အင်းဝမြို့ဟောင်းရှိ ‌လောကဝေဿဘူ မြို့ထောင့်စေတီကြီးကို ရှေးမူမပျက် ပြန်လည်ထိန်းသိမ်းသွားရန် စီစဉ်နေ

 377

စော (NP News) - နိုဝင်ဘာ ၁၅

အင်းဝမြို့ဟောင်းရှိ လောကဝေဿဘူမြို့ ထောင့်စေတီကြီးကို ရှေးမူမပျက် ပြန်လည် ထိန်းသိမ်းသွားရန်စီစဉ်နေကြောင်း ရှေးဟောင်း သုတေ သီ၊ စာရေးဆရာဘိုရှိတ် (ရတနာပူရ)က NP News ကို ပြောသည်။

အဆိုပါစေတီကြီးသည် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံ တားဦးမြို့နယ် အင်းဝမြို့ဟောင်းတွင်တည်ရှိပြီး ညောင်ရမ်းခေတ်လက် ထက်ကတည်းကတည်ရှိသော စေတီတစ်ဆူဖြစ်သဖြင့် နှစ်ပေါင်း (၂၇၀)ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

“ညောင်ရမ်းခေတ်တည်းကစေတီ။ တစ်ခါမှလည်း ပြုပြင်ထိန်းသိမ်းခဲ့ခြင်းမရှိခဲ့တော့ သစ်ပင်ကြီးတွေပေါက်၊ ချုံတွေပိတ်ပေါ့။ အဲဒါကို ကျွန်တော်တို့က ခြုံတွေဘာတွေ ရှင်း၊ ရှင်းပြီးတော့ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနကို တရားဝင် ရှေးမူမပျက်ထိန်းသိမ်းခွင့်ကို တင်ရမှာပေါ့”ဟု ၎င်းက ပြောသည်။

လောကဝေဿဘူမြို့ထောင့်စေတီကြီးသည် သစ်ပင်ကြီးများ၊ ချုံနွယ်များလွှမ်းခြုံနေသဖြင့် လက်ရှိတွင် ချုံနွယ်ရှင်းလင်း‌ရေးလုပ်ငန်းကိုဆောင် ရွက်ထားပြီး ရှေးမူမပျက်ပြန်လည်ထိန်းသိမ်းခြင်းကို ရှေးဟောင်းသုတေ သန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ တင်ပြလျှောက်ထားသွားမည်ဖြစ်ကာ ယခုနှစ်ကုန်ပိုင်းတွင် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။ “ဒီနှစ်ကုန်လောက်ကို လုပ်ဖြစ်မယ်ထင်ပါတယ်။ ကုန်ကျစရိတ်အလှူရှင်ကလည်းပေါ်ပြီလေ။ တင်တာက မကြာလောက်ပါဘူး။ ရှေးဟောင်းစေတီတွေက ခေတ်သစ်လက်ရာအတိုင်းသာ ပြင်လို့မရတာ၊ ရှေးမူမပျက်ထိန်းမယ်ဆိုရင် ထိန်းခွင့်ပြုတယ်လေ”ဟု ၎င်းက ဆက်လက်ပြောသည်။ ရှေးမူမပျက် ထိန်း သိမ်းရာတွင် ညောင်ပင်ကြီးများ၊ သစ်ပင်များစသည့် သစ်မြစ်များကို ဓာတုဆေးဖြင့်သတ်ခြင်း၊ ကြိုးများဖြင့် ပစ္စယာကို အစားထိုးခြင်းနှင့် ရေပိတ်လွှာလောင်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စေတီကြီးသည် ညောင်ရမ်းခေတ်လက်ရာများဖြစ်၍ ခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာနိုင်သည့်နေရာတစ်ခုဖြစ်ပြီး ယဉ်ကျေးမှုလက်ရာများကို မယိုယွင်း၊ ပြိုကျ၊ ပျက်စီးသွားခြင်းမရှိ‌စေရန် အချိန်မီထိန်းသိမ်းခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

zawgyi version
အင္းဝၿမိဳ႕ေဟာင္းရွိ ‌ေလာကေဝႆဘူ ၿမိဳ႕ေထာင့္ေစတီႀကီးကို ေရွးမူမပ်က္ ျပန္လည္ထိန္းသိမ္းသြားရန္ စီစဥ္ေန
ေစာ(NP News) - ႏိုဝင္ဘာ ၁၅

