ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ ယခင်နှစ်ထက် ဘုရားဖူးပြည်သူ ပိုမိုလာရောက်နိုင်ဟု မျှော်မှန်း

 290

ချယ်ရီ (NP News) - နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်သို့ ယခင်နှစ်ထက် ဘုရားဖူးပြည်သူ ပိုမိုများပြားလာရောက်နိုင်ကြောင်း ဂေါပကအဖွဲ့က မျှော်မှန်းထားသည်။

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတွင် ဘုရားဖူးရာသီအဖြစ် သီတင်းကျွတ်ကာလမှစတင်ကာ စုစုပေါင်း(၇)လသတ်မှတ်ထားပြီး လက်ရှိတွင် ဘုရားဖူးပြည်သူ နေ့စဉ် လာရောက်မှုများ ပြားလျက်ရှိကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက NP News သို့ ပြောသည်။

“အခုနှစ်က ယခင်နှစ်ထက် ဘုရားဖူးပြည်သူ ပိုများနိုင်တယ်။ မနှစ်က တစ်နှစ်လုံးမှာ ဘုရားဖူးက (၇၂၀၀၀၀) ကျော်လောက် လာတယ်ဗျ။ ဒါ တစ်နှစ်လုံးပေါ့နော်။ ပွဲတော်ရာသီ သီတင်းကျွတ်လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့အထိ (၇)လတိုင်တိုင်မှာပေါ့။ အခုလက်ရှိအနေအထားကတော့ တစ်လတောင် မပြည့်သေးဘူးပြောရမှာပေါ့။ သီတင်း ကျွတ်လပြည့်နေ့ကနေ နိုဝင်ဘာ ၁၂ရက်အထိ ပြည်တွင်းဘုရားဖူး (၇)သောင်းကျော်၊ ပြည်ပက (၄ဝဝ)ကျော် လာပါပြီ။ တန်ဆောင်တိုင်ကျရင်လည်း မျှော်မှန်းထားပါတယ်”ဟု ဥက္ကဋ္ဌ ဦးစိုးလှက ပြောသည်။

ယခုရက်ပိုင်းအတွင်း၌ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ ဘုရားဖူးပြည်သူ (၂)သောင်းဝန်းကျင် လာရောက်ဖူးမျှော်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ ဘုရားဖူးပြည်သူများ နေ့စဉ်လာရောက်လျက်ရှိသော်လည်း ကိုဗစ်ကပ်ရောဂါမဖြစ်ပွားမီကာလများနှင့်နှိုင်းယှဉ်ပါက နည်းပါးနေလျက်ရှိကြောင်း သိရသည်။

“နေ့စဉ်တော့ အခြေအနေက အများကြီးတိုးတက်လာပါတယ်။ ကျွန်တော်တို့ (၁၁)လပိုင်း ၁ရက်နေ့ကနေစပြီးတော့ ၁၀ ရက်နေ့အထိဆိုရင် ဘုရားဖူးက ပြည်တွင်းက (၂၆,၇၂၅)၊ ပြည်ပက (၁၃၄)၊ စုစုပေါင်း (၂၆,၈၅၉)။ ပျှမ်းမျှအားဖြင့်ကြည့်မည်ဆိုပါက တစ်နေ့လျှင် ဘုရားဖူး (၂,၀၀၀)ပတ်ဝန်းကျင်တော့ လာတယ်ဗျ”ဟု ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက ပြောသည်။

ယခင် ကိုဗစ်မတိုင်မီ ကာလများအတွင်း၌ ဘုရားဖူးလာရောက်ကြသူအနည်းငယ်သာ ရှိခဲ့သည့်အပြင် ကိုဗစ်ကာလတွင် ဘုရားပွဲတော်ကို ယာယီပိတ်ထားခဲ့ရသည်။ “မနှစ်က ဘုရားပွဲတော်ကာလ ဒီ(၂၀၂၃/၂၀၂၄)ကာလနဲ့ အခု (၂၀၂၄/၂၀၂၅)ကာလ၊ မြန်မာလိုဆိုရင်တော့ သီတင်းကျွတ်လပြည့်နေ့ကနေပြီးတော့ အခုအချိန်အထိပေါ့။ မနက်ဖြန်၊ သဘက်ခါဆိုရင်ပဲ တန်ဆောင်မုန်းလပြည့်တော့မှာဆိုတော့ သိသိသာသာကို တိုးတက်လာတာ ကျွန်တော်တို့ တွေ့ရ့ပါတယ်ခင်ဗျ” ဟု အထက်ပါ ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက ဆိုသည်။

