ပုလဲမြို့တွင် ဗိုလ်နဂါးနှင့်ပူးပေါင်းအဖွဲ့က မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေခြင်းသည် ပြည် သူလူထုကိုသာ ဒုက္ခရောက်စေကြောင်း ဒေသခံများ ပြစ်တင်
7463
NP News - နိုဝင်ဘာ ၁၃
စစ်ကိုင်းဒေသကြီး၊ ပုလဲမြို့တွင် ဗိုလ်နဂါးနှင့်ပူးပေါင်းအဖွဲ့က မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေခြင်းသည် ပြည်သူလူထုကိုသာ ဒုက္ခရောက်စေကြောင်း ဒေသခံများက ပြစ်တင်ပြောဆိုမှုများရှိနေသည်။
ဗိုလ်နဂါးဦးဆောင်သည့်(BNRA)လက်နက်ကိုင်အဖွဲ့နှင့် အညာလက်နက်ကိုင်ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်မှစတင်ကာ ပုလဲမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပုလဲမြို့တွင် ယနေ့(နိုဝင်ဘာ ၁၃ ရက်) ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း BNRA လက်နက်ကိုင်အဖွဲ့နှင့်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများစွာရှိခဲ့ကြောင်း အထက်ပါသတင်းရင်း မြစ်ကဆိုသည်။
ထို့ပြင် အဆိုပါ လက်နက်ကိုင်အဖွဲ့များမှာ လက်နက်ခဲယမ်းထောက်ပံ့မှု မရတော့၍ ဆက် လက် တိုက်ပွဲဝင်ရန်အခက်အခဲဖြစ်လာကာ မြို့အတွင်း ရသမျှအားဖျက်ဆီးနေလျက်ရှိပြီး ရိက္ခာအတွက် မြို့အတွင်းရှိစျေးဆိုင်များအား ဖောက်ထွင်းယူဆောင်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ဗိုလ်နဂါးဦးဆောင်သည့်(BNRA)လက်နက်ကိုင်အဖွဲ့သည် မြို့ရွာပျက်စီးစေရန်နှင့် ပြည်သူလူထုကို ဒုက္ခရောက်စေရန် ဆောင်ရွက်မှု သက်သက်သာ ဖြစ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။
ထို့ပြင် ဗိုလ်နဂါးဦးဆောင်သည့်အဖွဲ့သည် ဒေသအတွင်း၌ NUG/PDF လက်နက်ကိုင်အဖွဲ့နှင့် သံမဏိဆိုသူတို့၏အဖွဲ့ကိုလုံးဝ ဂရုမစိုက်ကြောင်းပြသလို၍ ယခုကဲ့သို့ နယ်မြေလု တိုက်ပွဲကိုလုပ်ပြကာ ဒေသခံပြည်သူလူထု၏ အာရုံစိုက်မှုနှင့် အလှူငွေရရှိရေး ဆောင်ရွက်မှု သာဖြစ်ကြောင်းလည်း ၎င်းကဆက်ပြေသည်။ လက်ရှိဖြစ်ပွားနေသည့် ပုလဲမြို့တိုက်ပွဲတွင် ဗိုလ်နဂါးတို့အဖွဲ့ နှင့်အတူ ဆောင်းခတို့အဖွဲ့ပါ ပူးပေါင်းပါဝင်နိုင်ပြီး ဆောင်းခတို့ထံမှ လက်နက်ခဲယမ်းအပြင် Drone နည်းပညာ အကူအညီများ ပါဝင်နိုင်ကြောင်း အထက်ပါ ဒေသခံက သုံးသပ်ထားသည်။
ဗိုလ်နဂါးသည် ဆောင်းခတို့အတွက် အခြေခံနယ်မြေ ဖန်တီးပေး၍ NUG ၏ “ပ”သုံးလုံး ယန္တရားကို ပျက်ပယ်အောင်ရည်ရွယ်လုပ်ဆောင်လျက်ရှိနေပြီး လာမည့်ကာလတွင် ၎င်းနယ်မြေအတွင်း ဗိုလ်နဂါးအပါအဝင်၊ ဆောင်းခ၊ သံမဏိ နှင့် NUG တို့၏ နယ်မြေလု တိုက်ပွဲများ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း ၎င်းကဆိုသည်။
zawgyi version
