ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
561
နာမူ (NP News) - နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့( နိုဝင်ဘာ ၂၀ ရက်)၊ ညနေ ၅ နာရီ ၄၈ မိနစ် အချိန်ခန့်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၂) မိုင်ခန့် အကွာရှိ ကျိုက်လတ်မြို့၏ အနောက်ဘက် (၃) မိုင်ခန့်အကွာကို ဗဟိုပြု၍ အနက် (၁၀) ကီလိုမီတာ၊ ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထား သိရသည်။
“လှုပ်တာကတော့ ဟုတ်ပါတယ်။ ၆ နာရီထိုးခါနီးလောက်မှာဖြစ်သွားတာပါ။ ပထမတစ်ချက်က နည်းနည်းပြင်းတယ်။ ပြီးမှ ဖြည်းဖြည်းချင်းစီ (၂) ခါလှုပ်သွားတာပါ” ဟု ကျိုက်လတ်မြို့ခံတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါမြေငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာရှိ ဆုတောင်းပြည့်စေတီတော်၏ စိန်ဖူးတော်မြေခခဲ့ကာ ကျေးရွာအတွင်းရှိ အဆောက်အအုံအချို့သည်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ "စိန်ဖူးတော်မြေခတယ်ဆိုတာတော့ ဟုတ်တယ်။ တခြားကြီးကြီးမားမားတော့ မရှိပါဘူး။ အဲဒီလောက်ပါပဲ”ဟု ၎င်းက ပြောသည်။
၎င်းငလျင်ဒဏ်ကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင်လည်း သိသိသာသာခံစားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
zawgyi version
က်ိဳက္လတ္ၿမိဳ႕နယ္အနီးသို႔ ဗဟိုျပဳလႈပ္ခတ္ခဲ့သည့္ ငလ်င္အရွိန္ေၾကာင့္ ေကာ့မႉးၿမိဳ႕နယ္အတြင္းရွိ ေစတီေတာ္တစ္ဆူ၏ စိန္ဖူးေတာ္ေျမခကာ ထိခိုက္ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့
နာမူ (NP News) - ႏိုဝင္ဘာ ၂၁
ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံခ႐ိုင္၊ က်ိဳက္လတ္ၿမိဳ႕နယ္အနီးသို႔ ဗဟိုျပဳ လႈပ္ခတ္ခဲ့သည့္ ငလ်င္အရွိန္ေၾကာင့္ ေကာ့မႉးၿမိဳ႕နယ္အတြင္းရွိ ေစတီေတာ္တစ္ဆူ၏ စိန္ဖူးေတာ္ေျမခကာ ထိခိုက္ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ယမန္ေန႔( ႏိုဝင္ဘာ ၂၀ ရက္)၊ ညေန ၅ နာရီ ၄၈ မိနစ္ အခ်ိန္ခန႔္က ကမာၻေအးေျမငလ်င္စခန္းမွ အေနာက္ေတာင္ဘက္ (၄၂) မိုင္ခန႔္ အကြာရွိ က်ိဳက္လတ္ၿမိဳ႕၏ အေနာက္ဘက္ (၃) မိုင္ခန႔္အကြာကို ဗဟိုျပဳ၍ အနက္ (၁၀) ကီလိုမီတာ၊ ျပင္းအား ၄ ဒသမ ၅ အဆင့္ရွိေသာ ေျမငလ်င္တစ္ခု လႈပ္ခတ္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ထား သိရသည္။
“လႈပ္တာကေတာ့ ဟုတ္ပါတယ္။ ၆ နာရီထိုးခါနီးေလာက္မွာျဖစ္သြားတာပါ။ ပထမတစ္ခ်က္က နည္းနည္းျပင္းတယ္။ ၿပီးမွ ျဖည္းျဖည္းခ်င္းစီ (၂) ခါလႈပ္သြားတာပါ” ဟု က်ိဳက္လတ္ၿမိဳ႕ခံတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါေျမငလ်င္အရွိန္ေၾကာင့္ ေကာ့မႉးၿမိဳ႕နယ္၊ က်ိဳက္ေထာ္ေက်း႐ြာရွိ ဆုေတာင္းျပည့္ေစတီေတာ္၏ စိန္ဖူးေတာ္ေျမခခဲ့ကာ ေက်း႐ြာအတြင္းရွိ အေဆာက္အအုံအခ်ိဳ႕သည္လည္း ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။ "စိန္ဖူးေတာ္ေျမခတယ္ဆိုတာေတာ့ ဟုတ္တယ္။ တျခားႀကီးႀကီးမားမားေတာ့ မရွိပါဘူး။ အဲဒီေလာက္ပါပဲ”ဟု ၎က ေျပာသည္။
၎ငလ်င္ဒဏ္ကို ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္လည္း သိသိသာသာခံစားခဲ့ရေၾကာင္း ေဒသခံမ်ားက ဆိုသည္။