ထမင်းတစ်နပ်(၁၂၀ဝ)ကျပ် နှင့် ပဲ့ကိုင်ရှင်၏စိန်ခေါ်မှု
2007
ယွန်း (NP News) - နိုဝင်ဘာ ၁၄
ပြည်တွင်း၌ ရွှေဈေးနှင့် ဒေါ်လာဈေးအပြောင်းအလဲအပါအဝင် ဝိသမလောဘသားများ၏ ကောလာဟလများကြောင့် စက်သုံးဆီအပါအဝင် ကုန်ဈေးနှုန်းပြောင်းလဲမှုဒဏ်ကို ပြည်သူလူထု အနေဖြင့် ယခင်ထက်ပိုမိုရင်ဆိုင်နေကြရသည်။ ဈေးကွက်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် တစ်သိန်းနီးပါး ပေါက်ဈေးရှိနေပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုအပြင် အထွေထွေကုန်ကျစရိတ်များကြောင့် ပြည်သူများအနေဖြင့် ငွေကြေးကို ယခင်ထက် ခြိုးခြံချွေတာစွာဖြင့် သုံးစွဲ နေကြရသည့် အနေအထား ဖြစ်သည်။ ထို့ပြင် နယ်မြေမငြိမ်သက်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကိုပိတ်ထားရပြီး ပြည်တွင်း၌ ကုန်ဈေးနှုန်းကြီးမြင့်မှု များမှာ အမြင့်ပိုင်းတွင်သာ ဆက်လက်ရပ်တည်နေကြောင်းလည်း တွေ့မြင်နေရသည်။ ထိုသို့သောအခြေအနေများတွင် အခြေခံပြည်သူများအတွက်ရည်ရွယ်ပြီး ထမင်း တစ်နပ် (၁၂၀ဝ)ကျပ်ဖြင့်ရောင်းချသော “ပေါချောင်ကောင်း” အမည်ရှိ ထမင်းဆိုင်တစ်ဆိုင် ထွက်ပေါ် လာသည်ကိုလည်း တွေ့မြင်ရသည်။ လက်ရှိအ ခြေအနေများနှင့်ပတ်သက်၍ ကုန်ဈေးနှုန်းကိုအံတုကာ အခြေခံ ပြည်သူများအား ထမင်းတစ်နပ်ကို (၁၂၀ဝ)ဖြင့်ရောင်းချနိုင်ရန်အတွက် စီစဉ်နေရသည့် အခြေအနေ၊ စိန်ခေါ်မှုများ၊ စီမံတွက်ချက်ရသည့်အခြေအနေများနှင့်ပတ်သက်၍ “ပေါချောင်ကောင်း” ထမင်းဆိုင်၏ပဲ့ကိုင်ရှင် ဦးဝင်းဌေးကို NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
မေး။ ။ ပထမဆုံးအနေနဲ့ကတော့ အန်ကယ့်အနေနဲ့ ထမင်းဆိုင်ဖွင့်ဖို့ကို ဘယ်လိုစပြီးစိတ်ကူးမိတာ ပါလဲ။
ဖြေ။ ။ ကျွန်တော့်နာမည်ကတော့ ဦးဝင်းဌေးပါ။ အဓိကလုပ်ငန်းကတော့ ဧရာဝဏ်ပုံနှိပ်လုပ်ငန်းလုပ် ပါတယ်။ အခုနောက်ပိုင်းက ပုံနှိပ်လုပ်ငန်းတွေရဲ့အခြေအနေနဲ့ လက်ရှိကာလမှာ တစ်ကမ္ဘာလုံးကျဆင်း သွားတဲ့အချိန်မှာ ကျွန်တော်အနေနဲ့ ပုံနှိပ်လုပ်ငန်းဘက်ကို အားလျှော့လိုက်တယ်။ ပြီးတော့ ကမ္ဘာ့ဖြစ် စဉ်ရယ်၊ ကမ္ဘာကြီးတစ်ခုလုံးရဲ့ရိုက်ခတ်မှုတွေရယ်၊ ဥရောပ၊ အမေရိကနဲ့ တရုတ်နဲ့ရုရှားဦးဆောင်တဲ့ အဖွဲ့တွေရဲ့ ပဋိပက္ခတွေကြားထဲမှာ ကျွန်တော်တို့နိုင်ငံငယ်လေးတွေကလည်း ကြားညပ်နေရတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့နိုင်ငံရဲ့ လိုအပ်နေတဲ့ လိုအပ်ချက်ဖြစ် တဲ့ စားရေး၊ ဝတ်ရေးနဲ့ နေရေး ထဲမှာ အရေးကြီးဆုံး တစ်ခုဖြစ်တဲ့ စားရေးကို နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်သလောက် ပါဝင် ထမ်းဆောင်မယ်ဆိုတဲ့ ဆုံး ဖြတ်ချက်နဲ့ စားသောက်ကုန်လုပ်ငန်းကို စတင်လုပ် ကိုင်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ဧရာဝဏ်ပုံနှိပ်လုပ်ငန်းလုပ်တုန်းကလည်း KG+12 အစီအစဉ်ဖြစ်တဲ့ ပညာရေး မြှင့်တင်မှု အစီအစဉ်မှာလည်း သင်ရိုးသစ်ကို ပထမဆုံးပြောင်းလဲဖို့နဲ့ ကျောင်းသုံးစာအုပ်တွေရဲ့အရည်အသွေး ကမ္ဘာ့အဆင့်မီဖြစ်ဖို့အတွက် ကျွန်တော်ကိုယ်တိုင် ဂျာမနီနိုင်ငံကနေတင်သွင်းပြီးတော့ ပထမဦးဆုံး ကျောင်းသုံးစာအုပ်တွေကို စတင်ပုံနှိပ်ပြီး နိုင်ငံတော်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိအခြေအနေ မှာတော့ ပုံနှိပ်လုပ်ငန်းရဲ့အခြေအနေဟာ မြန်မာနိုင်ငံမှာရော ကမ္ဘာတစ်ခုလုံးကျဆင်းသွားတာဖြစ်တဲ့အ တွက် ပုံနှိပ်လုပ်ငန်းရဲ့ တချို့သောရင်းနှီးမြှုပ်နှံမှုတွေကို ဒီဘက်က စားသောက်ဆိုင်လုပ်ငန်းဘက်ကို ပြောင်းလဲပြီးတော့ ရင်းနှီးမြှုပ်နှံခြင်းလည်းဖြစ်ပါတယ်။ နောက်တစ်ခုက တောခြောက်ခံထားရတဲ့ ကျွန်တော်တို့ရဲ့နိုင်ငံသားတွေကို ကျွန်တော် တတ်နိုင် သလောက်ပူးပေါင်းပြီးတော့ နိုင်ငံသား တစ် ယောက်အနေနဲ့ တာဝန်ယူမယ်။ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး ဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်။
မေး။ ။ “ပေါချောင်ကောင်း”ဆိုပြီး ဆိုင်နာမည်လေး ပေးဖြစ်ခဲ့ပုံကိုလည်း သိပါရစေ။