ယခုလာမည့် တန်ဆောင်တိုင်ပိတ်ရက်များနှင့် ဒီဇင်ဘာ ခရစ်စမတ်ကာလများတွင်လည်း ဘုရားဖူးလာရောက်ကြသူများ များပြားလာနိုင်ကြောင်း ဥက္ကဋ္ဌ ဦးစိုးလှက ခန့်မှန်းပြောကြားထားသည်။ “ကျွန်တော်တို့လည်း ဒီနှစ်က ဘုရားဖူးပိုပြီးများလာမယ်လို့ မျှော်မှန်းထားပါတယ်။ တည်းခိုဆောင်တို့၊ ဟိုတယ်ဆိုရင် Booking တွေ ပြည့်နေပါပြီ။ သွားရေး၊ လာရေး ကိစ္စနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ရဲ့ ကားတွေ (၁၅၂)စီးလုံးကို အားလုံး ကြံ့ခိုင်ရေးတွေလုပ်ပြီးတော့ လုံခြုံချောမွေ့အောင် ဘုရားဖူးတွေစိတ်ချမ်းမြေ့အောင် အဲဒါတွေလည်း လုပ်ထားပါတယ်” ဟု ဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် ဘုရားဖူးလာရောက်ကြသော ပြည်သူများ၏ သွားလာရေး၊ စားသောက်ရေး၊ တည်း ခိုရေးနှင့် လုံခြုံရေး စသည့်ကိစ္စရပ်များတွင်လည်း အဆင်ပြေချောမွေ့ရန် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများနှင့် ဂေါပကအဖွဲ့များက ပေါင်းစပ်၊ ညှိနှိုင်းကာ လုပ်ဆောင်ပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

zawgyi version
က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ေစတီေတာ္သို႔ ယခင္ႏွစ္ထက္ ဘုရားဖူးျပည္သူ ပိုမိုလာေရာက္ႏိုင္ဟု ေမွ်ာ္မွန္း
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၁၄

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္ရွိ က်ိဳက္ထီး႐ိုး ဆံေတာ္ရွင္ ေစတီေတာ္သို႔ ယခင္ႏွစ္ထက္ ဘုရားဖူးျပည္သူ ပိုမိုမ်ားျပားလာေရာက္ႏိုင္ေၾကာင္း ေဂါပကအဖြဲ႕က ေမွ်ာ္မွန္းထားသည္။

က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ေစတီတြင္ ဘုရားဖူးရာသီအျဖစ္ သီတင္းကြၽတ္ကာလမွစတင္ကာ စုစုေပါင္း(၇)လသတ္မွတ္ထားၿပီး လက္ရွိတြင္ ဘုရားဖူးျပည္သူ ေန႔စဥ္ လာေရာက္မႈမ်ား ျပားလ်က္ရွိေၾကာင္း ေဂါပကအဖြဲ႕ဥကၠ႒ ဦးစိုးလွက NP News သို႔ ေျပာသည္။

“အခုႏွစ္က ယခင္ႏွစ္ထက္ ဘုရားဖူးျပည္သူ ပိုမ်ားႏိုင္တယ္။ မႏွစ္က တစ္ႏွစ္လုံးမွာ ဘုရားဖူးက (၇၂၀၀၀၀) ေက်ာ္ေလာက္ လာတယ္ဗ်။ ဒါ တစ္ႏွစ္လုံးေပါ့ေနာ္။ ပြဲေတာ္ရာသီ သီတင္းကြၽတ္လျပည့္ေန႔ကေန ကဆုန္လျပည့္ေန႔အထိ (၇)လတိုင္တိုင္မွာေပါ့။ အခုလက္ရွိအေနအထားကေတာ့ တစ္လေတာင္ မျပည့္ေသးဘူးေျပာရမွာေပါ့။ သီတင္း ကြၽတ္လျပည့္ေန႔ကေန ႏိုဝင္ဘာ ၁၂ရက္အထိ ျပည္တြင္းဘုရားဖူး (၇)ေသာင္းေက်ာ္၊ ျပည္ပက (၄ဝဝ)ေက်ာ္ လာပါၿပီ။ တန္ေဆာင္တိုင္က်ရင္လည္း ေမွ်ာ္မွန္းထားပါတယ္”ဟု ဥကၠ႒ ဦးစိုးလွက ေျပာသည္။

ယခုရက္ပိုင္းအတြင္း၌ က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ေစတီေတာ္သို႔ ဘုရားဖူးျပည္သူ (၂)ေသာင္းဝန္းက်င္ လာေရာက္ဖူးေမွ်ာ္လ်က္ရွိေၾကာင္း သိရသည္။ လက္ရွိတြင္ က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ေစတီေတာ္သို႔ ဘုရားဖူးျပည္သူမ်ား ေန႔စဥ္လာေရာက္လ်က္ရွိေသာ္လည္း ကိုဗစ္ကပ္ေရာဂါမျဖစ္ပြားမီကာလမ်ားႏွင့္ႏႈိင္းယွဥ္ပါက နည္းပါးေနလ်က္ရွိေၾကာင္း သိရသည္။

