တောင်ကိုရီးယား မင်းသား ဆောင်ဂျေရင် အသက် ၃၉ နှစ်မှာ ကွယ်လွန်

 236

ရောင်နီ (NP News) - နိုဝင်ဘာ ၁၃

Moon Embracing The Sun (2012) အပါအဝင် လူကြိုက်များတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား ဆောင်ဂျေရင် ဟာ နိုဝင်ဘာ ၁၂ ရက်၊ အသက် ၃၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဆောင်ဒုန် ရဲစခန်းရဲ့အဆိုအရ ဆောင်ဂျေရင်ဟာ နို၀င်ဘာ ၁၂ ရက်နေ့က ဆိုးလ်မြို့ရှိ သူ့ရဲ့နေအိမ်မှာပဲ သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆောင်ဟာ သူမသေဆုံးခင်က သူ့ရဲ့ Instagram ပရိုဖိုင်မက်ဆေ့ချ်ကို "ခရီးရှည်စတင်ခြင်း” လို့ ပြောင်းလဲသွားခဲ့ပါတယ်။
ဆောင်ဟာ ၁၉၈၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး The Moon Embracing The Sun ဒရာမာစီးရီးမှာ ပထမဆုံးပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် Two Weeks (2013)၊ Goodbye Mr Black (2016)၊ Secret Mother (2018) နဲ့ I Wanna Hear Your Song (2019) အပါအဝင် တီဗီဒရာမာ အများအပြားမှာ ပါဝင်ခဲ့ပါတယ်။ ဒါအပြင် ဆောင်ဟာ တီဗီစီးရီး My Military Valentine (2024) နဲ့ ဝက်ဘ်စီးရီး Queen Woo (2024) မှာ ပါဝင်ခဲ့ပြီး ပရိသတ်လက်ခံအားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းလား၊ အသက်ခံရခြင်းလား၊ ပုံမှန်သမာရိုးကျ ကွယ်လွန်ခြင်းလားဆိုတာတော့ မသိရသေးပါဘူး။

Zawgyi Version;
ေတာင္ကိုရီးယား မင္းသား ေဆာင္ေဂ်ရင္ အသက္ ၃၉ ႏွစ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၃

Moon Embracing The Sun (2012) အပါအဝင္ လူႀကိဳက္မ်ားတဲ့ ႐ုပ္သံဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ေတာင္ကိုရီးယားမင္းသား ေဆာင္ေဂ်ရင္ ဟာ ႏိုဝင္ဘာ ၁၂ ရက္၊ အသက္ ၃၉ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၊ ေဆာင္ဒုန္ ရဲစခန္းရဲ႕အဆိုအရ ေဆာင္ေဂ်ရင္ဟာ ႏို၀င္ဘာ ၁၂ ရက္ေန႔က ဆိုးလ္ၿမိဳ႕ရွိ သူ႔ရဲ႕ေနအိမ္မွာပဲ ေသဆုံးေနတာ ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ေဆာင္ဟာ သူမေသဆုံးခင္က သူ႔ရဲ႕ Instagram ပ႐ိုဖိုင္မက္ေဆ့ခ်္ကို "ခရီးရွည္စတင္ျခင္း” လို႔ ေျပာင္းလဲသြားခဲ့ပါတယ္။
ေဆာင္ဟာ ၁၉၈၅ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး The Moon Embracing The Sun ဒရာမာစီးရီးမွာ ပထမဆုံးပြဲဦးထြက္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီေနာက္ Two Weeks (2013)၊ Goodbye Mr Black (2016)၊ Secret Mother (2018) နဲ႔ I Wanna Hear Your Song (2019) အပါအဝင္ တီဗီဒရာမာ အမ်ားအျပားမွာ ပါဝင္ခဲ့ပါတယ္။ ဒါအျပင္ ေဆာင္ဟာ တီဗီစီးရီး My Military Valentine (2024) နဲ႔ ဝက္ဘ္စီးရီး Queen Woo (2024) မွာ ပါဝင္ခဲ့ၿပီး ပရိသတ္လက္ခံအားေပးမႈကို ရရွိထားသူ ျဖစ္ပါတယ္။

ဒီျဖစ္ရပ္ဟာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသျခင္းလား၊ အသက္ခံရျခင္းလား၊ ပုံမွန္သမာ႐ိုးက် ကြယ္လြန္ျခင္းလားဆိုတာေတာ့ မသိရေသးပါဘူး။

Related news

© 2021. All rights reserved.