ကမ္ဘာ့အပါးလွှာဆုံး လက်ပတ်နာရီကို ရုရှားနာရီထုတ်လုပ်သူတစ်ဦး တီထွင်ဖန်တီး
504
Pika (NP News) - နိုဝင်ဘာ ၁၅
ရုရှားနာရီထုတ်လုပ်သူ ကွန်စတန်တင်ချေကင်က တီထွင်ဖန်တီးထားသော Thin King နာရီသည် အထူ(၁ ဒသမ ၆၅)မီလီမီတာသာရှိပြီး ကမ္ဘာ့အပါးလွှာဆုံး စက်လက်ပတ်နာရီအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အပါးလွှာဆုံး လက်ပတ်နာရီအတွက် ပြိုင်ဆိုင်မှုများသည် ပြီးခဲ့သည့် နှစ်များအတွင်း အရှိန်အဟုန်မြင့်တက်လာခဲ့ပြီးနောက် ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံး နာရီအမှတ်တံဆိပ်တချို့သည် ထူးခြားဆန်းပြားသောဒီဇိုင်းများဖြင့် တီထွင်ဖန်တီးမှုများကို လုပ်ဆောင်ကာ ယှဉ်ပြိုင်နေကြကြောင်းလည်း သိရသည်။
ထို့နောက် ကွန်စတန်တင်ချေကင်က တီထွင်ဖန်တီးထားသော ThinKing နာရီသည် အထူ(၁ ဒသမ ၆၅)မီလီမီတာဖြင့် ကမ္ဘာ့အပါးလွှာဆုံး လက်ပတ်နာရီအဖြစ် စံချိန်ကို ရယူနိုင်ခဲ့သည်။ ကမ္ဘာ့အပါး လွှာဆုံး လက်ပတ်နာရီတွင် အလွန်ပါးလွှာသောစက်ပစ္စည်းများနှင့် ချိန်ခွင်လျှာစနစ်နှစ်ခုတို့ အပြင် နည်း ပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများပါရှိပြီး စုစုပေါင်းအလေးချိန်မှာ (၁၃ ဒသမ ၃) ဂရမ် သာရှိ ကြောင်း လည်းသိရသည်။ အထူ(၁ ဒသမ ၆၅)မီလီမီတာသာရှိသော ThinKing နာရီသည် ကမ္ဘာ့ အပါးလွှာဆုံးလက်ပတ်နာရီ ယခင်စံချိန်ကို ကိုင် ဆောင်ထားသည့် လက်ပတ်နာရီထက် (ဝ ဒသမ ၅) မီလီမီတာပိုပါးပြီး အမေရိကန်အကြွေစေ့ထက် ပိုပါးလွှာကြောင်းလည်းသိရသည်။
ထို့ပြင် ThinKing နာရီသည် နေ့စဉ် ဝတ်ဆင်ရသည့် စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အထူးထုတ်လုပ်ထားသည့် သံမဏိအမျိုးအစားဖြင့် ဖန်တီးပြုလုပ်ထားကြောင်းလည်းသိရသည်။ ThinKing နာရီ၏ လက်ပတ် ကြိုးကို မိကျောင်းသားရေဖြင့် ပြုလုပ်ထားသည့် အထူးသိုင်းကြိုးဖြင့် ဖန်တီးထားကြောင်းလည်း သိရသည်။ ThinKing နာရီကဲ့သို့ အလွန်ပါးလွှာသည့်နာရီများသည် အလွန်ဈေးကြီးပြီး ဒီဇိုင်းနှင့်ထုတ်လုပ်ရန်အတွက် လုပ်သားအင်အားကို အများအပြားအသုံးပြုရ ကြောင်းလည်းသိရသည်။အဆိုပါလက်ပတ်နာရီများကို တီထွင်ဖန်တီးနိုင်ရန်အတွက် ဈေးကြီးသောပစ္စည်းများ၊ စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများနှင့် အလုပ်လုပ်ချိန်များစွာကို လိုအပ်ကြောင်းလည်း သိရသည်။
