ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
451
Htay Oung (NP News) - နိုဝင်ဘာ၂၁
ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခုဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယတို့ဟာ (၁၉၉၀)ပြည့်လွန် စောစောပိုင်းနှစ်များအရောက်မှာ နိုင်ငံတကာစီးပွားရေးနဲ့ စတင်ထိတွေ့လာကြပြီး ပြိုင်ဘက်တွေပမာလည်းဖြစ်လာခဲ့ပါတယ်။ နှစ်နိုင်ငံစလုံး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုကိုပိုင်ဆိုင်ခဲ့ကြပြီး သန်းရာနဲ့ချီတဲ့ ပြည်သူတွေလည်း ဆင်းရဲတွင်းမှလွတ်မြောက်ခဲ့ကြတယ်။ ဒါပေမဲ့ အခုအခါနှိုင်းယှဉ်ရင် တရုတ်တစ်ဦး ချင်းရဲ့ဝယ်ယူမှုစွမ်းအားမှာ အိန္ဒိယထက် နှစ်ဆကျော် နေပြီဖြစ်တယ်။ လူဦးရေချင်း မတိမ်းမယိမ်း အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံအကြား နိုင်ငံသားတစ်ဦးချင်းရဲ့ ပိုက်ဆံနဲ့ ရုပ်ဝတ္ထုပစ္စည်း သုံးစွဲနိုင်စွမ်းကွာခြားရခြင်းဟာ ဘာကြောင့်ဖြစ်ရတာလဲလို့ နယူးဒေလီအခြေစိုက် "အီကောနောမစ်တိုင်းမ်"က မေးခွန်းထုတ်လိုက်ပါတယ်။
တရုတ်နဲ့ အိန္ဒိယတို့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ကွဲလွဲမှုတွေရှိပါတယ်။ တရုတ်နိုင်ငံဟာ တစ်ပါတီစနစ် တိုင်းပြည်ဖြစ်ပြီး အိန္ဒိယက ပါတီစုံ ရွေးကောက်ပွဲစနစ် ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ လက်ရှိ လူဦးရေ သန်း (၁၄၀ဝ)ကျော်၊ လူမျိုးနွယ်ပေါင်း (၂၀ဝဝ)ကျော်၊ မတူကွဲပြားတဲ့ဘာသာစကား (၁၂၂)မျိုး၊ ကိုးကွယ်မှု ယုံကြည်မှုပေါင်းစုံနဲ့ ဇာတ် / နိမ့်မြင့် ရှုပ်ထွေးလှပါတယ်။
တရုတ်နဲ့အိန္ဒိယတို့ဟာ ဂလိုဘယ်လိုက်ဇေးရှင်းကို ကွဲပြားတဲ့လမ်းစဉ်တွေနဲ့ ချဉ်းကပ်ခဲ့ကြတယ်။ တရုတ်က အရုပ်တွေ၊ အီလက်ထရွန်းနစ်ပစ္စည်းမျိုးတို့လို ကုန်ပစ္စည်းများနဲ့ စတင်ကာ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ဗဟိုချက်ဖြစ်လာရန် အာရုံစိုက်ခဲ့ပြီး လျှပ်စစ်ကားများနဲ့ ဆီမီးကွန်ဒတ်တာများအထိ တိုး တက်လာခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယကတော့ အီလက်ထရောနစ် ဆော့ဖ်ဝဲလ်တို့လို ဝန်ဆောင်မှုများကို ပိုမိုအာရုံစိုက်ခဲ့ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ နှစ်နိုင်ငံစလုံးရဲ့လူဦးရေမှာလည်း မတူကွဲပြားစွာ ဖွံ့ဖြိုးတိုးတက်လာပါတယ်။ တရုတ်ရဲ့ တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒဟာ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးတဲ့ လူငယ်လုပ်သားအင်အားကိုဖြစ် ပေါ်စေခဲ့တယ်။