ဖြေ။ ။ အဲဒီလိုလုပ်တဲ့အခါမှာ ဘာလေးနဲ့လုပ်ချင်လဲဆိုပြီး နာမည်ကိုစနစ်တကျ ရွေးချယ်လိုက်ပါတယ်။ ဘယ်လိုရွေးချယ်လိုက်လဲဆိုရင် ကျွန်တော်တို့ဟာ အကောင်းဆုံးအရသာကိုပေးပြီး အကောင်းဆုံးနဲ့ အ သန့်ရှင်းဆုံး ကြိုးစားဆောင်ရွက်ပြီးတော့ ဈေးနှုန်းကို ပူးပေါင်းဆောင်ရွက်နေတဲ့ ကလေးတွေရဲ့နေထိုင်စ ရိတ်နဲ့ မိဘကိုပြန်လည်ထောက်ပံ့နိုင်ဖို့အတွက်ကို တွက်ချက်ပြီးတော့မှ အနိမ့်ဆုံးဈေးနှုန်းကိုသတ်မှတ် ပြီးရောင်းမယ်ဆိုပြီး စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ ကြောင့် နာမည်ကိုလည်း “ပေါချောင်ကောင်း” ဆိုတဲ့ နာမည်လေးကိုပေးဖြစ်တာ ဖြစ်ပါတယ်။
မေး။ ။ ဆိုင်စဖွင့်တဲ့အချိန်မှာ ဘာကြောင့် ထမင်းတစ်နပ်ကို ငွေကျပ်(၁၂၀ဝ) သတ်မှတ်လိုက်ရတာ လဲရှင်။
ဖြေ။ ။ ဘာဖြစ်လို့ (၁၂၀ဝ) သတ်မှတ်ရတာလဲဆို တော့ အထူးသဖြင့် ဒီနေ့နိုင်ငံ့ဝန်ထမ်းတွေရဲ့လစာ ကိုကြည့်တယ်။ နောက်တစ်ခုက စက်ရုံ အလုပ်ရုံတွေ မှာ နယ်တွေကနေ ရန်ကုန်လာပြီး အလုပ်လုပ် နေတဲ့ ဝန်ထမ်းတွေရှိတယ်။ အဲဒီဝန်ထမ်းတွေရဲ့ ဝင်ငွေတွေ ရှိမယ်။ နောက်တစ်ခါ ဆိုက်ကားတို့၊ ဘေးတွဲတို့၊ ခေါင်းရွက်ဗြက်ထိုးဈေးသည်တွေနဲ့ နေ့စားဝန်ထမ်း တွေ၊ ကြုံရာကျပန်းဝန်ထမ်းတွေကို တစ်ထောင့်တစ် နေရာကနေ စားရေးအတွက် ကျွန်တော်တာဝန်ယူမယ် ဆိုတဲ့စိတ်နဲ့ ဈေးနှုန်းကို အတတ်နိုင်ဆုံးသက်သာ အောင် သတ်မှတ်ခဲ့တာပါ။ ကျွန်တော် စပြီးရောင်းတဲ့ အချိန်မှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်ရဲ့တန်ဖိုးက (၁၆၀ဝဝဝ)ကျပ်ရှိပါတယ်။ ခရမ်းချဉ်သီး တစ်ပိဿာ ရဲ့တန်ဖိုးက (၃၀ဝဝ) ကျပ် ဝန်းကျင်ရှိပါတယ်။ ပြီးရင် စရောင်းတဲ့အချိန်မှာ ဝက်သားတစ်ပိဿာရဲ့ဈေးက (၁၆၀ဝဝ)ရှိတယ်။ ကြက်သားဆိုရင် (၁၂၀ဝဝ)ဝန်း ကျင်ရှိတယ်။ အဲဒီကနေပြီးတော့ လူတစ်ယောက်ကို (၅)ကျပ်သား နှုန်းနဲ့တွက်တယ်။ တွက်ပြီးတော့ ဂက်စ်ဖိုး၊ အခန်းခ၊ ကလေးတွေရဲ့ဝန်ဆောင်စရိတ်တွေနဲ့ တွက်ပြီး တော့မှ ဒါဆိုလို့ရှိရင် ထမင်းအပေါင်း ဟင်း သုံးမျိုးကို (၁၂၀ဝ)နဲ့ရောင်းမယ်ဆိုရင်တော့ ကျွန် တော်တို့ ရဲ့အကျိုးအမြတ်ထက် အခြေခံမှာရှိနေတဲ့သူ တွေရယ်၊ ဝင်ငွေနည်းဝန်ထမ်းတွေရယ် သူတို့တွေရဲ့ စားရေးပေါ့။ တစ်နည်းအားဖြင့် မီးဖိုချောင်တွေကို တာဝန်ယူမယ်ဆိုတဲ့စိတ်နဲ့ ဒါကို စနစ်တကျတွက်ချက် ပြီး ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။
မေး။ ။ ဆုံးဖြတ်ပြီးတဲ့နောက် ထမင်းဆိုင်ဖွင့်ဖို့ကို ဘယ်အချိန်မှာ အကောင်အထည်ဖော်ဖြစ်ခဲ့တာလဲ။
ဖြေ။ ။ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာပဲ ချက်ချင်း အကောင်အထည်ဖော်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလ (၂၀) ရက်က စဖွင့်တယ်။ အခု နိုဝင်ဘာ (၂၀) ဆိုရင် ကျွန် တော်တို့ဖွင့်တာ (၇) လရှိပါပြီ။ ကျွန်တော်ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့မှာ ဆိုင်ပေါင်း(၃၀)လောက် ဖွင့်ဖို့ရည်မှန်းထားပါတယ်။ မြို့နယ်တိုင်း မှာပေါ့။ အထူးသဖြင့် ဘုရင့်နောင်ပွဲရုံတန်းတို့၊ အောင်မင်္ဂ လာအဝေးပြေးဂိတ်၊ လှိုင်သာယာ အဝေး ပြေးဂိတ်တို့ကို ရည်မှန်းထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့သောခရီးသွားတွေက ရန်ကုန်လာရင် အရမ်းခြိုးခြံ ချွေတာပြီး လာကြတယ်။ အဲဒီလိုချွေတာရတဲ့နေရာမှာ ကျွန်တော့်ရဲ့ ထမင်းတစ်ပွဲ (၁၂၀ဝ)နဲ့ ဆိုရင်တော့ သာမန်လူတစ်ယောက်ဆိုရင် လုံလောက်မယ်လို့ ရည်ရွယ်ထားပါတယ်။ အကြမ်း ဖျင်းတော့ ကျွန်တော့်ရဲ့တွက်ချက်ထားတဲ့အချိန်ကတော့ HR ပေါ့ ကလေး တွေလည်း တာဝန်ယူနိုင်တယ်၊ ကလေး တွေလည်း တတ်ကျွမ်းတဲ့ ချက်ပြုတ်တဲ့နည်းပညာတွေရပြီဆို ရင် တော့ တစ်နေ့ကိုအနည်းဆုံး လူဦးရေ (၃၀ဝဝ)ကနေ (၁၀ဝဝဝ)ကြားကို ရောင်းဖို့စဉ်းစားထားပါတယ်။ ဆုံးဖြတ်ပြီးတာနဲ့ ချက်ချင်းပဲ အကောင် အထည်ဖော်ခဲ့တာ ပါ။ အခုဆိုရင် ကျွန်တော့်ရည်မှန်းချက်ဖြစ်တဲ့ စက်ရုံ အလုပ်ရုံတွေကို ရောင်းချရေး ဆိုတဲ့နေရာမှာ ကိုရီး ယားနိုင်ငံကရင်းနှီးမြှုပ်နှံထားတဲ့ အရှေ့ပိုင်းစက်မှုဇုန် မှာရှိတဲ့ ARAO ဆိုတဲ့ ကိုရီးယား အထည်ချုပ်စက်ရုံပေါ့။ လူဦးရေ(၃၀ဝဝ)လောက်တော့ရှိတယ်။ အဲဒီ စက်ရုံကို စတင်ပြီးတော့ ရောင်းချနေပါတယ်။ အခုဆို ရင် တစ်လကျော်သွားပါပြီ။ တစ်နည်းအားဖြင့်ဆိုရင် Foreign Direct Investment တွေကိုလုပ်တဲ့အ ချိန်မှာ ကျွန်တော်တို့ရဲ့နိုင်ငံသားတွေဟာ အဲဒီစက်ရုံ တွေမှာ အလုပ် လုပ်တယ်။ အလုပ်လုပ်တဲ့အခါမှာ သူတို့ရဲ့စားရေးတွေကို ကျွန်တော့်အနေနဲ့ တာဝန်ယူလိုက်ခြင်း အားဖြင့် သူတို့တွေက ထုတ်လုပ်မှုဘက်မှာ အားကောင်းလာမယ်။ တစ်နည်းအားဖြင့် စက်ရုံတွေရဲ့ သူဌေးစိတ်ချမ်းသာမယ်။ ဒါဆိုလို့ရှိရင် စက်ရုံကဝန် ထမ်းနဲ့ စက်ရုံပိုင်ရှင်တွေက စိတ်ချမ်းသာခြင်းကနေ ထုတ်ကုန်ကောင်းလာမယ်။ ဒါဆိုရင် ကျွန်တော်တို့ နိုင်ငံမှာရင်းနှီးမြှုပ်နှံတဲ့အတွက် ကျန်တဲ့နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအားလုံးက ကျွန်တော်တို့နိုင်ငံကို ပြန်လာချင်ကြမယ်။ ဒါမှလည်း ကျွန်တော်တို့ဆီ ကနေ ဗီယက်နမ်ကိုပြောင်းရွှေ့သွားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော်တို့နိုင်ငံက အရာရာ တည်ငြိမ် သွားပြီဆိုရင် ပြန်လာကြမယ်။ နည်းပညာရမယ်။ အရင်းအနှီးရမယ်။ ကျွန်တော်တို့နိုင်ငံသားတွေက တခြားနိုင်ငံကိုသွား လုပ်စရာမလိုဘဲနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့် ပြည်၊ ကိုယ့်မြေမှာ ငြိမ်းချမ်းစွာနဲ့ စားရေး၊ ဝတ်ရေး၊ နေရေးကိုလည်း ကူညီမယ်။ ဘာသာရေးကိုလည်း အားကောင်းအောင်ပြန်လုပ်ကိုင်နိုင် မယ်။ ဒါကြောင့် မို့လို့ အဲဒီလို ရည်မှန်းချက်တွေထားပြီးတော့မှ လုပ်ငန်းလေးကို အကောင်အထည်ဖော် ခြင်း ဖြစ်ပါတယ်။
မေး။ ။ လက်ရှိမှာကော ဖွင့်တာက ဘယ်နှဆိုင်ဖြစ်သွားပြီလဲ။
ဖြေ။ ။ အခုက တောင်ဒဂုံမြို့နယ် (၅၅) ရပ်ကွက် ပုဂံလမ်းမှာ ဆိုင်နံပါတ်(၁)ဖွင့်ထားပါတယ်။ အခုဆို ရင်ARAO စက်ရုံကိုလည်း စတင်ရောင်းချပေးနေပါ တယ်။ တခြားစက်ရုံတွေကလည်း သူတို့ဆီမှာ လာ ရောက်ရောင်းချပေးဖို့ ကမ်းလှမ်းထားတာရှိပါတယ်။ ကျွန်တော်တို့က အရသာအာမခံချက်၊ ဈေးနှုန်း အာမခံချက်၊ သန့်ရှင်းမှုအာမခံချက်၊ ဝန်ဆောင်မှု အာမခံ ချက်၊ ရောင်းချိန်အာမခံချက်ဆိုတဲ့ အာမခံချက် (၅) ရပ်နဲ့လုပ်နေတာဖြစ်တဲ့အတွက် လူ့စွမ်းအားအရင်း အမြစ်က အရမ်းအရေးကြီးပါတယ်။ အဲဒီတော့ လူ့ စွမ်းအားအရင်းအမြစ်ကို စနစ်တကျ ထိန်းချုပ်နေတဲ့ ကာလဖြစ်လို့ မကြာခင်မှာတော့ ဆိုင်ခွဲနံပါတ် (၂)၊ ဆိုင်ခွဲနံပါတ်(၃)တွေကိုတော့ ဆက်ဖွင့်သွားဖို့ စတင် ပြင်ဆင်နေပါပြီ။
မေး။ ။ နောက်တစ်ခု ကတော့ ဘယ်လိုလူတွေက အများဆုံးလာရောက်စားသုံးကြလဲရှင်။
ဖြေ။ ။ ဘယ်လိုလူတွေလာကြလဲဆိုတော့ အားလုံးလာကြပါတယ်။ ကျွန်တော်တို့က လူတိုင်းအတွက် “ပေါချောင်ကောင်း” ဖြစ်တဲ့အတွက် အားလုံးလာကြပါတယ်။
မေး။ ။ ချက်ပြုတ်တဲ့အပေါ်မှာကော ဘယ်လိုစီမံ ခန့်ခွဲထားလဲ။
ဖြေ။ ။ အများအားဖြင့်ကတော့ ကျွန်တော်ကိုယ်တိုင် ဈေးသွားတယ်။ အသား၊ ငါးဆိုလည်း ကိုယ်တိုင် ဝယ်တယ်။ အဲဒီလိုပဲ ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းမှု၊ အသားငါး၊ အသီးအရွက်ကိုင်တွယ်မှုကအစ စနစ် တကျ ဆောင်ရွက်နေပါတယ်။
မေး။ ။ ဒီလိုဆိုင်တွေ ထပ်ပေါ်လာဖို့ကို ဘယ်လောက် အထိမျှော်မှန်းထားလဲ။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ကတော့ Infinity ပဲ ဗျ။ တစ်နည်းအားဖြင့် ကျွန်တော်တို့က လူတိုင်းအတွက် “ ပေါချောင်ကောင်း”လို့ ဖြစ်ပေါ်လာတာဖြစ်တဲ့အတွက် စားရေးအပိုင်းကို လူတိုင်းအတွက်ဖြစ်အောင် ကြိုး စားဆောင်ရွက်နေပါတယ်။ အဲဒီကနေပြီးတော့ နောက်ပိုင်းမှာ အသားခြောက်လုပ်ငန်းတွေ၊ Ready Made လုပ်ငန်းတွေ ပြီးရင် အဲဒီကနေတစ်ဆင့် ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားဝန်ထမ်းတွေ အတွက် အတတ်နိုင်ဆုံး “ပေါချောင်ကောင်း” ဆိုတဲ့ မူဝါဒနဲ့အညီ ဆက်လက်ပြီးတော့ ပို့ဆောင်ဖို့အတွက် ကိုဆောင်ရွက်နေပါတယ်။ အဲဒီလောက်အထိကို ရည် မှန်းချက်ထားထားပါတယ်။
မေး။ ။ ဝန်ထမ်းခေါ်ယူမှုမှာဆိုရင်ကော ဘယ်ဒေသ တွေကလူတွေကိုခေါ်တာလဲ။ ဘယ်လိုစီမံထားလဲ။
