ညစ်ညမ်းစာပါ စာအုပ်များထုတ်ဝေခြင်းကြောင့် ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့ကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရုတ်သိမ်းပြီး ဥပဒေနှင့်အညီ အရေးယူသွားမည်

 25107

စော (NP News) - နိုဝင်ဘာ ၁၄

ညစ်ညမ်းစာများ ဖော်ပြပါရှိသည့် စာအုပ်များကို ထုတ်ဝေခြင်းကြောင့် ပုံနှိပ်သူနှင့် ထုတ်ဝေသူတို့ကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

စာရေးသူ Mahuyar ရေးသားသည့် "1500 Miles to you" နှင့် “အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ” စာအုပ်များကို ပုံနှိပ်သူ ဦးရာဇာရဲထွဋ် (Right ပုံနှိပ်တိုက်-၀၁၃၃၇) နှင့် ထုတ်ဝေသူ ဒေါ်စိန်ကြည် (The Destiny Book House- ၀၃၂၆၆) တို့မှ ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါ စာအုပ်များတွင် ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့်ခံစား နားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါရှိသည်ကို တွေ့ရှိရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကို ဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့သည့် ပုံနှိပ်သူ ဦးရာဇာရဲထွဋ် နှင့် ထုတ်ဝေသူ ဒေါ်စိန်ကြည်တို့၏ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို နိုဝင်ဘာလ ၆ ရက်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါစာအုပ်များကို တရားမဝင်ထုတ်ဝေစာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိ လျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ကြောင်း ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၆ တွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။

zawgyi version
ညစ္ညမ္းစာပါ စာအုပ္မ်ားထုတ္ေဝျခင္းေၾကာင့္ ပုံႏွိပ္သူႏွင့္ထုတ္ေဝသူတို႔ကို လုပ္ငန္းအသိအမွတ္ျပဳလက္မွတ္႐ုတ္သိမ္းၿပီး ဥပေဒႏွင့္အညီ အေရးယူသြားမည္
ေစာ (NP News) - ႏိုဝင္ဘာ ၁၄

ညစ္ညမ္းစာမ်ား ေဖာ္ျပပါရွိသည့္ စာအုပ္မ်ားကို ထုတ္ေဝျခင္းေၾကာင့္ ပုံႏွိပ္သူႏွင့္ ထုတ္ေဝသူတို႔ကို ဥပေဒႏွင့္အညီ အေရးယူသြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

စာေရးသူ Mahuyar ေရးသားသည့္ "1500 Miles to you" ႏွင့္ “အမုန္းနဲ႔ပ်ိဳးတဲ့ ခ်စ္ျခင္းအလကၤာ” စာအုပ္မ်ားကို ပုံႏွိပ္သူ ဦးရာဇာရဲထြဋ္ (Right ပုံႏွိပ္တိုက္-၀၁၃၃၇) ႏွင့္ ထုတ္ေဝသူ ေဒၚစိန္ၾကည္ (The Destiny Book House- ၀၃၂၆၆) တို႔မွ ပုံႏွိပ္ထုတ္ေဝခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ အဆိုပါ စာအုပ္မ်ားတြင္ ဟီရိဩတၱပၸကင္းေသာ၊ ျမန္မာ့လူ႔အဖြဲ႕အစည္းက လက္မခံေသာ၊ လူငယ္မ်ား၏ ေတြးေခၚေျမာ္ျမင္မႈႏွင့္ခံစား နားလည္မႈကို လြဲမွားေစႏိုင္ေသာ ညစ္ညမ္းစာမ်ား ေဖာ္ျပပါရွိသည္ကို ေတြ႕ရွိရေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ၂၀၁၄ ခုႏွစ္၊ ပုံႏွိပ္ျခင္းႏွင့္ထုတ္ေဝျခင္းလုပ္ငန္းဥပေဒပုဒ္မ ၈၊ ပုဒ္မခြဲ (ဂ) ပါ စည္းကမ္းခ်က္ကို ေဖာက္ဖ်က္၍ ပုံႏွိပ္၊ ထုတ္ေဝျဖန႔္ခ်ိခဲ့သည့္ ပုံႏွိပ္သူ ဦးရာဇာရဲထြဋ္ ႏွင့္ ထုတ္ေဝသူ ေဒၚစိန္ၾကည္တို႔၏ လုပ္ငန္းအသိအမွတ္ျပဳလက္မွတ္မ်ားကို ႏိုဝင္ဘာလ ၆ ရက္တြင္ ႐ုပ္သိမ္းခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါစာအုပ္မ်ားကို တရားမဝင္ထုတ္ေဝစာျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ၿပီး ပုံႏွိပ္သူႏွင့္ထုတ္ေဝသူတို႔အား ပုံႏွိပ္ျခင္းႏွင့္ထုတ္ေဝျခင္းလုပ္ငန္းဥပေဒႏွင့္အညီ တရားစြဲဆို အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက အသိေပးေၾကညာထားသည္။

ျပန္ၾကားေရးဝန္ႀကီးဌာနအေနျဖင့္ ပုံႏွိပ္ျခင္းႏွင့္ထုတ္ေဝျခင္းလုပ္ငန္းဥပေဒ ပုဒ္မ ၈ ပါ စည္းကမ္းခ်က္တစ္ရပ္ရပ္ႏွင့္ ၿငိစြန္းသည္ဟု သံသယရွိေသာ ထုတ္ေဝစာကို ပုံႏွိပ္၊ ထုတ္ေဝခဲ့ေၾကာင္း ခိုင္လုံေသာအေထာက္အထားျဖင့္ သတင္းေပးပို႔ျခင္းကို လက္ခံရရွိလွ်င္ေသာ္လည္းေကာင္း၊ ကိုယ္တိုင္သိရွိ လွ်င္ေသာ္လည္းေကာင္း သတ္မွတ္ခ်က္ႏွင့္အညီ စစ္ေဆးၿပီး ၿငိစြန္းေၾကာင္းေတြ႕ရွိပါက လုပ္ငန္းအသိအမွတ္ျပဳလက္မွတ္ကို ျပန္လည္႐ုပ္သိမ္းျခင္း သို႔မဟုတ္ ကာလအကန႔္အသတ္ျဖင့္ ရပ္ဆိုင္းျခင္းျပဳႏိုင္ေၾကာင္း ပုံႏွိပ္ျခင္းႏွင့္ထုတ္ေဝျခင္းလုပ္ငန္းဥပေဒပုဒ္မ ၆ တြင္ ျပ႒ာန္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.