AA ထိုးစစ်ဆင်နေတဲ့ အမ်းမြို့တိုက်ပွဲထဲက AA ၏စစ်ရာဇဝတ်မှုများ
2022
သန့်ဇင် (NP News) - နိုဝင်ဘာ ၂ဝ
ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သော AA နှင့် ပူးပေါင်းအဖွဲ့တို့သည် ရခိုင်ပြည် နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှ စတင်ကာ လူအင်အား အားကုန်သုံးပြီး ထိုးစစ်ဆင်တိုက်ကွက်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ AA လက်နက်ကိုင်အဖွဲ့၏ဗျူဟာအရ အမ်းမြို့ကို လေးဖက်လေးတန်မှ ပိတ်ဆို့ တိုက်ခိုက်နေသော်လည်း တပ်မတော်၏ လေကြောင်းပစ်ကူများ၊ ခြေလျင်တပ်များ၏ တန်ပြန်တိုက်ခိုက်များကြောင့် AA များဘက်တွင် သေဆုံးသူ ပမာဏ အလွန်များပြားနေသဖြင့် အရပ်သားများကိုပင် ချက်ချင်းလက်နက်တပ်ဆင်ကာ တိုက်ခိုင်းခဲ့ရကြောင်းသိရသည်။ တိုက်ပွဲများကြောင့်လည်း အမ်းမြို့နယ်အတွင်း ရှိ ကျေးရွာ(၁၂)ရွာမှ ဒေသခံများစွာ အမ်းမြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်နေရကာ စစ်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေလျက်ရှိနေကြသည်။ စစ်ပွဲဖြစ်ပွားပါက ဒေသခံလူထုအနေဖြင့် မည်သည့်အရပ်ဒေသသို့ စစ်ဘေးရှောင်ရမည်ကို လမ်းပျောက်နေသကဲ့သို့ စားဝတ်နေရေး အခက်အခဲများဖြင့်လည်း ကြုံနေရလျက်ရှိသည်။ လတ်တလောတွင် အမ်းမြို့ခံများ ကြုံတွေ့နေရသည့် အခြေအနေများနှင့်ပတ်သက်၍ ွှ့န ှအအေနျာညေ ဂျာနယ်က ယုံကြည်စိတ်ချ ရသည့် အမ်းမြို့ခံတစ်ဦးအား မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။
မေး- AA က တိုက်ပွဲတွေမဖော်ဆောင်ခင်က အမ်းမြို့အခြေအနေလေး သိပါရစေခင်ဗျာ။
ဖြေ- အရင်က စစ်မဖြစ်ခင်က အမ်းမြို့က အေးအေး ဆေးဆေးလုပ်ကိုင်စားသောက်လို့ရပါတယ် ခင်ဗျ။ ပြီးတော့ ကျွန်တော်တို့ အမ်းမြို့က မင်းဘူး-အမ်း လမ်းကိုအသုံးပြုပြီးတော့ စားဝတ်နေရေးကို အသက် ဆက်နေရတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။
မေး- အခု အမ်းက ဒေသခံတွေက ဘယ်လိုအခက် အခဲတွေနဲ့ ရင်ဆိုင်နေကြရလဲ ခင်ဗျ။
ဖြေ- အခု မင်းဘူး-အမ်းလမ်းကို ပိတ်ထားတဲ့အနေ အထားဆိုတော့ ကျွန်တော်တို့ အမ်းဒေသခံတွေက ထမင်းငတ်သွားပြီဆိုတဲ့ အနေအထားကို ဖြစ်သွားပါပြီ ခင်ဗျ။ မင်းဘူး-အမ်းက သူတို့ဘယ်လိုပဲတိုက်တိုက် ပစ္စည်း၊ ကုန်ရောင်းကုန်ဝယ်၊ ဆန်၊ ဆီ၊ ဆား အကုန်လုံးက ဒီလမ်းကြောင်း ပွင့်သွားရင် အဆင်ပြေပါတယ် ခင်ဗျ။ အခုက ဒီလမ်းကြောင်းကို ပိတ်ဆို့ထားတယ်ဆို တော့ ကျွန်တော်တို့က ဘယ်မှထွက်လို့မရတဲ့အနေအထားဆိုတော့ အမ်းသူ၊ အမ်းသားမှန်သမျှ ထမင်း ငတ်မတတ်ဖြစ်နေကြပါတယ်။ နောက်ပြီးတော့ ဒေသကနေထွက်သွားတဲ့လူတွေကို ဖမ်းတယ်။ ရခိုင်ပြည်နယ်ထဲကို ထွက်ရင်မဖမ်းဘူးဆိုတော့ ဒေသခံတွေက အထွက်မှာလည်းခက်တယ်။ အနေမှာ လည်းခက်တယ်။ ကျွန်တော်တို့က စစ်ဘေးစစ်ဒဏ် ကြားထဲမှာ ညပ်နေတဲ့အနေအထားမှာရှိပါတယ်။ ဒီလူတွေကိုသွားပြောပြန်ရင်လည်း ဖမ်းပြီးဆွဲသွားတဲ့ လူတွေကများနေတာဆိုတော့ ထွက် မယ့်လူတွေက လည်း မထွက်ဝံ့ဖြစ်နေပါတယ် ခင်ဗျ။
မေး-မြို့အနီနားမှာ တိုက်ပွဲတွေဖြစ်နေတာဆိုတော့ ဒေသခံတွေ ဘယ်လိုရင်ဆိုင်ဖြတ်သန်းနေရပါသလဲခင်ဗျ။
ဖြေ- AA ကတိုက်ပွဲဖော်ဆောင်နေတဲ့ နေရာတွေ ကလည်း အရင်က တောနယ်တွေကဖြစ်ပြီး အခုဆို မြို့နားကပ်လာပြီးတော့ အမ်းကပြည်သူတွေထဲကို ဝင်လာတယ်။ ပြည်သူတွေကလည်း သူတို့နေတဲ့ နေ အိမ်တွေကိုစွန့်ခွာပြီး အမှတ်(၃)ကို ရွှေ့ရတယ်။ လေယာဉ်ကွင်းဘက်ကိုရွှေ့။ အဲဒီလို ရွှေ့ပြောင်းနေ ရတာဆိုတော့ ကျွန်တော်တို့မှာ အနေအစားက ကျပ် တည်းပါတယ်။ ဒေသခံတွေကတော့ ရပ်သာ၊ တောင် ညိုကွင်း၊ ကျွဲသလင်း၊ ကံ့ကော်တောင်၊ မီးလောင် ချောင်း၊ ကျောက်ဆန်ကွဲဘက်က လူတွေမှန်သမျှကို အမ်းမြို့က လေယာဉ်ကွင်းရပ်ကွက်ရယ်။ အမှတ်(၅)၊ အမှတ်(၄)၊ အမှတ်(၃)အဲဒီထဲကို ထည့် ထားပါတယ် ခင်ဗျ။ ဒီလူတွေက ကိုယ့်အိုးအိမ်ကိုစွန့်ခွာပြီး လူတင် လွတ်ရာလမ်းကိုလာခဲ့ရတဲ့အတွက် စား ရေးသောက် ရေးကအင်မတန်ခက်ခဲပါတယ်။ ဒီလူ တွေခက်ခဲနေ သလို ဒေသခံမြို့သူမြို့သားတွေကလည်း အင်မတန် ကို ကျပ်တည်းကျဉ်းမြောင်းလာတာကတော့ ကျွန်တော်တို့ လက်တွေ့ခံစားနေရတဲ့ ဖြစ်စဉ်တွေဖြစ်ပါ တယ်။ အဲဒါကြောင့် အခုဒေသခံတွေက စားရေး၊ သောက်ရေးက အဓိက အခက်အခဲကြုံနေရတာ ဖြစ်ပါတယ်။ အခုပြောနေတဲ့ ကျွန်တော်တို့ကိုယ်တိုင် တောင်ငတ်နေတဲ့ အတိုင်းအတာကို ရောက်နေပါပြီ။ ဘာလို့ဆို အခုဆိုရင် အိမ်တစ်အိမ်မှာ ဆန်(၂)ပြည်နဲ့ (၃)ပြည်မရှိတဲ့အိမ်တွေရှိသွားပါပြီ။