လက်ရှိ တရုတ်လူဦးရေရဲ့အချိုးအစား တစ်ခုဟာ အတွေ့အကြုံအတော်ရနေပါပြီ။ တစ်ချိန်တည်းမှာပဲ အိန္ဒိယကတော့ လူဦးရေပမာဏတစ်ခုကို တိုးတက်နေပြီဖြစ်ပေမယ့် လူအတော်များများမှာ ကတော့ လယ်ယာလုပ်ငန်းခွင်မှ တခြားစက်မှုလုပ်ငန်း တွေဆီရွှေ့ပြောင်းဖို့ လုံလောက်တဲ့အလုပ်အကိုင်တွေ ရှားပါးနေပါတယ်။
ဒါက အများမြင်ရတဲ့ သမားရိုးကျ ဇာတ်ကြောင်းပါ။ ဒါပေမဲ့ အဲဒီနှစ်နိုင်ငံရဲ့ ရှည်လျားတဲ့သမိုင်းကြောင်းတစ်လျှောက် ခေတ်မီပညာရေးကို လက်ခံကျင့်သုံးပုံအရ ပိုမိုအခြေခံကျတဲ့ တွန်းအားတစ်ခုနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ ခေတ်မီပညာရေးကို ချဉ်းကပ်ပုံကျင့်သုံးပုံ ခြားနားချက်အရ ခုလို ကွဲပြားနေရခြင်းဖြစ်တယ်လို့ဆိုရင် ဘယ်လို သဘောရပါသလဲ။ နီတင်ကူးမားဘာတီနဲ့ လီယန်းအမည်ရှိ ပြင်သစ် နိုင်ငံ ပါရီစီးပွားရေးတက္ကသိုလ်ဘွဲ့လွန်ကျောင်းသား နှစ်ဦးတို့ကတော့ အဲဒီအတိုင်းပဲ ရှုမြင်ခဲ့ကြပါတယ်။
" ကမ္ဘာ့မညီမျှမှုများဆိုင်ရာ သုတေသနဌာန"မှ အိန္ဒိယနဲ့ တရုတ်ကျောင်းသားနှစ်ဦးတို့ဟာ နှစ်နိုင်ငံစလုံးရဲ့ စာသင်ကျောင်းများမှာ ဘာတွေသင် ကြားတယ်၊ ဘယ်လောက်ကြာကြာ ပို့ချပေးခဲ့တယ် ဆိုတာ(၁၉၀ဝ)ပြည့်နှစ်နောက်ပိုင်း တရားဝင်အစီရင် ခံစာများ နှစ်ချုပ်စာအုပ်များမှတစ်ဆင့်လေ့လာပြီး ဒေ တာဘေ့စ်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ပေါင်း (၁၀ဝ)အတွင်း သက်ဆိုင်ရာနိုင်ငံတို့က ပုံစံချ ခဲ့ကြတဲ့ မတူညီတဲ့သင်တန်းတွေဟာ အဲဒီနိုင်ငံရဲ့ လူ သားရင်းမြစ်၊ စွမ်းရည်နဲ့ ကုန်ထုတ်စွမ်းအားအတွက် သိသာထင်ရှားတဲ့ရလဒ်တွေကို ဖြစ်ပေါ်စေနိုင် ကြောင်းတွေ့ရှိရတယ်လို့ "(၂၁)ရာစု တရုတ်နှင့် အိန္ဒိယကိုထုဆစ်ခြင်း"အမည်ရှိ သူတို့ရဲ့ ပူးတွဲစာ တမ်းမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံဟာ အနောက်တိုင်းပုံစံပညာ ရေးမှာ နှစ် (၅၀)ခန့်စောခဲ့တဲ့အတွက် (၂၀)ရာစုအ စပိုင်း