တက္ကသိုလ်များတွင် အဝေးသင် နှင့် နေ့သင်တန်းစာမေးပွဲ ဖြေသူများလာခဲ့ပြီး လာမည့်နှစ်တွင် ယခုထက် ပိုတိုးလာမည်ဟု ခန့်မှန်း

 444

နာမူ (NP News) - နိုဝင်ဘာ ၂ဝ

တက္ကသိုလ်များတွင် အဝေးသင်နှင့် နေ့သင်တန်း စာမေးပွဲ ဖြေသူပမာဏများခဲ့သည့်အပြင် လာမည့်နှစ်တွင် ယခုထက် ပိုတိုးလာမည်ဟု ခန့်မှန်းကြောင်း တက္ကသိုလ်ကထိက တစ်ဦးက NP News ကတစ်ဆင့် သုံးသပ်ပြောကြားသည်။

(၂၀၂၁)ခုနှစ်နိုင်ငံရေးဖြစ်စဉ်များအပြီးတွင် အကြမ်းဖက်အားပေးများ၏ လှုံ့ဆော်မှု နှင့် ခြိမ်းခြောက်မှုများကြောင့် လူငယ်များကျောင်းတက်ရောက်သည့်ပမာဏ နည်းသွားခဲ့သော်လည်း တစ်စထက်တစ်စ ကျောင်းတက်သူပမာဏ ပြန်လည်များပြားလာခဲ့ရာမှ ယခုနှစ်တွင် ပိုမိုတိုးလာခဲ့ခြင်း ဖြစ်သည်။

ယခင်နှစ်များက ကျောင်းတက်ရောက်ရန် စာရင်းသွင်းသော်လည်း မတက်သည့် ကျောင်းသားများရှိခဲ့ရာ ယခုနှစ်တွင်မူ စာရင်းပေးပြီး အမှန်တကယ် ကျောင်းတက်သူ ပမာဏလည်း တိုးလာခြင်းဖြစ်သည်။ "ဒီနှစ်က ကျောင်းသား တော်တော်များတယ်။ အခု အဝေးသင်ဆို တတိယအသုတ်ဖြေနေတာ။ သုံးသုတ်စလုံးဖြေတဲ့အရေအတွက်က ပြီးခဲ့တဲ့ နှစ်ထက်များတာ တွေ့ရပါတယ်"ဟု ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်တွင် အဝေးသင်စာမေးပွဲဖြေဆိုခဲ့သော ကျောင်းသားတစ်ဦးက ၎င်းမြင်တွေ့ရသော အခြေ အနေကို ရှင်းပြသည်။

ယခုကဲ့သို့ ပညာရေးဘက်သို့ ပြန်လည် ဦးတည်လာသော ကျောင်း သား၊ ကျောင်းသူများ ပြားလာခြင်းမှာ ဝမ်းသာစရာဖြစ်ကြောင်း အထက်ပါ တက္ကသိုလ်ကထိက ကဆိုသည်။ "ပညာရေးဘက်ကို ပြန်ပြီးလှည့်လာတဲ့ ကလေးတွေများတဲ့အတွက် ဝမ်းသာစရာပေါ့။ အခုလို စာရင်းပေးသွင်းတာတင် မဟုတ်ပဲလေ၊ အစတုန်းကတော့ စာရင်းပဲလာပေးမှာ တကယ်တော့ ဖြေချင်မှ ဖြေကြမှာ အဲဒီလိုမျိုးပြောဆိုတာတွေလည်း ရှိတယ်။ ဒါပေမဲ့ တကယ်တမ်းစာမေးပွဲစစ်တဲ့အခါမှာ အခုဆို လို့ရှိရင် မြင်တဲ့အတိုင်းပဲ အများကြီးပဲ၊ တခြား တက္ကသိုလ်တွေမှာရော အများကြီးလာဖြေကြတယ် ဆိုတော့ ပညာရေးဘက်ကို ပြန်လှည့်လာပြီဆိုတဲ့ ဒီဟာ လေးကတော့ ဝမ်းသာစရာပေါ့"ဟု ၎င်းက ဆိုသည်။

