ပြည်မြို့ရှိ တန်ဆောင်တိုင်ပွဲတွင် ပင်လယ်ဓားပြလှေပေါ်တက်သည့် လှေကားကျိုးကျမှုကြောင့် ကလေးငယ်များအပါအဝင် လူအချို့ဒဏ်ရာရ

 355

နာမူ (NP News) - နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ တန်ဆောင်တိုင်ပွဲတွင် ပင်လယ်ဓားပြလှေပေါ်တက်သည့် လှေကားကျိုးကျမှုကြောင့် ကလေးငယ်များအပါအဝင် လူအချို့ဒဏ်ရာရရှိခဲ့ကြောင်း ပြည်မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာ ၁၄ ရက်) ညပိုင်းတွင် ပြည်မြို့၊ ပြည်ရွှေဆံတော်ဘုရားစောင်းတန်းလမ်းရှိ တန်ဆောင်တိုင်ပွဲညဈေးပွဲတော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။“ပင်လယ်ဓားပြလှေကြီးကျိုးကျသွားတာမဟုတ်ဘူး။ ပင်လယ်ဓားပြပေါ်ကိုတက်တဲ့ လူတွေက တအားများတော့ လူဝိတ်နဲ့မခိုင်လို့ လှေကားကျိုးကျသွားတာ။ ညက ပြည်တန်ဆောင်တိုင်ပွဲမှာက လူတော်တော်များတာ။ လူထိခိုက်မိတာတော့ ရှိတယ်”ဟု ပြည်မြို့တွင်နေ ထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက NP News ကိုပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကလေးငယ်များအပါအဝင် လူအချို့ပွန်းပဲ့ ထိခိုက်မှုများရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား မြေပြင်ဆေးကုသမှုများလုပ် ဆောင်ပေးခဲ့ရကြောင်း သိရသည်။ လက်ရှိ ပြည်မြို့တွင် တန်ဆောင်တိုင်ပွဲတော်နှင့်အတူ ရွှေဆံတော်စေတီတော်မြတ်ကြီး စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော် (၁၂၅)ကြိမ်မြောက် ဖွင့်လှစ်ပူဇော်ပွဲကို ကျင်းပနေလျက်ရှိကြောင်း သိရသည်။

zawgyi version
ျပည္ၿမိဳ႕ရွိ တန္ေဆာင္တိုင္ပြဲတြင္ ပင္လယ္ဓားျပေလွေပၚတက္သည့္ ေလွ ကားက်ိဳးက်မႈေၾကာင့္ ကေလးငယ္မ်ားအပါအဝင္ လူအခ်ိဳ႕ဒဏ္ရာရ
နာမူ (NP News) - ႏိုဝင္ဘာ ၁၅

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕ရွိ တန္ေဆာင္တိုင္ပြဲတြင္ ပင္လယ္ဓားျပေလွေပၚတက္သည့္ ေလွကားက်ိဳးက်မႈေၾကာင့္ ကေလးငယ္မ်ားအပါအဝင္ လူအခ်ိဳ႕ဒဏ္ရာရရွိခဲ့ေၾကာင္း ျပည္ၿမိဳ႕ခံမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာ ၁၄ ရက္) ညပိုင္းတြင္ ျပည္ၿမိဳ႕၊ ျပည္ေ႐ႊဆံေတာ္ဘုရားေစာင္းတန္းလမ္းရွိ တန္ေဆာင္တိုင္ပြဲညေဈးပြဲေတာ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။“ပင္လယ္ဓားျပေလွႀကီးက်ိဳးက်သြားတာမဟုတ္ဘူး။ ပင္လယ္ဓားျပေပၚကိုတက္တဲ့ လူေတြက တအားမ်ားေတာ့ လူဝိတ္နဲ႔မခိုင္လို႔ ေလွကားက်ိဳးက်သြားတာ။ ညက ျပည္တန္ေဆာင္တိုင္ပြဲမွာက လူေတာ္ေတာ္မ်ားတာ။ လူထိခိုက္မိတာေတာ့ ရွိတယ္”ဟု ျပည္ၿမိဳ႕တြင္ေန ထိုင္သည့္ ေဒသခံအမ်ိဳးသမီးတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ကေလးငယ္မ်ားအပါအဝင္ လူအခ်ိဳ႕ပြန္းပဲ့ ထိခိုက္မႈမ်ားရွိခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ေျမျပင္ေဆးကုသမႈမ်ားလုပ္ ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။ လက္ရွိ ျပည္ၿမိဳ႕တြင္ တန္ေဆာင္တိုင္ပြဲေတာ္ႏွင့္အတူ ေ႐ႊဆံေတာ္ေစတီေတာ္ျမတ္ႀကီး စြယ္ေတာ္တိုက္ရွိ ဗုဒၶျမတ္စြယ္ေတာ္ (၁၂၅)ႀကိမ္ေျမာက္ ဖြင့္လွစ္ပူေဇာ္ပြဲကို က်င္းပေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.