အိန္ဒိယရဲ့ကျောင်းသားဦးရေဟာ တရုတ်နိုင်ငံ ထက် ရှစ်ဆကြီးမားခဲ့ပါတယ်။ တရုတ်ကတော့ ကွန် ဖြူးရှပ်အယူဝါဒရဲ့ ပညာရေးအပေါ်လွှမ်းမိုးမှု အဆုံး သတ်တဲ့ (၁၉၀၅)ခုနှစ် "အင်ပါယာနိုင်ငံတော် စာ မေးပွဲစနစ်"ကို ဖျက်သိမ်းပြီးမှသာ အမီလိုက်နိုင်ခဲ့ တယ်။ (၁၉၃၀)ပြည့်နှစ်တွေမှာ တရုတ်ရဲ့ စုစုပေါင်း ကျောင်းသားကျောင်းအပ်နှံမှုအရေအတွက်ဟာ အိန္ဒိယနဲ့ တန်းတူဖြစ်လာပါတယ်။
(၁၉၅၀)ပြည့်နှစ်တွေမှာ "တရုတ်ပြည်သူ့ သမ္မတနိုင်ငံ"အဖြစ် အသစ်ထူထောင်ခဲ့တယ်။ အလယ်တန်းကျောင်းတွေမှာ ယဉ်ကျေးမှုတော်လှန် ရေး (၁၉၆၆ -၁၉၇၆) လှုပ်ရှားမှု ပေါ်ပေါက်ခဲ့စေကာမူ ပညာရေးအခြေအနေမှာတော့ တည်ငြိမ်တဲ့ တိုးတက် မှုကိုရရှိခဲ့ပါတယ်။ သို့သော်လည်း ယဉ်ကျေးမှုတော် လှန်ရေးဟာ အဆင့်မြင့်ပညာရေးအပေါ် အကြီးအ ကျယ်ထိခိုက်စေခဲ့ပါတယ်။ (၁၉၈၀)ပြည့်နှစ်စောစော ပိုင်းနှစ်တွေမှာ အိန္ဒိယရဲ့ကောလိပ်ကျောင်း တက် ရောက်သူအရေအတွက်ဟာ တရုတ်ထက် ငါးဆပို များခဲ့ပါတယ်။ ဒါပေမဲ့ (၂၀၂၀)ပြည့်နှစ်ရောက်တဲ့အခါ အခြေအနေဟာ ပြောင်းပြန်သွားပြီး အဆင့်မြင့်ပညာ သင်ယူဖို့ (ပြည်ပကို)စေလွှတ်တဲ့ တရုတ်ရဲ့တက္က သိုလ်ကျောင်းသားအရွယ်ဦးရေဟာ အိန္ဒိယထက် ပို များလာပါတယ်။
(၁၉)ရာစုနှောင်းပိုင်း ချင်မင်းဆက် ခေါင်း ဆောင်တွေဟာ တရုတ်စစ်တပ်ထုတ်လုပ်မှုကို ပံ့ပိုး ရန်အတွက် လူအများကိုလက်တွေ့ကျတဲ့ အသက် မွေးဝမ်းကျောင်းအတတ်ပညာနဲ့ လေ့ကျင့်သင်ကြား ပေးရန် အာရုံစိုက်ခဲ့ပါ တယ်။ ဆန့်ကျင်ဘက်အားဖြင့် အိန္ဒိယရှိ ဗြိတိသျှကိုလိုနီအုပ်စိုးရှင်တွေအနေနဲ့ ကုန် ထုတ်လုပ်မှု အခြေခံတည်ဆောက်ရေးမှာ စိတ်ဝင်စား မှုနည်းပါးပြီး စာရေးစာချီများနဲ့ အငယ်တန်းအုပ်ချုပ် သူများ မွေးထုတ်ပေးမယ့် အိန္ဒိယ ပညာရေးစနစ်ကို ပုံဖော်ခဲ့ကြပါတယ်။ ချမ်းသာသူ လူတန်းစားများ လောက်သာ အစိုးရအလုပ်အတွက် လိုအပ်တဲ့ပညာ ရေးကို ရရှိနိုင်ကြပါတယ်။
(၁၉၄၇) ခုနှစ် လွတ်လပ်ရေးရပြီးနောက် အိန္ဒိယဟာ စာဖတ်ခြင်းနဲ့သင်္ချာကျွမ်းကျင်မှုမျိုးလို အခြေခံပညာရေးကို လျစ်လျူရှုထားပြီး တတိယ အဆင့် ကောလိပ်များမှာ ရင်းနှီးမြှုပ်နှံတဲ့နည်းနဲ့ အဆင့်မြင့်ပညာရေးကို တိုးချဲ့ရန် အာရုံစိုက်ခဲ့ပါတယ်။ အိန္ဒိယရဲ့ အဆင့်မြင့်ပညာရေးအပေါ် ရည်ရွယ်ပုံဟာ စာမတတ်သူနှုန်းထား