ပုလဲၿမိဳ႕တြင္ ဗိုလ္နဂါးႏွင့္ပူးေပါင္းအဖြဲ႕က ၿမိဳ႕သိမ္းတိုက္ပြဲေဖာ္ေဆာင္ေနျခင္းသည္ ျပည္ သူလူထုကိုသာ ဒုကၡေရာက္ေစေၾကာင္း ေဒသခံမ်ား ျပစ္တင္
NP News - ႏိုဝင္ဘာ ၁၃
စစ္ကိုင္းေဒသႀကီး၊ ပုလဲၿမိဳ႕တြင္ ဗိုလ္နဂါးႏွင့္ပူးေပါင္းအဖြဲ႕က ၿမိဳ႕သိမ္းတိုက္ပြဲေဖာ္ေဆာင္ေနျခင္းသည္ ျပည္သူလူထုကိုသာ ဒုကၡေရာက္ေစေၾကာင္း ေဒသခံမ်ားက ျပစ္တင္ေျပာဆိုမႈမ်ားရွိေနသည္။
ဗိုလ္နဂါးဦးေဆာင္သည့္(BNRA)လက္နက္ကိုင္အဖြဲ႕ႏွင့္ အညာလက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ားသည္ ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၁၁ ရက္မွစတင္ကာ ပုလဲၿမိဳ႕ရွိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို စတင္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ပုလဲၿမိဳ႕တြင္ ယေန႔(ႏိုဝင္ဘာ ၁၃ ရက္) ထိေတြ႕တိုက္ပြဲမ်ားျပင္းထန္စြာျဖစ္ပြားလ်က္ရွိၿပီး တပ္မေတာ္ဘက္မွ ထိခိုက္ဒဏ္ရာမရရွိခဲ့ေသာ္လည္း BNRA လက္နက္ကိုင္အဖြဲ႕ႏွင့္ပူးေပါင္းအဖြဲ႕ဘက္မွ ထိခိုက္ေသဆုံးမႈမ်ားစြာရွိခဲ့ေၾကာင္း အထက္ပါသတင္းရင္း ျမစ္ကဆိုသည္။
ထို႔ျပင္ အဆိုပါ လက္နက္ကိုင္အဖြဲ႕မ်ားမွာ လက္နက္ခဲယမ္းေထာက္ပံ့မႈ မရေတာ့၍ ဆက္ လက္ တိုက္ပြဲဝင္ရန္အခက္အခဲျဖစ္လာကာ ၿမိဳ႕အတြင္း ရသမွ်အားဖ်က္ဆီးေနလ်က္ရွိၿပီး ရိကၡာအတြက္ ၿမိဳ႕အတြင္းရွိေစ်းဆိုင္မ်ားအား ေဖာက္ထြင္းယူေဆာင္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ဗိုလ္နဂါးဦးေဆာင္သည့္(BNRA)လက္နက္ကိုင္အဖြဲ႕သည္ ၿမိဳ႕႐ြာပ်က္စီးေစရန္ႏွင့္ ျပည္သူလူထုကို ဒုကၡေရာက္ေစရန္ ေဆာင္႐ြက္မႈ သက္သက္သာ ျဖစ္ေၾကာင္း အထက္ပါေဒသခံက ဆိုသည္။
ထို႔ျပင္ ဗိုလ္နဂါးဦးေဆာင္သည့္အဖြဲ႕သည္ ေဒသအတြင္း၌ NUG/PDF လက္နက္ကိုင္အဖြဲ႕ႏွင့္ သံမဏိဆိုသူတို႔၏အဖြဲ႕ကိုလုံးဝ ဂ႐ုမစိုက္ေၾကာင္းျပသလို၍ ယခုကဲ့သို႔ နယ္ေျမလု တိုက္ပြဲကိုလုပ္ျပကာ ေဒသခံျပည္သူလူထု၏ အာ႐ုံစိုက္မႈႏွင့္ အလႉေငြရရွိေရး ေဆာင္႐ြက္မႈ သာျဖစ္ေၾကာင္းလည္း ၎ကဆက္ေျပသည္။ လက္ရွိျဖစ္ပြားေနသည့္ ပုလဲၿမိဳ႕တိုက္ပြဲတြင္ ဗိုလ္နဂါးတို႔အဖြဲ႕ ႏွင့္အတူ ေဆာင္းခတို႔အဖြဲ႕ပါ ပူးေပါင္းပါဝင္ႏိုင္ၿပီး ေဆာင္းခတို႔ထံမွ လက္နက္ခဲယမ္းအျပင္ Drone နည္းပညာ အကူအညီမ်ား ပါဝင္ႏိုင္ေၾကာင္း အထက္ပါ ေဒသခံက သုံးသပ္ထားသည္။
ဗိုလ္နဂါးသည္ ေဆာင္းခတို႔အတြက္ အေျခခံနယ္ေျမ ဖန္တီးေပး၍ NUG ၏ “ပ”သုံးလုံး ယႏၲရားကို ပ်က္ပယ္ေအာင္ရည္႐ြယ္လုပ္ေဆာင္လ်က္ရွိေနၿပီး လာမည့္ကာလတြင္ ၎နယ္ေျမအတြင္း ဗိုလ္နဂါးအပါအဝင္၊ ေဆာင္းခ၊ သံမဏိ ႏွင့္ NUG တို႔၏ နယ္ေျမလု တိုက္ပြဲမ်ား ပိုမိုရႈပ္ေထြးလာႏိုင္ေၾကာင္း ၎ကဆိုသည္။