ဖြေ။ ။ အခုလောလောဆယ်ကတော့ ဧရာဝတီတိုင်း ကျေးလက်ဒေသက မိန်းကလေးတွေကို ခေါ်ထား ပါတယ်။ အထူးသဖြင့် ကရင်တိုင်းရင်းသူလေးတွေကို ခေါ်ထားပါတယ်။ ကျွန်တော်တို့ကျတော့ ဝန်ထမ်း လို့ သဘောမထားဘူး။ ရဲဘော်ရဲဘက်လိုဖြစ်နေတာ။ သူ လည်း Boss ပဲ၊ ငါလည်း Bossပဲ ဆိုတဲ့စနစ်နဲ့ သွားပါ တယ်။ ဝန်ထမ်းဆိုတဲ့စိတ်မရှိဘူး။ ပြီးရင် ဒီကနေရလာ တဲ့အကျိုးအမြတ်တွေကို ဆက်လက်ပြီး ဆိုင်တွေတိုး ချဲ့လာတဲ့အခါမှာ ဆိုင်ခွဲတွေကနေရလာတဲ့အကျိုးအမြတ်ကို အတူတကွဝိုင်းဝန်း စီမံခန့်ခွဲ ပြီး နောက်ထပ် မျိုးဆက်သစ်တွေကို ဒီဆိုင်တွေမှာ ဆက်လက်တွဲခေါ် သွားပြီးတော့ (ကျွန်တော်ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ တခြားနိုင်ငံမှာသွားပြီးတော့ မျက်နှာငယ်ရတဲ့ အလုပ် သမား ဘဝမရောက်ဖို့) သူတို့တွေအားလုံးက နောက်ပိုင်း မှာ ဆိုင်ပိုင်ရှင်တွေဖြစ်ဖို့အတွက် ရည်ရွယ်ထားပါတယ်။
မေး။ ။ လက်ရှိမှာဆိုရင် ကုန်ဈေးနှုန်းက တက်နေတဲ့ အချိန် အန်ကယ်က (၁၂၀ဝ) တန် ထမင်းဆိုင်ဆိုပြီး ဖွင့်လိုက်တယ်။ (၁၂၀ဝ)နဲ့ရောင်းတာက အန်ကယ့် အတွက် မြတ်ကောမြတ်ရဲ့လား။
ဖြေ။ ။ အဲဒီမေးခွန်းကတော့ အထူးဖြေစရာ မလို ဘူးထင်ပါတယ်။ ဥပမာ- ခရမ်းချဉ်သီးဆိုရင် ဈေး နှုန်းအတက်အကျအပြောင်းအလဲရှိတယ်။ တစ် ခါတစ်ရံမှာ တစ်ပိဿာ(၈၀ဝဝ)အထိရောက်တယ်။ အဲဒါဆိုရင် ခရမ်းချဉ်သီးတစ်လုံးရဲ့တန်ဖိုးက (၁၂၀)နဲ့ (၁၆၀) ကြားမှာရောက်သွားတယ်။ အဲဒီလိုပဲ ချဉ် ပေါင်ရွက်တစ်စည်းကို (၃၀ဝ) နဲ့ဝယ်မယ်ဆိုရင် တစ် စည်းမှာ(၇)ပင်ပါတယ်။ အဲဒီ(၇)ပင်မှာ ချဉ်ပေါင် ရွက် တစ်ရွက်ရဲ့တန်ဖိုးက တစ်ရွက်ကို (၄) ကျပ်ရှိပါတယ်။ ရုံးပတီသီးဆိုရင်လည်း တစ်ခါတစ် ရံမှာ တစ်တောင့် ကို(၁၀ဝ)ဝယ်ရတယ်။ ကျွန်တော်ကိုယ်တိုင်သွားဝယ် ပြီး “ပေါချောင်ကောင်း” ကပါလို့ပြော တော့မှ သူတို့ လည်း ပူးပေါင်းပါဝင်ချင်ပါတယ်ဆိုလိုသာ ဈေးနှုန်း ကို နည်းနည်းချပေးတယ်။ အဲဒါ ကြောင့်မို့လို့လည်း စားသုံးသူတွေကို တစ်နေ့ကို လူ (၆၀ဝ)နဲ့ (၁၀ဝဝ) ကြား ဖြန့်ပေးလို့ရတာ။ တကယ်တော့ (၁၂၀ဝ) ဆို တာ ဖြစ်နိုင်စွမ်းမရှိတဲ့ဈေးနှုန်းပေါ့။ ဒါပေမဲ့ အစစ အရာရာကို အလေ အလွင့်ထိန်းသိမ်းပြီးတော့မှ အတတ်နိုင်ဆုံး ကုန်ကြမ်းကိုရအောင်ယူပြီး ချက်ပြုတ်ပေးနေပါတယ်။
မေး။ ။ တစ်ဖက်က လာပြီးစားသုံးတဲ့ သူတွေ ဘက်ကကော ဘယ်လို Review မျိုးကိုပြန်ကြားရလဲ။
ဖြေ။ ။ တစ်နေ့တစ်နေ့လာတဲ့ စားသုံးသူများလာလေ လေ ကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်နဲ့ အရသာ၊ ကျွန်တော်တို့ရဲ့ခံယူချက်ဖြစ်တဲ့ အာမခံချက် (၅) ခု လက်ခံလို့လည်း ဆိုင်မှာဆိုရင် လူဦးရေ တစ်နေ့ ထက် တစ်နေ့ တိုးတိုးပြီးများလာပါတယ်ဗျ။ ဒါကတော့ ကောင်းတဲ့ Respond လို့လည်း ပြောလို့ရပါတယ်။
မေး။ ။ နောက်တစ်ခုကတော့ ဒီလိုထမင်းဆိုင်မျိုး တွေ မြန်မာပြည်မှာ ပေါပေါများများရှိလာသင့်တယ် လို့ မြင်မိလား။
ဖြေ။ ။ တစ်ယောက်နဲ့တစ်ယောက်က နာမည်တွေ မတူသလို ရည်မှန်းချက်တွေလည်း မတူကြဘူးလေ။ အဲဒီအတွက် ဒီကိစ္စကိုတော့ ခန့်မှန်းလို့မရဘူး။ ကျွန် တော်ကတော့ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ချင်တယ်။ ဒါကြောင့် နိုင်ငံ သားတစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်နေတယ် လို့ပဲ ကျွန်တော့်ကိုယ်ကျွန်တော်သုံးသပ်ပါတယ်။
မေး။ ။ နေ့တိုင်းအတွက်ကို ဆိုင်မှာဟင်းက ဘယ်နှစ်မျိုးလောက်ချက်ရလဲ။
ဖြေ။ ။ အကြမ်းဖျင်းကတော့ မနက်(၁၀)နာရီ လောက်ဆိုရင် ဟင်းအမျိုး(၂၀)ရပါပြီ။ (၁၁)နာရီခွဲ၊ (၁၂)နာရီရောက်ပြီဆိုရင်တော့ ဟင်းအမည်ပေါင်း အကြမ်းဖျင်း(၃၈)မျိုးနဲ့ (၄၀)ကြားမှာရှိပါတယ်ဗျ။
မေး။ ။ (၁၂၀ဝ)အတွက်က ဟင်းက ဘယ်နှမျိုး လောက် ရွေးချယ်ခွင့်ပေးထားလဲရှင်။
ဖြေ။ ။ (၁၂၀ဝ) ထဲမှာတော့ အခြေခံစားကုန်ဖြစ်တဲ့ ကြက်သား၊ ဝက်သား၊ ငါး၊ ငါးဖယ်ငါးဆုပ်ပေါ့။ အဲဒါ ကိုတော့ သူရဲ့အလေးချိန်အတိုင်းပဲ တစ်ပွဲကို (၁၂၀ဝ)နဲ့ရမယ်။ ဆိုင်မှာစားမယ်ဆိုရင်တော့ အရည် သောက်လိုက်ပွဲရမယ်။ ငါးပိရည်၊ အတို့အမြှုပ် လိုက် ပွဲရမယ်။ ပါဆယ်ဆိုရင်တော့ ထမင်းအပေါင်း ဟင်း သုံးမျိုးကို(၁၂၀ဝ)ပါ။
မေး။ ။ နောက်ဆုံးမေးခွန်းကတော့ အန်ကယ်တို့ရဲ့ (၁၂၀ဝ)ထမင်းဆိုင်ရဲ့ အဓိကဆောင်ပုဒ်ကဘာပါလဲ။