မြင့်မားမှုကို ကိုင်တွယ်ဖြေရှင်း ရန် လိုအပ်ခြင်းကို အခြေခံတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ (၁၉၆၀)ခုနှစ်များတစ်ဝိုက် အိန္ဒိယမှာ မွေးဖွားသူ ထက်ဝက်ဟာ စာမတတ်ပဲဖြစ်နေချိန် တရုတ်မှာ ၁၀% သာ စာမတတ်သူ ရှိတယ်လို့ ယူဆရပါတယ်။ အိန္ဒိယကလေးအများစုဟာ သူတို့ကျေးရွာကို ရောက်ရှိလာမယ့် ဆရာဆရာမများမရှိခြင်း သို့မဟုတ် သူတို့မိသားစုများဝမ်းရေးအတွက် အလုပ်လုပ်ရန် လိုအပ်ခြင်းကြောင့် ကျောင်းထွက်ခဲ့ကြပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ တရုတ်မှာတော့ အောက်ခြေအဆင့်ချဉ်းကပ်နည်းကို ကျင့်သုံးခဲ့ပါ တယ်။ ကလေးအမြောက်အများကို အနည်းဆုံးငါးနှစ်အထိ ကျောင်းတက်ခွင့်ပေးပြီး အထက် တန်းကျောင်းတက်ခွင့်ကို တိုးချဲ့ခဲ့ပါတယ်။ အတန်းခွဲပေါင်း အများ အပြားနဲ့ အထက်တန်း ကျောင်းများအထိ (၁၂)နှစ် ကြာသင်ယူလေ့လာစေခြင်းကို စတင်ခဲ့ပြီး နောက်ဆုံး (၁၆)နှစ်ကြာသင်ယူရတဲ့ အဆင့်မြင့်ပညာရေးကို ပိုမိုကျယ်ပြန့်စွာ အာရုံစိုက်လာစေပါတယ်။
ကူးမားနဲ့ ယန်းတို့ရဲ့ လေ့လာမှုဟာ နှစ်နိုင်ငံကောလိပ်ဒီဂရီများရဲ့ ကြီးမားတဲ့ ကွာခြားချက်ကို လည်း ဖော်ထုတ်ခဲ့ပါတယ်။ အိန္ဒိယအနေနဲ့ သမိုင်းကြောင်းအရ လူမှုရေးသိပ္ပံဘွဲ့ရများကို အများအပြားမွေးထုတ်ပေးခဲ့ပြီး တရုတ်ကတော့ သင်ကြားရေး၊ အင်ဂျင်နီယာ၊ ဆေးပညာနဲ့ စိုက်ပျိုးရေးမျိုးတို့လို နယ်ပယ်များမှာ လေ့ကျင့်ရေး၊ ကျွမ်းကျင်ပညာရှင်များ ပျိုးထောင်ရေးကို ပိုမိုအာရုံစိုက်ခဲ့ပါတယ်။ တကယ်တော့ တရုတ်နိုင်ငံရဲ အဲဒီပြောင်းလဲမှုဟာ (၁၉၃၀)ခုနှစ်များစောစောပိုင်းကတည်းက စတင်ခဲ့ခြင်းဖြစ်ပါ တယ်။ ဖွံဖြိုးပြီး ကမ္ဘာ့စီးပွားရေး နံပါတ်တစ် အမေရိကန်မှာ ရှေ့နေများ ဝင်ငွေကောင်းပါတယ်။ ဒါပေမဲ့ သာမန် နိုင်ငံတစ်နိုင်ငံ လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုး တက်ဖို့ဆိုရင်တော့ ရှေ့နေများထက် အင်ဂျင်နီယာများကို ပိုမိုလိုအပ်ကြောင်း သုတေသနပြုချက်များအရ သိရပါတယ်။
အိန္ဒိယဟာ အထူးသဖြင့် နည်းပညာဆိုင်ရာ အင်ဂျင်နီယာများစွာကို မွေးထုတ်တဲ့အတွက် လူသိများပေမယ့် အတော်များများဟာ လစာဝင်ငွေပို ကောင်းတဲ့ အနောက်နိုင်ငံများကို ယိုစီးသွားကြပါ တယ်။ တရုတ်ရဲ့ အင်ဂျင်နီယာနဲ့ အသက်မွေးဝမ်း ကြောင်း လေ့ကျင့်ရေးဆိုင်ရာ အလေးထားမှုဟာ နိုင်ငံရဲ့ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အထောက်အကူဖြစ်စေနိုင်ပါတယ်။