zawgyi version
ကမာၻ႔အပါးလႊာဆုံး လက္ပတ္နာရီကို ႐ုရွားနာရီထုတ္လုပ္သူတစ္ဦး တီထြင္ဖန္တီး
Pika (NP News) - ႏိုဝင္ဘာ ၁၅
႐ုရွားနာရီထုတ္လုပ္သူ ကြန္စတန္တင္ေခ်ကင္က တီထြင္ဖန္တီးထားေသာ Thin King နာရီသည္ အထူ(၁ ဒသမ ၆၅)မီလီမီတာသာရွိၿပီး ကမာၻ႔အပါးလႊာဆုံး စက္လက္ပတ္နာရီအျဖစ္ ဂင္းနစ္စံခ်ိန္တင္ခဲ့ေၾကာင္း သိရသည္။
ကမာၻ႔အပါးလႊာဆုံး လက္ပတ္နာရီအတြက္ ၿပိဳင္ဆိုင္မႈမ်ားသည္ ၿပီးခဲ့သည့္ ႏွစ္မ်ားအတြင္း အရွိန္အဟုန္ျမင့္တက္လာခဲ့ၿပီးေနာက္ ကမာၻေပၚရွိ အေက်ာ္ၾကားဆုံး နာရီအမွတ္တံဆိပ္တခ်ိဳ႕သည္ ထူးျခားဆန္းျပားေသာဒီဇိုင္းမ်ားျဖင့္ တီထြင္ဖန္တီးမႈမ်ားကို လုပ္ေဆာင္ကာ ယွဥ္ၿပိဳင္ေနၾကေၾကာင္းလည္း သိရသည္။
ထို႔ေနာက္ ကြန္စတန္တင္ေခ်ကင္က တီထြင္ဖန္တီးထားေသာ ThinKing နာရီသည္ အထူ(၁ ဒသမ ၆၅)မီလီမီတာျဖင့္ ကမာၻ႔အပါးလႊာဆုံး လက္ပတ္နာရီအျဖစ္ စံခ်ိန္ကို ရယူႏိုင္ခဲ့သည္။ ကမာၻ႔အပါး လႊာဆုံး လက္ပတ္နာရီတြင္ အလြန္ပါးလႊာေသာစက္ပစၥည္းမ်ားႏွင့္ ခ်ိန္ခြင္လွ်ာစနစ္ႏွစ္ခုတို႔ အျပင္ နည္း ပညာပိုင္းဆိုင္ရာ ဆန္းသစ္တီထြင္မႈမ်ားပါရွိၿပီး စုစုေပါင္းအေလးခ်ိန္မွာ (၁၃ ဒသမ ၃) ဂရမ္ သာရွိ ေၾကာင္း လည္းသိရသည္။ အထူ(၁ ဒသမ ၆၅)မီလီမီတာသာရွိေသာ ThinKing နာရီသည္ ကမာၻ႔ အပါးလႊာဆုံးလက္ပတ္နာရီ ယခင္စံခ်ိန္ကို ကိုင္ ေဆာင္ထားသည့္ လက္ပတ္နာရီထက္ (ဝ ဒသမ ၅) မီလီမီတာပိုပါးၿပီး အေမရိကန္အေႂကြေစ့ထက္ ပိုပါးလႊာေၾကာင္းလည္းသိရသည္။
ထို႔ျပင္ ThinKing နာရီသည္ ေန႔စဥ္ ဝတ္ဆင္ရသည့္ စိတ္ဖိစီးမႈကို ကိုင္တြယ္ေျဖရွင္းႏိုင္ရန္ အထူးထုတ္လုပ္ထားသည့္ သံမဏိအမ်ိဳးအစားျဖင့္ ဖန္တီးျပဳလုပ္ထားေၾကာင္းလည္းသိရသည္။ ThinKing နာရီ၏ လက္ပတ္ ႀကိဳးကို မိေက်ာင္းသားေရျဖင့္ ျပဳလုပ္ထားသည့္ အထူးသိုင္းႀကိဳးျဖင့္ ဖန္တီးထားေၾကာင္းလည္း သိရသည္။ ThinKing နာရီကဲ့သို႔ အလြန္ပါးလႊာသည့္နာရီမ်ားသည္ အလြန္ေဈးႀကီးၿပီး ဒီဇိုင္းႏွင့္ထုတ္လုပ္ရန္အတြက္ လုပ္သားအင္အားကို အမ်ားအျပားအသုံးျပဳရ ေၾကာင္းလည္းသိရသည္။အဆိုပါလက္ပတ္နာရီမ်ားကို တီထြင္ဖန္တီးႏိုင္ရန္အတြက္ ေဈးႀကီးေသာပစၥည္းမ်ား၊ စက္ပိုင္းဆိုင္ရာ အစိတ္အပိုင္းမ်ားႏွင့္ အလုပ္လုပ္ခ်ိန္မ်ားစြာကို လိုအပ္ေၾကာင္းလည္း သိရသည္။