ဟားမတ်စ်အဖွဲ့လက်ထဲ ဖမ်းဆီးခံထားရသူတစ်ဦးကို အသက်ရှင်လျက် ပြန်ကယ်နိုင်မယ်ဆိုရင် ဆုကြေးဒေါ်လာ (၅)သန်းပေးမယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြော

 409

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခြင်းခံထားရသူတွေထဲက လူတစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်မယ်ဆိုရင် အမေရိကန်ဒေါ်လာ(၅)သန်းဆုချီးမြှင့်သွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဟားမတ်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ရုတ်တရက်တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း (၂၅၀)ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲကအချို့ဟာ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်အရ ပြန်လည်လွတ် မြောက်ခဲ့ပေမယ့် အပစ်ခတ်ရပ်စဲရေး ရပ်တန့်သွားခဲ့ပြီးနောက် ဟားမတ်စ်အဖွဲ့ လက်ထဲမှာ ဖမ်းဆီးခံထားရသူအများအပြား ကျန်ရှိနေခဲ့ကြောင်း သိရပါတယ်။ အစ္စရေးထောက်လှမ်းရေးအဖွဲ့က ဟားမတ်စ်လက်နက်ကိုင်အဖွဲ့လက်ထက်မှာ အသက်ရှင်လျက် ကျန်ရှိနေသူအနည်းဆုံး (၅၁)ဦးရှိနေတယ်လို့ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်က " ဖမ်းဆီးထိန်းသိမ်းထားသူတွေကို သတိပေးလိုတယ်။ အဲဒီဖမ်းဆီးထားသူတွေကို ထိခိုက်အေင် လုပ်ဆောင်မယ်ဆိုရင် ကြီးမားတဲ့ပေးဆပ်မှုပြန်ပေးရမယ်။ ကျွန်တော်တို့ဟာ ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်မြောက်အောင် နည်းလမ်းရှာဖွေကြိုးပမ်းမယ်။ ဒါ့ပြင်ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်မြောက်လုပ်ဆောင်ပေးသူတိုင်းကို ဆုချီးမြှင့်ပေးမယ်။ ဖမ်းဆီးခံထားရသူတစ်ဦး အသက်ရှင်လျက် ပြန်လွတ်မြောက်မယ်ဆိုရင် ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ (၅)သန်းချီးမြှင့်မယ်"လို့ သတင်းထုတ်ပြန်ထားပါတယ်။

အစ္စရေးမီဒီယာတွေက နေတန်ရာဟုဟာ ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ဖို့ ပြန်ပေးငွေအဖြစ် အမေရိကန်ဒေါ်လာ သန်းရာချီပေးဖို့ စီစဉ်နေကြောင်းရေးသားဖော်ပြခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးဟာ ဟားမတ်စ်အဖွဲ့ကိုချေမှုန်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဂါဇာဒေသကို တိုက်ခိုက်နေခဲ့ရာ လူပေါင်း(၄)သောင်းကျော်သေဆုံးခဲ့ပြီး ထောင်ချီနေရပ်စွန့်ခွာနေရကြောင်း သိရပါတယ်။

zawgyi version
ဟားမတ္စ္အဖြဲ႕လက္ထဲ ဖမ္းဆီးခံထားရသူတစ္ဦးကို အသက္ရွင္လ်က္ ျပန္ကယ္ႏိုင္မယ္ဆိုရင္ ဆုေၾကးေဒၚလာ (၅)သန္းေပးမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၁

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ ဖမ္းဆီးျခင္းခံထားရသူေတြထဲက လူတစ္ဦးကို အသက္ရွင္လ်က္ ကယ္တင္ႏိုင္မယ္ဆိုရင္ အေမရိကန္ေဒၚလာ(၅)သန္းဆုခ်ီးျမႇင့္သြားမယ္လို႔ သတင္းထုတ္ျပန္လိုက္ပါတယ္။

ဟားမတ္အဖြဲ႕ဟာ အစၥေရးႏိုင္ငံကို ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလအတြင္း ႐ုတ္တရက္တိုက္ခိုက္ခဲ့ၿပီးေနာက္ လူေပါင္း (၂၅၀)ဦးကို ဖမ္းဆီးခဲ့ေၾကာင္းသိရပါတယ္။ ဖမ္းဆီးခံရသူေတြထဲကအခ်ိဳ႕ဟာ အစၥေရးနဲ႔ ဟားမတ္စ္အဖြဲ႕ၾကား ယာယီအပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္အရ ျပန္လည္လြတ္ ေျမာက္ခဲ့ေပမယ့္ အပစ္ခတ္ရပ္စဲေရး ရပ္တန႔္သြားခဲ့ၿပီးေနာက္ ဟားမတ္စ္အဖြဲ႕ လက္ထဲမွာ ဖမ္းဆီးခံထားရသူအမ်ားအျပား က်န္ရွိေနခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးေထာက္လွမ္းေရးအဖြဲ႕က ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕လက္ထက္မွာ အသက္ရွင္လ်က္ က်န္ရွိေနသူအနည္းဆုံး (၅၁)ဦးရွိေနတယ္လို႔ေျပာပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္က " ဖမ္းဆီးထိန္းသိမ္းထားသူေတြကို သတိေပးလိုတယ္။ အဲဒီဖမ္းဆီးထားသူေတြကို ထိခိုက္ေအင္ လုပ္ေဆာင္မယ္ဆိုရင္ ႀကီးမားတဲ့ေပးဆပ္မႈျပန္ေပးရမယ္။ ကြၽန္ေတာ္တို႔ဟာ ဖမ္းဆီးခံထားရသူေတြ ျပန္လြတ္ေျမာက္ေအာင္ နည္းလမ္းရွာေဖြႀကိဳးပမ္းမယ္။ ဒါ့ျပင္ဖမ္းဆီးခံထားရသူေတြကို ျပန္လႊတ္ေျမာက္လုပ္ေဆာင္ေပးသူတိုင္းကို ဆုခ်ီးျမႇင့္ေပးမယ္။ ဖမ္းဆီးခံထားရသူတစ္ဦး အသက္ရွင္လ်က္ ျပန္လြတ္ေျမာက္မယ္ဆိုရင္ ဆုေၾကးအျဖစ္ အေမရိကန္ေဒၚလာ (၅)သန္းခ်ီးျမႇင့္မယ္"လို႔ သတင္းထုတ္ျပန္ထားပါတယ္။

အစၥေရးမီဒီယာေတြက ေနတန္ရာဟုဟာ ဖမ္းဆီးခံထားရသူေတြ ျပန္လည္လြတ္ေျမာက္ဖို႔ ျပန္ေပးေငြအျဖစ္ အေမရိကန္ေဒၚလာ သန္းရာခ်ီေပးဖို႔ စီစဥ္ေနေၾကာင္းေရးသားေဖာ္ျပခဲ့ၿပီးေနာက္ အစၥေရးဝန္ႀကီးခ်ဳပ္က သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ အစၥေရးဟာ ဟားမတ္စ္အဖြဲ႕ကိုေခ်မႈန္းႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဂါဇာေဒသကို တိုက္ခိုက္ေနခဲ့ရာ လူေပါင္း(၄)ေသာင္းေက်ာ္ေသဆုံးခဲ့ၿပီး ေထာင္ခ်ီေနရပ္စြန႔္ခြာေနရေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.