ယခု ကျောင်းတက်နှုန်းအတိုင်းဆိုပါက လာမည့်ပညာသင်နှစ်တွင်လည်း ကျောင်းသား၊ ကျောင်းသူ ပမာဏ ယခုထက် ပိုတိုးဖွယ်ရှိကြောင်း ၎င်းက ခန့်မှန်းပြောကြားသည်။

"ဒီနှစ်တောင် ဒီလောက်ဆိုရင်တော့ သေချာပါတယ် လာမယ့်နှစ်ကိုတော့ ဒီထက်ပိုပြီးတော့ တိုးလာဖို့ပဲရှိပါတယ် ဆရာတို့တော့ အဲဒီလိုပဲမြင် တယ်။ အရင်နှစ်တွေတုန်းကဆိုရင်တော့ စာရင်းလာ သွင်းတာတွေ၊ ကျောင်းအပ်တာတွေ နည်းတယ်လေ။ မနှစ်ကတော့ နည်းနည်းစပြီး များလာတယ်။ ဒီနှစ်မှာ တော့ ပိုပြီးတော့ များလာတယ်။ ပထမနှစ်သွင်းတာ လည်း ရှိတယ်။ ပထမနှစ်ဆိုလည်း အများကြီးပဲ ဒီနှစ်မှ အဝေးသင်ကို စတက်မယ့် ကလေးတွေလည်းများတယ်။ နောက်အခုဒီဘက် First year to fina သင်တန်းတက်မယ့် ကလေးတွေလည်း အများကြီး ပထမနှစ်တင် မဟုတ်ဘူး။ First year to final အကုန်လုံးက အများကြီး ပြန်လာဖြေကြတယ်"ဟု ၎င်းက ပြောသည်။

zawgyi version
တကၠသိုလ္မ်ားတြင္ အေဝးသင္ ႏွင့္ ေန႔သင္တန္းစာေမးပြဲ ေျဖသူမ်ားလာခဲ့ၿပီး လာမည့္ႏွစ္တြင္ ယခုထက္ ပိုတိုးလာမည္ဟု ခန႔္မွန္း
နာမူ (NP News) - ႏိုဝင္ဘာ ၂ဝ

တကၠသိုလ္မ်ားတြင္ အေဝးသင္ႏွင့္ ေန႔သင္တန္း စာေမးပြဲ ေျဖသူပမာဏမ်ားခဲ့သည့္အျပင္ လာမည့္ႏွစ္တြင္ ယခုထက္ ပိုတိုးလာမည္ဟု ခန႔္မွန္းေၾကာင္း တကၠသိုလ္ကထိက တစ္ဦးက NP News ကတစ္ဆင့္ သုံးသပ္ေျပာၾကားသည္။

(၂၀၂၁)ခုႏွစ္ႏိုင္ငံေရးျဖစ္စဥ္မ်ားအၿပီးတြင္ အၾကမ္းဖက္အားေပးမ်ား၏ လႈံ႕ေဆာ္မႈ ႏွင့္ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ လူငယ္မ်ားေက်ာင္းတက္ေရာက္သည့္ပမာဏ နည္းသြားခဲ့ေသာ္လည္း တစ္စထက္တစ္စ ေက်ာင္းတက္သူပမာဏ ျပန္လည္မ်ားျပားလာခဲ့ရာမွ ယခုႏွစ္တြင္ ပိုမိုတိုးလာခဲ့ျခင္း ျဖစ္သည္။

ယခင္ႏွစ္မ်ားက ေက်ာင္းတက္ေရာက္ရန္ စာရင္းသြင္းေသာ္လည္း မတက္သည့္ ေက်ာင္းသားမ်ားရွိခဲ့ရာ ယခုႏွစ္တြင္မူ စာရင္းေပးၿပီး အမွန္တကယ္ ေက်ာင္းတက္သူ ပမာဏလည္း တိုးလာျခင္းျဖစ္သည္။ "ဒီႏွစ္က ေက်ာင္းသား ေတာ္ေတာ္မ်ားတယ္။ အခု အေဝးသင္ဆို တတိယအသုတ္ေျဖေနတာ။ သုံးသုတ္စလုံးေျဖတဲ့အေရအတြက္က ၿပီးခဲ့တဲ့ ႏွစ္ထက္မ်ားတာ ေတြ႕ရပါတယ္"ဟု ရန္ကုန္အေရွ႕ ပိုင္းတကၠသိုလ္တြင္ အေဝးသင္စာေမးပြဲေျဖဆိုခဲ့ေသာ ေက်ာင္းသားတစ္ဦးက ၎ျမင္ေတြ႕ရေသာ အေျခ အေနကို ရွင္းျပသည္။