မေး-အမ်းမြို့က စီးပွားရေးမှာ ဘယ်အရာကို အခြေ ပြုပြီးနေတဲ့မြို့ပါလဲခင်ဗျ။ အခုအခြေအနေမှာ စီးပွား ရေးတွေ ဘယ်လိုဖြစ်သွားလဲ ခင်ဗျ။
ဖြေ-အမ်းကတော့ မင်းဘူးကို အခြေပြုပြီး အသက် မွေးဝမ်းကြောင်းရှာနေတဲ့လူတွေများပါတယ်။ အဓိက ကတော့ မင်းဘူးနဲ့ ကုန်သွယ်ရေးလုပ်ပြီး စီးပွားရေး အခြေပြုထားတဲ့မြို့ပါ။ စိုက်ပျိုးရေးမှာဆိုရင် ကျွန် တော်တို့အမ်းက သီဟိုဠ်က အများဆုံးထွက်ပါတယ်။ အမ်းက သီဟိုဠ်ဆိုရင် တရုတ်ပြည်ကဝယ်တယ်။ သူ့ ထက်ငါ ဈေးတွေပေးတယ်။ သီဟိုဠ်ရောင်းတဲ့လူတွေ က စီးပွားရေးတော်တော်ဖြစ်တယ်။ အခုအဲဒီလူတွေက သီဟိုဠ်မလုပ်ရတာ တစ်နှစ်ကျော်သွားပါပြီခင်ဗျ။ သီ ဟိုဠ်တွေမကောက်ရ ဝင်လည်းမဝင်ရဆိုတော့ စိုက် ပျိုးရေးသမားတွေကလည်းတော်တော်ခက်ခဲပါတယ်။ အခုဆိုရင် စစ်ဘေးရှောင်ရတဲ့အတွက် လမ်းသမား တွေမှာ လယ်တွေကိုမသိမ်းရ။ ယာတွေ မသိမ်းရ အဖြစ်နဲ့ ဖြစ်နေပါတယ်။ ပြီးတော့ တောင်ပေါ် ချင်း လူမျိုးတွေမှာဆိုရင် နှမ်းခင်းတွေရှိတယ်။ အခုဆိုရင် နှမ်းခုတ်မယ့် အချိန်ရောက်လာတယ်။ နှမ်းခုတ်ဖို့က ဘယ်လိုမှလုပ်လို့မရတဲ့ အခြေအနေကို ဖြစ်နေတယ်။ အခုလို စပါးလည်းမသိမ်းရ။ နှမ်းလည်းမခုတ်ရ ဆို တော့ သူ့ရာသီနဲ့သူ ဆုံးရှုံးပြီးရင်း ဆုံးရှုံးတဲ့အပြင်စား ရေးသောက်ရေးမှာလည်း ဆန်တောင်ဝယ်လို့မရဖြစ်နေတယ်။
မေး-လက်ရှိ အမ်းမြို့က ကုန်ဈေးနှုန်းအခြေအနေနဲ့ ဒေသခံပြည်သူတွေအပေါ် ဘယ်လောက်ထိရိုက်ခတ် မှုတွေရှိနေလဲ။ ဘယ်လို အခက်အခဲတွေကို ခါးစည်းခံ နေရလဲခင်ဗျ။
ဖြေ-အခုဆိုရင် ဆန်တစ်ပြည်ကို ကျပ် တစ်သောင်း (၁၀ဝဝဝ)နဲ့အထက်မှာပေးနေရတယ်ဆိုတော့ မရှိ ဆင်းရဲတဲ့လူတွေအနေနဲ့က အရည်ကျိုသောက်ရ မယ့် အခြေအနေကို ဖြစ်နေပါပြီ။ အရင်ကထက် (၂)ဆကျော်၊ (၃)ဆလောက်ကို ခုန်တက်သွားတဲ့ အခြေ အနေပေါ့။ အရင်က ဆန်တစ်ပြည်ကို ငွေကျပ် (၃၅၀ဝ)၊ (၃၆၀ဝ)ရှိပါတယ်။ အခုက ဆန်ကြမ်း တောင် ကျပ်(၁၀ဝဝဝ)ကျော်နေပါတယ်။ စားဝတ် နေရေးကတော့ တော်တော်ကို ခက်ခဲနေပါတယ်။ အခြေခံစားသောက်ကုန်ဈေးတွေက အရင်ကထက် (၂)ဆ၊ (၃)ဆလောက် ခုန်တက်နေပါတယ်။ ငရုတ် တစ်ပိဿာကို ကျပ်(၃၀ဝဝဝ)ကျော်တယ်။ ဆီ တစ် ပိဿာကို ကျပ်(၂၅၀ဝဝ)ကနေ ကျပ်(၃၀ဝဝဝ)အထိ ဖြစ်နေပါတယ်။ အခြေခံ စားသောက်ကုန်ဈေးနှုန်း တွေကလည်း ခုန်တက်နေတာ။ အရင်က တစ်လ လောက်စားရမှာကို အခုက တစ်နေ့လောက်နဲ့ ကုန် ခမ်းသွားပါတယ်။
မေး-နပခရှိတဲ့ အမ်းကို AA က ဘယ်အချိန်လောက် တည်းက စပြီးတိုက်ခိုက်ခဲ့တာလဲခင်ဗျ။
ဖြေ- AA ထိုးစစ်ဆင်တာက (၁၀) လပိုင်း (၄) ရက် ကနေ စပြီးပြင်ဆင်တယ်လို့ပြောပါတယ်။ ကျွန်တော် တို့ကလည်း အဲဒီလောက်မှ သတင်းကြားတယ်။ စဖြစ် တာကတော့ ကျွန်တော်တို့ မီးလောင်ချောင်းကျေးရွာ မှာ စပြီးတော့ဖြစ်ပါတယ်။ အဲဒီဘက် ဒေသတွေမှာ တော့ ပြည်သူတွေအရပ်သားတွေက မွှားလောက် တောင်မရှိတော့ဘူး။ အကုန်လုံး အမ်းမှာရောက်နေ ကြပြီ။ အဲဒီနေရာတွေလည်း ပြန်လှည့်ကြည့်လို့ မရ တော့ပါဘူး။ အဲဒီဘက်မှာရှိတဲ့ အိုးအိမ်တွေလည်း မရှိတော့ဘူး။ အားလုံးကုန်သွားပြီ။
မေး - အခုနောက်ပိုင်းမှာ အမ်း အနီးနားမှာရှိတဲ့ တပ်မတော်စခန်းတွေကို AA ကသိမ်းလိုက်နိုင်တယ် ဆိုပြီး သတင်းတွေထွက်လာတာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ဒေသခံတစ်ယောက်အနေနဲ့ ဘာတွေသိထားပါသလဲခင်ဗျ။
