လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
482
စော (NP News) - နိုဝင်ဘာ ၂၁
လူပေါင်း (၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် ပဥ္စမအကြိမ်မြောက် အမျိုး သားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစား သများများ မွေးထုတ်ရန်မျှော်မှန်းထားကြောင်း ကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးက ယနေ့ (နိုဝင်ဘာ ၂၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ဖြေကြားထားခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀)ခန့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို လာမည့် (ဒီဇင်ဘာ ၉ ရက်) နှင့် ပိတ်ပွဲအခမ်းအနားကို (ဒီဇင်ဘာ ၂၀ ရက်)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
“ဒီအားကစားပွဲတော်ကြီးကနေ အနာဂတ်အားကစားလောကအတွက် အလားအလာရှိတဲ့ မျိုးဆက်သစ်အားကစားသမားတွေ မွေးထုတ်ပြီးတော့ လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အောင်မြင်မှုရအောင် စွမ်းဆောင်ပေးမယ်လို့ မျှော်လင့်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ဖြေကြားထားသည်။
အဆိုပါအမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားသမား (၅၂၀၀) ကျော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားသမား (၆၆၀၀) ကျော်နှင့် မသန်စွမ်းအားကစားသမား (၁၄၀) ကျော် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများကို လာမည့် ဒီဇင်ဘာ ၂ရက်မှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအပြင် ရွှေကြာပင်၊ လယ်ဝေးနှင့် ပေါင်းလောင်းတို့ရှိ အားကစားကွင်းများတွင် ကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆)နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း (၂၃) နည်း၊ မသန်စွမ်းအားကစားသမားများအတွက် အားကစားနည်း (၄)နည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။
zawgyi version
လူေပါင္း(၁)ေသာင္းေက်ာ္ ပါဝင္ယွဥ္ၿပိဳင္မည့္ အမ်ိဳးသားအားကစားပြဲေတာ္မွတစ္ဆင့္ မ်ိဳးဆက္သစ္အားကစားသမားမ်ား ေမြးထုတ္ရန္ေမွ်ာ္မွန္း
ေစာ (NP News) - ႏိုဝင္ဘာ ၂၁
လူေပါင္း (၁)ေသာင္းေက်ာ္ ပါဝင္ယွဥ္ၿပိဳင္မည့္ ပၪၥမအႀကိမ္ေျမာက္ အမ်ိဳး သားအားကစားပြဲေတာ္မွတစ္ဆင့္ မ်ိဳးဆက္သစ္အားကစား သမ်ားမ်ား ေမြးထုတ္ရန္ေမွ်ာ္မွန္းထားေၾကာင္း ကစားႏွင့္လူငယ္ေရးရာဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးထြန္းျမင့္ဦးက ယေန႔ (ႏိုဝင္ဘာ ၂၁ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမွတစ္ဆင့္ ေျဖၾကားထားျခင္းျဖစ္သည္။
၂၀၂၄ ခုႏွစ္၊ ပၪၥမအႀကိမ္ေျမာက္ အမ်ိဳးသားအားကစားပြဲေတာ္တြင္ အားကစားသမား (၁၂၀၀၀)ခန႔္ ပါဝင္ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး ဖြင့္ပြဲအခမ္းအနားကို လာမည့္ (ဒီဇင္ဘာ ၉ ရက္) ႏွင့္ ပိတ္ပြဲအခမ္းအနားကို (ဒီဇင္ဘာ ၂၀ ရက္)တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။
“ဒီအားကစားပြဲေတာ္ႀကီးကေန အနာဂတ္အားကစားေလာကအတြက္ အလားအလာရွိတဲ့ မ်ိဳးဆက္သစ္အားကစားသမားေတြ ေမြးထုတ္ၿပီးေတာ့ လာမယ့္ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလမွာ ထိုင္းႏိုင္ငံမွာ က်င္းပမယ့္ (၃၃)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရေအာင္ စြမ္းေဆာင္ေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္”ဟု ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးထြန္းျမင့္ဦးက ေျဖၾကားထားသည္။
အဆိုပါအမ်ိဳးသားအားကစားပြဲေတာ္တြင္ ဝန္ႀကီးဌာနအဆင့္ အားကစားသမား (၅၂၀၀) ေက်ာ္၊ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအဆင့္ အားကစားသမား (၆၆၀၀) ေက်ာ္ႏွင့္ မသန္စြမ္းအားကစားသမား (၁၄၀) ေက်ာ္ ပါဝင္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အားကစားၿပိဳင္ပြဲမ်ားကို လာမည့္ ဒီဇင္ဘာ ၂ရက္မွစတင္၍ ေနျပည္ေတာ္ရွိ ဝဏၰသိဒၶိ အားကစားကြင္းအျပင္ ေ႐ႊၾကာပင္၊ လယ္ေဝးႏွင့္ ေပါင္းေလာင္းတို႔ရွိ အားကစားကြင္းမ်ားတြင္ က်င္းပသြားမည္ျဖစ္ၿပီး ဝန္ႀကီးဌာနအဆင့္ အားကစားနည္း (၆)နည္း၊ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအဆင့္ အားကစားနည္း (၂၃) နည္း၊ မသန္စြမ္းအားကစားသမားမ်ားအတြက္ အားကစားနည္း (၄)နည္းပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။