(၁၉၉၀) ပြည့်လွန်နှစ်များအတွင်း တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံစလုံးမှာ ကြီးမားတဲ့ စီးပွားရေး အလှည့်အပြောင်းများကို ကြုံတွေ့ခဲ့ကြပါတယ်။ တိန့်ရှောင်ဖိန် (၁၉၇၈-၁၉၈၉ ခုနှစ်) လက်ထက် တရုတ်နိုင်ငံဟာ အနောက်နိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဖွင့်လှစ်ခဲ့ပါတယ်။ အိန္ဒိယအနေနဲ့ကလည်း စီးပွားရေးပါရဂူ မန်မိုဟန်ဆင်း ဘဏ္ဍာရေးဝန်ကြီးဖြစ်တဲ့ (၁၉၉၁)ခုနှစ်အရောက် ဆိုရှယ်လစ်မူဝါဒမှ ရုန်းထွက်ခဲ့ပြီး ဈေးကွက်စီးပွားရေးစနစ်ကို စတင်ခဲ့ပါတယ်။ နောင်မန်မိုဟန်းဆင်းဟာ (၂၀ဝ၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ) ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရပြီး နေရူး-အင်ဒီရာဂန္ဓီနဲ့ နာရင်ဒြာမိုဒီ တို့ပြီးလျှင် စတုတ္ထမြောက် ရာထူးသက်တမ်းအရှည်ဆုံး အိန္ဒိယ ခေါင်းဆောင် ဖြစ်လာပါတယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ ပညာရေးစနစ်ဟာ ဗြိတိသျှကိုလိုနီ အုပ်ချုပ်မှုရဲ့ အထက်မှ အောက်သို့ ဩဇာအာဏာ လွှမ်းမိုးတဲ့ ပုံစံအတိုင်းရှိနေဆဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
(၁၉၇၆)ခုနှစ် တရုတ်နိုင်ငံမှာ တရားဝင် စာသင်ကျောင်းတက်ခွင့်မှ ပျက်ကွက်ခဲ့တဲ့ အရွယ် ရောက်ပြီးသူ သန်း (၁၆၀) ရှိနေချိန် အိန္ဒိယနိုင်ငံမှာ (၁)သန်းသာရှိပါတယ်။ ဒါပေမဲ့ အခြေခံပညာရေး ခိုင်မာမှုကိုရရှိထားပြီး တရုတ်နိုင်ငံရှိ လူအများအပြား တို့အနေနဲ့ အိန္ဒိယနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တိုင်းပြည် စီးပွားရေး တိုးတက်မှုနှုန်းကို မြန်ဆန်စေရန် အ ထောက်အကူ ဖြစ်ဖွယ်ရှိတယ်လို့ ပြင်သစ် ပါရီစီးပွား ရေးတက္ကသိုလ် နိုင်ငံတကာ မညီမျှမှုများ ဆိုင်ရာဌာန သုတေသနကျောင်းသား နီတင်ကူးမားဘာတီနဲ့ လီ ယန်းတို့ရဲ့ ဘွဲ့လွန်ဒီဂရီအတွက် စာတမ်းမှာ ဖော်ပြထားပါတယ်။
zawgyi version
ၿပိဳင္ဘက္ တ႐ုတ္ - အိႏၵိယအၾကား ကြာျခားရျခင္း၏ မျမင္ရသည့္ အဓိကအခ်က္က ဘာျဖစ္မလဲ..??
