ရန်ကုန်မြို့၊ သီရိရတနာကားဝန်းရှိ ခရီးသည်တင်ယာဉ်ပေါ်မှ ငွေကျပ်(၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
54
ချယ်ရီ (NP News) - နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သီရိရတနာကားဝန်းရှိ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ ငွေကျပ် (၁ ဒသမ ၃၁)ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၁၃) သိန်းကျော် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ပြီးခဲ့သည့်(နိုဝင်ဘာလ ၁၃ ရက်)၊ ညနေ ၃ နာရီခွဲအချိန်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာကားဝန်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းရရှိသဖြင့် အဆိုပါနေရာကို သွားရောက်ရှာဖွေရာ လှမင်းထွန်းမောင်းနှင်ကာ အကူယာဉ်မောင်း မြင့်သူစိုး နှင့် ယာဉ်နောက်လိုက် ဖြိုးကျော်ဇော(ခ)မိုးထက်မြင့် တို့ လိုက်ပါလာသည့် ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ စားသောက်ကုန်များအတွင်း သိုဝှက်သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို တွေ့ရှိကာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိခဲ့သော စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက်မှာ (၁၃ ဒသမ ၁)သိန်းဖြစ်ပြီး ကာလတန်ဖိုးအရ ငွေကျပ် (၁ ဒသမ ၃၁ ဘီလျံ) တန်ဖိုးရှိကြောင်း သိရသည်။ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ လိပ်ကုန်းကျေးရွာနေထိုင်သည့် ယာဉ်ပိုင်ရှင်ဖြစ်သော အောင်ခိုင်ထူးနှင့်ဇနီး မမိုးစံပယ်တို့၏ အစီအမံဖြင့် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ် ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ၎င်းတို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် အကျိုး အမြတ်များဖြင့် ဝယ်ယူပိုင်ဆိုင်ထားသော KING LONG အမျိုးအစား ခရီး သည်တင် မှန်လုံယာဉ်တစ်စီးနှင့် HIGER အမျိုးအစား ခရီးသည်တင် မှန်လုံယာဉ်တစ်စီးတို့ကို ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိပြီး ဥပဒေအရ အရေးယူထားကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ပြီးခဲ့သည့်(နိုဝင်ဘာလ ၁၀ ရက်)က မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက်၊ သုဓမ္မာလမ်းရှိ ကားဂိတ်တစ်ခုအတွင်းမှ သိန်း(၃၀၀၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးသည်။
ZAWGYI VERSION
ရန္ကုန္ၿမိဳ႕၊ သီရိရတနာကားဝန္းရွိ ခရီးသည္တင္ယာဥ္ေပၚမွ ေငြက်ပ္(၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၁၉
ရန္ကုန္တိုင္းေဒသႀကီး၊ သီရိရတနာကားဝန္းရွိ ခရီးသည္တင္ မွန္လုံယာဥ္ေပၚမွ ေငြက်ပ္ (၁ ဒသမ ၃၁)ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၁၃) သိန္းေက်ာ္ ဖမ္းဆီးရမိေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ မူးယစ္ေဆးဝါးမ်ားကို ၿပီးခဲ့သည့္(ႏိုဝင္ဘာလ ၁၃ ရက္)၊ ညေန ၃ နာရီခြဲအခ်ိန္ခန႔္က ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ သီရိရတနာကားဝန္းတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သတင္းရရွိသျဖင့္ အဆိုပါေနရာကို သြားေရာက္ရွာေဖြရာ လွမင္းထြန္းေမာင္းႏွင္ကာ အကူယာဥ္ေမာင္း ျမင့္သူစိုး ႏွင့္ ယာဥ္ေနာက္လိုက္ ၿဖိဳးေက်ာ္ေဇာ(ခ)မိုးထက္ျမင့္ တို႔ လိုက္ပါလာသည့္ ခရီးသည္တင္ မွန္လုံယာဥ္ေပၚမွ စားေသာက္ကုန္မ်ားအတြင္း သိုဝွက္သယ္ေဆာင္လာေသာ မူးယစ္ေဆးဝါးမ်ားကို ေတြ႕ရွိကာ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
သိမ္းဆည္းရမိခဲ့ေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပား အေရအတြက္မွာ (၁၃ ဒသမ ၁)သိန္းျဖစ္ၿပီး ကာလတန္ဖိုးအရ ေငြက်ပ္ (၁ ဒသမ ၃၁ ဘီလ်ံ) တန္ဖိုးရွိေၾကာင္း သိရသည္။ အဆိုပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ လိပ္ကုန္းေက်း႐ြာေနထိုင္သည့္ ယာဥ္ပိုင္ရွင္ျဖစ္ေသာ ေအာင္ခိုင္ထူးႏွင့္ဇနီး မမိုးစံပယ္တို႔၏ အစီအမံျဖင့္ ေတာင္ႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕မွ ရန္ကုန္တိုင္းေဒသႀကီးသို႔ သယ္ ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ၎တို႔မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္ရာမွရရွိသည့္ အက်ိဳး အျမတ္မ်ားျဖင့္ ဝယ္ယူပိုင္ဆိုင္ထားေသာ KING LONG အမ်ိဳးအစား ခရီး သည္တင္ မွန္လုံယာဥ္တစ္စီးႏွင့္ HIGER အမ်ိဳးအစား ခရီးသည္တင္ မွန္လုံယာဥ္တစ္စီးတို႔ကို ဆက္လက္ေဖာ္ထုတ္သိမ္းဆည္းရမိၿပီး ဥပေဒအရ အေရးယူထားကာ ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ ၿပီးခဲ့သည့္(ႏိုဝင္ဘာလ ၁၀ ရက္)က ေျမာက္ဥကၠလာပၿမိဳ႕နယ္ (ဈ)ရပ္ကြက္၊ သုဓမၼာလမ္းရွိ ကားဂိတ္တစ္ခုအတြင္းမွ သိန္း(၃၀၀၀)တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ျပစ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိခဲ့သည့္ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ဖူးသည္။