အမေရိကန်နိုင်ငံမှာ လူပေါင်း(၂၆၂)ဦးက စက္ကူဒုံးပျံတွေကို တစ်ပြိုင်တည်းပစ်လွှတ်ပြီး ဂင်းနစ်စံချိန်ချိုးဖျက်
303
Pika (NP News) - နိုဝင်ဘာ ၂၁
အမေရိကန်နိုင်ငံရှိ ပြတိုက်တစ်ခုအတွင်း လူပေါင်း(၂၆၂)ဦးသည် စက္ကူဒုံးပျံများကို တစ်ပြိုင်နက်ပစ်လွှတ်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ သိပ္ပံစင်တာတစ်ခုက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါသိပ္ပံစင်တာသည် ပြတိုက်သို့လာရောက်လည်ပတ်သူ စုစုပေါင်း (၂၇၁)ဦးကို စုစည်းခဲ့ပြီး ပါဝင်သူများအားလုံးကို အချိန်(၁၅)စက္ကန့်အတွင်း ၎င်းတို့၏စက္ကူဒုံးပျံများကို ပစ်လွှတ်ရန်အတွက် (၃)ကြိမ်ကြိုးပမ်းခွင့်ပြုခဲ့ကြောင်းသိရသည်။ ထို့နောက်ပစ်လွှတ်မှုကို လုပ်ဆောင်ခဲ့ရာ ပါဝင်သူအား လုံးအနက်မှ(၉)ဦးသည် အရည်အချင်းပြည့်မီအောင် ပစ်လွှတ်နိုင်ခဲ့ခြင်းမျိုးမရှိခဲ့သော်လည်း အခြားလူ(၂၆၂)ဦးမှာ ၎င်းတို့၏စက္ကူဒုံးပျံများကို အောင် မြင်စွာပစ်လွှတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါပစ်လွှတ်မှုသည် ယခင်ဂင်းနစ်စံချိန်ကို ကိုင်ဆောင်ထားသည့် စက္ကူဒုံးပျံ(၂၅၀)ပစ်လွှတ်နိုင်ခဲ့သည့်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်းလည်း သိရသည်။
အော်လန်ဒိုမြို့ သိပ္ပံစင်တာက "ဒီဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ဖို့အတွက် စက္ကူနဲ့လုပ်ထားတဲ့ ဒုံးပျံတွေကို ဖန်တီးခဲ့ပါတယ်။ ပြီးတော့ လူပေါင်း (၂၆၂) ဦးက ၎င်းတို့ရဲ့စက္ကူဒုံးပျံတွေကို အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။ အဆိုပါကြိုးပမ်းမှုကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကိုယ်တိုင်လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း အသိအ မှတ်ပြုပေးခဲ့ခြင်းဖြစ်သည်။
zawgyi version
အေမရိကန္ႏိုင္ငံမွာ လူေပါင္း(၂၆၂)ဦးက စကၠဴဒုံးပ်ံေတြကို တစ္ၿပိဳင္တည္းပစ္လႊတ္ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္
Pika (NP News) - ႏိုဝင္ဘာ ၂၁
အေမရိကန္ႏိုင္ငံရွိ ျပတိုက္တစ္ခုအတြင္း လူေပါင္း(၂၆၂)ဦးသည္ စကၠဴဒုံးပ်ံမ်ားကို တစ္ၿပိဳင္နက္ပစ္လႊတ္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း ဖေလာ္ရီဒါျပည္နယ္ ေအာ္လန္ဒိုၿမိဳ႕ရွိ သိပၸံစင္တာတစ္ခုက ထုတ္ျပန္ေၾကညာခဲ့သည္။
အဆိုပါသိပၸံစင္တာသည္ ျပတိုက္သို႔လာေရာက္လည္ပတ္သူ စုစုေပါင္း (၂၇၁)ဦးကို စုစည္းခဲ့ၿပီး ပါဝင္သူမ်ားအားလုံးကို အခ်ိန္(၁၅)စကၠန႔္အတြင္း ၎တို႔၏စကၠဴဒုံးပ်ံမ်ားကို ပစ္လႊတ္ရန္အတြက္ (၃)ႀကိမ္ႀကိဳးပမ္းခြင့္ျပဳခဲ့ေၾကာင္းသိရသည္။ ထို႔ေနာက္ပစ္လႊတ္မႈကို လုပ္ေဆာင္ခဲ့ရာ ပါဝင္သူအား လုံးအနက္မွ(၉)ဦးသည္ အရည္အခ်င္းျပည့္မီေအာင္ ပစ္လႊတ္ႏိုင္ခဲ့ျခင္းမ်ိဳးမရွိခဲ့ေသာ္လည္း အျခားလူ(၂၆၂)ဦးမွာ ၎တို႔၏စကၠဴဒုံးပ်ံမ်ားကို ေအာင္ ျမင္စြာပစ္လႊတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါပစ္လႊတ္မႈသည္ ယခင္ဂင္းနစ္စံခ်ိန္ကို ကိုင္ေဆာင္ထားသည့္ စကၠဴဒုံးပ်ံ(၂၅၀)ပစ္လႊတ္ႏိုင္ခဲ့သည့္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။
ေအာ္လန္ဒိုၿမိဳ႕ သိပၸံစင္တာက "ဒီဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔အတြက္ စကၠဴနဲ႔လုပ္ထားတဲ့ ဒုံးပ်ံေတြကို ဖန္တီးခဲ့ပါတယ္။ ၿပီးေတာ့ လူေပါင္း (၂၆၂) ဦးက ၎တို႔ရဲ႕စကၠဴဒုံးပ်ံေတြကို ေအာင္ျမင္စြာပစ္လႊတ္ႏိုင္ခဲ့ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္"ဟု ေျပာဆိုခဲ့သည္။ အဆိုပါႀကိဳးပမ္းမႈကို ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ကိုယ္တိုင္လာေရာက္ၾကည့္ရႈစစ္ေဆးခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း အသိအ မွတ္ျပဳေပးခဲ့ျခင္းျဖစ္သည္။