တာမွေမြို့နယ်ရှိ ဘုန်ကြီးကျောင်းတွင် လက်လုပ်လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူ
840
စော (NP News) - နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွင် လက်လုပ်လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာတစ်ခုမှမေးမြန်းထားမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ယ နေ့(နိုဝင်ဘာ ၁၈ ရက်)၊ နံနက် (၈)နာရီ (၁၀)မိနစ်အချိန်က တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သံသုမာလမ်း၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းတိုက်အတွင်း လက်လုပ်လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် (၃)ထပ်ကျောင်းဆောင်အောက်ထပ်၊ ခြံစည်းရိုးဘေးကပ်လျက်အခန်းတွင် သီတင်းသုံးနေသည့် ရပ်ကွက်သံဃာနာယကဥက္ကဋ္ဌ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် ပျံလွန်တော်မူခဲ့သော ကျောင်းထိုင်ဆရာတော်မှာ ဦးဉာဏဝံသဖြစ်ပြီး သက်တော်(၅၇)နှစ်၊ ဝါတော်(၃၇)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖောက်ခွဲမှုကို ကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
zawgyi version
တာေမြၿမိဳ႕နယ္ရွိ ဘုန္ႀကီးေက်ာင္းတြင္ လက္လုပ္လက္ပစ္ဗုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ဆရာေတာ္တစ္ပါး ပ်ံလြန္ေတာ္မူ
ေစာ (NP News) - ႏိုဝင္ဘာ ၁၈
ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္ရွိ ဘုန္းႀကီးေက်ာင္းတြင္ လက္လုပ္လက္ပစ္ဗုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ဆရာေတာ္တစ္ပါး ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္ထားသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မီဒီယာတစ္ခုမွေမးျမန္းထားမႈအေပၚ နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က အထက္ပါကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။ ယ ေန႔(ႏိုဝင္ဘာ ၁၈ ရက္)၊ နံနက္ (၈)နာရီ (၁၀)မိနစ္အခ်ိန္က တာေမြၿမိဳ႕နယ္၊ ေမတၱာၫြန႔္ရပ္ကြက္၊ သံသုမာလမ္း၊ ျမန္မာ့ဂုဏ္ေရာင္အိမ္ရာဝန္းအတြင္းရွိ ၿမိဳ႕ဦးပရိယတၱိစာသင္တိုက္တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်ာင္းတိုက္အတြင္း လက္လုပ္လက္ပစ္ဗုံးေပါက္ကြဲမႈေၾကာင့္ (၃)ထပ္ေက်ာင္းေဆာင္ေအာက္ထပ္၊ ၿခံစည္း႐ိုးေဘးကပ္လ်က္အခန္းတြင္ သီတင္းသုံးေနသည့္ ရပ္ကြက္သံဃာနာယကဥကၠ႒ ဆရာေတာ္တစ္ပါး ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သိရသည္။ ေပါက္ကြဲမႈေၾကာင့္ ပ်ံလြန္ေတာ္မူခဲ့ေသာ ေက်ာင္းထိုင္ဆရာေတာ္မွာ ဦးဉာဏဝံသျဖစ္ၿပီး သက္ေတာ္(၅၇)ႏွစ္၊ ဝါေတာ္(၃၇)ႏွစ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေဖာက္ခြဲမႈကို က်ဴးလြန္ခဲ့သူမ်ားအား ဖမ္းဆီးရမိေရး စုံစမ္းစစ္ေဆးရွာေဖြမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။