ယူကရိန်းချေးထားတဲ့ငွေကြေးများအနက်မှ ဒေါ်လာ(၅)ဘီလျံနီးပါးကိုလျော်ပစ်ဖို့ အမေရိကန်သမ္မတ စီစဉ်နေ
499
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁
သမ္မတ ရာထူးက ဆင်းပေးရမယ့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းနိုင်ငံကို အတိုးနဲ့ချေးထားတဲ့ အမေရိကန်ဒေါ်လာ (၄ ဒသမ ၇)ဘီလျံကို လျော်ပစ်ဖို့စီစဉ်နေကြောင်း သိရပါတယ်။ လက်ရှိအမေရိကန်အစိုးရဟာ ယူကရိန်းကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကူညီထောက်ပံ့ပေးမှုအစိတ်အပိုင်းအဖြစ် အမေရိကန်ဒေါ်လာ(၅)ဘီလျံနီးပါးကို သမ္မအသစ် ဒေါ်နယ်ထရမ့် မတက်မီလျော်ပစ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီး အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်ရေးအကူညီများပေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်လွှတ်တော်ဟာ ယူကရိန်းကို အမေရိကန်ဒေါ်လာ (၁၇၄)ဘီလျံ ကူညီထောက်ပံ့ပေးခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ယူကရိန်းကို အမေရိကန်ဒေါ်လာ (၉ ဒသမ ၄)ဘီလျံ ကူညီပေးဖို့ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလ်လာက "ယူကရိန်းကိုချေးထားတဲ့ ငွေတွေထဲကအချို့ကို စွန့်လွှတ်ဖို့ ဥပဒေသတ်မှတ်နိုင်အောင် လိုအပ်တဲ့အရာတွေလုပ်ဆောင်နေတယ်"လို့ ပြောပါတယ်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းကို ငွေကြေးများကူညီထောက်ပံ့ပေးခြင်းနဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အမေရိကန်အစိုးရကို ဝေဖန်ပြစ်တင်ခဲ့ဖူးကြောင်း သိရပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းကို အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ငွေကြေးများ အလကားသက်သက်ပေးခြင်းထက် အတိုးနဲ့ငွေချေးပေးခြင်းကိုတော့ လက်ခံသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ရက်ပေါင်း(၁၀၀၀)ပြည့်ခဲ့ပေမယ့်တွေ့ဆုံဆွေးနွေးနိုင်ခြင်း၊ အပစ်ခတ်ရပ်စဲနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
zawgyi version
ယူကရိန္းေခ်းထားတဲ့ေငြေၾကးမ်ားအနက္မွ ေဒၚလာ(၅)ဘီလ်ံနီးပါးကိုေလ်ာ္ပစ္ဖို႔ အေမရိကန္သမၼတ စီစဥ္ေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၁
သမၼတ ရာထူးက ဆင္းေပးရမယ့္ အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ယူကရိန္းႏိုင္ငံကို အတိုးနဲ႔ေခ်းထားတဲ့ အေမရိကန္ေဒၚလာ (၄ ဒသမ ၇)ဘီလ်ံကို ေလ်ာ္ပစ္ဖို႔စီစဥ္ေနေၾကာင္း သိရပါတယ္။ လက္ရွိအေမရိကန္အစိုးရဟာ ယူကရိန္းကို ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ ကူညီေထာက္ပံ့ေပးမႈအစိတ္အပိုင္းအျဖစ္ အေမရိကန္ေဒၚလာ(၅)ဘီလ်ံနီးပါးကို သမၼအသစ္ ေဒၚနယ္ထရမ့္ မတက္မီေလ်ာ္ပစ္ဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္လက္ထက္မွာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီး အေမရိကန္အစိုးရဟာ ယူကရိန္းကို စစ္ေရးအကူညီမ်ားေပးခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္လႊတ္ေတာ္ဟာ ယူကရိန္းကို အေမရိကန္ေဒၚလာ (၁၇၄)ဘီလ်ံ ကူညီေထာက္ပံ့ေပးခဲ့ၿပီး ၿပီးခဲ့တဲ့ ဧၿပီလတုန္းကလည္း ယူကရိန္းကို အေမရိကန္ေဒၚလာ (၉ ဒသမ ၄)ဘီလ်ံ ကူညီေပးဖို႔ခြင့္ျပဳေပးခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဌာနရဲ႕ေျပာေရးဆိုခြင့္ရွိသူ မက္သ႐ူး မီလ္လာက "ယူကရိန္းကိုေခ်းထားတဲ့ ေငြေတြထဲကအခ်ိဳ႕ကို စြန႔္လႊတ္ဖို႔ ဥပေဒသတ္မွတ္ႏိုင္ေအာင္ လိုအပ္တဲ့အရာေတြလုပ္ေဆာင္ေနတယ္"လို႔ ေျပာပါတယ္။
ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္ဟာ ယူကရိန္းကို ေငြေၾကးမ်ားကူညီေထာက္ပံ့ေပးျခင္းနဲ႔ပတ္သက္ၿပီး ဂ်ိဳးဘိုင္ဒန္ ဦးေဆာင္တဲ့ အေမရိကန္အစိုးရကို ေဝဖန္ျပစ္တင္ခဲ့ဖူးေၾကာင္း သိရပါတယ္။ ဒါေပမဲ့ ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္က ယူကရိန္းကို အေမရိကန္ အခြန္ထမ္းျပည္သူေတြရဲ႕ေငြေၾကးမ်ား အလကားသက္သက္ေပးျခင္းထက္ အတိုးနဲ႔ေငြေခ်းေပးျခင္းကိုေတာ့ လက္ခံသြားမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ဖူးပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ ရက္ေပါင္း(၁၀၀၀)ျပည့္ခဲ့ေပမယ့္ေတြ႕ဆုံေဆြးေႏြးႏိုင္ျခင္း၊ အပစ္ခတ္ရပ္စဲႏိုင္ျခင္းမရွိေသးေၾကာင္း သိရပါတယ္။