“ေန႔စဥ္ေတာ့ အေျခအေနက အမ်ားႀကီးတိုးတက္လာပါတယ္။ ကြၽန္ေတာ္တို႔ (၁၁)လပိုင္း ၁ရက္ေန႔ကေနစၿပီးေတာ့ ၁၀ ရက္ေန႔အထိဆိုရင္ ဘုရားဖူးက ျပည္တြင္းက (၂၆,၇၂၅)၊ ျပည္ပက (၁၃၄)၊ စုစုေပါင္း (၂၆,၈၅၉)။ ပွ်မ္းမွ်အားျဖင့္ၾကည့္မည္ဆိုပါက တစ္ေန႔လွ်င္ ဘုရားဖူး (၂,၀၀၀)ပတ္ဝန္းက်င္ေတာ့ လာတယ္ဗ်”ဟု က်ိဳက္ထီး႐ိုးဘုရား ေဂါပကအဖြဲ႕ဥကၠ႒ ဦးစိုးလွက ေျပာသည္။

ယခင္ ကိုဗစ္မတိုင္မီ ကာလမ်ားအတြင္း၌ ဘုရားဖူးလာေရာက္ၾကသူအနည္းငယ္သာ ရွိခဲ့သည့္အျပင္ ကိုဗစ္ကာလတြင္ ဘုရားပြဲေတာ္ကို ယာယီပိတ္ထားခဲ့ရသည္။ “မႏွစ္က ဘုရားပြဲေတာ္ကာလ ဒီ(၂၀၂၃/၂၀၂၄)ကာလနဲ႔ အခု (၂၀၂၄/၂၀၂၅)ကာလ၊ ျမန္မာလိုဆိုရင္ေတာ့ သီတင္းကြၽတ္လျပည့္ေန႔ကေနၿပီးေတာ့ အခုအခ်ိန္အထိေပါ့။ မနက္ျဖန္၊ သဘက္ခါဆိုရင္ပဲ တန္ေဆာင္မုန္းလျပည့္ေတာ့မွာဆိုေတာ့ သိသိသာသာကို တိုးတက္လာတာ ကြၽန္ေတာ္တို႔ ေတြ႕ရ႕ပါတယ္ခင္ဗ်” ဟု အထက္ပါ က်ိဳက္ထီး႐ိုးဘုရား ေဂါပကအဖြဲ႕ဥကၠ႒ ဦးစိုးလွက ဆိုသည္။

ယခုလာမည့္ တန္ေဆာင္တိုင္ပိတ္ရက္မ်ားႏွင့္ ဒီဇင္ဘာ ခရစ္စမတ္ကာလမ်ားတြင္လည္း ဘုရားဖူးလာေရာက္ၾကသူမ်ား မ်ားျပားလာႏိုင္ေၾကာင္း ဥကၠ႒ ဦးစိုးလွက ခန႔္မွန္းေျပာၾကားထားသည္။ “ကြၽန္ေတာ္တို႔လည္း ဒီႏွစ္က ဘုရားဖူးပိုၿပီးမ်ားလာမယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။ တည္းခိုေဆာင္တို႔၊ ဟိုတယ္ဆိုရင္ Booking ေတြ ျပည့္ေနပါၿပီ။ သြားေရး၊ လာေရး ကိစၥနဲ႔ပတ္သက္လို႔လည္း ကြၽန္ေတာ္တို႔ရဲ႕ ကားေတြ (၁၅၂)စီးလုံးကို အားလုံး ႀကံ့ခိုင္ေရးေတြလုပ္ၿပီးေတာ့ လုံၿခဳံေခ်ာေမြ႕ေအာင္ ဘုရားဖူးေတြစိတ္ခ်မ္းေျမ့ေအာင္ အဲဒါေတြလည္း လုပ္ထားပါတယ္” ဟု ဥကၠ႒က ဆိုသည္။

ထို႔ျပင္ ဘုရားဖူးလာေရာက္ၾကေသာ ျပည္သူမ်ား၏ သြားလာေရး၊ စားေသာက္ေရး၊ တည္း ခိုေရးႏွင့္ လုံၿခဳံေရး စသည့္ကိစၥရပ္မ်ားတြင္လည္း အဆင္ေျပေခ်ာေမြ႕ရန္ သက္ဆိုင္ရာတာဝန္ရွိအဖြဲ႕အစည္းမ်ားႏွင့္ ေဂါပကအဖြဲ႕မ်ားက ေပါင္းစပ္၊ ညႇိႏႈိင္းကာ လုပ္ေဆာင္ေပးေနေၾကာင္း ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.