အိန္ဒိယနဲ့တရုတ်ကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်
197
Pika (NP News) - နိုဝင်ဘာ ၂ဝ
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ဟာ နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးမှုဟာ အိန္ဒိယနဲ့ တရုတ်ကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှုဖလှယ်မှုတွေကို ပိုမိုအားကောင်းလာစေမယ့် လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့လည်း ပြောဆိုထားကြပါတယ်။ အိန္ဒိယနဲ့တရုတ်တို့ဟာ နယ်စပ်အငြင်းပွားမှုပြဿနာတွေကို ဖြေရှင်းဖို့ သဘောတူညီခဲ့ကြပြီးနောက် သီတင်းပတ်များစွာအကြာမှာ ယခုလိုဆွေးနွေးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ S. Jaishankar နဲ့ဝမ်ယိတို့ဟာ ဘရာဇီးမှာကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးအပြီးမှာ ယခုလိုတွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့ပြင် S. Jaishankar နဲ့ဝမ်ယိတို့ဟာ နှစ်နိုင်ငံကြားဖြစ်ပွားနေတဲ့ နယ်စပ်အငြင်းပွားပြဿနာတွေအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို အလေးပေးဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။၎င်းတို့ရဲ့ဆွေးနွေးမှုတွေဟာ အိန္ဒိယ-တရုတ်ဆက်ဆံရေးမှာ နောက်ထပ်အဆင့်တစ်ခုကို ထပ်တက်နိုင်ဖို့ အာရုံစိုက်ထားတာမျိုးဖြစ်တယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယနဲ့တရုတ်တို့ဟာ တိုက်ရိုက်လေကြောင်းခရီးစဉ်တွေအပြင် ဘုရားဖူးခရီးစဉ်တွေကို ကိုဗစ်(၁၉)ကပ်ရောဂါဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ရပ် ဆိုင်းခဲ့တာဖြစ်ပြီး ယခုအချိန်အထိ ပြန်လည်စတင်တာမျိုး မရှိသေးတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အိန္ဒိယနိုင်ငံဟာ အဖွဲ့ဝင်(၁၅)နိုင်ငံ ပါဝင်တဲ့ ဒေသဆိုင်ရာဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP)မှာ ပါဝင်ဖို့ စဉ်းစားသင့်တယ်လို့ အိန္ဒိယအစိုးရအကြံပေးအဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြီးခဲ့တဲ့နိုဝင်ဘာလ(၇)ရက်မှာ အကြံပြုပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
အိႏၵိယနဲ႔တ႐ုတ္ၾကား တိုက္႐ိုက္ေလေၾကာင္းခရီးစဥ္ေတြ ျပန္လည္စတင္ဖို႔ ေဆြးေႏြးမႈေတြ လုပ္ေဆာင္
Pika (NP News) - ႏိုဝင္ဘာ ၂ဝ
အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S. Jaishankar နဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိတို႔ဟာ ႏွစ္ႏိုင္ငံၾကား တိုက္႐ိုက္ေလေၾကာင္းခရီးစဥ္ေတြ ျပန္လည္စတင္ဖို႔ ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။
အဲဒီေဆြးေႏြးမႈဟာ အိႏၵိယနဲ႔ တ႐ုတ္ၾကား ကုန္သြယ္ေရး၊ ခရီးသြားလုပ္ငန္းနဲ႔ ယဥ္ေက်းမႈဖလွယ္မႈေတြကို ပိုမိုအားေကာင္းလာေစမယ့္ လႈပ္ရွားမႈတစ္ခုျဖစ္တယ္လို႔လည္း ေျပာဆိုထားၾကပါတယ္။ အိႏၵိယနဲ႔တ႐ုတ္တို႔ဟာ နယ္စပ္အျငင္းပြားမႈျပႆနာေတြကို ေျဖရွင္းဖို႔ သေဘာတူညီခဲ့ၾကၿပီးေနာက္ သီတင္းပတ္မ်ားစြာအၾကာမွာ ယခုလိုေဆြးေႏြးမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ S. Jaishankar နဲ႔ဝမ္ယိတို႔ဟာ ဘရာဇီးမွာက်င္းပတဲ့ G20 ထိပ္သီးအစည္းအေဝးအၿပီးမွာ ယခုလိုေတြ႕ဆုံမႈေတြ လုပ္ေဆာင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒါ့ျပင္ S. Jaishankar နဲ႔ဝမ္ယိတို႔ဟာ ႏွစ္ႏိုင္ငံၾကားျဖစ္ပြားေနတဲ့ နယ္စပ္အျငင္းပြားျပႆနာေတြအတြက္ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးတို႔ကို အေလးေပးေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။၎တို႔ရဲ႕ေဆြးေႏြးမႈေတြဟာ အိႏၵိယ-တ႐ုတ္ဆက္ဆံေရးမွာ ေနာက္ထပ္အဆင့္တစ္ခုကို ထပ္တက္ႏိုင္ဖို႔ အာ႐ုံစိုက္ထားတာမ်ိဳးျဖစ္တယ္လို႔ အိႏၵိယျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။
အိႏၵိယနဲ႔တ႐ုတ္တို႔ဟာ တိုက္႐ိုက္ေလေၾကာင္းခရီးစဥ္ေတြအျပင္ ဘုရားဖူးခရီးစဥ္ေတြကို ကိုဗစ္(၁၉)ကပ္ေရာဂါျဖစ္ပြားခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္မွာ ရပ္ ဆိုင္းခဲ့တာျဖစ္ၿပီး ယခုအခ်ိန္အထိ ျပန္လည္စတင္တာမ်ိဳး မရွိေသးတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အိႏၵိယႏိုင္ငံဟာ အဖြဲ႕ဝင္(၁၅)ႏိုင္ငံ ပါဝင္တဲ့ ေဒသဆိုင္ရာဘက္စုံစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ(RCEP)မွာ ပါဝင္ဖို႔ စဥ္းစားသင့္တယ္လို႔ အိႏၵိယအစိုးရအႀကံေပးအဖြဲ႕ အႀကီးတန္းအရာရွိတစ္ဦးက ၿပီးခဲ့တဲ့ႏိုဝင္ဘာလ(၇)ရက္မွာ အႀကံျပဳေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။