သန်လျင်၌ ဆီဘောက်ဆာကားတစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား

 439

ချယ်ရီ (NP News) - နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် ဆီဂါလန်(၃၁၀၀)ဆံ့ ဆီဘောက်ဆာကားတစ်စီး ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သန်လျင်မီးသတ်စခန်းထံမှ သိရသည်။

မီးလောင်မှုမှာ ယနေ့(နိုဝင်ဘာလ ၁၉ ရက်)၊ နံနက် အစောပိုင်း ၃နာရီ ၄၅ မိနစ်အချိန်ခန့်က သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ အမှတ်(၂)လမ်းမကြီး၊ ကုလားဝဲတံတားအဆင်းတွင် ဖြစ်ပွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့က အမှတ်(၂)လမ်းမကြီးပေါ်မှာ ညအိပ်ရပ်နားတဲ့ကား။ အဲဒါ ဒဂုံဆိပ်ကမ်းဘက်ကို မနက်ပိုင်းသွားမယ်ဆိုပြီး ကားသမားတွေက စက်နှိုးဘာညာလုပ်တော့ ဝါယာကြိုးတွေ၊ ဘက်ထရီငုတ်တွေက နည်းနည်း ပြဿနာရှိတယ် ထင်ပါတယ်။ အဲဒီမှာ သော့ဖွင့်လိုက်တော့ မီးတွေ၊ ဘာတွေ စပွင့်တယ်။ ယာဉ်မောင်းကလည်း ပြောတယ်။ ကားဆီထုတ်တဲ့အပေါက်က ဆီတွေကလည်း ယိုနေတယ်။ ဆီယိုတာကလည်း ကားခေါင်း အနောက်နား လေးမှာ ယိုတာ။ ဘက်ထရီကလည်း အဲဒီမှာပဲဆိုတော့ ဆီယိုစိမ့်တဲ့ဟာနဲ့ မီးပွားတွေနဲ့ ထိပြီးတော့ မီးစလောင်တာပေါ့”ဟု မီးသတ်ဦးစီးမှူးက ပြော သည်။

အဆိုပါ ဆီတင်ယာဉ်သည် သန်လျင်ဘက်မှ ဒီဇယ် ဂါလန်(၃၁၀၀) တင် ဆောင်လာပြီး ဒဂုံဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်ကာ ကားမီးလောင် မှုတွင် ယာဉ်မောင်းအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ကားက တော်တော်လေးကို မီးလောင်နေပြီဗျ။ ခေါင်းပိုင်းတွေ လောင်သွားပြီ။ နောက်က ဆီကန်ကြီးဆိုရင် အပေါ်အမိုးပိုင်းက ပွင့်ပြီးတော့မှ မီးလောင်နေပြီ။ ကားက ဒီဇယ်တင်ကား ဖြစ်သွားတော့ ကံကောင်းတာပေါ့နော်။ တခြားဓာတ်ဆီ တင်လာတယ်ဆိုရင် သွားပြီပေါ့နော်” ဟု ၎င်းက ဆိုသည်။

