Miss Grand International နဲ့ 2024 Winner ရရှိခဲ့တဲ့ Miss Grand India တရားဝင် လက်တွဲဖြုတ်

 1365

ရောင်နီ (NP News) - နိုဝင်ဘာ ၁၈

Miss Grand India အဖွဲ့အစည်းက ထိုင်းနိုင်ငံအခြေစိုက် Miss Grand International အဖွဲ့အစည်းနဲ့ လက်တွဲဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ Miss Grand India အင်စတာဂရမ်လူမှုကွန်ရက်မှာ နိုဝင်ဘာ ၁၇ ရက်က တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်စာမှာ "Miss Grand International ဟာ Miss Grand India ရဲ့ရှေ့ဆက်သွားမယ့် ရည်မှန်းချက်အမြင်တွေနဲ့ကွဲပြားနေတာကြောင့် အခုလို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်" လို့ ဆိုပါတယ်။
ဒီလိုလက်တွဲဖြုတ်ပြီးနောက်လည်း Miss Grand India အနေနဲ့ အခြားရည်မှန်းထားတဲ့အစီအစဉ်တွေမှာ အာရုံစိုက်လုပ်ကိုင်နိုင်ပြီဖြစ်ပြီး အဲဒီအစီအစဉ်တွေကိုလည်း မကြာမီ ချပြသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကို Miss Grand India အဖွဲ့အစည်းဥက္ကဋ္ဌ နီခီလ်အနန်ရဲ့လက်မှတ်နဲ့ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။

Miss Grand International 2024 ပြိုင်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်က ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာရှိတဲ့ MGI Hall မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ Winner သရဖူကို အိန္ဒိယအလှမယ် ရေချယ် 1st runner up ဆုကို ဖိလစ်ပိုင်အလှမယ် ခရစ်စတင်ဂျူလီယန်၊ 2nd runner up ဆုကို မြန်မာအလှမယ် သဲစုငြိမ်းတို့က ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

Miss Grand International 2024 ပြိုင်ပွဲ ဆုရလဒ်စာရင်း ကြေညာပြီးနောက် Miss Grand International အဖွဲ့အစည်း နဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သဲစုငြိမ်း အပါအဝင် နေရှင်နယ်ဒါရိုက်တာ ထူးအံ့လွင်တို့ကြားမှာလည်း ပြဿနာများစွာဖြစ်ပေါ်ခဲ့တာပါ။ အလှမယ်သဲစုငြိမ်းကလည်း 2nd runner up ဆုကို လက်ခံလိုခြင်းမရှိကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သလို Miss Grand International အဖွဲ့အစည်းဘက်ကလည်း မြန်မာနိုင်ငံအလှမယ် သဲစုငြိမ်း ရရှိထားတဲ့ 2nd runner up ဆုကို ပြန်လည်ရုပ်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လက်ရှိမှာတော့ Miss Grand International အဖွဲ့အစည်းရဲ့နောက်ကွယ်က မသမာမှုများစွာထွက်ပေါ်ခဲ့သလို ဂုဏ်သတင်းများ ကျဆင်းလျက်ရှိပြီး ဝေဖန်ပြောဆိုခြင်း ခံနေရတာဖြစ်ပါတယ်။

Zawgyi Version;
Miss Grand International နဲ႔ 2024 Winner ရရွိခဲ့တဲ့ Miss Grand India တရားဝင္ လက္တြဲျဖဳတ္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၈

Miss Grand India အဖြဲ႕အစည္းက ထိုင္းႏိုင္ငံအေျခစိုက္ Miss Grand International အဖြဲ႕အစည္းနဲ႔ လက္တြဲေဆာင္႐ြက္မႈေတြ ဆက္လက္ျပဳလုပ္ေတာ့မွာ မဟုတ္ဘူးလို႔ Miss Grand India အင္စတာဂရမ္လူမႈကြန္ရက္မွာ ႏိုဝင္ဘာ ၁၇ ရက္က တရားဝင္ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။

ထုတ္ျပန္စာမွာ "Miss Grand International ဟာ Miss Grand India ရဲ႕ေရွ႕ဆက္သြားမယ့္ ရည္မွန္းခ်က္အျမင္ေတြနဲ႔ကြဲျပားေနတာေၾကာင့္ အခုလို လက္တြဲျဖဳတ္ဖို႔ ဆုံးျဖတ္ခဲ့တယ္" လို႔ ဆိုပါတယ္။
ဒီလိုလက္တြဲျဖဳတ္ၿပီးေနာက္လည္း Miss Grand India အေနနဲ႔ အျခားရည္မွန္းထားတဲ့အစီအစဥ္ေတြမွာ အာ႐ုံစိုက္လုပ္ကိုင္ႏိုင္ၿပီျဖစ္ၿပီး အဲဒီအစီအစဥ္ေတြကိုလည္း မၾကာမီ ခ်ျပသြားမွာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။
အဆိုပါ ထုတ္ျပန္ခ်က္ကို Miss Grand India အဖြဲ႕အစည္းဥကၠ႒ နီခီလ္အနန္ရဲ႕လက္မွတ္နဲ႔ထုတ္ျပန္လာျခင္းျဖစ္ပါတယ္။

Miss Grand International 2024 ၿပိဳင္ပြဲကို ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၅ ရက္က ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕မွာရွိတဲ့ MGI Hall မွာ က်င္းပခဲ့တာျဖစ္ပါတယ္။ အဲဒီၿပိဳင္ပြဲမွာ Winner သရဖူကို အိႏၵိယအလွမယ္ ေရခ်ယ္ 1st runner up ဆုကို ဖိလစ္ပိုင္အလွမယ္ ခရစ္စတင္ဂ်ဴလီယန္၊ 2nd runner up ဆုကို ျမန္မာအလွမယ္ သဲစုၿငိမ္းတို႔က ဆြတ္ခူးရရွိခဲ့တာျဖစ္ပါတယ္။

Miss Grand International 2024 ၿပိဳင္ပြဲ ဆုရလဒ္စာရင္း ေၾကညာၿပီးေနာက္ Miss Grand International အဖြဲ႕အစည္း နဲ႔ ျမန္မာႏိုင္ငံကိုယ္စားျပဳအလွမယ္ သဲစုၿငိမ္း အပါအဝင္ ေနရွင္နယ္ဒါ႐ိုက္တာ ထူးအံ့လြင္တို႔ၾကားမွာလည္း ျပႆနာမ်ားစြာျဖစ္ေပၚခဲ့တာပါ။ အလွမယ္သဲစုၿငိမ္းကလည္း 2nd runner up ဆုကို လက္ခံလိုျခင္းမရွိေၾကာင္း တရားဝင္ထုတ္ေဖာ္ေျပာၾကားခဲ့သလို Miss Grand International အဖြဲ႕အစည္းဘက္ကလည္း ျမန္မာႏိုင္ငံအလွမယ္ သဲစုၿငိမ္း ရရွိထားတဲ့ 2nd runner up ဆုကို ျပန္လည္႐ုပ္သိမ္းေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
လက္ရွိမွာေတာ့ Miss Grand International အဖြဲ႕အစည္းရဲ႕ေနာက္ကြယ္က မသမာမႈမ်ားစြာထြက္ေပၚခဲ့သလို ဂုဏ္သတင္းမ်ား က်ဆင္းလ်က္ရွိၿပီး ေဝဖန္ေျပာဆိုျခင္း ခံေနရတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.