မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်

 329

Pika (NP News) - နိုဝင်ဘာ ၂၁

မက္ကဆီကိုနိုင်ငံတွင်ကျင်းပသော (၂၀၂၄) Egg Fair ပွဲတွင် လူငယ်ပေါင်း(၂၀ဝဝ)ကျော် သည် ဇွန်းများပေါ်တွင် ကြက်ဥများကို ဟန်ချက်ညီညီထိန်း ညှိကာ မီတာ(၁၀ဝ)အကွာအဝေးကို အပြေးပြိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိ ရသည်။

ဂျာလီစကိုပြည်နယ်ရှိ Tepatitlán ကြက် မွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပ သည့် အဆိုပါပွဲတော်အတွင်း ဇွန်းများပေါ်တွင် ကြက် ဥများကို ဟန်ချက်ညီညီထိန်းညှိကာ မီတာ (၁၀ဝ)အကွာအဝေးကို အပြေးပြိုင်သည့်ပွဲ ကျင်းပခဲ့ကြောင်း လည်းသိရသည်။ အဆိုပါ မီတာ(၁၀ဝ)အပြေးပြိုင်ပွဲ တွင် ဒေသခံအထက်တန်းကျောင်းတစ်ခုမှ ကျောင်း သားပေါင်း(၂၇၀ဝ)နီးပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း လည်းသိရသည်။

ထို့ပြင် ပါဝင်ယှဉ်ပြိုင်သူ (၂၇၀ဝ)နီးပါးအနက် (၂၀၃၉)ဦးသည် မည်သည့်စည်းမျဉ်းကို မှချိုးဖောက်ဖောက်ခြင်းမျိုးမရှိဘဲ အောင်မြင်စွာပန်း ဝင်နိုင်ခဲ့ကြောင်း ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က အသိအမှတ်ပြုခဲ့သည်။ ထို့နောက် ဇွန်းများပေါ်တွင် ကြက်ဥများကို ဟန်ချက်ညီညီထိန်းညှိကာ ကမ္ဘာ့အကြီးဆုံးအပြေးပြိုင်ပွဲအတွက် ဂင်းနစ်စံချိန်ချိုးဖျက် နိုင်ခဲ့ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင် ထားသည်မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင်ကျင်းပခဲ့ သည့်အပြေးပြိုင်ပွဲတစ်ခုဖြစ်ပြီး လူပေါင်း(၁၄၀ဝ)က ဇွန်းများပေါ်တွင် ကြက်ဥများကို ဟန်ချက်ညီညီထိန်း ညှိကာ အပြေးပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ မက္ကဆီကိုနိုင်ငံ၏ ကြက်ဥထွက်ရှိမှုစုစုပေါင်း၏(၅၀ ဒသမ ၄)ရာခိုင်နှုန်းကိုထုတ်လုပ်သော ဂျာလီစကိုပြည် နယ်တွင်ကျင်းပသည့်ပွဲတော်တွင် ကြက်ဥ အမဲလိုက် ခြင်း၊ အလှဆင်ထားသောလှည်းပြိုင်ပွဲ၊ စက်ဘီးပြိုင်ပွဲ နှင့် ဒေသထွက်ကြက်ဥများကို အသုံးပြုပြင်ဆင်ထား သော ဟင်းပွဲပေါင်း(၁၀ဝ)ပါဝင်သည့် ပြပွဲအပါအဝင် အခြားပွဲပေါင်းများစွာပါဝင်ခဲ့ကြောင်းလည်းသိရသည်။

zawgyi version
မကၠဆီကိုမွာက်င္းပတဲ့ ဇြန္းေပၚၾကက္ဥတင္အေျပးၿပိဳင္ပြဲ ကမာၻ႔အႀကီးဆုံးအျဖစ္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္
Pika (NP News) - ႏိုဝင္ဘာ ၂၁

မကၠဆီကိုႏိုင္ငံတြင္က်င္းပေသာ (၂၀၂၄) Egg Fair ပြဲတြင္ လူငယ္ေပါင္း(၂၀ဝဝ)ေက်ာ္ သည္ ဇြန္းမ်ားေပၚတြင္ ၾကက္ဥမ်ားကို ဟန္ခ်က္ညီညီထိန္း ညႇိကာ မီတာ(၁၀ဝ)အကြာအေဝးကို အေျပးၿပိဳင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိ ရသည္။

ဂ်ာလီစကိုျပည္နယ္ရွိ Tepatitlán ၾကက္ ေမြးျမဴေရးလုပ္ငန္းရွင္မ်ားအသင္းမွ ႀကီးမႉးက်င္းပ သည့္ အဆိုပါပြဲေတာ္အတြင္း ဇြန္းမ်ားေပၚတြင္ ၾကက္ ဥမ်ားကို ဟန္ခ်က္ညီညီထိန္းညႇိကာ မီတာ (၁၀ဝ)အကြာအေဝးကို အေျပးၿပိဳင္သည့္ပြဲ က်င္းပခဲ့ေၾကာင္း လည္းသိရသည္။ အဆိုပါ မီတာ(၁၀ဝ)အေျပးၿပိဳင္ပြဲ တြင္ ေဒသခံအထက္တန္းေက်ာင္းတစ္ခုမွ ေက်ာင္း သားေပါင္း(၂၇၀ဝ)နီးပါး ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္း လည္းသိရသည္။

ထို႔ျပင္ ပါဝင္ယွဥ္ၿပိဳင္သူ (၂၇၀ဝ)နီးပါးအနက္ (၂၀၃၉)ဦးသည္ မည္သည့္စည္းမ်ဥ္းကို မွခ်ိဳးေဖာက္ေဖာက္ျခင္းမ်ိဳးမရွိဘဲ ေအာင္ျမင္စြာပန္း ဝင္ႏိုင္ခဲ့ေၾကာင္း ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က အသိအမွတ္ျပဳခဲ့သည္။ ထို႔ေနာက္ ဇြန္းမ်ားေပၚတြင္ ၾကက္ဥမ်ားကို ဟန္ခ်က္ညီညီထိန္းညႇိကာ ကမာၻ႔အႀကီးဆုံးအေျပးၿပိဳင္ပြဲအတြက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ ႏိုင္ခဲ့ေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕ကေျပာၾကားခဲ့သည္။

အဆိုပါဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ ထားသည္မွာ အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕တြင္က်င္းပခဲ့ သည့္အေျပးၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး လူေပါင္း(၁၄၀ဝ)က ဇြန္းမ်ားေပၚတြင္ ၾကက္ဥမ်ားကို ဟန္ခ်က္ညီညီထိန္း ညႇိကာ အေျပးၿပိဳင္ခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။ မကၠဆီကိုႏိုင္ငံ၏ ၾကက္ဥထြက္ရွိမႈစုစုေပါင္း၏(၅၀ ဒသမ ၄)ရာခိုင္ႏႈန္းကိုထုတ္လုပ္ေသာ ဂ်ာလီစကိုျပည္ နယ္တြင္က်င္းပသည့္ပြဲေတာ္တြင္ ၾကက္ဥ အမဲလိုက္ ျခင္း၊ အလွဆင္ထားေသာလွည္းၿပိဳင္ပြဲ၊ စက္ဘီးၿပိဳင္ပြဲ ႏွင့္ ေဒသထြက္ၾကက္ဥမ်ားကို အသုံးျပဳျပင္ဆင္ထား ေသာ ဟင္းပြဲေပါင္း(၁၀ဝ)ပါဝင္သည့္ ျပပြဲအပါအဝင္ အျခားပြဲေပါင္းမ်ားစြာပါဝင္ခဲ့ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.