ဖြေ။ ။ လူတိုင်းအတွက် “ပေါချောင်ကောင်း”ပါ။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အန်ကယ်။
zawgyi version
ထမင္းတစ္နပ္(၁၂၀ဝ)က်ပ္ ႏွင့္ ပဲ့ကိုင္ရွင္၏စိန္ေခၚမႈ
ယြန္း (NP News) - ႏိုဝင္ဘာ ၁၄
ျပည္တြင္း၌ ေ႐ႊေဈးႏွင့္ ေဒၚလာေဈးအေျပာင္းအလဲအပါအဝင္ ဝိသမေလာဘသားမ်ား၏ ေကာလာဟလမ်ားေၾကာင့္ စက္သုံးဆီအပါအဝင္ ကုန္ေဈးႏႈန္းေျပာင္းလဲမႈဒဏ္ကို ျပည္သူလူထု အေနျဖင့္ ယခင္ထက္ပိုမိုရင္ဆိုင္ေနၾကရသည္။ ေဈးကြက္အတြင္း ဆန္ၾကမ္းတစ္အိတ္လွ်င္ က်ပ္ တစ္သိန္းနီးပါး ေပါက္ေဈးရွိေနၿပီး ကုန္ေဈးႏႈန္းႀကီးျမင့္မႈအျပင္ အေထြေထြကုန္က်စရိတ္မ်ားေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ေငြေၾကးကို ယခင္ထက္ ၿခိဳးၿခံေခြၽတာစြာျဖင့္ သုံးစြဲ ေနၾကရသည့္ အေနအထား ျဖစ္သည္။ ထို႔ျပင္ နယ္ေျမမၿငိမ္သက္မႈမ်ားေၾကာင့္ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားကိုပိတ္ထားရၿပီး ျပည္တြင္း၌ ကုန္ေဈးႏႈန္းႀကီးျမင့္မႈ မ်ားမွာ အျမင့္ပိုင္းတြင္သာ ဆက္လက္ရပ္တည္ေနေၾကာင္းလည္း ေတြ႕ျမင္ေနရသည္။ ထိုသို႔ေသာအေျခအေနမ်ားတြင္ အေျခခံျပည္သူမ်ားအတြက္ရည္႐ြယ္ၿပီး ထမင္း တစ္နပ္ (၁၂၀ဝ)က်ပ္ျဖင့္ေရာင္းခ်ေသာ “ေပါေခ်ာင္ေကာင္း” အမည္ရွိ ထမင္းဆိုင္တစ္ဆိုင္ ထြက္ေပၚ လာသည္ကိုလည္း ေတြ႕ျမင္ရသည္။ လက္ရွိအ ေျခအေနမ်ားႏွင့္ပတ္သက္၍ ကုန္ေဈးႏႈန္းကိုအံတုကာ အေျခခံ ျပည္သူမ်ားအား ထမင္းတစ္နပ္ကို (၁၂၀ဝ)ျဖင့္ေရာင္းခ်ႏိုင္ရန္အတြက္ စီစဥ္ေနရသည့္ အေျခအေန၊ စိန္ေခၚမႈမ်ား၊ စီမံတြက္ခ်က္ရသည့္အေျခအေနမ်ားႏွင့္ပတ္သက္၍ “ေပါေခ်ာင္ေကာင္း” ထမင္းဆိုင္၏ပဲ့ကိုင္ရွင္ ဦးဝင္းေဌးကို NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ ေဖာ္ျပအပ္ပါသည္။
ေမး။ ။ ပထမဆုံးအေနနဲ႔ကေတာ့ အန္ကယ့္အေနနဲ႔ ထမင္းဆိုင္ဖြင့္ဖို႔ကို ဘယ္လိုစၿပီးစိတ္ကူးမိတာ ပါလဲ။
ေျဖ။ ။ ကြၽန္ေတာ့္နာမည္ကေတာ့ ဦးဝင္းေဌးပါ။ အဓိကလုပ္ငန္းကေတာ့ ဧရာဝဏ္ပုံႏွိပ္လုပ္ငန္းလုပ္ ပါတယ္။ အခုေနာက္ပိုင္းက ပုံႏွိပ္လုပ္ငန္းေတြရဲ႕အေျခအေနနဲ႔ လက္ရွိကာလမွာ တစ္ကမာၻလုံးက်ဆင္း သြားတဲ့အခ်ိန္မွာ ကြၽန္ေတာ္အေနနဲ႔ ပုံႏွိပ္လုပ္ငန္းဘက္ကို အားေလွ်ာ့လိုက္တယ္။ ၿပီးေတာ့ ကမာၻ႔ျဖစ္ စဥ္ရယ္၊ ကမာၻႀကီးတစ္ခုလုံးရဲ႕႐ိုက္ခတ္မႈေတြရယ္၊ ဥေရာပ၊ အေမရိကနဲ႔ တ႐ုတ္နဲ႔႐ုရွားဦးေဆာင္တဲ့ အဖြဲ႕ေတြရဲ႕ ပဋိပကၡေတြၾကားထဲမွာ ကြၽန္ေတာ္တို႔ႏိုင္ငံငယ္ေလးေတြကလည္း ၾကားညပ္ေနရတယ္။ ဒီလိုအေျခအေနမွာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ လိုအပ္ေနတဲ့ လိုအပ္ခ်က္ျဖစ္ တဲ့ စားေရး၊ ဝတ္ေရးနဲ႔ ေနေရး ထဲမွာ အေရးႀကီးဆုံး တစ္ခုျဖစ္တဲ့ စားေရးကို ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ ႏိုင္သေလာက္ ပါဝင္ ထမ္းေဆာင္မယ္ဆိုတဲ့ ဆုံး ျဖတ္ခ်က္နဲ႔ စားေသာက္ကုန္လုပ္ငန္းကို စတင္လုပ္ ကိုင္ဖို႔ ဆုံးျဖတ္ခဲ့ ပါတယ္။ ဧရာဝဏ္ပုံႏွိပ္လုပ္ငန္းလုပ္တုန္းကလည္း KG+12 အစီအစဥ္ျဖစ္တဲ့ ပညာေရး ျမႇင့္တင္မႈ အစီအစဥ္မွာလည္း သင္႐ိုးသစ္ကို ပထမဆုံးေျပာင္းလဲဖို႔နဲ႔ ေက်ာင္းသုံးစာအုပ္ေတြရဲ႕အရည္အေသြး ကမာၻ႔အဆင့္မီျဖစ္ဖို႔အတြက္ ကြၽန္ေတာ္ကိုယ္တိုင္ ဂ်ာမနီႏိုင္ငံကေနတင္သြင္းၿပီးေတာ့ ပထမဦးဆုံး ေက်ာင္းသုံးစာအုပ္ေတြကို စတင္ပုံႏွိပ္ၿပီး ႏိုင္ငံေတာ္နဲ႔ပူးေပါင္းေဆာင္႐ြက္ခဲ့ပါတယ္။ လက္ရွိအေျခအေန မွာေတာ့ ပုံႏွိပ္လုပ္ငန္းရဲ႕အေျခအေနဟာ ျမန္မာႏိုင္ငံမွာေရာ ကမာၻတစ္ခုလုံးက်ဆင္းသြားတာျဖစ္တဲ့အ တြက္ ပုံႏွိပ္လုပ္ငန္းရဲ႕ တခ်ိဳ႕ေသာရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဒီဘက္က စားေသာက္ဆိုင္လုပ္ငန္းဘက္ကို ေျပာင္းလဲၿပီးေတာ့ ရင္းႏွီးျမႇဳပ္ႏွံျခင္းလည္းျဖစ္ပါတယ္။ ေနာက္တစ္ခုက ေတာေျခာက္ခံထားရတဲ့ ကြၽန္ေတာ္တို႔ရဲ႕ႏိုင္ငံသားေတြကို ကြၽန္ေတာ္ တတ္ႏိုင္ သေလာက္ပူးေပါင္းၿပီးေတာ့ ႏိုင္ငံသား တစ္ ေယာက္အေနနဲ႔ တာဝန္ယူမယ္။ ပူးေပါင္းေဆာင္႐ြက္မယ္ဆိုၿပီး ေဆာင္႐ြက္ေနျခင္းလည္းျဖစ္ပါတယ္။
ေမး။ ။ “ေပါေခ်ာင္ေကာင္း”ဆိုၿပီး ဆိုင္နာမည္ေလး ေပးျဖစ္ခဲ့ပုံကိုလည္း သိပါရေစ။
