ဒုတိယမြောက်ရင်သွေးလေးကို အောင်မြင်စွာမွေးဖွားခဲ့ပြီဖြစ်တဲ့ တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင် လီဂျွန်ဟွန်း

 366

Pika (NP News) - နိုဝင်ဘာ ၂၁

တောင်ကိုရီးယားနာမည်ကျော် အဆိုတော်နှင့်ရုပ်ရှင်သရုပ်ဆောင် လီဂျွန်ဟွန်းသည် ၎င်း၏ဒုတိယမြောက်ရင်သွေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လီဂျွန်ဟွန်းသည် အဆိုပါဝမ်းသာစရာသတင်းကို နိုဝင်ဘာလ(၁၉)ရက်တွင် ၎င်း၏ကိုယ်ရေးကိုယ်တာအကောင့်မှတစ်ဆင့် မျှဝေခဲ့ခြင်းဖြစ်သည်။ လီ ဂျွန်ဟွန်းက "ကျွန်မရဲ့ဒုတိယမြောက်ရင်သွေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါပြီ။ ကျွန်မရဲ့ကျန်းမာရေးကလည်း ပြန်လည်ကောင်းမွန်လာပါပြီ။ ကလေးကလည်း ကျန်းကျန်းမာမာ ကောင်းကောင်းမွန်မွန်ပဲရှိနေပါတယ်။ကျွန်မက ဒုတိယမြောက်ကလေးရဲ့ မေမေအသစ်ဆိုတာ ဘယ်သူမှထင်ကြမှာမဟုတ်ပါဘူး"ဟု ပြောဆိုခဲ့သည်။

ထို့ပြင် လီဂျွန်ဟွန်း၏ ဒုတိယမြောက်ရင်သွေးမွေးဖွားမှုကို ပရိသတ်များက ဂုဏ်ပြုကြောင်းပို့စ်များကို ရေးသားဖော်ပြခဲ့ကြကြောင်းလည်း သိရသည်။ပရိသတ်တစ်ဦးက"ဒုတိယမြောက်ရင်သွေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ကလေးငယ်လေးက လီဂျွန်ဟွန်းလိုမျိုး လှလှပပလေးနဲ့ ကြီးပြင်းလာပါစေ။ ကျန်းမာပျော်ရွှင်ကြပါစေ"ဟု ရေးသားဖော်ပြခဲ့သည်။ လီဂျွန်ဟွန်းသည် ၎င်း၏ဒုတိယမြောက်ကိုယ်ဝန်အကြောင်းကို ပြီးခဲ့သည့်ဇွန်လ အစောပိုင်းတွင် KBS2 အစီအစဉ် 'Stars'တွင် ထုတ်ပြန် ကြေ ညာခဲ့သည်။ လီဂျွန်ဟွန်းသည် ၎င်း၏ခင်ပွန်းဖြစ်သူနှင့် (၂၀၁၉)ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ပထမဆုံးသမီးငယ်လေး ဆိုးအယ်ကို (၂၀၂၂)ခုနှစ်တွင် အောင်မြင်စွာမွေးဖွားခဲ့ခြင်းဖြစ်သည်။

zawgyi version
ဒုတိယေျမာက္ရင္ေသြးေလးကို ေအာင္ျမင္စြာေမြးဖြားခဲ့ၿပီျဖစ္တဲ့ ေတာင္ကိုရီးယား႐ုပ္ရွင္သ႐ုပ္ေဆာင္ လီဂြၽန္ဟြန္း
Pika (NP News) - ႏိုဝင္ဘာ ၂၁

ေတာင္ကိုရီးယားနာမည္ေက်ာ္ အဆိုေတာ္ႏွင့္႐ုပ္ရွင္သ႐ုပ္ေဆာင္ လီဂြၽန္ဟြန္းသည္ ၎၏ဒုတိယေျမာက္ရင္ေသြးကို ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

လီဂြၽန္ဟြန္းသည္ အဆိုပါဝမ္းသာစရာသတင္းကို ႏိုဝင္ဘာလ(၁၉)ရက္တြင္ ၎၏ကိုယ္ေရးကိုယ္တာအေကာင့္မွတစ္ဆင့္ မွ်ေဝခဲ့ျခင္းျဖစ္သည္။ လီ ဂြၽန္ဟြန္းက "ကြၽန္မရဲ႕ဒုတိယေျမာက္ရင္ေသြးကို ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ပါၿပီ။ ကြၽန္မရဲ႕က်န္းမာေရးကလည္း ျပန္လည္ေကာင္းမြန္လာပါၿပီ။ ကေလးကလည္း က်န္းက်န္းမာမာ ေကာင္းေကာင္းမြန္မြန္ပဲရွိေနပါတယ္။ကြၽန္မက ဒုတိယေျမာက္ကေလးရဲ႕ ေမေမအသစ္ဆိုတာ ဘယ္သူမွထင္ၾကမွာမဟုတ္ပါဘူး"ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ လီဂြၽန္ဟြန္း၏ ဒုတိယေျမာက္ရင္ေသြးေမြးဖြားမႈကို ပရိသတ္မ်ားက ဂုဏ္ျပဳေၾကာင္းပို႔စ္မ်ားကို ေရးသားေဖာ္ျပခဲ့ၾကေၾကာင္းလည္း သိရသည္။ပရိသတ္တစ္ဦးက"ဒုတိယေျမာက္ရင္ေသြးကို ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့တဲ့အတြက္ ဝမ္းသာပါတယ္။ ကေလးငယ္ေလးက လီဂြၽန္ဟြန္းလိုမ်ိဳး လွလွပပေလးနဲ႔ ႀကီးျပင္းလာပါေစ။ က်န္းမာေပ်ာ္႐ႊင္ၾကပါေစ"ဟု ေရးသားေဖာ္ျပခဲ့သည္။ လီဂြၽန္ဟြန္းသည္ ၎၏ဒုတိယေျမာက္ကိုယ္ဝန္အေၾကာင္းကို ၿပီးခဲ့သည့္ဇြန္လ အေစာပိုင္းတြင္ KBS2 အစီအစဥ္ 'Stars'တြင္ ထုတ္ျပန္ ေၾက ညာခဲ့သည္။ လီဂြၽန္ဟြန္းသည္ ၎၏ခင္ပြန္းျဖစ္သူႏွင့္ (၂၀၁၉)ခုႏွစ္တြင္ လက္ထပ္ခဲ့ၿပီး ပထမဆုံးသမီးငယ္ေလး ဆိုးအယ္ကို (၂၀၂၂)ခုႏွစ္တြင္ ေအာင္ျမင္စြာေမြးဖြားခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.