ဖြေ-အဲဒါကတော့ ကျွန်တော်တို့ အမ်းမြို့မှာ တပ်ရင်းက (၁၇)ရင်းရှိတယ်။ တပ်ရင်း(၁၅)ရင်းကို သိမ်းတယ်။ တိုင်းစစ်ဌာနချုပ်ထဲမှာ နေတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒါအမှားတွေပါ။ (၃၇၁)တို့၊ (၃၇၃)တို့တပ်ရင်းတွေကတော့ သူ့နေရာနဲ့သူရှိတယ်။ သူတို့ ဝင်ပြီး တိုက်ရင်လည်း ခဏလေးနဲ့ ထွက်ပြေးသွားရပါတယ်။ လေယာဉ်နဲ့လိုက်ရှင်းတယ်။ ခြေလျင်ကလည်း လက်နက်ကြီးပစ်ကူနဲ့ဆိုတော့ AA တွေပြေးရတာပေါ့။ အခု ရခိုင်ပြည်နယ် အမ်းမြို့မှာဖြစ်တဲ့ကိစ္စကိုတော့ ကျွန်တော်ပြောချင်တာကတော့ မီဒီယာတွေ ကိုပဲ။ မီဒီယာတွေက (၂)ဖက်မျှမျှတတ မပြောတဲ့အပြင် ကျွန်တော်တို့ တိုင်းရင်းသားလူငယ်လေးတွေ အ သက်တွေ ပေးနေရတယ်ခင်ဗျ။ မီဒီယာတွေကနေ တပ်မတော်ကတော့ ဘယ်လောက်ကျတယ်။ AA ကဘယ် လောက်ကျတယ်။ သေသေချာချာလေး ထုတ်ပြခဲ့ရင် သေဖို့တော့ လူတိုင်းကြောက်ကြပါတယ်။ အခုပြောနေတဲ့ မီဒီယာတွေ မဇ္ဈိမတို့၊ ဧရာဝတီတို့၊ ခေတ်သစ်တို့က တင်ထားတာလေး တွေ့ထားတာ။ အမ်းကိုသိမ်းလိုက်ပြီ။ အမ်းမြို့ကိုရထားပြီ။ ဘယ်တပ်တွေကို ရသွားပြီ။ သူတို့က တင်ထားတယ်။ တကယ်တမ်းမှာ သေနေတာက ကျွန်တော်တို့ ရခိုင်လူငယ်တွေ သောင်းဂဏန်းအထိရှိသွားပြီ။
မေး-အမ်းကို ထိုးစစ်ဆင်နေတဲ့ AA လက်နက်ကိုင်အဖွဲ့မှာ ဘယ်လူမျိုး၊ အဖွဲ့အစည်းတွေပါဝင်တယ်လို့ သိရသလဲခင်ဗျ။
ဖြေ-အခြားဆိုရင် PDF ပါ ပါတယ်။ ပြီးတော့ MNDAA နဲ့ TNLA ကလည်း ထပ်ပြီးကူတယ်လို့ သတင်းရပါတယ်။
မေး-ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေမှာ စားဝတ် နေရေးအခက်အခဲအပြင် ဘယ်လိုအခက်အခဲတွေနဲ့ ဆက်ပြီးရင်ဆိုင်နေရလဲခင်ဗျ။
ဖြေ-တိုက်ပွဲတွေကြောင့် စားဝတ်နေရေးတင် မကပါ ဘူး။ အသက်ဘေးကိုပါ ကြည့်ရှောင်နေရပါပြီ။ ကျွန် တော်တို့ အမ်းမြို့ဆိုတာက မင်းဘူးနဲ့ အဓိက ကုန်ဆက်သွယ်တဲ့ မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ အေးအေးဆေး ဆေး လုပ်ကိုင်စားသောက်နေတဲ့ မြို့လေးက အခုအချိန်မှာ ကမ္ဘာကြီး မီးလောင်သလိုဖြစ်နေတဲ့ အနေအထားမျိုးကို ကြုံတွေ့နေရပါပြီ။ အဲဒီထဲမှာ စားဝတ်နေရေးကို ဖြေရှင်းရတာက တစ် ကြောင်း။ ကိုယ့်အသက်ဘေးကို လုပြေးနေရတာက တစ်ကြောင်း။ အကုန်ဒုက္ခတွေကိုတွေ့နေရတာပါ။
မေး-စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းအပြင် ဆေးဝါးနဲ့အခြားသော ဈေးနှုန်းတွေမှာကော ဘယ်လို အခြေအနေရှိပါသလဲခင်ဗျ။
ဖြေ-စားသောက်ကုန်ဈေးနှုန်းကြီးတာက သူတို့က လမ်းကိုပိတ်ထားလို့ ဖြစ်တာပါ။ တပ်က လမ်းကိုဖွင့်တယ် သူတို့က လမ်းကိုပိတ်ထားတဲ့အခါမှာ ကျွန် တော်တို့က သွားလို့မရဘူးဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေက ကြောက်ရတဲ့အခါ ကုန် လည်းချလို့ မရတော့ဘူး။ လူလည်း သွားလို့မရတော့ဘူး။ အဲဒီတော့ ရှိတဲ့ပစ္စည်းလေးတွေကို ထိန်းသိမ်း ပြီးတော့ စားသုံးနေရတဲ့အတွက် အခက်အခဲတွေဖြစ် ပါတယ်။ ဒီနေ့ဖွင့်ပေး လိုက်လို့ ဒီနေ့ကုန်စည် စီးဆင်းသွားရင် ဒီနေ့အမ်းမှာ အသက်ရှူချောင်သွားမှာပါ။ အခုသူတို့(AA လက်နက်ကိုင်အဖွဲ့)ပိတ်ထားတယ်။ လမ်းမှာသစ်ပင်ကြီးတွေကိုလှဲ မိုင်းတွေထောင်လမ်းတွေပိတ်ဆို့ ဆိုတော့ ကျွန်တော်တို့ အမ်းသူ အမ်း သားတွေ ထွက်ပေါက်လည်း မရှိ၊ ဝင်ပေါက်လည်း မရှိဖြစ်နေပါတယ်။ ဆေးဝါးကတော့ အရင်က လက် ကျန်ကလေး ဆိုင်တွေမှာရှိတာ။ အခုက Paracetamol (ပါရာစီတမော)တောင် ပြတ်နေပြီ။ ကျန်းမာရေးအနေနဲ့ဆိုရင် လူတွေက အများကြီးဒုက္ခဖြစ်နေပြီ။ ရာသီအပြောင်းလဲနဲ့ နေမကောင်းတွေကဖြစ် ဆေးဝါး တွေကမရှိ။ ကလေးတွေဆို ကျန်းမာရေးက ချို့တဲ့နေ တာ တော်တော်ကို ဒုက္ခတွေများနေပါတယ်။ အခက်အခဲကတော့ ကျန်းမာရေးမှာ ဆေးဝါးနဲ့ စားရေး သောက်ရေးကတော့ အရေးကြီးဆုံးပါပဲ။ အဓိကဆန် ပေါ့။
မေး - အမ်းအနီးနားဒေသမှာ တိုက်ပွဲဖြစ်နေတာတွေ ရှိလားခင်ဗျ။
