ဂျပန်နာမည်ကျော် မန်ဂါ ရုပ်ပြ Dragon Ball အသက် ၄၀ ပြည့်ပြီဖြစ်
115
ရောင်နီ (NP News) - နိုဝင်ဘာ ၂၁
ဂျပန်နာမည်ကြီး မန်ဂါ Dragon Ball ရဲ့ဖန်တီးရှင် အာကီရာတိုရီရာမာ ကွယ်လွန်ပြီးတဲ့နောက် လအနည်းငယ်အကြာမှာ မန်ဂါရုပ်ပြ Dragon Ball အနှစ် ၄ဝ ပြည့်ပွဲအခမ်းအနားကို ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၀ ရက်) က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပခဲ့ပါတယ်။
မူရင်း Dragon Ball manga ကို ၁၉၈၄ ခုနှစ် နို၀င်ဘာ ၂၀ ရက်က စတင် ဖန်တီးထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အဲဒီ မန်ဂါရုပ်ပြ ပထမဆုံးအတွဲဟာ ကမ္ဘာမြေကြီးကို ကာကွယ်ဖို့ နဂါးတွေနဲ့ မှော်ဆန်တဲ့ ဘောလုံးတွေကို စုဆောင်းပေးတဲ့ ဆမ်းဂိုကု အမည်ရှိ ကောင်လေးတစ်ဦးရဲ့အကြောင်းနဲ့ စတင်ခဲ့ပါတယ်။ အဆိုပါ ရုပ်ပြစာအုပ်တွေဟာ ဂျပန်နဲ့ ကမ္ဘာတစ်ဝှမ်းတွင် အုပ်ရေ သန်း ၂၆၀ ကျော် ရောင်းချနိုင်အောင် နာမည်ကြီးကျော်ကြားခဲ့ပါတယ်။
Dragon Ball ရုပ်ပြဖန်တီးသူ တိုရီယာမာဟာ ဦးနှောက်သွေးခဲမှုကြောင့် ၂၀၂၄ ခုနှစ် မတ်လ၊ အသက် ၆၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ကွယ်လွန်သတင်းအတွက် ကမ္ဘာ့ခေါင်းဆောင်တွေမှအစ ဝမ်းနည်းနှမြောခဲ့ကြရပါတယ်။ Dragon Ball မန်ဂါစီးရီး ပထမပိုင်းကို ၁၉၈၆ ခုနှစ်မှာ TV series အဖြစ် anime version ပြောင်းလဲခဲ့ပြီး ဂိမ်းတွေမှာပါ နေရာယူ လွှမ်းမိုးနိုင်ခဲ့ပါတယ်။
Zawgyi Version;
ဂ်ပန္နာမည္ေက်ာ္ မန္ဂါ ႐ုပ္ျပ Dragon Ball အသက္ ၄၀ ျပည့္ၿပီျဖစ္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၁
ဂ်ပန္နာမည္ႀကီး မန္ဂါ Dragon Ball ရဲ႕ဖန္တီးရွင္ အာကီရာတိုရီရာမာ ကြယ္လြန္ၿပီးတဲ့ေနာက္ လအနည္းငယ္အၾကာမွာ မန္ဂါ႐ုပ္ျပ Dragon Ball အႏွစ္ ၄ဝ ျပည့္ပြဲအခမ္းအနားကို ဗုဒၶဟူးေန႔ (ႏိုဝင္ဘာ ၂၀ ရက္) က ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။
မူရင္း Dragon Ball manga ကို ၁၉၈၄ ခုႏွစ္ ႏို၀င္ဘာ ၂၀ ရက္က စတင္ ဖန္တီးထုတ္ေဝခဲ့တာျဖစ္ပါတယ္။ အဲဒီ မန္ဂါ႐ုပ္ျပ ပထမဆုံးအတြဲဟာ ကမာၻေျမႀကီးကို ကာကြယ္ဖို႔ နဂါးေတြနဲ႔ ေမွာ္ဆန္တဲ့ ေဘာလုံးေတြကို စုေဆာင္းေပးတဲ့ ဆမ္းဂိုကု အမည္ရွိ ေကာင္ေလးတစ္ဦးရဲ႕အေၾကာင္းနဲ႔ စတင္ခဲ့ပါတယ္။ အဆိုပါ ႐ုပ္ျပစာအုပ္ေတြဟာ ဂ်ပန္နဲ႔ ကမာၻတစ္ဝွမ္းတြင္ အုပ္ေရ သန္း ၂၆၀ ေက်ာ္ ေရာင္းခ်ႏိုင္ေအာင္ နာမည္ႀကီးေက်ာ္ၾကားခဲ့ပါတယ္။
Dragon Ball ႐ုပ္ျပဖန္တီးသူ တိုရီယာမာဟာ ဦးေႏွာက္ေသြးခဲမႈေၾကာင့္ ၂၀၂၄ ခုႏွစ္ မတ္လ၊ အသက္ ၆၈ ႏွစ္အ႐ြယ္မွာ ကြယ္လြန္ခဲ့ပါတယ္။ သူ႔ရဲ႕ကြယ္လြန္သတင္းအတြက္ ကမာၻ႔ေခါင္းေဆာင္ေတြမွအစ ဝမ္းနည္းႏွေျမာခဲ့ၾကရပါတယ္။ Dragon Ball မန္ဂါစီးရီး ပထမပိုင္းကို ၁၉၈၆ ခုႏွစ္မွာ TV series အျဖစ္ anime version ေျပာင္းလဲခဲ့ၿပီး ဂိမ္းေတြမွာပါ ေနရာယူ လႊမ္းမိုးႏိုင္ခဲ့ပါတယ္။