မော်လမြိုင်-ရေး ကားလမ်းတွင် (၆)ဘီးကား နှင့် ဆိုင်ကယ်တို့ တိုက်မိ၍ လူငယ်(၃)ဦးသေဆုံး

 584

နာမူ (NP News) - နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင် - ရေး ကားလမ်းတွင် (၆)ဘီးကားနှင့် ဆိုင်ကယ်တို့ တိုက်မိ၍ လူငယ်(၃)ဦးသေဆုံးသွားခဲ့ကြောင်း စေတနာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့( နိုဝင်ဘာလ ၁၅ ရက်)၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်က မုဒုံမြို့နယ်၊ မော်လမြိုင်-ရေး အဝေးပြေးလမ်းမကြီးပေါ် ခပ်ရခပ်ယူထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ခြောက်ဘီးကားနဲ့ ဆိုင်ကယ်နဲ့ တိုက်တာ။ ဆိုင်ကယ်က လူသုံးယောက် စီးလာတာ။ ခြောက်ဘီးကားက မော်လမြိုင်ကနေ သံဖြုဇရပ်ဂိတ်ကို လာတာ။ ဆိုင်ကယ်က အဲဒီလမ်းကြားက ထွက်လာတာမှာ လမ်းပေါ်အတက်မှာ တိုက်မိတာပေါ့” ဟု စေတနာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်တွင်လိုက်ပါလာသည့် အသက်(၁၆)နှစ်ဝန်းကျင် အမျိုးသား(၂)ဦး နှင့် အသက်(၂၀)နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“တစ်ယောက်ကတော့ ခေါင်းပွင့်သွားတာပေါ့နော်။ ခေါင်း မရှိတော့ဘူး။ မျက်လုံးတစ်လုံးပဲ ကျန်ခဲ့တယ်။ ကျန်တဲ့(၂)ယောက်က အတွင်းကြေသွားတာ။ လုံးဝပြားချပ်သွားတာ။ (၂)ယောက်က နေရာမှာတင် ပွဲချင်းပြီး သေတယ်။ ယောက်ျားလေးတစ်ယောက်က ဆေးရုံအရောက်မှ သေတာ။ ကားသမားကို အခုထိ မမိသေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသူများ၏ ရုပ်အလောင်းကို စေတနာလူမှုကူညီရေးအသင်း နှင့် ရွှေရောင်နေ့သစ်လူမှုအထောက်အကူပြုအသင်း(မြိတ်)တို့က မုဒုံမြို့နယ်ပြည်သူဆေးရုံကြီး၏ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေမာ္လၿမိဳင္-ေရး ကားလမ္းတြင္ (၆)ဘီးကား ႏွင့္ ဆိုင္ကယ္တို႔ တိုက္မိ၍ လူငယ္(၃)ဦးေသဆုံး
နာမူ (NP News) - ႏိုဝင္ဘာ ၁၆

မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္၊ ေမာ္လၿမိဳင္ - ေရး ကားလမ္းတြင္ (၆)ဘီးကားႏွင့္ ဆိုင္ကယ္တို႔ တိုက္မိ၍ လူငယ္(၃)ဦးေသဆုံးသြားခဲ့ေၾကာင္း ေစတနာရွင္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔( ႏိုဝင္ဘာလ ၁၅ ရက္)၊ မြန္းလြဲ ၁၂ နာရီ ၄၀ မိနစ္အခ်ိန္ခန႔္က မုဒုံၿမိဳ႕နယ္၊ ေမာ္လၿမိဳင္-ေရး အေဝးေျပးလမ္းမႀကီးေပၚ ခပ္ရခပ္ယူထိုင္ေတာ္မူ ဗုဒၶ႐ုပ္ပြားေတာ္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ေျခာက္ဘီးကားနဲ႔ ဆိုင္ကယ္နဲ႔ တိုက္တာ။ ဆိုင္ကယ္က လူသုံးေယာက္ စီးလာတာ။ ေျခာက္ဘီးကားက ေမာ္လၿမိဳင္ကေန သံျဖဳဇရပ္ဂိတ္ကို လာတာ။ ဆိုင္ကယ္က အဲဒီလမ္းၾကားက ထြက္လာတာမွာ လမ္းေပၚအတက္မွာ တိုက္မိတာေပါ့” ဟု ေစတနာရွင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေပၚတြင္လိုက္ပါလာသည့္ အသက္(၁၆)ႏွစ္ဝန္းက်င္ အမ်ိဳးသား(၂)ဦး ႏွင့္ အသက္(၂၀)ႏွစ္ဝန္းက်င္ အမ်ိဳးသမီးတစ္ဦးတို႔တြင္ ထိခိုက္ဒဏ္ရာမ်ား ျပင္းထန္စြာရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“တစ္ေယာက္ကေတာ့ ေခါင္းပြင့္သြားတာေပါ့ေနာ္။ ေခါင္း မရွိေတာ့ဘူး။ မ်က္လုံးတစ္လုံးပဲ က်န္ခဲ့တယ္။ က်န္တဲ့(၂)ေယာက္က အတြင္းေၾကသြားတာ။ လုံးဝျပားခ်ပ္သြားတာ။ (၂)ေယာက္က ေနရာမွာတင္ ပြဲခ်င္းၿပီး ေသတယ္။ ေယာက္်ားေလးတစ္ေယာက္က ေဆး႐ုံအေရာက္မွ ေသတာ။ ကားသမားကို အခုထိ မမိေသးဘူး” ဟု ၎က ဆက္လက္ေျပာသည္။
ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္းကို ေစတနာလူမႈကူညီေရးအသင္း ႏွင့္ ေ႐ႊေရာင္ေန႔သစ္လူမႈအေထာက္အကူျပဳအသင္း(ၿမိတ္)တို႔က မုဒုံၿမိဳ႕နယ္ျပည္သူေဆး႐ုံႀကီး၏ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.