မီးလောင်မှုများခဲ့သော်လည်း အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့သောကြောင့် ဆီအပါအဝင် ကားတစ်စီးလုံး လောင်ကျွမ်းခဲ့ခြင်းမဟုတ်၍ ဆုံးရှုံးမှုတန်ဖိုးအရ ခန့်မှန်းခြေအားဖြင့် ကျပ်သိန်း(၂၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြော သည်။ “ဆီသည်ယာဉ်တွေအတွက် အဓိက ကတော့ ဆီသည်ယာဉ်တွေ သွားလာတဲ့အချိန်မှာ မီးသတ်ဆေးဘူးတွေကို လုံလုံလောက်လောက် ဆောင်စေချင်တာပေါ့နော်။ ပြီးတော့ ယာဉ်မောင်းတွေကလည်း ဆီသည်ယာဉ်ဖြစ်တဲ့အတွက်ရယ်၊ ရာသီဥတုက ပူလာပြီဆိုတော့ အချိန်မရွေး မီးက ထလောင်နိုင်တဲ့အတွက်ကြောင့် ဓာတ်ဆီ၊ ဒီဇယ် ဘာကားပဲဖြစ်ဖြစ် အခုလိုဖြစ်စဉ်မျိုးတွေ မဖြစ်အောင် ယာဉ်တွေကို စစ်ဆေးပြီးတော့မှ မောင်းသင့်တာပေါ့။ ပြီးရင် ဆီကားမောင်းနေတဲ့အချိန်မှာလည်း မီးအန္တရာယ်နဲ့ စိုးရိမ်ရတဲ့ ဆေးလိပ်တို့၊ ပြီးရင် အရက်သောက်တာတွေလည်း အလေးထားဂရုပြုသင့်ပါတယ်”ဟု သန်လျင်မီးသတ်စခန်းမှဦးစီးမှူးက အကြုံထားသည်။

အလားတူ ပြီးခဲ့သည့်(နိုဝင်ဘာလ ၁၂ ရက်)က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်မှ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းပေါ်တွင် ဂါလန်(၇၉၀၀)တင် ဆီဘောက်ဆာကားတစ်စီး တိမ်းမှောက်မီးလောင်ရာ လူတစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
သန္လ်င္၌ ဆီေဘာက္ဆာကားတစ္စီး ဝါယာေရွာ့ျဖစ္ကာ မီးေလာင္မႈျဖစ္ပြား
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၁၉

ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္တြင္ ဆီဂါလန္(၃၁၀၀)ဆံ့ ဆီေဘာက္ဆာကားတစ္စီး ဝါယာေရွာ့ျဖစ္၍ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သန္လ်င္မီးသတ္စခန္းထံမွ သိရသည္။

မီးေလာင္မႈမွာ ယေန႔(ႏိုဝင္ဘာလ ၁၉ ရက္)၊ နံနက္ အေစာပိုင္း ၃နာရီ ၄၅ မိနစ္အခ်ိန္ခန႔္က သန္လ်င္ၿမိဳ႕နယ္၊ ကုလားဝဲေက်း႐ြာ၊ အမွတ္(၂)လမ္းမႀကီး၊ ကုလားဝဲတံတားအဆင္းတြင္ ျဖစ္ပြာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူတို႔က အမွတ္(၂)လမ္းမႀကီးေပၚမွာ ညအိပ္ရပ္နားတဲ့ကား။ အဲဒါ ဒဂုံဆိပ္ကမ္းဘက္ကို မနက္ပိုင္းသြားမယ္ဆိုၿပီး ကားသမားေတြက စက္ႏႈိးဘာညာလုပ္ေတာ့ ဝါယာႀကိဳးေတြ၊ ဘက္ထရီငုတ္ေတြက နည္းနည္း ျပႆနာရွိတယ္ ထင္ပါတယ္။ အဲဒီမွာ ေသာ့ဖြင့္လိုက္ေတာ့ မီးေတြ၊ ဘာေတြ စပြင့္တယ္။ ယာဥ္ေမာင္းကလည္း ေျပာတယ္။ ကားဆီထုတ္တဲ့အေပါက္က ဆီေတြကလည္း ယိုေနတယ္။ ဆီယိုတာကလည္း ကားေခါင္း အေနာက္နား ေလးမွာ ယိုတာ။ ဘက္ထရီကလည္း အဲဒီမွာပဲဆိုေတာ့ ဆီယိုစိမ့္တဲ့ဟာနဲ႔ မီးပြားေတြနဲ႔ ထိၿပီးေတာ့ မီးစေလာင္တာေပါ့”ဟု မီးသတ္ဦးစီးမႉးက ေျပာ သည္။