ဖြေ - အခုသိမ်းခံထားရတဲ့ မူးမြေတစ်ဝိုက်မှာပဲ ရှိတော့တယ်။ အဲဒီဘက်မှာ တပ်မတော်ကလည်း ထိုးစစ် မရှိပါဘူး။ အောက်ဘက်တွေမှာတော့ ပြည်သူတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်တို့ဘက်ကို ရောက်လာတဲ့ ရွာ(၁၉)ရွာက လူတွေဟာ အင်မတန် မှကို ခက်ခဲနေပါတယ်။ အဲတော့ အမ်းမြို့မှာ လူဦးရေ များလာတဲ့အခါမှ အမ်းမြို့ထဲမှာရှိတဲ့ ဆန်တွေလည်း ကုန်သွားတဲ့အတွက် အကုန်လုံးခက်ခဲနေ ကြတယ်။ ဒီလိုခက်ခဲတာမျိုးတော့ ကျွန်တော့်တစ်သက်မှာ မကြုံဖူးပါဘူး။ တချို့ဆိုရင် ကလေးသူငယ် တွေ သနားဖို့တောင်ကောင်းတယ်။ စားရေးသောက် ရေးတွေခက်ခဲတဲ့အတွက် ကလေးတွေ ရုပ်တွေက အရင်နဲ့တောင်မတူတော့တဲ့ ပုံစံမျိုးတွေ ပေါ်လာ တာရှိတယ်။ အဲဒါကြောင့် နိုင်ငံတော်အနေနဲ့လည်း ကျွန်တော်တို့ အမ်းသူအမ်းသားတွေကို စစ်ဘေး ရှောင်တွေရောပေါ့နော်။ အကုန်လုံးကို ကူညီပေးစေ လိုပါတယ်။ အဲဒါတော့ မေတ္တာရပ်ခံချင်ပါတယ်။
မေး- အမ်းမှာက ဆက်သွယ်ရေးလိုင်းတွေက မကောင်းဘူးလို့သိရတယ်။ ဘယ်လိုအခြေအနေ ရှိပါသလဲခင်ဗျ။
ဖြေ-ဆက်သွယ်ရေးလိုင်းတွေကတော့ တော်တော်ကိုမကောင်းတာပါ။ တာဝါတိုင်တွေ ပိတ်တာတွေရှိ တယ်။ အဲဒီလိုတွေဖြစ်နေတော့ ဆက်သွယ်ရေးတွေ လည်း အခက်အခဲတွေဖြစ်နေပါတယ်။ ဖုန်းအားဖြည့် ရင်လည်း ကျွန်တော်တို့ ဘုန်းကြီးကျောင်းထဲသွားပြီး ဖုန်းအားဖြည့်ရပါတယ်။ ဘုန်းကြီးကျောင်းမှာ မီးစက် လေးနှိုးတဲ့အခိုက်မှာသွားဖြည့်ရတယ်။ လျှပ်စစ်မီးက လည်းမလာပါဘူး။ ဆိုလာပြားတွေ ဘက်ထရီအိုးတွေ ကလည်း များများစားစားမရှိတော့ အခက်အခဲတွေ ဖြစ်တာပေါ့။ အဲဒါတွေမှာ ဆက်သွယ်ရာမှာ အခက်အခဲတွေရှိပါတယ်။
မေး-အနယ်နယ်အရပ်ရပ်က ဒေသခံတွေကလည်း အမ်းမြို့ကိုလုံးဝင်လာတယ်။ ပြီးတော့ စားဝတ်နေရေး တွေပါ အခက်အခဲဖြစ်နေတာဆိုတော့ ခိုးဆိုးလုယက်မှုတွေကော ကြုံနေရလား။
ဖြေ-မြို့ထဲမှာ အမှတ်(၃)၊ (၂) (၁)မှာလည်း စစ်ဘေး ရှောင်တဲ့လူတွေရှိတယ်။ ကျွန်တော်တို့ ဘက်မှာလည်း စစ်ဘေးရှောင်တဲ့လူတွေရှိတယ်။ အဲဒီမှာ တချို့က စားရေးသောက်ရေးအခက်အခဲဖြစ်တော့ နေအိမ် တွေပေါ်တက်ပြီး ရှာကြတာတွေရှိတာပေါ့။ အမ်း မြို့ပေါ် တွေမှာလည်းရှိတယ်။ ဘေးနားက ရွာတွေမှာ တော့ ပြန်ကိုမသွားရဲကြဘူး။ ကိုယ့်အိမ်ကိုတောင် ပြန်သွားလို့မရကြဘူး။ ပြန်သွားလို့တွေ့ရင် ဗဗ တွေ က ဆွဲခေါ်သွားတယ်ဆိုတော့ ဘယ်သူက ပြန်သွားရဲကြတော့မှာလဲ။ မသွားဝံ့ကြတော့ဘူး။ မိန်းမတွေ့ရင် မိန်းမကိုခေါ်တယ်။ ယောကျာ်းတွေ့ရင် ယောကျာ်း ခေါ်တယ်။ အဲဒါကြောင့် ဘယ်သူမှကိုယ့်ရွာကို မပြန်ရဲ ကြတော့ဘူး။ မြို့ပေါ်မှာပဲ ဖြစ်သလိုစားသောက်နေကြ ရပါတယ်။
မေး-အရင်က AA ရဲ့ဖမ်းဆီးခြင်းခံထားရတဲ့ ဒေသခံ(၁၀ဝ)ကျော်ကကော လက်ရှိအချိန်ထိ ပြန် လွှတ်ပေးတယ်လို့ ကြားမိလားခင်ဗျ။
ဖြေ - အဲဒီလူတွေ အခြေအနေက ဘာမှသတင်း တောင်မရဘူး။ သတင်းအစအနလေးတောင် မရပါ ဘူး။ အဲဒီနောက်ဘက်မှာကိုပဲ ထပ်ပြီးတော့ လူ(၁၀ဝ)လောက်ပါသွားတယ်။ AA ကဖမ်းဆီးခေါ်သွားတာ။ ပြန်ပေးဆွဲတာထက်ကို AA ကတပ်သားစုဆောင်းဖို့ ဖမ်းခေါ်သွားတယ်လို့ပဲ ကျွန်တော်တို့ဒေသခံတွေက မြင်ပါတယ်။ ဒါကြောင့် ဒီဟာတွေက စစ်ရာဇဝတ်မူ တွေကျူးလွန်နေတာ များတောင် များနေပြီလို့ ပြောလို့ရတယ်။
မေး - နောက်ဆုံးတစ်ခုအနေနဲ့ကတော့ အမ်းမှာ ကျန်းမာရေးနဲ့ ပညာရေးအခြေအနေ ဘယ်လိုရှိပါ သလဲခင်ဗျ။
ဖြေ-ပညာရေးကတော့ အခုအချိန်မှာ လုံးဝ ကျောင်းမတက်ရတော့ဘူး။ ကျန်းမာရေးကတေ့ ဆေးဝါးမရှိ တာ။ ဆေးခန်းရှိပြီးတော့ ဆေးမရှိတာနဲ့ ကုလို့ မရတော့ဘူးဖြစ်နေကြတယ်။ အမ်းမှာကတစ်ခုရှိတာက ဆေးရုံထဲမှာ နိုင်ငံတော်ကပို့ထားတဲ့ဆေးတွေကို ဆေးရုံအုပ်ကြီးနဲ့ သူနာပြုတွေချန်ခဲ့ပြီး ဆရာဝန်တွေက အဲဒီဆေးတွေကို ခိုးပြီးထွက်သွားတယ်လို့ မြို့ထဲမှာနာမည်ကြီးနေပါတယ်။ အဲဒါက ရက်ပေါင်း(၂၀)ကျော်ပြီ။ ဆေးရုံမှာ ဆရာဝန်ကြီးတော့ရှိတယ်။ ဆေး ကို ကိုင်တဲ့ ဆရာဝန်တွေက ဆေးတွေအားလုံးကိုယူပြီး ထွက်ပြေးသွားတယ်လို့ ကျွန်တော်တို့ သတင်းရထားပါတယ်။ အဲဒီတော့ ဆေးရုံပဲရှိပြီး ဆေးမရှိတာဖြစ် နေတာပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