အင္းဝၿမိဳ႕ေဟာင္းရွိ ေလာကေဝႆဘူၿမိဳ႕ ေထာင့္ေစတီႀကီးကို ေရွးမူမပ်က္ ျပန္လည္ ထိန္းသိမ္းသြားရန္စီစဥ္ေနေၾကာင္း ေရွးေဟာင္း သုေတ သီ၊ စာေရးဆရာဘိုရွိတ္ (ရတနာပူရ)က NP News ကို ေျပာသည္။

အဆိုပါေစတီႀကီးသည္ မႏၲေလးတိုင္းေဒသႀကီး တံတားဦးခ႐ိုင္ တံ တားဦးၿမိဳ႕နယ္ အင္းဝၿမိဳ႕ေဟာင္းတြင္တည္ရွိၿပီး ေညာင္ရမ္းေခတ္လက္ ထက္ကတည္းကတည္ရွိေသာ ေစတီတစ္ဆူျဖစ္သျဖင့္ ႏွစ္ေပါင္း (၂၇၀)ခန႔္ ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း သိရသည္။

“ေညာင္ရမ္းေခတ္တည္းကေစတီ။ တစ္ခါမွလည္း ျပဳျပင္ထိန္းသိမ္းခဲ့ျခင္းမရွိခဲ့ေတာ့ သစ္ပင္ႀကီးေတြေပါက္၊ ခ်ဳံေတြပိတ္ေပါ့။ အဲဒါကို ကြၽန္ေတာ္တို႔က ၿခဳံေတြဘာေတြ ရွင္း၊ ရွင္းၿပီးေတာ့ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳး သားျပတိုက္ဦးစီးဌာနကို တရားဝင္ ေရွးမူမပ်က္ထိန္းသိမ္းခြင့္ကို တင္ရမွာေပါ့”ဟု ၎က ေျပာသည္။

ေလာကေဝႆဘူၿမိဳ႕ေထာင့္ေစတီႀကီးသည္ သစ္ပင္ႀကီးမ်ား၊ ခ်ဳံႏြယ္မ်ားလႊမ္းၿခဳံေနသျဖင့္ လက္ရွိတြင္ ခ်ဳံႏြယ္ရွင္းလင္း‌ေရးလုပ္ငန္းကိုေဆာင္ ႐ြက္ထားၿပီး ေရွးမူမပ်က္ျပန္လည္ထိန္းသိမ္းျခင္းကို ေရွးေဟာင္းသုေတ သန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနသို႔ တင္ျပေလွ်ာက္ထားသြားမည္ျဖစ္ကာ ယခုႏွစ္ကုန္ပိုင္းတြင္ ထိန္းသိမ္းသြားမည္ျဖစ္ေၾကာင္းသိရသည္။ “ဒီႏွစ္ကုန္ေလာက္ကို လုပ္ျဖစ္မယ္ထင္ပါတယ္။ ကုန္က်စရိတ္အလႉရွင္ကလည္းေပၚၿပီေလ။ တင္တာက မၾကာေလာက္ပါဘူး။ ေရွးေဟာင္းေစတီေတြက ေခတ္သစ္လက္ရာအတိုင္းသာ ျပင္လို႔မရတာ၊ ေရွးမူမပ်က္ထိန္းမယ္ဆိုရင္ ထိန္းခြင့္ျပဳတယ္ေလ”ဟု ၎က ဆက္လက္ေျပာသည္။ ေရွးမူမပ်က္ ထိန္း သိမ္းရာတြင္ ေညာင္ပင္ႀကီးမ်ား၊ သစ္ပင္မ်ားစသည့္ သစ္ျမစ္မ်ားကို ဓာတုေဆးျဖင့္သတ္ျခင္း၊ ႀကိဳးမ်ားျဖင့္ ပစၥယာကို အစားထိုးျခင္းႏွင့္ ေရပိတ္လႊာေလာင္းျခင္းတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ေစတီႀကီးသည္ ေညာင္ရမ္းေခတ္လက္ရာမ်ားျဖစ္၍ ခရီးသြားမ်ား စိတ္ဝင္တစား လာေရာက္ေလ့လာႏိုင္သည့္ေနရာတစ္ခုျဖစ္ၿပီး ယဥ္ေက်းမႈလက္ရာမ်ားကို မယိုယြင္း၊ ၿပိဳက်၊ ပ်က္စီးသြားျခင္းမရွိ‌ေစရန္ အခ်ိန္မီထိန္းသိမ္းျခင္းျဖစ္ေၾကာင္း ၎ကေျပာသည္။

Related news

© 2021. All rights reserved.