ထိုင်ဝမ်ရဲ့နာမည်ကြီး ခရီးသွား ဆွဲဆောင်ရာနေရာ အလီရှန်မှာ လျှောက်လမ်းကျိုးကျပြီး ခရီးသွားတစ်ဦး သေဆုံး

 361

ရောင်နီ (NP News) - နိုဝင်ဘာ ၁၅

ထိုင်ဝမ်နိုင်ငံ အလီရှန်တောင်ပေါ်မှာရှိတဲ့ ၃ မီတာမြင့်တဲ့ လမ်းလျှောက်လမ်းဟာ နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ရုတ်တရက် ကျိုးကျပြီး ခရီးသွားတစ်ဦးသေဆုံးကာ အခြားလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ရှန်မီကျေးရွာ၊ Fumei Suspension လျှောက်လမ်းအနီးမှာ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ Chiayi ကောင်တီ မီးသတ်ဌာနက ဆိုပါတယ်။ သေဆုံးသူဟာ လီအော် လို့ အမည်ရတဲ့ အသက် ၇၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၄ နှစ်မှ ၈၄ နှစ်ကြားရှိ အခြားခရီးသွားလေးဦးကတော့ ပွန်းပဲ့ဒဏ်ရာတွေ ခံစားခဲ့ရပြီး အခြေအနေ တည်ငြိမ်နေတယ်လို့ သိရပါတယ်။ အဆိုပါ ခရီးသွားငါးဦးဟာ ထိုင်ဝမ်အလယ်ပိုင်း မီအိုလီ ခရိုင်မှ လူ ၄၄ ဦးပါ ဒေသဆိုင်ရာ ခရီးသွားအဖွဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အခင်းဖြစ်ပွားချိန်က အလီရှန်မြို့နယ်ကို လာရောက်လည်ပတ်နေခဲ့တာ ဖြစ်တယ်လို့ Focus Taiwan သတင်းမှာ ဖော်ပြထားပါတယ်။
မီးသတ်ဌာနက ထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာ တံတားဘုတ်ပြား တစ်ဖက်ကျိုးသွားတာကိုတွေ့ရပါတယ်။ ထိုင်ဝမ်အာဏာပိုင်တွေက ယခုဖြစ်ရပ်ဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

အလီရှန် အမျိုးသားရှုခင်းသာဧရိယာဟာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်က ထိုင်ဝမ်အနောက်တောင်ပိုင်း ချီအာရီရှိ ဆဌမမြောက် ကမ္ဘာလှည့်ခရီးသွား အများဆုံးလာရောက်လည်ပတ်ရာနေရာဖြစ်ပြီး တိမ်ပင်လယ် နေထွက်ချိန်၊ နေဝင်ချိန်တွေ အပါအဝင် ရင်သပ်ရှုမောစရာ ရှုခင်းတွေကြောင့် ကျော်ကြားပါတယ်။

Zawgyi Version;
ထိုင္ဝမ္ရဲ႕နာမည္ႀကီး ခရီးသြား ဆြဲေဆာင္ရာေနရာ အလီရွန္မွာ ေလွ်ာက္လမ္းက်ိဳးက်ၿပီး ခရီးသြားတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၅

ထိုင္ဝမ္ႏိုင္ငံ အလီရွန္ေတာင္ေပၚမွာရွိတဲ့ ၃ မီတာျမင့္တဲ့ လမ္းေလွ်ာက္လမ္းဟာ ႏိုဝင္ဘာ ၁၃ ရက္ မြန္းလြဲပိုင္းက ႐ုတ္တရက္ က်ိဳးက်ၿပီး ခရီးသြားတစ္ဦးေသဆုံးကာ အျခားေလးဦး ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါျဖစ္စဥ္ဟာ ရွန္မီေက်း႐ြာ၊ Fumei Suspension ေလွ်ာက္လမ္းအနီးမွာ ညေန ၄ နာရီခန႔္က ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ Chiayi ေကာင္တီ မီးသတ္ဌာနက ဆိုပါတယ္။ ေသဆုံးသူဟာ လီေအာ္ လို႔ အမည္ရတဲ့ အသက္ ၇၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ဦးေခါင္းဒဏ္ရာနဲ႔ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၅၄ ႏွစ္မွ ၈၄ ႏွစ္ၾကားရွိ အျခားခရီးသြားေလးဦးကေတာ့ ပြန္းပဲ့ဒဏ္ရာေတြ ခံစားခဲ့ရၿပီး အေျခအေန တည္ၿငိမ္ေနတယ္လို႔ သိရပါတယ္။ အဆိုပါ ခရီးသြားငါးဦးဟာ ထိုင္ဝမ္အလယ္ပိုင္း မီအိုလီ ခ႐ိုင္မွ လူ ၄၄ ဦးပါ ေဒသဆိုင္ရာ ခရီးသြားအဖြဲ႕တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး အခင္းျဖစ္ပြားခ်ိန္က အလီရွန္ၿမိဳ႕နယ္ကို လာေရာက္လည္ပတ္ေနခဲ့တာ ျဖစ္တယ္လို႔ Focus Taiwan သတင္းမွာ ေဖာ္ျပထားပါတယ္။
မီးသတ္ဌာနက ထုတ္ျပန္တဲ့ဓာတ္ပုံေတြမွာ တံတားဘုတ္ျပား တစ္ဖက္က်ိဳးသြားတာကိုေတြ႕ရပါတယ္။ ထိုင္ဝမ္အာဏာပိုင္ေတြက ယခုျဖစ္ရပ္ျဖစ္ပြားရတဲ့အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

အလီရွန္ အမ်ိဳးသားရႈခင္းသာဧရိယာဟာ ၂၀၂၄ ခုႏွစ္ ပထမႏွစ္ဝက္က ထိုင္ဝမ္အေနာက္ေတာင္ပိုင္း ခ်ီအာရီရွိ ဆဌမေျမာက္ ကမာၻလွည့္ခရီးသြား အမ်ားဆုံးလာေရာက္လည္ပတ္ရာေနရာျဖစ္ၿပီး တိမ္ပင္လယ္ ေနထြက္ခ်ိန္၊ ေနဝင္ခ်ိန္ေတြ အပါအဝင္ ရင္သပ္ရႈေမာစရာ ရႈခင္းေတြေၾကာင့္ ေက်ာ္ၾကားပါတယ္။

Related news

© 2021. All rights reserved.