zawgyi version
AA ထိုးစစ္ဆင္ေနတဲ့ အမ္းၿမိဳ႕တိုက္ပြဲထဲက AA ၏စစ္ရာဇဝတ္မႈမ်ား
သန္႔ဇင္ (NP News) - ႏိုဝင္ဘာ ၂ဝ
ရခိုင္လက္နက္ကိုင္အဖြဲ႕ျဖစ္ေသာ AA ႏွင့္ ပူးေပါင္းအဖြဲ႕တို႔သည္ ရခိုင္ျပည္ နယ္ရွိ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ရွိရာ အမ္းၿမိဳ႕ကို ၿပီးခဲ့သည့္ စက္တင္ဘာလကုန္ပိုင္းမွ စတင္ကာ လူအင္အား အားကုန္သုံးၿပီး ထိုးစစ္ဆင္တိုက္ကြက္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ AA လက္နက္ကိုင္အဖြဲ႕၏ဗ်ဴဟာအရ အမ္းၿမိဳ႕ကို ေလးဖက္ေလးတန္မွ ပိတ္ဆို႔ တိုက္ခိုက္ေနေသာ္လည္း တပ္မေတာ္၏ ေလေၾကာင္းပစ္ကူမ်ား၊ ေျခလ်င္တပ္မ်ား၏ တန္ျပန္တိုက္ခိုက္မ်ားေၾကာင့္ AA မ်ားဘက္တြင္ ေသဆုံးသူ ပမာဏ အလြန္မ်ားျပားေနသျဖင့္ အရပ္သားမ်ားကိုပင္ ခ်က္ခ်င္းလက္နက္တပ္ဆင္ကာ တိုက္ခိုင္းခဲ့ရေၾကာင္းသိရသည္။ တိုက္ပြဲမ်ားေၾကာင့္လည္း အမ္းၿမိဳ႕နယ္အတြင္း ရွိ ေက်း႐ြာ(၁၂)႐ြာမွ ေဒသခံမ်ားစြာ အမ္းၿမိဳ႕ေပၚသို႔ထြက္ေျပးတိမ္းေရွာင္ေနရကာ စစ္ပြဲမ်ား ျဖစ္ပြားလာမည္ကို စိုးရိမ္ပူပန္ေနလ်က္ရွိေနၾကသည္။ စစ္ပြဲျဖစ္ပြားပါက ေဒသခံလူထုအေနျဖင့္ မည္သည့္အရပ္ေဒသသို႔ စစ္ေဘးေရွာင္ရမည္ကို လမ္းေပ်ာက္ေနသကဲ့သို႔ စားဝတ္ေနေရး အခက္အခဲမ်ားျဖင့္လည္း ႀကဳံေနရလ်က္ရွိသည္။ လတ္တေလာတြင္ အမ္းၿမိဳ႕ခံမ်ား ႀကဳံေတြ႕ေနရသည့္ အေျခအေနမ်ားႏွင့္ပတ္သက္၍ ႊ႕န ွအေအန်ာေည ဂ်ာနယ္က ယုံၾကည္စိတ္ခ် ရသည့္ အမ္းၿမိဳ႕ခံတစ္ဦးအား ေမးျမန္းထားမႈမ်ားကို ေဖာ္ျပလိုက္ပါသည္။
ေမး- AA က တိုက္ပြဲေတြမေဖာ္ေဆာင္ခင္က အမ္းၿမိဳ႕အေျခအေနေလး သိပါရေစခင္ဗ်ာ။
ေျဖ- အရင္က စစ္မျဖစ္ခင္က အမ္းၿမိဳ႕က ေအးေအး ေဆးေဆးလုပ္ကိုင္စားေသာက္လို႔ရပါတယ္ ခင္ဗ်။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ အမ္းၿမိဳ႕က မင္းဘူး-အမ္း လမ္းကိုအသုံးျပဳၿပီးေတာ့ စားဝတ္ေနေရးကို အသက္ ဆက္ေနရတဲ့ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ပါတယ္။
ေမး- အခု အမ္းက ေဒသခံေတြက ဘယ္လိုအခက္ အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရလဲ ခင္ဗ်။
ေျဖ- အခု မင္းဘူး-အမ္းလမ္းကို ပိတ္ထားတဲ့အေန အထားဆိုေတာ့ ကြၽန္ေတာ္တို႔ အမ္းေဒသခံေတြက ထမင္းငတ္သြားၿပီဆိုတဲ့ အေနအထားကို ျဖစ္သြားပါၿပီ ခင္ဗ်။ မင္းဘူး-အမ္းက သူတို႔ဘယ္လိုပဲတိုက္တိုက္ ပစၥည္း၊ ကုန္ေရာင္းကုန္ဝယ္၊ ဆန္၊ ဆီ၊ ဆား အကုန္လုံးက ဒီလမ္းေၾကာင္း ပြင့္သြားရင္ အဆင္ေျပပါတယ္ ခင္ဗ်။ အခုက ဒီလမ္းေၾကာင္းကို ပိတ္ဆို႔ထားတယ္ဆို ေတာ့ ကြၽန္ေတာ္တို႔က ဘယ္မွထြက္လို႔မရတဲ့အေနအထားဆိုေတာ့ အမ္းသူ၊ အမ္းသားမွန္သမွ် ထမင္း ငတ္မတတ္ျဖစ္ေနၾကပါတယ္။ ေနာက္ၿပီးေတာ့ ေဒသကေနထြက္သြားတဲ့လူေတြကို ဖမ္းတယ္။ ရခိုင္ျပည္နယ္ထဲကို ထြက္ရင္မဖမ္းဘူးဆိုေတာ့ ေဒသခံေတြက အထြက္မွာလည္းခက္တယ္။ အေနမွာ လည္းခက္တယ္။ ကြၽန္ေတာ္တို႔က စစ္ေဘးစစ္ဒဏ္ ၾကားထဲမွာ ညပ္ေနတဲ့အေနအထားမွာရွိပါတယ္။ ဒီလူေတြကိုသြားေျပာျပန္ရင္လည္း ဖမ္းၿပီးဆြဲသြားတဲ့ လူေတြကမ်ားေနတာဆိုေတာ့ ထြက္ မယ့္လူေတြက လည္း မထြက္ဝံ့ျဖစ္ေနပါတယ္ ခင္ဗ်။
ေမး-ၿမိဳ႕အနီနားမွာ တိုက္ပြဲေတြျဖစ္ေနတာဆိုေတာ့ ေဒသခံေတြ ဘယ္လိုရင္ဆိုင္ျဖတ္သန္းေနရပါသလဲခင္ဗ်။
ေျဖ- AA ကတိုက္ပြဲေဖာ္ေဆာင္ေနတဲ့ ေနရာေတြ ကလည္း အရင္က ေတာနယ္ေတြကျဖစ္ၿပီး အခုဆို ၿမိဳ႕နားကပ္လာၿပီးေတာ့ အမ္းကျပည္သူေတြထဲကို ဝင္လာတယ္။ ျပည္သူေတြကလည္း သူတို႔ေနတဲ့ ေန အိမ္ေတြကိုစြန႔္ခြာၿပီး အမွတ္(၃)ကို ေ႐ႊ႕ရတယ္။ ေလယာဥ္ကြင္းဘက္ကိုေ႐ႊ႕။ အဲဒီလို ေ႐ႊ႕ေျပာင္းေန ရတာဆိုေတာ့ ကြၽန္ေတာ္တို႔မွာ အေနအစားက က်ပ္ တည္းပါတယ္။ ေဒသခံေတြကေတာ့ ရပ္သာ၊ ေတာင္ ညိဳကြင္း၊ ကြၽဲသလင္း၊ ကံ့ေကာ္ေတာင္၊ မီးေလာင္ ေခ်ာင္း၊ ေက်ာက္ဆန္ကြဲဘက္က လူေတြမွန္သမွ်ကို အမ္းၿမိဳ႕က ေလယာဥ္ကြင္းရပ္ကြက္ရယ္။ အမွတ္(၅)၊ အမွတ္(၄)၊ အမွတ္(၃)အဲဒီထဲကို ထည့္ ထားပါတယ္ ခင္ဗ်။ ဒီလူေတြက ကိုယ့္အိုးအိမ္ကိုစြန႔္ခြာၿပီး လူတင္ လြတ္ရာလမ္းကိုလာခဲ့ရတဲ့အတြက္ စား ေရးေသာက္ ေရးကအင္မတန္ခက္ခဲပါတယ္။ ဒီလူ ေတြခက္ခဲေန သလို ေဒသခံၿမိဳ႕သူၿမိဳ႕သားေတြကလည္း အင္မတန္ ကို က်ပ္တည္းက်ဥ္းေျမာင္းလာတာကေတာ့ ကြၽန္ေတာ္တို႔ လက္ေတြ႕ခံစားေနရတဲ့ ျဖစ္စဥ္ေတြျဖစ္ပါ တယ္။ အဲဒါေၾကာင့္ အခုေဒသခံေတြက စားေရး၊ ေသာက္ေရးက အဓိက အခက္အခဲႀကဳံေနရတာ ျဖစ္ပါတယ္။ အခုေျပာေနတဲ့ ကြၽန္ေတာ္တို႔ကိုယ္တိုင္ ေတာင္ငတ္ေနတဲ့ အတိုင္းအတာကို ေရာက္ေနပါၿပီ။ ဘာလို႔ဆို အခုဆိုရင္ အိမ္တစ္အိမ္မွာ ဆန္(၂)ျပည္နဲ႔ (၃)ျပည္မရွိတဲ့အိမ္ေတြရွိသြားပါၿပီ။
ေမး-အမ္းၿမိဳ႕က စီးပြားေရးမွာ ဘယ္အရာကို အေျခ ျပဳၿပီးေနတဲ့ၿမိဳ႕ပါလဲခင္ဗ်။ အခုအေျခအေနမွာ စီးပြား ေရးေတြ ဘယ္လိုျဖစ္သြားလဲ ခင္ဗ်။
ေျဖ-အမ္းကေတာ့ မင္းဘူးကို အေျချပဳၿပီး အသက္ ေမြးဝမ္းေၾကာင္းရွာေနတဲ့လူေတြမ်ားပါတယ္။ အဓိက ကေတာ့ မင္းဘူးနဲ႔ ကုန္သြယ္ေရးလုပ္ၿပီး စီးပြားေရး အေျချပဳထားတဲ့ၿမိဳ႕ပါ။ စိုက္ပ်ိဳးေရးမွာဆိုရင္ ကြၽန္ ေတာ္တို႔အမ္းက သီဟိုဠ္က အမ်ားဆုံးထြက္ပါတယ္။ အမ္းက သီဟိုဠ္ဆိုရင္ တ႐ုတ္ျပည္ကဝယ္တယ္။ သူ႔ ထက္ငါ ေဈးေတြေပးတယ္။ သီဟိုဠ္ေရာင္းတဲ့လူေတြ က စီးပြားေရးေတာ္ေတာ္ျဖစ္တယ္။ အခုအဲဒီလူေတြက သီဟိုဠ္မလုပ္ရတာ တစ္ႏွစ္ေက်ာ္သြားပါၿပီခင္ဗ်။ သီ ဟိုဠ္ေတြမေကာက္ရ ဝင္လည္းမဝင္ရဆိုေတာ့ စိုက္ ပ်ိဳးေရးသမားေတြကလည္းေတာ္ေတာ္ခက္ခဲပါတယ္။ အခုဆိုရင္ စစ္ေဘးေရွာင္ရတဲ့အတြက္ လမ္းသမား ေတြမွာ လယ္ေတြကိုမသိမ္းရ။ ယာေတြ မသိမ္းရ အျဖစ္နဲ႔ ျဖစ္ေနပါတယ္။ ၿပီးေတာ့ ေတာင္ေပၚ ခ်င္း လူမ်ိဳးေတြမွာဆိုရင္ ႏွမ္းခင္းေတြရွိတယ္။ အခုဆိုရင္ ႏွမ္းခုတ္မယ့္ အခ်ိန္ေရာက္လာတယ္။ ႏွမ္းခုတ္ဖို႔က ဘယ္လိုမွလုပ္လို႔မရတဲ့ အေျခအေနကို ျဖစ္ေနတယ္။ အခုလို စပါးလည္းမသိမ္းရ။ ႏွမ္းလည္းမခုတ္ရ ဆို ေတာ့ သူ႔ရာသီနဲ႔သူ ဆုံးရႈံးၿပီးရင္း ဆုံးရႈံးတဲ့အျပင္စား ေရးေသာက္ေရးမွာလည္း ဆန္ေတာင္ဝယ္လို႔မရျဖစ္ေနတယ္။
ေမး-လက္ရွိ အမ္းၿမိဳ႕က ကုန္ေဈးႏႈန္းအေျခအေနနဲ႔ ေဒသခံျပည္သူေတြအေပၚ ဘယ္ေလာက္ထိ႐ိုက္ခတ္ မႈေတြရွိေနလဲ။ ဘယ္လို အခက္အခဲေတြကို ခါးစည္းခံ ေနရလဲခင္ဗ်။
ေျဖ-အခုဆိုရင္ ဆန္တစ္ျပည္ကို က်ပ္ တစ္ေသာင္း (၁၀ဝဝဝ)နဲ႔အထက္မွာေပးေနရတယ္ဆိုေတာ့ မရွိ ဆင္းရဲတဲ့လူေတြအေနနဲ႔က အရည္က်ိဳေသာက္ရ မယ့္ အေျခအေနကို ျဖစ္ေနပါၿပီ။ အရင္ကထက္ (၂)ဆေက်ာ္၊ (၃)ဆေလာက္ကို ခုန္တက္သြားတဲ့ အေျခ အေနေပါ့။ အရင္က ဆန္တစ္ျပည္ကို ေငြက်ပ္ (၃၅၀ဝ)၊ (၃၆၀ဝ)ရွိပါတယ္။ အခုက ဆန္ၾကမ္း ေတာင္ က်ပ္(၁၀ဝဝဝ)ေက်ာ္ေနပါတယ္။ စားဝတ္ ေနေရးကေတာ့ ေတာ္ေတာ္ကို ခက္ခဲေနပါတယ္။ အေျခခံစားေသာက္ကုန္ေဈးေတြက အရင္ကထက္ (၂)ဆ၊ (၃)ဆေလာက္ ခုန္တက္ေနပါတယ္။ င႐ုတ္ တစ္ပိႆာကို က်ပ္(၃၀ဝဝဝ)ေက်ာ္တယ္။ ဆီ တစ္ ပိႆာကို က်ပ္(၂၅၀ဝဝ)ကေန က်ပ္(၃၀ဝဝဝ)အထိ ျဖစ္ေနပါတယ္။ အေျခခံ စားေသာက္ကုန္ေဈးႏႈန္း ေတြကလည္း ခုန္တက္ေနတာ။ အရင္က တစ္လ ေလာက္စားရမွာကို အခုက တစ္ေန႔ေလာက္နဲ႔ ကုန္ ခမ္းသြားပါတယ္။
ေမး-နပခရွိတဲ့ အမ္းကို AA က ဘယ္အခ်ိန္ေလာက္ တည္းက စၿပီးတိုက္ခိုက္ခဲ့တာလဲခင္ဗ်။
ေျဖ- AA ထိုးစစ္ဆင္တာက (၁၀) လပိုင္း (၄) ရက္ ကေန စၿပီးျပင္ဆင္တယ္လို႔ေျပာပါတယ္။ ကြၽန္ေတာ္ တို႔ကလည္း အဲဒီေလာက္မွ သတင္းၾကားတယ္။ စျဖစ္ တာကေတာ့ ကြၽန္ေတာ္တို႔ မီးေလာင္ေခ်ာင္းေက်း႐ြာ မွာ စၿပီးေတာ့ျဖစ္ပါတယ္။ အဲဒီဘက္ ေဒသေတြမွာ ေတာ့ ျပည္သူေတြအရပ္သားေတြက မႊားေလာက္ ေတာင္မရွိေတာ့ဘူး။ အကုန္လုံး အမ္းမွာေရာက္ေန ၾကၿပီ။ အဲဒီေနရာေတြလည္း ျပန္လွည့္ၾကည့္လို႔ မရ ေတာ့ပါဘူး။ အဲဒီဘက္မွာရွိတဲ့ အိုးအိမ္ေတြလည္း မရွိေတာ့ဘူး။ အားလုံးကုန္သြားၿပီ။
ေမး - အခုေနာက္ပိုင္းမွာ အမ္း အနီးနားမွာရွိတဲ့ တပ္မေတာ္စခန္းေတြကို AA ကသိမ္းလိုက္ႏိုင္တယ္ ဆိုၿပီး သတင္းေတြထြက္လာတာ ရွိပါတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေဒသခံတစ္ေယာက္အေနနဲ႔ ဘာေတြသိထားပါသလဲခင္ဗ်။