ေျဖ။ ။ အဲဒီလိုလုပ္တဲ့အခါမွာ ဘာေလးနဲ႔လုပ္ခ်င္လဲဆိုၿပီး နာမည္ကိုစနစ္တက် ေ႐ြးခ်ယ္လိုက္ပါတယ္။ ဘယ္လိုေ႐ြးခ်ယ္လိုက္လဲဆိုရင္ ကြၽန္ေတာ္တို႔ဟာ အေကာင္းဆုံးအရသာကိုေပးၿပီး အေကာင္းဆုံးနဲ႔ အ သန႔္ရွင္းဆုံး ႀကိဳးစားေဆာင္႐ြက္ၿပီးေတာ့ ေဈးႏႈန္းကို ပူးေပါင္းေဆာင္႐ြက္ေနတဲ့ ကေလးေတြရဲ႕ေနထိုင္စ ရိတ္နဲ႔ မိဘကိုျပန္လည္ေထာက္ပံ့ႏိုင္ဖို႔အတြက္ကို တြက္ခ်က္ၿပီးေတာ့မွ အနိမ့္ဆုံးေဈးႏႈန္းကိုသတ္မွတ္ ၿပီးေရာင္းမယ္ဆိုၿပီး စတင္ေဆာင္႐ြက္ခဲ့ပါတယ္။ ဒါ ေၾကာင့္ နာမည္ကိုလည္း “ေပါေခ်ာင္ေကာင္း” ဆိုတဲ့ နာမည္ေလးကိုေပးျဖစ္တာ ျဖစ္ပါတယ္။
ေမး။ ။ ဆိုင္စဖြင့္တဲ့အခ်ိန္မွာ ဘာေၾကာင့္ ထမင္းတစ္နပ္ကို ေငြက်ပ္(၁၂၀ဝ) သတ္မွတ္လိုက္ရတာ လဲရွင္။
ေျဖ။ ။ ဘာျဖစ္လို႔ (၁၂၀ဝ) သတ္မွတ္ရတာလဲဆို ေတာ့ အထူးသျဖင့္ ဒီေန႔ႏိုင္ငံ့ဝန္ထမ္းေတြရဲ႕လစာ ကိုၾကည့္တယ္။ ေနာက္တစ္ခုက စက္႐ုံ အလုပ္႐ုံေတြ မွာ နယ္ေတြကေန ရန္ကုန္လာၿပီး အလုပ္လုပ္ ေနတဲ့ ဝန္ထမ္းေတြရွိတယ္။ အဲဒီဝန္ထမ္းေတြရဲ႕ ဝင္ေငြေတြ ရွိမယ္။ ေနာက္တစ္ခါ ဆိုက္ကားတို႔၊ ေဘးတြဲတို႔၊ ေခါင္း႐ြက္ျဗက္ထိုးေဈးသည္ေတြနဲ႔ ေန႔စားဝန္ထမ္း ေတြ၊ ႀကဳံရာက်ပန္းဝန္ထမ္းေတြကို တစ္ေထာင့္တစ္ ေနရာကေန စားေရးအတြက္ ကြၽန္ေတာ္တာဝန္ယူမယ္ ဆိုတဲ့စိတ္နဲ႔ ေဈးႏႈန္းကို အတတ္ႏိုင္ဆုံးသက္သာ ေအာင္ သတ္မွတ္ခဲ့တာပါ။ ကြၽန္ေတာ္ စၿပီးေရာင္းတဲ့ အခ်ိန္မွာ ေ႐ႊဘိုေပၚဆန္း တစ္အိတ္ရဲ႕တန္ဖိုးက (၁၆၀ဝဝဝ)က်ပ္ရွိပါတယ္။ ခရမ္းခ်ဥ္သီး တစ္ပိႆာ ရဲ႕တန္ဖိုးက (၃၀ဝဝ) က်ပ္ ဝန္းက်င္ရွိပါတယ္။ ၿပီးရင္ စေရာင္းတဲ့အခ်ိန္မွာ ဝက္သားတစ္ပိႆာရဲ႕ေဈးက (၁၆၀ဝဝ)ရွိတယ္။ ၾကက္သားဆိုရင္ (၁၂၀ဝဝ)ဝန္း က်င္ရွိတယ္။ အဲဒီကေနၿပီးေတာ့ လူတစ္ေယာက္ကို (၅)က်ပ္သား ႏႈန္းနဲ႔တြက္တယ္။ တြက္ၿပီးေတာ့ ဂက္စ္ဖိုး၊ အခန္းခ၊ ကေလးေတြရဲ႕ဝန္ေဆာင္စရိတ္ေတြနဲ႔ တြက္ၿပီး ေတာ့မွ ဒါဆိုလို႔ရွိရင္ ထမင္းအေပါင္း ဟင္း သုံးမ်ိဳးကို (၁၂၀ဝ)နဲ႔ေရာင္းမယ္ဆိုရင္ေတာ့ ကြၽန္ ေတာ္တို႔ ရဲ႕အက်ိဳးအျမတ္ထက္ အေျခခံမွာရွိေနတဲ့သူ ေတြရယ္၊ ဝင္ေငြနည္းဝန္ထမ္းေတြရယ္ သူတို႔ေတြရဲ႕ စားေရးေပါ့။ တစ္နည္းအားျဖင့္ မီးဖိုေခ်ာင္ေတြကို တာဝန္ယူမယ္ဆိုတဲ့စိတ္နဲ႔ ဒါကို စနစ္တက်တြက္ခ်က္ ၿပီး ဆုံးျဖတ္လိုက္ျခင္းျဖစ္ပါတယ္။
ေမး။ ။ ဆုံးျဖတ္ၿပီးတဲ့ေနာက္ ထမင္းဆိုင္ဖြင့္ဖို႔ကို ဘယ္အခ်ိန္မွာ အေကာင္အထည္ေဖာ္ျဖစ္ခဲ့တာလဲ။
ေျဖ။ ။ ဆုံးျဖတ္ခ်က္ခ်ၿပီးတဲ့ေနာက္မွာပဲ ခ်က္ခ်င္း အေကာင္အထည္ေဖာ္ခဲ့တာပါ။ ၿပီးခဲ့တဲ့ ဧၿပီလ (၂၀) ရက္က စဖြင့္တယ္။ အခု ႏိုဝင္ဘာ (၂၀) ဆိုရင္ ကြၽန္ ေတာ္တို႔ဖြင့္တာ (၇) လရွိပါၿပီ။ ကြၽန္ေတာ္ရဲ႕အဓိက ရည္႐ြယ္ခ်က္ကေတာ့ ရန္ကုန္ၿမိဳ႕မွာ ဆိုင္ေပါင္း(၃၀)ေလာက္ ဖြင့္ဖို႔ရည္မွန္းထားပါတယ္။ ၿမိဳ႕နယ္တိုင္း မွာေပါ့။ အထူးသျဖင့္ ဘုရင့္ေနာင္ပြဲ႐ုံတန္းတို႔၊ ေအာင္မဂၤ လာအေဝးေျပးဂိတ္၊ လႈိင္သာယာ အေဝး ေျပးဂိတ္တို႔ကို ရည္မွန္းထားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တခ်ိဳ႕ေသာခရီးသြားေတြက ရန္ကုန္လာရင္ အရမ္းၿခိဳးၿခံ ေခြၽတာၿပီး လာၾကတယ္။ အဲဒီလိုေခြၽတာရတဲ့ေနရာမွာ ကြၽန္ေတာ့္ရဲ႕ ထမင္းတစ္ပြဲ (၁၂၀ဝ)နဲ႔ ဆိုရင္ေတာ့ သာမန္လူတစ္ေယာက္ဆိုရင္ လုံေလာက္မယ္လို႔ ရည္႐ြယ္ထားပါတယ္။ အၾကမ္း ဖ်င္းေတာ့ ကြၽန္ေတာ့္ရဲ႕တြက္ခ်က္ထားတဲ့အခ်ိန္ကေတာ့ HR ေပါ့ ကေလး ေတြလည္း တာဝန္ယူႏိုင္တယ္၊ ကေလး ေတြလည္း တတ္ကြၽမ္းတဲ့ ခ်က္ျပဳတ္တဲ့နည္းပညာေတြရၿပီဆို ရင္ ေတာ့ တစ္ေန႔ကိုအနည္းဆုံး လူဦးေရ (၃၀ဝဝ)ကေန (၁၀ဝဝဝ)ၾကားကို ေရာင္းဖို႔စဥ္းစားထားပါတယ္။ ဆုံးျဖတ္ၿပီးတာနဲ႔ ခ်က္ခ်င္းပဲ အေကာင္ အထည္ေဖာ္ခဲ့တာ ပါ။ အခုဆိုရင္ ကြၽန္ေတာ့္ရည္မွန္းခ်က္ျဖစ္တဲ့ စက္႐ုံ အလုပ္႐ုံေတြကို ေရာင္းခ်ေရး ဆိုတဲ့ေနရာမွာ ကိုရီး ယားႏိုင္ငံကရင္းႏွီးျမႇဳပ္ႏွံထားတဲ့ အေရွ႕ပိုင္းစက္မႈဇုန္ မွာရွိတဲ့ ARAO ဆိုတဲ့ ကိုရီးယား အထည္ခ်ဳပ္စက္႐ုံေပါ့။ လူဦးေရ(၃၀ဝဝ)ေလာက္ေတာ့ရွိတယ္။ အဲဒီ စက္႐ုံကို စတင္ၿပီးေတာ့ ေရာင္းခ်ေနပါတယ္။ အခုဆို ရင္ တစ္လေက်ာ္သြားပါၿပီ။ တစ္နည္းအားျဖင့္ဆိုရင္ Foreign Direct Investment ေတြကိုလုပ္တဲ့အ ခ်ိန္မွာ ကြၽန္ေတာ္တို႔ရဲ႕ႏိုင္ငံသားေတြဟာ အဲဒီစက္႐ုံ ေတြမွာ အလုပ္ လုပ္တယ္။ အလုပ္လုပ္တဲ့အခါမွာ သူတို႔ရဲ႕စားေရးေတြကို ကြၽန္ေတာ့္အေနနဲ႔ တာဝန္ယူလိုက္ျခင္း အားျဖင့္ သူတို႔ေတြက ထုတ္လုပ္မႈဘက္မွာ အားေကာင္းလာမယ္။ တစ္နည္းအားျဖင့္ စက္႐ုံေတြရဲ႕ သူေဌးစိတ္ခ်မ္းသာမယ္။ ဒါဆိုလို႔ရွိရင္ စက္႐ုံကဝန္ ထမ္းနဲ႔ စက္႐ုံပိုင္ရွင္ေတြက စိတ္ခ်မ္းသာျခင္းကေန ထုတ္ကုန္ေကာင္းလာမယ္။ ဒါဆိုရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာရင္းႏွီးျမႇဳပ္ႏွံတဲ့အတြက္ က်န္တဲ့ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံသူေတြအားလုံးက ကြၽန္ေတာ္တို႔ႏိုင္ငံကို ျပန္လာခ်င္ၾကမယ္။ ဒါမွလည္း ကြၽန္ေတာ္တို႔ဆီ ကေန ဗီယက္နမ္ကိုေျပာင္းေ႐ႊ႕သြားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ကြၽန္ေတာ္တို႔ႏိုင္ငံက အရာရာ တည္ၿငိမ္ သြားၿပီဆိုရင္ ျပန္လာၾကမယ္။ နည္းပညာရမယ္။ အရင္းအႏွီးရမယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြက တျခားႏိုင္ငံကိုသြား လုပ္စရာမလိုဘဲနဲ႔ ကိုယ့္ႏိုင္ငံ၊ ကိုယ့္ေဒသ၊ ကိုယ့္ ျပည္၊ ကိုယ့္ေျမမွာ ၿငိမ္းခ်မ္းစြာနဲ႔ စားေရး၊ ဝတ္ေရး၊ ေနေရးကိုလည္း ကူညီမယ္။ ဘာသာေရးကိုလည္း အားေကာင္းေအာင္ျပန္လုပ္ကိုင္ႏိုင္ မယ္။ ဒါေၾကာင့္ မို႔လို႔ အဲဒီလို ရည္မွန္းခ်က္ေတြထားၿပီးေတာ့မွ လုပ္ငန္းေလးကို အေကာင္အထည္ေဖာ္ ျခင္း ျဖစ္ပါတယ္။
ေမး။ ။ လက္ရွိမွာေကာ ဖြင့္တာက ဘယ္ႏွဆိုင္ျဖစ္သြားၿပီလဲ။
ေျဖ။ ။ အခုက ေတာင္ဒဂုံၿမိဳ႕နယ္ (၅၅) ရပ္ကြက္ ပုဂံလမ္းမွာ ဆိုင္နံပါတ္(၁)ဖြင့္ထားပါတယ္။ အခုဆို ရင္ARAO စက္႐ုံကိုလည္း စတင္ေရာင္းခ်ေပးေနပါ တယ္။ တျခားစက္႐ုံေတြကလည္း သူတို႔ဆီမွာ လာ ေရာက္ေရာင္းခ်ေပးဖို႔ ကမ္းလွမ္းထားတာရွိပါတယ္။ ကြၽန္ေတာ္တို႔က အရသာအာမခံခ်က္၊ ေဈးႏႈန္း အာမခံခ်က္၊ သန႔္ရွင္းမႈအာမခံခ်က္၊ ဝန္ေဆာင္မႈ အာမခံ ခ်က္၊ ေရာင္းခ်ိန္အာမခံခ်က္ဆိုတဲ့ အာမခံခ်က္ (၅) ရပ္နဲ႔လုပ္ေနတာျဖစ္တဲ့အတြက္ လူ႔စြမ္းအားအရင္း အျမစ္က အရမ္းအေရးႀကီးပါတယ္။ အဲဒီေတာ့ လူ႔ စြမ္းအားအရင္းအျမစ္ကို စနစ္တက် ထိန္းခ်ဳပ္ေနတဲ့ ကာလျဖစ္လို႔ မၾကာခင္မွာေတာ့ ဆိုင္ခြဲနံပါတ္ (၂)၊ ဆိုင္ခြဲနံပါတ္(၃)ေတြကိုေတာ့ ဆက္ဖြင့္သြားဖို႔ စတင္ ျပင္ဆင္ေနပါၿပီ။
ေမး။ ။ ေနာက္တစ္ခု ကေတာ့ ဘယ္လိုလူေတြက အမ်ားဆုံးလာေရာက္စားသုံးၾကလဲရွင္။
ေျဖ။ ။ ဘယ္လိုလူေတြလာၾကလဲဆိုေတာ့ အားလုံးလာၾကပါတယ္။ ကြၽန္ေတာ္တို႔က လူတိုင္းအတြက္ “ေပါေခ်ာင္ေကာင္း” ျဖစ္တဲ့အတြက္ အားလုံးလာၾကပါတယ္။
ေမး။ ။ ခ်က္ျပဳတ္တဲ့အေပၚမွာေကာ ဘယ္လိုစီမံ ခန႔္ခြဲထားလဲ။
ေျဖ။ ။ အမ်ားအားျဖင့္ကေတာ့ ကြၽန္ေတာ္ကိုယ္တိုင္ ေဈးသြားတယ္။ အသား၊ ငါးဆိုလည္း ကိုယ္တိုင္ ဝယ္တယ္။ အဲဒီလိုပဲ ခ်က္ျပဳတ္တဲ့ေနရာမွာ သန႔္ရွင္းမႈ၊ အသားငါး၊ အသီးအ႐ြက္ကိုင္တြယ္မႈကအစ စနစ္ တက် ေဆာင္႐ြက္ေနပါတယ္။
ေမး။ ။ ဒီလိုဆိုင္ေတြ ထပ္ေပၚလာဖို႔ကို ဘယ္ေလာက္ အထိေမွ်ာ္မွန္းထားလဲ။
ေျဖ။ ။ ကြၽန္ေတာ့္အေနနဲ႔ကေတာ့ Infinity ပဲ ဗ်။ တစ္နည္းအားျဖင့္ ကြၽန္ေတာ္တို႔က လူတိုင္းအတြက္ “ ေပါေခ်ာင္ေကာင္း”လို႔ ျဖစ္ေပၚလာတာျဖစ္တဲ့အတြက္ စားေရးအပိုင္းကို လူတိုင္းအတြက္ျဖစ္ေအာင္ ႀကိဳး စားေဆာင္႐ြက္ေနပါတယ္။ အဲဒီကေနၿပီးေတာ့ ေနာက္ပိုင္းမွာ အသားေျခာက္လုပ္ငန္းေတြ၊ Ready Made လုပ္ငန္းေတြ ၿပီးရင္ အဲဒီကေနတစ္ဆင့္ ျပည္ပမွာေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားဝန္ထမ္းေတြ အတြက္ အတတ္ႏိုင္ဆုံး “ေပါေခ်ာင္ေကာင္း” ဆိုတဲ့ မူဝါဒနဲ႔အညီ ဆက္လက္ၿပီးေတာ့ ပို႔ေဆာင္ဖို႔အတြက္ ကိုေဆာင္႐ြက္ေနပါတယ္။ အဲဒီေလာက္အထိကို ရည္ မွန္းခ်က္ထားထားပါတယ္။
ေမး။ ။ ဝန္ထမ္းေခၚယူမႈမွာဆိုရင္ေကာ ဘယ္ေဒသ ေတြကလူေတြကိုေခၚတာလဲ။ ဘယ္လိုစီမံထားလဲ။
