ပထမဆုံးတစ်ကိုယ်တော် အယ်လ်ဘမ်အတွက် မျက်နှာဖုံးကို ထုတ်ပြန်ပြသလိုက်ပြီဖြစ်သည့် BLACKPINK အဖွဲ့ဝင် လီဆာ

 308

Pika (NP News) - နိုဝင်ဘာ ၂၁

တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ လီဆာသည် ၎င်းရ၏ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် 'ALTER EGO' အတွက် မျက်နှာဖုံးကို နောက်ဆုံးတွင် ထုတ်ပြန်ပြသလိုက်ပြီ ဖြစ်သည်။

တစ်ကိုယ်တော်ခရီးကို စတင်ခဲ့ပြီးပြီဖြစ်သော လီဆာသည် ၎င်း၏လာမည့်တစ်ကိုယ်တော်အယ်လ်ဘမ်အတွက် မျက်နှာဖုံးအနုပညာကို နောက်ဆုံးတွင် ယခုကဲ့သို့ထုတ်ပြန်ပြသခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးထုတ်ပြန်ချက်များအရ လီဆာ၏ ပထမဆုံးတစ်ကိုယ်တော် အယ်လ်ဘမ်သည် (၂၀၂၅)ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်တွင် ထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လီဆာသည် Billboard ၏ပထမဆုံး ကမ္ဘာလုံးဆိုင်ရာမျက် နှာဖုံးတွင် ပါဝင်လာသည့် ကြယ်ပွင့်တစ်ဦးဖြစ်လာခဲ့ကြောင်းလည်း သိရသည်။

အမေရိကန်၊ ဆော်ဒီအာရေးဗီးယား၊ အာဂျင်တီးနား၊ ဘရာဇီး၊ ကနေဒါ၊ အီတလီ၊ တောင်ကိုရီးယား နှင့် ဖိလစ်ပိုင်တို့တွင် ထုတ်ဝေမည့် နိုင်ငံတကာ Billboard တေးဂီတမဂ္ဂဇင်း(၁၀)စောင်၏ (၂၀၂၄)ခုနှစ် နိုဝင်ဘာလအတွက် မျက်နှာဖုံးတွင် လီဆာကပါဝင်လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ လီဆာသည် လူသိများသော ဒရမ်မာဇာတ်လမ်းတွဲ “The White Lotus” season 3 တွင် ပွဲဦးထွက်ပါဝင်လာတော့မည်လည်း ဖြစ်သည်။BlackPink အဖွဲ့ဝင် ဂျင်းနီသည် အမေရိကန် ဒရမ်မာဇာတ်လမ်းတွဲ The Idol ဖြင့် ဟောလိဝုဒ်သို့ စတင်ခြေချခဲ့ပြီးနောက် လီဆာက ဟောလိဝုဒ်သို့ ယခုကဲ့သို့ထပ်မံခြေချခဲ့ခြင်းဖြစ်သည်။

"The White Lotus” ဇာတ်လမ်းတွဲသည် ဇိမ်ခံ White Lotus Resort Hotel ၏ နောက်ခံဖြစ်ရပ်များကို ရောယှက်ထားသော ဇာတ်လမ်းများဖြင့် လူသိများကျော်ကြား ကြောင်းသိရသည်။ “The White Lotus” ဇာတ်လမ်းတွဲသည် ချီးကျူးမှု အများအပြားကိုလည်း ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပြုလုပ်သော (၇၄)ကြိမ်မြောက် Emmy Awards တွင် ဆု(၁၀)ဆုကို ရရှိခဲ့ကြောင်းလည်းသိရသည်။ ထင်ရှားသည့်အချက်တစ်ချက်မှာ “The White Lotus” season 3 ကို လီဆာ၏မွေးရပ်မြေဖြစ်သည့် ထိုင်းနိုင်ငံတွင် ရိုက်ကူးမည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် လီဆာသည် ၎င်း၏ကိုယ်ပိုင်ဖျော်ဖြေ ရေးကုမ္ပဏီ LIoud ကို ယခုနှစ် အစောပိုင်းတွင်တည်ထောင်ခဲ့ ကြောင်းလည်းသိရသည်။

zawgyi version
ပထမဆုံးတစ္ကိုယ္ေတာ္ အယ္လ္ဘမ္အတြက္ မ်က္ႏွာဖုံးကို ထုတ္ျပန္ျပသလိုက္ၿပီျဖစ္သည့္ BLACKPINK အဖြဲ႕ဝင္ လီဆာ
Pika (NP News) - ႏိုဝင္ဘာ ၂၁

ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ BLACKPINK ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ လီဆာသည္ ၎ရ၏ပထမဆုံးတစ္ကိုယ္ေတာ္အယ္လ္ဘမ္ 'ALTER EGO' အတြက္ မ်က္ႏွာဖုံးကို ေနာက္ဆုံးတြင္ ထုတ္ျပန္ျပသလိုက္ၿပီ ျဖစ္သည္။

တစ္ကိုယ္ေတာ္ခရီးကို စတင္ခဲ့ၿပီးၿပီျဖစ္ေသာ လီဆာသည္ ၎၏လာမည့္တစ္ကိုယ္ေတာ္အယ္လ္ဘမ္အတြက္ မ်က္ႏွာဖုံးအႏုပညာကို ေနာက္ဆုံးတြင္ ယခုကဲ့သို႔ထုတ္ျပန္ျပသခဲ့ျခင္းျဖစ္သည္။ ေနာက္ဆုံးထုတ္ျပန္ခ်က္မ်ားအရ လီဆာ၏ ပထမဆုံးတစ္ကိုယ္ေတာ္ အယ္လ္ဘမ္သည္ (၂၀၂၅)ခုႏွစ္ ေဖေဖာ္ဝါရီလ(၂၈)ရက္တြင္ ထြက္ရွိလာေတာ့မည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ လီဆာသည္ Billboard ၏ပထမဆုံး ကမာၻလုံးဆိုင္ရာမ်က္ ႏွာဖုံးတြင္ ပါဝင္လာသည့္ ၾကယ္ပြင့္တစ္ဦးျဖစ္လာခဲ့ေၾကာင္းလည္း သိရသည္။

အေမရိကန္၊ ေဆာ္ဒီအာေရးဗီးယား၊ အာဂ်င္တီးနား၊ ဘရာဇီး၊ ကေနဒါ၊ အီတလီ၊ ေတာင္ကိုရီးယား ႏွင့္ ဖိလစ္ပိုင္တို႔တြင္ ထုတ္ေဝမည့္ ႏိုင္ငံတကာ Billboard ေတးဂီတမဂၢဇင္း(၁၀)ေစာင္၏ (၂၀၂၄)ခုႏွစ္ ႏိုဝင္ဘာလအတြက္ မ်က္ႏွာဖုံးတြင္ လီဆာကပါဝင္လာခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ လီဆာသည္ လူသိမ်ားေသာ ဒရမ္မာဇာတ္လမ္းတြဲ “The White Lotus” season 3 တြင္ ပြဲဦးထြက္ပါဝင္လာေတာ့မည္လည္း ျဖစ္သည္။BlackPink အဖြဲ႕ဝင္ ဂ်င္းနီသည္ အေမရိကန္ ဒရမ္မာဇာတ္လမ္းတြဲ The Idol ျဖင့္ ေဟာလိဝုဒ္သို႔ စတင္ေျခခ်ခဲ့ၿပီးေနာက္ လီဆာက ေဟာလိဝုဒ္သို႔ ယခုကဲ့သို႔ထပ္မံေျခခ်ခဲ့ျခင္းျဖစ္သည္။

"The White Lotus” ဇာတ္လမ္းတြဲသည္ ဇိမ္ခံ White Lotus Resort Hotel ၏ ေနာက္ခံျဖစ္ရပ္မ်ားကို ေရာယွက္ထားေသာ ဇာတ္လမ္းမ်ားျဖင့္ လူသိမ်ားေက်ာ္ၾကား ေၾကာင္းသိရသည္။ “The White Lotus” ဇာတ္လမ္းတြဲသည္ ခ်ီးက်ဴးမႈ အမ်ားအျပားကိုလည္း ရရွိခဲ့ၿပီး ၂၀၂၂ ခုႏွစ္တြင္ ျပဳလုပ္ေသာ (၇၄)ႀကိမ္ေျမာက္ Emmy Awards တြင္ ဆု(၁၀)ဆုကို ရရွိခဲ့ေၾကာင္းလည္းသိရသည္။ ထင္ရွားသည့္အခ်က္တစ္ခ်က္မွာ “The White Lotus” season 3 ကို လီဆာ၏ေမြးရပ္ေျမျဖစ္သည့္ ထိုင္းႏိုင္ငံတြင္ ႐ိုက္ကူးမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ လီဆာသည္ ၎၏ကိုယ္ပိုင္ေဖ်ာ္ေျဖ ေရးကုမၸဏီ LIoud ကို ယခုႏွစ္ အေစာပိုင္းတြင္တည္ေထာင္ခဲ့ ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.