ေျဖ-အဲဒါကေတာ့ ကြၽန္ေတာ္တို႔ အမ္းၿမိဳ႕မွာ တပ္ရင္းက (၁၇)ရင္းရွိတယ္။ တပ္ရင္း(၁၅)ရင္းကို သိမ္းတယ္။ တိုင္းစစ္ဌာနခ်ဳပ္ထဲမွာ ေနတယ္ဆိုတာ မဟုတ္ပါဘူး။ အဲဒါအမွားေတြပါ။ (၃၇၁)တို႔၊ (၃၇၃)တို႔တပ္ရင္းေတြကေတာ့ သူ႔ေနရာနဲ႔သူရွိတယ္။ သူတို႔ ဝင္ၿပီး တိုက္ရင္လည္း ခဏေလးနဲ႔ ထြက္ေျပးသြားရပါတယ္။ ေလယာဥ္နဲ႔လိုက္ရွင္းတယ္။ ေျခလ်င္ကလည္း လက္နက္ႀကီးပစ္ကူနဲ႔ဆိုေတာ့ AA ေတြေျပးရတာေပါ့။ အခု ရခိုင္ျပည္နယ္ အမ္းၿမိဳ႕မွာျဖစ္တဲ့ကိစၥကိုေတာ့ ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ မီဒီယာေတြ ကိုပဲ။ မီဒီယာေတြက (၂)ဖက္မွ်မွ်တတ မေျပာတဲ့အျပင္ ကြၽန္ေတာ္တို႔ တိုင္းရင္းသားလူငယ္ေလးေတြ အ သက္ေတြ ေပးေနရတယ္ခင္ဗ်။ မီဒီယာေတြကေန တပ္မေတာ္ကေတာ့ ဘယ္ေလာက္က်တယ္။ AA ကဘယ္ ေလာက္က်တယ္။ ေသေသခ်ာခ်ာေလး ထုတ္ျပခဲ့ရင္ ေသဖို႔ေတာ့ လူတိုင္းေၾကာက္ၾကပါတယ္။ အခုေျပာေနတဲ့ မီဒီယာေတြ မဇၩိမတို႔၊ ဧရာဝတီတို႔၊ ေခတ္သစ္တို႔က တင္ထားတာေလး ေတြ႕ထားတာ။ အမ္းကိုသိမ္းလိုက္ၿပီ။ အမ္းၿမိဳ႕ကိုရထားၿပီ။ ဘယ္တပ္ေတြကို ရသြားၿပီ။ သူတို႔က တင္ထားတယ္။ တကယ္တမ္းမွာ ေသေနတာက ကြၽန္ေတာ္တို႔ ရခိုင္လူငယ္ေတြ ေသာင္းဂဏန္းအထိရွိသြားၿပီ။
ေမး-အမ္းကို ထိုးစစ္ဆင္ေနတဲ့ AA လက္နက္ကိုင္အဖြဲ႕မွာ ဘယ္လူမ်ိဳး၊ အဖြဲ႕အစည္းေတြပါဝင္တယ္လို႔ သိရသလဲခင္ဗ်။
ေျဖ-အျခားဆိုရင္ PDF ပါ ပါတယ္။ ၿပီးေတာ့ MNDAA နဲ႔ TNLA ကလည္း ထပ္ၿပီးကူတယ္လို႔ သတင္းရပါတယ္။
ေမး-ဒီတိုက္ပြဲေတြေၾကာင့္ ေဒသခံေတြမွာ စားဝတ္ ေနေရးအခက္အခဲအျပင္ ဘယ္လိုအခက္အခဲေတြနဲ႔ ဆက္ၿပီးရင္ဆိုင္ေနရလဲခင္ဗ်။
ေျဖ-တိုက္ပြဲေတြေၾကာင့္ စားဝတ္ေနေရးတင္ မကပါ ဘူး။ အသက္ေဘးကိုပါ ၾကည့္ေရွာင္ေနရပါၿပီ။ ကြၽန္ ေတာ္တို႔ အမ္းၿမိဳ႕ဆိုတာက မင္းဘူးနဲ႔ အဓိက ကုန္ဆက္သြယ္တဲ့ ၿမိဳ႕ေလးတစ္ၿမိဳ႕ ျဖစ္ပါတယ္။ ေအးေအးေဆး ေဆး လုပ္ကိုင္စားေသာက္ေနတဲ့ ၿမိဳ႕ေလးက အခုအခ်ိန္မွာ ကမာၻႀကီး မီးေလာင္သလိုျဖစ္ေနတဲ့ အေနအထားမ်ိဳးကို ႀကဳံေတြ႕ေနရပါၿပီ။ အဲဒီထဲမွာ စားဝတ္ေနေရးကို ေျဖရွင္းရတာက တစ္ ေၾကာင္း။ ကိုယ့္အသက္ေဘးကို လုေျပးေနရတာက တစ္ေၾကာင္း။ အကုန္ဒုကၡေတြကိုေတြ႕ေနရတာပါ။
ေမး-စားေသာက္ကုန္ေဈးႏႈန္း ႀကီးျမင့္ျခင္းအျပင္ ေဆးဝါးနဲ႔အျခားေသာ ေဈးႏႈန္းေတြမွာေကာ ဘယ္လို အေျခအေနရွိပါသလဲခင္ဗ်။
ေျဖ-စားေသာက္ကုန္ေဈးႏႈန္းႀကီးတာက သူတို႔က လမ္းကိုပိတ္ထားလို႔ ျဖစ္တာပါ။ တပ္က လမ္းကိုဖြင့္တယ္ သူတို႔က လမ္းကိုပိတ္ထားတဲ့အခါမွာ ကြၽန္ ေတာ္တို႔က သြားလို႔မရဘူးျဖစ္ေနတယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ ျပည္သူေတြက ေၾကာက္ရတဲ့အခါ ကုန္ လည္းခ်လို႔ မရေတာ့ဘူး။ လူလည္း သြားလို႔မရေတာ့ဘူး။ အဲဒီေတာ့ ရွိတဲ့ပစၥည္းေလးေတြကို ထိန္းသိမ္း ၿပီးေတာ့ စားသုံးေနရတဲ့အတြက္ အခက္အခဲေတြျဖစ္ ပါတယ္။ ဒီေန႔ဖြင့္ေပး လိုက္လို႔ ဒီေန႔ကုန္စည္ စီးဆင္းသြားရင္ ဒီေန႔အမ္းမွာ အသက္ရႉေခ်ာင္သြားမွာပါ။ အခုသူတို႔(AA လက္နက္ကိုင္အဖြဲ႕)ပိတ္ထားတယ္။ လမ္းမွာသစ္ပင္ႀကီးေတြကိုလွဲ မိုင္းေတြေထာင္လမ္းေတြပိတ္ဆို႔ ဆိုေတာ့ ကြၽန္ေတာ္တို႔ အမ္းသူ အမ္း သားေတြ ထြက္ေပါက္လည္း မရွိ၊ ဝင္ေပါက္လည္း မရွိျဖစ္ေနပါတယ္။ ေဆးဝါးကေတာ့ အရင္က လက္ က်န္ကေလး ဆိုင္ေတြမွာရွိတာ။ အခုက Paracetamol (ပါရာစီတေမာ)ေတာင္ ျပတ္ေနၿပီ။ က်န္းမာေရးအေနနဲ႔ဆိုရင္ လူေတြက အမ်ားႀကီးဒုကၡျဖစ္ေနၿပီ။ ရာသီအေျပာင္းလဲနဲ႔ ေနမေကာင္းေတြကျဖစ္ ေဆးဝါး ေတြကမရွိ။ ကေလးေတြဆို က်န္းမာေရးက ခ်ိဳ႕တဲ့ေန တာ ေတာ္ေတာ္ကို ဒုကၡေတြမ်ားေနပါတယ္။ အခက္အခဲကေတာ့ က်န္းမာေရးမွာ ေဆးဝါးနဲ႔ စားေရး ေသာက္ေရးကေတာ့ အေရးႀကီးဆုံးပါပဲ။ အဓိကဆန္ ေပါ့။
ေမး - အမ္းအနီးနားေဒသမွာ တိုက္ပြဲျဖစ္ေနတာေတြ ရွိလားခင္ဗ်။
