လုံးေတာ္လွန္ေနတာ အခုအခ်ိန္ထိ ေတာ္လွန္ ေရးကေတာ္လွန္ေရးပဲ။ ေဒသမၿငိမ္းခ်မ္းတာနဲ႔ ေဒသ ပ်က္စီးတာပဲ ဦးတည္ေနတာေပါ့" ဟု ဖက္ဒရယ္ဒီမိုက ရက္တစ္ပါတီမွ ဒုဥကၠ႒ ဦးရန္ႏိုင္ဝင္းက ေျပာသည္။