စင်ကာပူနိုင်ငံ၊ ရီချွန်းမှာ အရုပ်ကောက်စက်ထဲက ဒေါ်လာ ၃၀၀ တန်ဖိုးရှိ လာဘူဘူရုပ်များ ခိုးယူခံရမှုဖြစ်ပွား
702
ရောင်နီ (NP News) - နိုဝင်ဘာ ၂ဝ
စင်ကာပူမှာ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းက လမ်းဘေးအရုပ်ကောက်စက် တစ်ခုမှ လာဘူဘူအရုပ် ၅ ရုပ် ခိုးယူ ခံလိုက်ရတယ်လို့ သိရပါတယ်။
အဖြစ်အပျက်ဟာ Block 930 Yishun Central 1 ရှိ အိမ်မွေးတိရစ္ဆာန်ဆိုင် Little Pets Kingdom အပြင်ဘက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ Little Pets Kingdom တိရစ္ဆာန်ဆိုင်နဲ့ အရုပ်ကောက်စက်ပိုင်တဲ့ မစ္စတာဒါရစ်ဟဲ က မနက် ၉ နာရီ ၃၀ မိနစ် အလုပ်ကို ရောက်လာချိန်မှာ အရုပ်ကောက် စက်ရဲ့ဝါယာကြိုးတွေ ပြုတ်နေတာကို သတိပြုမိပြီး အနီးကပ်စစ်ဆေးကြည့်တဲ့ အခါမှာ "The Monsters Tasty Macarons Series” ထဲ လာဘူဘူ အရုပ် ၁၁ ရုပ်ထဲက ငါးရုပ် ပျောက်ဆုံးနေတာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ CCTV ကင်မရာ မှတ်တမ်းအရ နိုဝင်ဘာ ၁၉ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က ယောင်္ကျားလေး သုံးယောက်ဟာ အရုပ်ကောက်စက်ကို ဖောက်ထွင်းခိုးယူနေတာ တွေ့ရပါတယ်။ ၎င်းတို့ ဘာရည်ရွယ်ချက်နဲ့ ခိုးယူတယ် ဆိုတာတော့ မသိရသေးပါဘူး။
အဆိုပါအရုပ်ကောင်စက်မှာ လာဘူဘူရုပ် ၁၁ ရုပ်ထည့်ထားပြီး ကတည်းက ဆိုင်မှာပုံမှနထက် ဘူ ၂ ဆ ဝင်ရောက် အောင် စွဲဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ မစ္စတာဒါရစ်ဟဲက ပြောပါတယ်။
လာဘူဘူရုပ်တွေဟာ ဧပြီလကစ တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ Blackpink အဖွဲ့ဝင် လီဆာကြောင့် နာမည်ကြီးရေပန်းစားခဲ့တဲ့ အရုပ်တွေဖြစ်ပြီး တရားဝင် Pop Mart ဝက်ဘ်ဆိုဒ်မှာ ၂၄.၉ ဒေါ်လာ နဲ့ ဈေးနှုန်း သတ်မှတ်ရောင်းချနေတဲ့အရုပ်တွေဖြစ်ပါတယ်။ တဆင့်ပြန်လည်ရောင်းချသူတွေကတော့ အရုပ်တစ်ရုပ်ကို ၆၅ ဒေါ်လာအထိ ဈေးသတ်မှတ်ရောင်းချကြလေ့ရှိတယ်လို့ သိရပါတယ်။
Zawgyi Version;
စင္ကာပူႏိုင္ငံ၊ ရီခြၽန္းမွာ အ႐ုပ္ေကာက္စက္ထဲက ေဒၚလာ ၃၀၀ တန္ဖိုးရွိ လာဘူဘူ႐ုပ္မ်ား ခိုးယူခံရမႈျဖစ္ပြား
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂ဝ
စင္ကာပူမွာ ႏိုဝင္ဘာ ၁၈ ရက္ မနက္ပိုင္းက လမ္းေဘးအ႐ုပ္ေကာက္စက္ တစ္ခုမွ လာဘူဘူအ႐ုပ္ ၅ ႐ုပ္ ခိုးယူ ခံလိုက္ရတယ္လို႔ သိရပါတယ္။
အျဖစ္အပ်က္ဟာ Block 930 Yishun Central 1 ရွိ အိမ္ေမြးတိရစာၦန္ဆိုင္ Little Pets Kingdom အျပင္ဘက္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဆက္လက္စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။ Little Pets Kingdom တိရစာၦန္ဆိုင္နဲ႔ အ႐ုပ္ေကာက္စက္ပိုင္တဲ့ မစၥတာဒါရစ္ဟဲ က မနက္ ၉ နာရီ ၃၀ မိနစ္ အလုပ္ကို ေရာက္လာခ်ိန္မွာ အ႐ုပ္ေကာက္ စက္ရဲ႕ဝါယာႀကိဳးေတြ ျပဳတ္ေနတာကို သတိျပဳမိၿပီး အနီးကပ္စစ္ေဆးၾကည့္တဲ့ အခါမွာ "The Monsters Tasty Macarons Series” ထဲ လာဘူဘူ အ႐ုပ္ ၁၁ ႐ုပ္ထဲက ငါး႐ုပ္ ေပ်ာက္ဆုံးေနတာ ေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။ CCTV ကင္မရာ မွတ္တမ္းအရ ႏိုဝင္ဘာ ၁၉ ရက္ နံနက္ ၆ နာရီ ၃၀ မိနစ္ခန႔္က ေယာက်ၤားေလး သုံးေယာက္ဟာ အ႐ုပ္ေကာက္စက္ကို ေဖာက္ထြင္းခိုးယူေနတာ ေတြ႕ရပါတယ္။ ၎တို႔ ဘာရည္႐ြယ္ခ်က္နဲ႔ ခိုးယူတယ္ ဆိုတာေတာ့ မသိရေသးပါဘူး။
အဆိုပါအ႐ုပ္ေကာင္စက္မွာ လာဘူဘူ႐ုပ္ ၁၁ ႐ုပ္ထည့္ထားၿပီး ကတည္းက ဆိုင္မွာပုံမွနထက္ ဘူ ၂ ဆ ဝင္ေရာက္ ေအာင္ စြဲေဆာင္ႏိုင္ခဲ့တာျဖစ္တယ္လို႔ မစၥတာဒါရစ္ဟဲက ေျပာပါတယ္။
လာဘူဘူ႐ုပ္ေတြဟာ ဧၿပီလကစ ေတာင္ကိုရီးယား အမ်ိဳးသမီး K Pop အဖြဲ႕ Blackpink အဖြဲ႕ဝင္ လီဆာေၾကာင့္ နာမည္ႀကီးေရပန္းစားခဲ့တဲ့ အ႐ုပ္ေတြျဖစ္ၿပီး တရားဝင္ Pop Mart ဝက္ဘ္ဆိုဒ္မွာ ၂၄.၉ ေဒၚလာ နဲ႔ ေဈးႏႈန္း သတ္မွတ္ေရာင္းခ်ေနတဲ့အ႐ုပ္ေတြျဖစ္ပါတယ္။ တဆင့္ျပန္လည္ေရာင္းခ်သူေတြကေတာ့ အ႐ုပ္တစ္႐ုပ္ကို ၆၅ ေဒၚလာအထိ ေဈးသတ္မွတ္ေရာင္းခ်ၾကေလ့ရွိတယ္လို႔ သိရပါတယ္။