ေျဖ။ ။ အခုေလာေလာဆယ္ကေတာ့ ဧရာဝတီတိုင္း ေက်းလက္ေဒသက မိန္းကေလးေတြကို ေခၚထား ပါတယ္။ အထူးသျဖင့္ ကရင္တိုင္းရင္းသူေလးေတြကို ေခၚထားပါတယ္။ ကြၽန္ေတာ္တို႔က်ေတာ့ ဝန္ထမ္း လို႔ သေဘာမထားဘူး။ ရဲေဘာ္ရဲဘက္လိုျဖစ္ေနတာ။ သူ လည္း Boss ပဲ၊ ငါလည္း Bossပဲ ဆိုတဲ့စနစ္နဲ႔ သြားပါ တယ္။ ဝန္ထမ္းဆိုတဲ့စိတ္မရွိဘူး။ ၿပီးရင္ ဒီကေနရလာ တဲ့အက်ိဳးအျမတ္ေတြကို ဆက္လက္ၿပီး ဆိုင္ေတြတိုး ခ်ဲ႕လာတဲ့အခါမွာ ဆိုင္ခြဲေတြကေနရလာတဲ့အက်ိဳးအျမတ္ကို အတူတကြဝိုင္းဝန္း စီမံခန႔္ခြဲ ၿပီး ေနာက္ထပ္ မ်ိဳးဆက္သစ္ေတြကို ဒီဆိုင္ေတြမွာ ဆက္လက္တြဲေခၚ သြားၿပီးေတာ့ (ကြၽန္ေတာ္ရဲ႕ မူလရည္႐ြယ္ခ်က္ျဖစ္တဲ့ တျခားႏိုင္ငံမွာသြားၿပီးေတာ့ မ်က္ႏွာငယ္ရတဲ့ အလုပ္ သမား ဘဝမေရာက္ဖို႔) သူတို႔ေတြအားလုံးက ေနာက္ပိုင္း မွာ ဆိုင္ပိုင္ရွင္ေတြျဖစ္ဖို႔အတြက္ ရည္႐ြယ္ထားပါတယ္။
ေမး။ ။ လက္ရွိမွာဆိုရင္ ကုန္ေဈးႏႈန္းက တက္ေနတဲ့ အခ်ိန္ အန္ကယ္က (၁၂၀ဝ) တန္ ထမင္းဆိုင္ဆိုၿပီး ဖြင့္လိုက္တယ္။ (၁၂၀ဝ)နဲ႔ေရာင္းတာက အန္ကယ့္ အတြက္ ျမတ္ေကာျမတ္ရဲ႕လား။
ေျဖ။ ။ အဲဒီေမးခြန္းကေတာ့ အထူးေျဖစရာ မလို ဘူးထင္ပါတယ္။ ဥပမာ- ခရမ္းခ်ဥ္သီးဆိုရင္ ေဈး ႏႈန္းအတက္အက်အေျပာင္းအလဲရွိတယ္။ တစ္ ခါတစ္ရံမွာ တစ္ပိႆာ(၈၀ဝဝ)အထိေရာက္တယ္။ အဲဒါဆိုရင္ ခရမ္းခ်ဥ္သီးတစ္လုံးရဲ႕တန္ဖိုးက (၁၂၀)နဲ႔ (၁၆၀) ၾကားမွာေရာက္သြားတယ္။ အဲဒီလိုပဲ ခ်ဥ္ ေပါင္႐ြက္တစ္စည္းကို (၃၀ဝ) နဲ႔ဝယ္မယ္ဆိုရင္ တစ္ စည္းမွာ(၇)ပင္ပါတယ္။ အဲဒီ(၇)ပင္မွာ ခ်ဥ္ေပါင္ ႐ြက္ တစ္႐ြက္ရဲ႕တန္ဖိုးက တစ္႐ြက္ကို (၄) က်ပ္ရွိပါတယ္။ ႐ုံးပတီသီးဆိုရင္လည္း တစ္ခါတစ္ ရံမွာ တစ္ေတာင့္ ကို(၁၀ဝ)ဝယ္ရတယ္။ ကြၽန္ေတာ္ကိုယ္တိုင္သြားဝယ္ ၿပီး “ေပါေခ်ာင္ေကာင္း” ကပါလို႔ေျပာ ေတာ့မွ သူတို႔ လည္း ပူးေပါင္းပါဝင္ခ်င္ပါတယ္ဆိုလိုသာ ေဈးႏႈန္း ကို နည္းနည္းခ်ေပးတယ္။ အဲဒါ ေၾကာင့္မို႔လို႔လည္း စားသုံးသူေတြကို တစ္ေန႔ကို လူ (၆၀ဝ)နဲ႔ (၁၀ဝဝ) ၾကား ျဖန႔္ေပးလို႔ရတာ။ တကယ္ေတာ့ (၁၂၀ဝ) ဆို တာ ျဖစ္ႏိုင္စြမ္းမရွိတဲ့ေဈးႏႈန္းေပါ့။ ဒါေပမဲ့ အစစ အရာရာကို အေလ အလြင့္ထိန္းသိမ္းၿပီးေတာ့မွ အတတ္ႏိုင္ဆုံး ကုန္ၾကမ္းကိုရေအာင္ယူၿပီး ခ်က္ျပဳတ္ေပးေနပါတယ္။
ေမး။ ။ တစ္ဖက္က လာၿပီးစားသုံးတဲ့ သူေတြ ဘက္ကေကာ ဘယ္လို Review မ်ိဳးကိုျပန္ၾကားရလဲ။
ေျဖ။ ။ တစ္ေန႔တစ္ေန႔လာတဲ့ စားသုံးသူမ်ားလာေလ ေလ ကြၽန္ေတာ္တို႔ရဲ႕ေဆာင္႐ြက္ခ်က္နဲ႔ အရသာ၊ ကြၽန္ေတာ္တို႔ရဲ႕ခံယူခ်က္ျဖစ္တဲ့ အာမခံခ်က္ (၅) ခု လက္ခံလို႔လည္း ဆိုင္မွာဆိုရင္ လူဦးေရ တစ္ေန႔ ထက္ တစ္ေန႔ တိုးတိုးၿပီးမ်ားလာပါတယ္ဗ်။ ဒါကေတာ့ ေကာင္းတဲ့ Respond လို႔လည္း ေျပာလို႔ရပါတယ္။
ေမး။ ။ ေနာက္တစ္ခုကေတာ့ ဒီလိုထမင္းဆိုင္မ်ိဳး ေတြ ျမန္မာျပည္မွာ ေပါေပါမ်ားမ်ားရွိလာသင့္တယ္ လို႔ ျမင္မိလား။
ေျဖ။ ။ တစ္ေယာက္နဲ႔တစ္ေယာက္က နာမည္ေတြ မတူသလို ရည္မွန္းခ်က္ေတြလည္း မတူၾကဘူးေလ။ အဲဒီအတြက္ ဒီကိစၥကိုေတာ့ ခန႔္မွန္းလို႔မရဘူး။ ကြၽန္ ေတာ္ကေတာ့ ႏိုင္ငံသားတစ္ေယာက္ရဲ႕တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ခ်င္တယ္။ ဒါေၾကာင့္ ႏိုင္ငံ သားတစ္ေယာက္ရဲ႕တာဝန္ကို ထမ္းေဆာင္ေနတယ္ လို႔ပဲ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္သုံးသပ္ပါတယ္။
ေမး။ ။ ေန႔တိုင္းအတြက္ကို ဆိုင္မွာဟင္းက ဘယ္ႏွစ္မ်ိဳးေလာက္ခ်က္ရလဲ။
ေျဖ။ ။ အၾကမ္းဖ်င္းကေတာ့ မနက္(၁၀)နာရီ ေလာက္ဆိုရင္ ဟင္းအမ်ိဳး(၂၀)ရပါၿပီ။ (၁၁)နာရီခြဲ၊ (၁၂)နာရီေရာက္ၿပီဆိုရင္ေတာ့ ဟင္းအမည္ေပါင္း အၾကမ္းဖ်င္း(၃၈)မ်ိဳးနဲ႔ (၄၀)ၾကားမွာရွိပါတယ္ဗ်။
ေမး။ ။ (၁၂၀ဝ)အတြက္က ဟင္းက ဘယ္ႏွမ်ိဳး ေလာက္ ေ႐ြးခ်ယ္ခြင့္ေပးထားလဲရွင္။
ေျဖ။ ။ (၁၂၀ဝ) ထဲမွာေတာ့ အေျခခံစားကုန္ျဖစ္တဲ့ ၾကက္သား၊ ဝက္သား၊ ငါး၊ ငါးဖယ္ငါးဆုပ္ေပါ့။ အဲဒါ ကိုေတာ့ သူရဲ႕အေလးခ်ိန္အတိုင္းပဲ တစ္ပြဲကို (၁၂၀ဝ)နဲ႔ရမယ္။ ဆိုင္မွာစားမယ္ဆိုရင္ေတာ့ အရည္ ေသာက္လိုက္ပြဲရမယ္။ ငါးပိရည္၊ အတို႔အျမႇဳပ္ လိုက္ ပြဲရမယ္။ ပါဆယ္ဆိုရင္ေတာ့ ထမင္းအေပါင္း ဟင္း သုံးမ်ိဳးကို(၁၂၀ဝ)ပါ။
ေမး။ ။ ေနာက္ဆုံးေမးခြန္းကေတာ့ အန္ကယ္တို႔ရဲ႕ (၁၂၀ဝ)ထမင္းဆိုင္ရဲ႕ အဓိကေဆာင္ပုဒ္ကဘာပါလဲ။
ေျဖ။ ။ လူတိုင္းအတြက္ “ေပါေခ်ာင္ေကာင္း”ပါ။
အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ အန္ကယ္။