ယခုကဲ့သို႔ ပညာေရးဘက္သို႔ ျပန္လည္ ဦးတည္လာေသာ ေက်ာင္း သား၊ ေက်ာင္းသူမ်ား ျပားလာျခင္းမွာ ဝမ္းသာစရာျဖစ္ေၾကာင္း အထက္ပါ တကၠသိုလ္ကထိက ကဆိုသည္။ "ပညာေရးဘက္ကို ျပန္ၿပီးလွည့္လာတဲ့ ကေလးေတြမ်ားတဲ့အတြက္ ဝမ္းသာစရာေပါ့။ အခုလို စာရင္းေပးသြင္းတာတင္ မဟုတ္ပဲေလ၊ အစတုန္းကေတာ့ စာရင္းပဲလာေပးမွာ တကယ္ေတာ့ ေျဖခ်င္မွ ေျဖၾကမွာ အဲဒီလိုမ်ိဳးေျပာဆိုတာေတြလည္း ရွိတယ္။ ဒါေပမဲ့ တကယ္တမ္းစာေမးပြဲစစ္တဲ့အခါမွာ အခုဆို လို႔ရွိရင္ ျမင္တဲ့အတိုင္းပဲ အမ်ားႀကီးပဲ၊ တျခား တကၠသိုလ္ေတြမွာေရာ အမ်ားႀကီးလာေျဖၾကတယ္ ဆိုေတာ့ ပညာေရးဘက္ကို ျပန္လွည့္လာၿပီဆိုတဲ့ ဒီဟာ ေလးကေတာ့ ဝမ္းသာစရာေပါ့"ဟု ၎က ဆိုသည္။

ယခု ေက်ာင္းတက္ႏႈန္းအတိုင္းဆိုပါက လာမည့္ပညာသင္ႏွစ္တြင္လည္း ေက်ာင္းသား၊ ေက်ာင္းသူ ပမာဏ ယခုထက္ ပိုတိုးဖြယ္ရွိေၾကာင္း ၎က ခန႔္မွန္းေျပာၾကားသည္။

"ဒီႏွစ္ေတာင္ ဒီေလာက္ဆိုရင္ေတာ့ ေသခ်ာပါတယ္ လာမယ့္ႏွစ္ကိုေတာ့ ဒီထက္ပိုၿပီးေတာ့ တိုးလာဖို႔ပဲရွိပါတယ္ ဆရာတို႔ေတာ့ အဲဒီလိုပဲျမင္ တယ္။ အရင္ႏွစ္ေတြတုန္းကဆိုရင္ေတာ့ စာရင္းလာ သြင္းတာေတြ၊ ေက်ာင္းအပ္တာေတြ နည္းတယ္ေလ။ မႏွစ္ကေတာ့ နည္းနည္းစၿပီး မ်ားလာတယ္။ ဒီႏွစ္မွာ ေတာ့ ပိုၿပီးေတာ့ မ်ားလာတယ္။ ပထမႏွစ္သြင္းတာ လည္း ရွိတယ္။ ပထမႏွစ္ဆိုလည္း အမ်ားႀကီးပဲ ဒီႏွစ္မွ အေဝးသင္ကို စတက္မယ့္ ကေလးေတြလည္းမ်ားတယ္။ ေနာက္အခုဒီဘက္ First year to fina သင္တန္းတက္မယ့္ ကေလးေတြလည္း အမ်ားႀကီး ပထမႏွစ္တင္ မဟုတ္ဘူး။ First year to final အကုန္လုံးက အမ်ားႀကီး ျပန္လာေျဖၾကတယ္"ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.