ေျဖ - အခုသိမ္းခံထားရတဲ့ မူးေျမတစ္ဝိုက္မွာပဲ ရွိေတာ့တယ္။ အဲဒီဘက္မွာ တပ္မေတာ္ကလည္း ထိုးစစ္ မရွိပါဘူး။ ေအာက္ဘက္ေတြမွာေတာ့ ျပည္သူေတြ အမ်ားႀကီးရွိပါေသးတယ္။ ကြၽန္ေတာ္တို႔ဘက္ကို ေရာက္လာတဲ့ ႐ြာ(၁၉)႐ြာက လူေတြဟာ အင္မတန္ မွကို ခက္ခဲေနပါတယ္။ အဲေတာ့ အမ္းၿမိဳ႕မွာ လူဦးေရ မ်ားလာတဲ့အခါမွ အမ္းၿမိဳ႕ထဲမွာရွိတဲ့ ဆန္ေတြလည္း ကုန္သြားတဲ့အတြက္ အကုန္လုံးခက္ခဲေန ၾကတယ္။ ဒီလိုခက္ခဲတာမ်ိဳးေတာ့ ကြၽန္ေတာ့္တစ္သက္မွာ မႀကဳံဖူးပါဘူး။ တခ်ိဳ႕ဆိုရင္ ကေလးသူငယ္ ေတြ သနားဖို႔ေတာင္ေကာင္းတယ္။ စားေရးေသာက္ ေရးေတြခက္ခဲတဲ့အတြက္ ကေလးေတြ ႐ုပ္ေတြက အရင္နဲ႔ေတာင္မတူေတာ့တဲ့ ပုံစံမ်ိဳးေတြ ေပၚလာ တာရွိတယ္။ အဲဒါေၾကာင့္ ႏိုင္ငံေတာ္အေနနဲ႔လည္း ကြၽန္ေတာ္တို႔ အမ္းသူအမ္းသားေတြကို စစ္ေဘး ေရွာင္ေတြေရာေပါ့ေနာ္။ အကုန္လုံးကို ကူညီေပးေစ လိုပါတယ္။ အဲဒါေတာ့ ေမတၱာရပ္ခံခ်င္ပါတယ္။
ေမး- အမ္းမွာက ဆက္သြယ္ေရးလိုင္းေတြက မေကာင္းဘူးလို႔သိရတယ္။ ဘယ္လိုအေျခအေန ရွိပါသလဲခင္ဗ်။
ေျဖ-ဆက္သြယ္ေရးလိုင္းေတြကေတာ့ ေတာ္ေတာ္ကိုမေကာင္းတာပါ။ တာဝါတိုင္ေတြ ပိတ္တာေတြရွိ တယ္။ အဲဒီလိုေတြျဖစ္ေနေတာ့ ဆက္သြယ္ေရးေတြ လည္း အခက္အခဲေတြျဖစ္ေနပါတယ္။ ဖုန္းအားျဖည့္ ရင္လည္း ကြၽန္ေတာ္တို႔ ဘုန္းႀကီးေက်ာင္းထဲသြားၿပီး ဖုန္းအားျဖည့္ရပါတယ္။ ဘုန္းႀကီးေက်ာင္းမွာ မီးစက္ ေလးႏႈိးတဲ့အခိုက္မွာသြားျဖည့္ရတယ္။ လွ်ပ္စစ္မီးက လည္းမလာပါဘူး။ ဆိုလာျပားေတြ ဘက္ထရီအိုးေတြ ကလည္း မ်ားမ်ားစားစားမရွိေတာ့ အခက္အခဲေတြ ျဖစ္တာေပါ့။ အဲဒါေတြမွာ ဆက္သြယ္ရာမွာ အခက္အခဲေတြရွိပါတယ္။
ေမး-အနယ္နယ္အရပ္ရပ္က ေဒသခံေတြကလည္း အမ္းၿမိဳ႕ကိုလုံးဝင္လာတယ္။ ၿပီးေတာ့ စားဝတ္ေနေရး ေတြပါ အခက္အခဲျဖစ္ေနတာဆိုေတာ့ ခိုးဆိုးလုယက္မႈေတြေကာ ႀကဳံေနရလား။
ေျဖ-ၿမိဳ႕ထဲမွာ အမွတ္(၃)၊ (၂) (၁)မွာလည္း စစ္ေဘး ေရွာင္တဲ့လူေတြရွိတယ္။ ကြၽန္ေတာ္တို႔ ဘက္မွာလည္း စစ္ေဘးေရွာင္တဲ့လူေတြရွိတယ္။ အဲဒီမွာ တခ်ိဳ႕က စားေရးေသာက္ေရးအခက္အခဲျဖစ္ေတာ့ ေနအိမ္ ေတြေပၚတက္ၿပီး ရွာၾကတာေတြရွိတာေပါ့။ အမ္း ၿမိဳ႕ေပၚ ေတြမွာလည္းရွိတယ္။ ေဘးနားက ႐ြာေတြမွာ ေတာ့ ျပန္ကိုမသြားရဲၾကဘူး။ ကိုယ့္အိမ္ကိုေတာင္ ျပန္သြားလို႔မရၾကဘူး။ ျပန္သြားလို႔ေတြ႕ရင္ ဗဗ ေတြ က ဆြဲေခၚသြားတယ္ဆိုေတာ့ ဘယ္သူက ျပန္သြားရဲၾကေတာ့မွာလဲ။ မသြားဝံ့ၾကေတာ့ဘူး။ မိန္းမေတြ႕ရင္ မိန္းမကိုေခၚတယ္။ ေယာက်ာ္းေတြ႕ရင္ ေယာက်ာ္း ေခၚတယ္။ အဲဒါေၾကာင့္ ဘယ္သူမွကိုယ့္႐ြာကို မျပန္ရဲ ၾကေတာ့ဘူး။ ၿမိဳ႕ေပၚမွာပဲ ျဖစ္သလိုစားေသာက္ေနၾက ရပါတယ္။
ေမး-အရင္က AA ရဲ႕ဖမ္းဆီးျခင္းခံထားရတဲ့ ေဒသခံ(၁၀ဝ)ေက်ာ္ကေကာ လက္ရွိအခ်ိန္ထိ ျပန္ လႊတ္ေပးတယ္လို႔ ၾကားမိလားခင္ဗ်။
ေျဖ - အဲဒီလူေတြ အေျခအေနက ဘာမွသတင္း ေတာင္မရဘူး။ သတင္းအစအနေလးေတာင္ မရပါ ဘူး။ အဲဒီေနာက္ဘက္မွာကိုပဲ ထပ္ၿပီးေတာ့ လူ(၁၀ဝ)ေလာက္ပါသြားတယ္။ AA ကဖမ္းဆီးေခၚသြားတာ။ ျပန္ေပးဆြဲတာထက္ကို AA ကတပ္သားစုေဆာင္းဖို႔ ဖမ္းေခၚသြားတယ္လို႔ပဲ ကြၽန္ေတာ္တို႔ေဒသခံေတြက ျမင္ပါတယ္။ ဒါေၾကာင့္ ဒီဟာေတြက စစ္ရာဇဝတ္မူ ေတြက်ဴးလြန္ေနတာ မ်ားေတာင္ မ်ားေနၿပီလို႔ ေျပာလို႔ရတယ္။
ေမး - ေနာက္ဆုံးတစ္ခုအေနနဲ႔ကေတာ့ အမ္းမွာ က်န္းမာေရးနဲ႔ ပညာေရးအေျခအေန ဘယ္လိုရွိပါ သလဲခင္ဗ်။
ေျဖ-ပညာေရးကေတာ့ အခုအခ်ိန္မွာ လုံးဝ ေက်ာင္းမတက္ရေတာ့ဘူး။ က်န္းမာေရးကေတ့ ေဆးဝါးမရွိ တာ။ ေဆးခန္းရွိၿပီးေတာ့ ေဆးမရွိတာနဲ႔ ကုလို႔ မရေတာ့ဘူးျဖစ္ေနၾကတယ္။ အမ္းမွာကတစ္ခုရွိတာက ေဆး႐ုံထဲမွာ ႏိုင္ငံေတာ္ကပို႔ထားတဲ့ေဆးေတြကို ေဆး႐ုံအုပ္ႀကီးနဲ႔ သူနာျပဳေတြခ်န္ခဲ့ၿပီး ဆရာဝန္ေတြက အဲဒီေဆးေတြကို ခိုးၿပီးထြက္သြားတယ္လို႔ ၿမိဳ႕ထဲမွာနာမည္ႀကီးေနပါတယ္။ အဲဒါက ရက္ေပါင္း(၂၀)ေက်ာ္ၿပီ။ ေဆး႐ုံမွာ ဆရာဝန္ႀကီးေတာ့ရွိတယ္။ ေဆး ကို ကိုင္တဲ့ ဆရာဝန္ေတြက ေဆးေတြအားလုံးကိုယူၿပီး ထြက္ေျပးသြားတယ္လို႔ ကြၽန္ေတာ္တို႔ သတင္းရထားပါတယ္။ အဲဒီေတာ့ ေဆး႐ုံပဲရွိၿပီး ေဆးမရွိတာျဖစ္ ေနတာပါ။
ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။