ဘုရားစေတီများနှင့်တန်ဆောင်တိုင်ပွဲတော်များသို့ ခရီးသွားဝင်ရောက်မှုနှုန်း ကိုဗစ်မတိုင်ခင်ကာလ နီးပါးအထိ ပြန်လည်ရောက်ရှိလာ
265
သန့်ဇင်၊ ချယ်ရီ (NP News) - နိုဝင်ဘာ ၁၇
ထင်ရှားသော ဘုရားစေတီများနှင့် တန်ဆောင်တိုင်ပွဲတော်များသို့ ခရီးသွားဝင်ရောက်မှု အခြေ အနေသည် ကိုဗစ်ကာလမတိုင်ခင်က ပမာဏ နီးပါးအထိ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ နစကအစိုးရက ယခုနှစ် နိုဝင်ဘာ(၁၅)ရက်တွင် ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖ လ အခါတော်နေ့)အတွက် အစိုးရရုံးပိတ်ရက်အဖြစ် (၃)ရက်တိတိသတ်မှတ်ပေးခဲ့သည်။
ရန်ကုန်မြို့တွင်ထင်ရှားသော ရွှေတိဂုံစေတီတော်သို့ ယခုနှစ်တန်ဆောင်တိုင်ကာလတွင် ဘုရားဖူး ပြည်သူ လာရောက်မှုသည်(၁၆၀ဝဝဝ) နီးပါး ထိရှိခဲ့ပြီး ကိုဗစ်(၁၉)ကာလမတိုင်မီက ပမာဏနီးပါး အထိ ရောက်ရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက NP News သို့ ပြောသည်။
ကိုဗစ်ကပ်ရောဂါမဖြစ်ပွားခင် သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့်နေ့ကဲ့သို့ နေ့ထူး နေ့မြတ်တို့၌ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက်သော လူဦးရေသည်(၂၀ဝဝဝ၀)ဝန်းကျင် ရှိခဲ့ဖူးပြီး ယခုနှစ် ၎င်းနေ့ထူးနေ့မြတ်များတွင်လည်း (၁၀ဝဝဝ၀)ဝန်းကျင် လာရောက်သည့်အတွက် ကိုဗစ်ကပ် ရောဂါ မတိုင်မီ ပမာဏနီးပါးသို့ ပြန်လည် ရောက်ရှိလာကြောင်း ゞင်းကဆိုသည်။
“ သီတင်းကျွတ်တုန်းကလည်း ရွှေတိဂုံ စေတီတော်ကို ဘုရားဖူးလာတာ (၁၅၀ဝဝဝ)လောက် ရှိ တယ်။ အဲဒါ အရင်တုန်းက သဘောက (၂၀ဝဝဝ၀) လောက်ဝင်ရင် အခုလည်းအဲဒီလောက် ဝင်တယ်။ ပြောချင်တာကတော့ အရင်တုန်းက (၂၀ဝဝဝ၀) လောက်ဝင်ရင် အခုနှစ်က (၁၅၀ဝဝဝ)။ (၁၆၀ဝဝဝ) လောက်ဝင်ပါတယ်။ အရင်ကထက်တော့ တိုးလာပါ တယ်။ အရင်ကလိုပဲ ကျွန်တော်တို့က မသိုးသင်္ကန်း ရက်ပြိုင်ပွဲ နေ့ဆိုရင် ညအိပ်ခွင့်ပြုတယ်။ အဲဒါနဲ့ ကိုဗစ်(၁၉)ကာလရယ် နောင်ပိုင်းမှာ နိုင်ငံရေးအရ လုံခြုံ ရေး အရမဖြစ်တဲ့အခါမျိုးမှာ အချိန်ကန့်သက် လိုက်ပေမယ့် အခုဒီလိုပွဲမှာ အရင်အတိုင်းပဲ ညအိပ်ခွင့် ပြုပါတယ်” ဟု ဦးဘိုးသင်းက ပြောသည်။
