အင်းလေး၏ နာမည်ကြီး Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုများပြား
1296
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသ၏ နာမည်ကြီး Inle Princess Resort ဟိုတယ်တွင် မီးလောင်မှုဖြစ်ပွား၍ ပျက်စီးဆုံးရှုံးမှုများပြား ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
မီးလောင်မှုသည် ယမန်နေ့(နိုဝင်ဘာ ၁၅ ရက်)၊ ည ၇ နာရီ ၃ဝ မိနစ်အချိန်ခန့်က ညောင်ရွှေမြို့နယ်၊ မန်ကျီးစင်ရွာ Inle Princess Resort ဟိုတယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အင်းလေးနားမှာ နာမည်ကြီးတဲ့ Inle Princess Resort ဆိုတဲ့ ဟိုတယ် မီးလောင်တာပါ။ မီးပုံးပျံကျပြီးလောင်တာလို့တော့ ပြောကြတယ်။ မီးက တော်တော်များလို့ ပျက်စီဆုံးရှုံးမှုက များပါလိမ့်မယ်” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
မီးလောင်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း Inle Princess Resort ဟိုတယ် ဝန်းအတွင်းရှိ အဆောက်အဦးများစွာ မီးလောက်ပျက်စီးသွားခဲ့ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
အဆိုပါ ဟိုတယ်သည် NLD အစိုးရလက်ထက်က ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဖြစ်ခဲ့ဖူးသူ ဦးအုန်းမောင်ပိုင်ဆိုင်သည့် ဟိုတယ်ဖြစ်ပြီး အင်းလေးဒေသ၌ ထင်ရှားသော အဆောက်အဦးတစ်ခုအဖြစ် ဒေသခံများက အသိအမှတ်ပြုထားသော ဟိုတယ်ဖြစ်ကြောင်းလည်း သိရသည်။
၎င်းဟိုတယ်မီးလောင်မှုကို ညောင်ရွှေမြို့နယ်မီးသတ်တပ်ဖွဲ့၊ သန္ဓေမီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ အပါအဝင် ဒေသခံများက တစ်နာရီခန့်အကြာ ဝိုင်းမီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်အတိအကျ နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Zawgyi Version;
အင္းေလး၏ နာမည္ႀကီး Inle Princess Resort ဟိုတယ္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ပ်က္စီးဆုံးရႈံးမႈမ်ားျပား
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၆
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေညာင္ေ႐ႊၿမိဳ႕နယ္ရွိ အင္းေလးေဒသ၏ နာမည္ႀကီး Inle Princess Resort ဟိုတယ္တြင္ မီးေလာင္မႈျဖစ္ပြား၍ ပ်က္စီးဆုံးရႈံးမႈမ်ားျပား ေဒသခံလူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။
မီးေလာင္မႈသည္ ယမန္ေန႔(ႏိုဝင္ဘာ ၁၅ ရက္)၊ ည ၇ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ေညာင္ေ႐ႊၿမိဳ႕နယ္၊ မန္က်ီးစင္႐ြာ Inle Princess Resort ဟိုတယ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အင္းေလးနားမွာ နာမည္ႀကီးတဲ့ Inle Princess Resort ဆိုတဲ့ ဟိုတယ္ မီးေလာင္တာပါ။ မီးပုံးပ်ံက်ၿပီးေလာင္တာ လို႔ေတာ့ ေျပာၾကတယ္။ မီးက ေတာ္ေတာ္မ်ားလို႔ ပ်က္စီဆုံးရႈံးမႈက မ်ားပါလိမ့္မယ္” ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
မီးေလာင္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း Inle Princess Resort ဟိုတယ္ ဝန္းအတြင္းရွိ အေဆာက္အဦးမ်ားစြာ မီးေလာက္ပ်က္စီးသြားခဲ့ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
အဆိုပါ ဟိုတယ္သည္ NLD အစိုးရလက္ထက္က ဟိုတယ္ႏွင့္ခရီးသြားဝန္ႀကီးျဖစ္ခဲ့ဖူးသူ ဦးအုန္းေမာင္ပိုင္ဆိုင္သည့္ ဟိုတယ္ျဖစ္ၿပီး အင္းေလးေဒသ၌ ထင္ရွားေသာ အေဆာက္အဦးတစ္ခုအျဖစ္ ေဒသခံမ်ားက အသိအမွတ္ျပဳထားေသာ ဟိုတယ္ျဖစ္ေၾကာင္းလည္း သိရသည္။
၎ဟိုတယ္မီးေလာင္မႈကို ေညာင္ေ႐ႊၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕၊ သေႏၶမီးသတ္တပ္ဖြဲ႕၊ အရန္မီးသတ္တပ္ဖြဲ႕ အပါအဝင္ ေဒသခံမ်ားက တစ္နာရီခန႔္အၾကာ ဝိုင္းမီးျငႇိမ္းသတ္ခဲ့ၿပီး မီးေလာင္မႈျဖစ္စဥ္အတိအက် ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား ဆက္လက္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။