ဆောင်ဂျွန်ကီတို့ဇနီးမောင်နှံ ဒုတိယမြောက်ရင်သွေးလေး မွေးဖွား

 1478

ရောင်နီ (NP News) - နိုဝင်ဘာ ၂ဝ

တောင်ကိုရီးယားသရုပ်ဆောင် ဆောင်ဂျွန်ကီနဲ့ဇနီးဖြစ်သူတို့ဟာ သားဦးလေးကိုမွေးဖွားပြီး ၁ နှစ်ကျော် အကြာမှာပဲ နောက်ထပ် ဒုတိယမြောက်ရင်သွေးကို မွေးဖွားခဲ့ပါတယ်။

ဒီသတင်းကို ဆောင်ဂျွန်ကီက နိုဝင်ဘာ ၂ဝ ရက်က သူ့ရဲ့ fan cafe မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။ "ကျွန်တော် အခု ရောမမှာပါ။ ပထမရင်သွေး သားလေးကို ပိုင်ဆိုင်ခွင့်ရခဲ့တာ တစ်နှစ်ကျော်ပဲ ရှိသေးပေမဲ့ အခုအလွန်ကိုဝမ်းသာစရာ နောက်ထပ်ဖြစ်ရပ်အနေနဲ့ ဒုတိယမြောက်ရင်သွေး သမီးလေးကို မွေးဖွားခဲ့ပါပြီ" လို့ ကြေညာအသိပေးခဲ့ပါတယ်။

ဆောင်ဂျွန်ကီဟာ ကလေးချစ်တတ်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ပထမအိမ်ထောင် ဆောင်းဟေကိုနဲ့ကွာရှင်းရခြင်း အကြောင်းဟာ ကလေးမရခြင်းကြောင့်လားဆိုပြီး ဝေဖန်ခံထားရသူဖြစ်ပါတယ်။ အခုဒုတိယအိမ်ထောင် နိုင်ငံခြားသူ ကေတီလူးဝစ်ဆန်ဒါနဲ့မှာတော့ ၂၀၂၃၊ ဇန်နဝါရီက လက်ထပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လမှာပဲ သားလေးတစ်ဦးကို မွေးဖွားပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ေဆာင္ဂြၽန္ကီတို႔ဇနီးေမာင္ႏွံ ဒုတိယေျမာက္ရင္ေသြးေလး ေမြးဖြား
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂ဝ

ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ေဆာင္ဂြၽန္ကီနဲ႔ဇနီးျဖစ္သူတို႔ဟာ သားဦးေလးကိုေမြးဖြားၿပီး ၁ ႏွစ္ေက်ာ္ အၾကာမွာပဲ ေနာက္ထပ္ ဒုတိယေျမာက္ရင္ေသြးကို ေမြးဖြားခဲ့ပါတယ္။

ဒီသတင္းကို ေဆာင္ဂြၽန္ကီက ႏိုဝင္ဘာ ၂ဝ ရက္က သူ႔ရဲ႕ fan cafe မွာ မွ်ေဝခဲ့တာ ျဖစ္ပါတယ္။ "ကြၽန္ေတာ္ အခု ေရာမမွာပါ။ ပထမရင္ေသြး သားေလးကို ပိုင္ဆိုင္ခြင့္ရခဲ့တာ တစ္ႏွစ္ေက်ာ္ပဲ ရွိေသးေပမဲ့ အခုအလြန္ကိုဝမ္းသာစရာ ေနာက္ထပ္ျဖစ္ရပ္အေနနဲ႔ ဒုတိယေျမာက္ရင္ေသြး သမီးေလးကို ေမြးဖြားခဲ့ပါၿပီ" လို႔ ေၾကညာအသိေပးခဲ့ပါတယ္။

ေဆာင္ဂြၽန္ကီဟာ ကေလးခ်စ္တတ္သူတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ပထမအိမ္ေထာင္ ေဆာင္းေဟကိုနဲ႔ကြာရွင္းရျခင္း အေၾကာင္းဟာ ကေလးမရျခင္းေၾကာင့္လားဆိုၿပီး ေဝဖန္ခံထားရသူျဖစ္ပါတယ္။ အခုဒုတိယအိမ္ေထာင္ ႏိုင္ငံျခားသူ ေကတီလူးဝစ္ဆန္ဒါနဲ႔မွာေတာ့ ၂၀၂၃၊ ဇန္နဝါရီက လက္ထပ္ခဲ့ၿပီး ၂၀၂၃ ခုႏွစ္ ဇြန္လမွာပဲ သားေလးတစ္ဦးကို ေမြးဖြားပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.