အမေရိကန်က စစ်ရေးအကူအညီတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရှုံးနိမ့်သွားလိမ့်မယ်လို့ ယူကရိန်းသမ္မတပြော
613
Pika (NP News) - နိုဝင်ဘာ ၂ဝ
အမေရိကန်က စစ်ရေးအကူအညီတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်းက ရှုံးနိမ့်သွားလိမ့်မယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဇီလန်စကီးက "အမေရိကန်က စစ်ရေးအကူအညီတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ဒီစစ်ပွဲမှာ ကျွန်တော်တို့ရှုံးနိမ့်သွားပါလိမ့်မယ်။ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားရမှာပါ။ ကျွန်တော်တို့မှာ စစ်လက်နက် ပစ္စည်း ထုတ်လုပ်တဲ့နေရာတွေရှိပါတယ်။ ဒါပေမဲ့ စစ်ပွဲကိုနိုင်ဖို့အတွက်တော့ မလုံလောက်ပါဘူး။ ပြီးတော့ အဲဒါက အသက်ရှင်သန်ဖို့အတွက်လည်း မလုံလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့အစိုးရဟာ ယူကရိန်းကို စစ်ရေးကူညီပံ့ပိုးပေးမှုတွေ လျှော့ချနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းစစ်ပွဲကို အချိန်(၂၄)နာရီအတွင်း အဆုံးသတ်သွားအောင် လုပ်ဆောင်ပေးမယ်လို့ မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာ အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ယူကရိန်းနဲ့ အမေရိကန်ကြားမှာ အဓိကအရေးကြီးဆုံးအရာက စည်းလုံးညီညွတ်မှုဖြစ်တယ်လို့လည်း ဇီလန်စကီးက ထပ်မံပြောကြားခဲ့ပါတယ်။ ဇီလန်စကီးက "ရုရှားသမ္မတပူတင်သာ ဆန္ဒရှိမယ်ဆိုရင် ဒီစစ်ပွဲကို လုံးဝအဆုံးသတ်ပစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါကလည်း အမေရိကန်အပေါ် အများကြီးမူတည်ပါတယ်။ ပူတင်ဟာ အမေရိကန်လောက်တော့ အင်အားမကြီးပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၂)နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း ယခုအချိန်အထိ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
zawgyi version
အေမရိကန္က စစ္ေရးအကူအညီေတြကို ျဖတ္ေတာက္လိုက္မယ္ဆိုရင္ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့ စစ္ပြဲကို ရႈံးနိမ့္သြားလိမ့္မယ္လို႔ ယူကရိန္းသမၼတေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂ဝ
အေမရိကန္က စစ္ေရးအကူအညီေတြကို ျဖတ္ေတာက္လိုက္မယ္ဆိုရင္ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ယူကရိန္းက ရႈံးနိမ့္သြားလိမ့္မယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဇီလန္စကီးက "အေမရိကန္က စစ္ေရးအကူအညီေတြကို ျဖတ္ေတာက္လိုက္မယ္ဆိုရင္ ဒီစစ္ပြဲမွာ ကြၽန္ေတာ္တို႔ရႈံးနိမ့္သြားပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ ဆက္လက္တိုက္ပြဲဝင္သြားရမွာပါ။ ကြၽန္ေတာ္တို႔မွာ စစ္လက္နက္ ပစၥည္း ထုတ္လုပ္တဲ့ေနရာေတြရွိပါတယ္။ ဒါေပမဲ့ စစ္ပြဲကိုႏိုင္ဖို႔အတြက္ေတာ့ မလုံေလာက္ပါဘူး။ ၿပီးေတာ့ အဲဒါက အသက္ရွင္သန္ဖို႔အတြက္လည္း မလုံေလာက္ဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္ရဲ႕အစိုးရဟာ ယူကရိန္းကို စစ္ေရးကူညီပံ့ပိုးေပးမႈေတြ ေလွ်ာ့ခ်ႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ အေမရိကန္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ ေဒၚနယ္ထရမ့္ဟာ ယူကရိန္းစစ္ပြဲကို အခ်ိန္(၂၄)နာရီအတြင္း အဆုံးသတ္သြားေအာင္ လုပ္ေဆာင္ေပးမယ္လို႔ မဲဆြယ္စည္း႐ုံးေရးကာလအတြင္းမွာ အႀကိမ္ႀကိမ္ကတိျပဳေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ယူကရိန္းနဲ႔ အေမရိကန္ၾကားမွာ အဓိကအေရးႀကီးဆုံးအရာက စည္းလုံးညီၫြတ္မႈျဖစ္တယ္လို႔လည္း ဇီလန္စကီးက ထပ္မံေျပာၾကားခဲ့ပါတယ္။ ဇီလန္စကီးက "႐ုရွားသမၼတပူတင္သာ ဆႏၵရွိမယ္ဆိုရင္ ဒီစစ္ပြဲကို လုံးဝအဆုံးသတ္ပစ္ပါလိမ့္မယ္။ ဒါေပမဲ့ အဲဒါကလည္း အေမရိကန္အေပၚ အမ်ားႀကီးမူတည္ပါတယ္။ ပူတင္ဟာ အေမရိကန္ေလာက္ေတာ့ အင္အားမႀကီးပါဘူး"လို႔ ေျပာဆိုခဲ့ပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၂)ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ယခုအခ်ိန္အထိ ႏွစ္ဖက္စလုံးက အပစ္အခတ္ရပ္စဲေရးအတြက္ သေဘာတူညီခ်က္ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။