အဆိုပါ ဆီတင္ယာဥ္သည္ သန္လ်င္ဘက္မွ ဒီဇယ္ ဂါလန္(၃၁၀၀) တင္ ေဆာင္လာၿပီး ဒဂုံဆိပ္ကမ္းသို႔ သြားေရာက္မည္ျဖစ္ကာ ကားမီးေလာင္ မႈတြင္ ယာဥ္ေမာင္းအပါအဝင္ ထိခိုက္ဒဏ္ရာရရွိသူ မရွိခဲ့ေၾကာင္းလည္း သိရသည္။

“ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္မွာ ကားက ေတာ္ေတာ္ေလးကို မီးေလာင္ေနၿပီဗ်။ ေခါင္းပိုင္းေတြ ေလာင္သြားၿပီ။ ေနာက္က ဆီကန္ႀကီးဆိုရင္ အေပၚအမိုးပိုင္းက ပြင့္ၿပီးေတာ့မွ မီးေလာင္ေနၿပီ။ ကားက ဒီဇယ္တင္ကား ျဖစ္သြားေတာ့ ကံေကာင္းတာေပါ့ေနာ္။ တျခားဓာတ္ဆီ တင္လာတယ္ဆိုရင္ သြားၿပီေပါ့ေနာ္” ဟု ၎က ဆိုသည္။

မီးေလာင္မႈမ်ားခဲ့ေသာ္လည္း အခ်ိန္မီ မီးျငႇိမ္းသတ္ႏိုင္ခဲ့ေသာေၾကာင့္ ဆီအပါအဝင္ ကားတစ္စီးလုံး ေလာင္ကြၽမ္းခဲ့ျခင္းမဟုတ္၍ ဆုံးရႈံးမႈတန္ဖိုးအရ ခန႔္မွန္းေျခအားျဖင့္ က်ပ္သိန္း(၂၀၀)ခန႔္ ဆုံးရႈံးခဲ့ေၾကာင္း ၎က ေျပာ သည္။ “ဆီသည္ယာဥ္ေတြအတြက္ အဓိက ကေတာ့ ဆီသည္ယာဥ္ေတြ သြားလာတဲ့အခ်ိန္မွာ မီးသတ္ေဆးဘူးေတြကို လုံလုံေလာက္ေလာက္ ေဆာင္ေစခ်င္တာေပါ့ေနာ္။ ၿပီးေတာ့ ယာဥ္ေမာင္းေတြကလည္း ဆီသည္ယာဥ္ျဖစ္တဲ့အတြက္ရယ္၊ ရာသီဥတုက ပူလာၿပီဆိုေတာ့ အခ်ိန္မေ႐ြး မီးက ထေလာင္ႏိုင္တဲ့အတြက္ေၾကာင့္ ဓာတ္ဆီ၊ ဒီဇယ္ ဘာကားပဲျဖစ္ျဖစ္ အခုလိုျဖစ္စဥ္မ်ိဳးေတြ မျဖစ္ေအာင္ ယာဥ္ေတြကို စစ္ေဆးၿပီးေတာ့မွ ေမာင္းသင့္တာေပါ့။ ၿပီးရင္ ဆီကားေမာင္းေနတဲ့အခ်ိန္မွာလည္း မီးအႏၲရာယ္နဲ႔ စိုးရိမ္ရတဲ့ ေဆးလိပ္တို႔၊ ၿပီးရင္ အရက္ေသာက္တာေတြလည္း အေလးထားဂ႐ုျပဳသင့္ပါတယ္”ဟု သန္လ်င္မီးသတ္စခန္းမွဦးစီးမႉးက အႀကဳံထားသည္။

အလားတူ ၿပီးခဲ့သည့္(ႏိုဝင္ဘာလ ၁၂ ရက္)က ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္မွ ရန္ကုန္-မႏၲေလးအျမန္လမ္းေဟာင္းေပၚတြင္ ဂါလန္(၇၉၀၀)တင္ ဆီေဘာက္ဆာကားတစ္စီး တိမ္းေမွာက္မီးေလာင္ရာ လူတစ္ဦးေသဆုံးခဲ့သည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.