ရွှေတိဂုံစေတီတော်၌ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်တွင် စတုဒီသာအလှူရှင်များ၊ ဆီမီး ပူ ဇော် သူများ၊ ဘုရားဖူးဧည့်သည်များနှင့် စည်ကား သိုက်မြိုက်ခဲ့ပြီး စေတီတော်အားဖူးမြော်ခွင့်ကိုလည်း ယခင်အတိုင်း နံနက် (၄)နာရီမှ ည(၁၀)နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ တန်ဆောင်မုန်း လပြည့်နေတွင် ဘုရားဖူးခရီးသွား(၂၀ဝဝဝ)နီးပါး လာရောက်ဖူးမြော်ခဲ့ပြီး ယခင်ကိုဗစ်(၁၉)ကပ်ရောဂါ ဖြစ်ပွားပြီးကာလနောက်ပိုင်း အများဆုံးစံချိန်တင် ဘုရားဖူးခရီးသွားလာရောက်ကြောင်း ကျိုက်ထီးရိုးစေ တီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက NP News သို့ ပြောသည်။
“ အဖိတ်နေ့မှာတော့ (၁၃၀ဝဝ)ကျော်လာတယ်။ လပြည့်နေ့ကတော့ပိုများတယ်။ ကားတွေက တော့ တက်တုန်းပဲ။ ကိုဗစ်မတိုင်မီကာလတွေကိုတော့ မမီဘူးပေါ့နော်။ ဒီဘက်ကာလမှာဆိုရင်တော့ အခုနှစ်က အများဆုံးပါပဲလို့ပြောရမှာပဲ။ ကိုဗစ်ကာလနောက်ပိုင်းမှာ ဒီနှစ်က စံချိန်အများဆုံးပဲဖြစ်တာ လို့ပြောရမယ်။ ကိုဗစ် ကာလမတိုင်မီတုန်းကဆိုရင်တော့ (၂၀ဝဝဝ)ကျော် (၃၀ဝဝဝ)လောက်အထိလာခဲ့ တာ” ဟု ဦးစိုးလှက ဆိုသည်။
လက်ရှိတွင် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်တောင်ပေါ်သို့ ကင်ပွန်းစခန်းကားဂိတ်မှ ကား အစီးရေ (၁၅၂) စီး ဖြင့် ဘုရားဖူးခရီးသွားများကို ပို့ဆောင်ပေးနေလျက်ရှိပြီး တန်ဆောင်မုန်းလပြည့်နေ့ တွင် ဘုရားဖူးခရီးသွားများ အဆင်ပြေစေရန် ည (၇)နာရီအထိ တစ်နာရီထပ်တိုးပြေးဆွဲပေးခဲ့ကြောင်း သိရ သည်။ အလားတူ နိုင်ငံအတွင်း ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သော တောင်ကြီးတန်ဆောင်တိုင်ပွဲတော် တွင်လည်း ယခုနှစ်တန်ဆောင်မုန်းလပြည့်နေ့တွင် လာရောက်လည်ပတ်သူဦးရေမှာ ယခင်ကိုဗစ် (၁၉) ကာလ မတိုင်မီက ပမာဏထက် ပိုမိုများပြားကာ စည်ကားနေကြောင်း တောင်ကြီးတန်ဆောင်တိုင်ပွဲ တော် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
“ဒီတစ်နှစ်ကတော့ ခါတိုင်းနှစ်တွေထက် စာရင် ဧည့်သည်တွေက တအားကြီး စည်ကားသိုက် မြိုက်နေတယ်ပေါ့နော်။ ကျွန်တော်တို့ ရှမ်းပြည်နယ် တန်ဆောင်တိုင်ပွဲတော်ကို အနယ်နယ်အရပ်ရပ်က ဧည့်သည်တွေက လာရောက်အားပေးကြပါတယ်။ ဒီနှစ်လူစည်ကားတာက အရင်ကိုဗစ်မတိုင်မီ (၂၀၁၉) ခုနှစ်တုန်းကထက်ကို ပိုစည်ပါတယ် ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အချို့သော တိုင်း နှင့်ပြည်အချို့မှ မြို့များတွင်လည်း တန်ဆောင်းမုန်းလ ပြည့်နေ့၌ တန်ဆောင်တိုင်ပွဲတော်များကို စည်ကား သိုက်မြိုက်စွာကျင်းခဲ့ပြီး စတုဒီသာကျွေးမွေး လှူဒါန်း ခြင်း၊ ပွဲတော်များကျင်းပခြင်းနှင့် ပံ့သကူပစ်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။