Htay Oung (NP News) - ႏိုဝင္ဘာ၂၁
ကမာၻ႔လူဦးေရအမ်ားဆုံး ႏိုင္ငံႀကီးႏွစ္ခုျဖစ္တဲ့ တ႐ုတ္နဲ႔အိႏၵိယတို႔ဟာ (၁၉၉၀)ျပည့္လြန္ ေစာေစာပိုင္းႏွစ္မ်ားအေရာက္မွာ ႏိုင္ငံတကာစီးပြားေရးနဲ႔ စတင္ထိေတြ႕လာၾကၿပီး ၿပိဳင္ဘက္ေတြပမာလည္းျဖစ္လာခဲ့ပါတယ္။ ႏွစ္ႏိုင္ငံစလုံး လ်င္ျမန္စြာ ဖြံ႕ၿဖိဳးတိုးတက္မႈကိုပိုင္ဆိုင္ခဲ့ၾကၿပီး သန္းရာနဲ႔ခ်ီတဲ့ ျပည္သူေတြလည္း ဆင္းရဲတြင္းမွလြတ္ေျမာက္ခဲ့ၾကတယ္။ ဒါေပမဲ့ အခုအခါႏႈိင္းယွဥ္ရင္ တ႐ုတ္တစ္ဦး ခ်င္းရဲ႕ဝယ္ယူမႈစြမ္းအားမွာ အိႏၵိယထက္ ႏွစ္ဆေက်ာ္ ေနၿပီျဖစ္တယ္။ လူဦးေရခ်င္း မတိမ္းမယိမ္း အိမ္နီးခ်င္းႏိုင္ငံႀကီးႏွစ္ႏိုင္ငံအၾကား ႏိုင္ငံသားတစ္ဦးခ်င္းရဲ႕ ပိုက္ဆံနဲ႔ ႐ုပ္ဝတၳဳပစၥည္း သုံးစြဲႏိုင္စြမ္းကြာျခားရျခင္းဟာ ဘာေၾကာင့္ျဖစ္ရတာလဲလို႔ နယူးေဒလီအေျခစိုက္ "အီေကာေနာမစ္တိုင္းမ္"က ေမးခြန္းထုတ္လိုက္ပါတယ္။
တ႐ုတ္နဲ႔ အိႏၵိယတို႔ရဲ႕ ႏိုင္ငံေရးအဖြဲ႕အစည္းေတြမွာ ကြဲလြဲမႈေတြရွိပါတယ္။ တ႐ုတ္ႏိုင္ငံဟာ တစ္ပါတီစနစ္ တိုင္းျပည္ျဖစ္ၿပီး အိႏၵိယက ပါတီစုံ ေ႐ြးေကာက္ပြဲစနစ္ ဒီမိုကေရစီႏိုင္ငံျဖစ္ပါတယ္။ လက္ရွိ လူဦးေရ သန္း (၁၄၀ဝ)ေက်ာ္၊ လူမ်ိဳးႏြယ္ေပါင္း (၂၀ဝဝ)ေက်ာ္၊ မတူကြဲျပားတဲ့ဘာသာစကား (၁၂၂)မ်ိဳး၊ ကိုးကြယ္မႈ ယုံၾကည္မႈေပါင္းစုံနဲ႔ ဇာတ္ / နိမ့္ျမင့္ ရႈပ္ေထြးလွပါတယ္။
တ႐ုတ္နဲ႔အိႏၵိယတို႔ဟာ ဂလိုဘယ္လိုက္ေဇးရွင္းကို ကြဲျပားတဲ့လမ္းစဥ္ေတြနဲ႔ ခ်ဥ္းကပ္ခဲ့ၾကတယ္။ တ႐ုတ္က အ႐ုပ္ေတြ၊ အီလက္ထ႐ြန္းနစ္ပစၥည္းမ်ိဳးတို႔လို ကုန္ပစၥည္းမ်ားနဲ႔ စတင္ကာ ကမာၻ႔ကုန္ထုတ္လုပ္မႈ ဗဟိုခ်က္ျဖစ္လာရန္ အာ႐ုံစိုက္ခဲ့ၿပီး လွ်ပ္စစ္ကားမ်ားနဲ႔ ဆီမီးကြန္ဒတ္တာမ်ားအထိ တိုး တက္လာခဲ့ပါတယ္။ ဒါေပမဲ့ အိႏၵိယကေတာ့ အီလက္ထေရာနစ္ ေဆာ့ဖ္ဝဲလ္တို႔လို ဝန္ေဆာင္မႈမ်ားကို ပိုမိုအာ႐ုံစိုက္ခဲ့ပါတယ္။ တစ္ၿပိဳင္နက္တည္းမွာပဲ ႏွစ္ႏိုင္ငံစလုံးရဲ႕လူဦးေရမွာလည္း မတူကြဲျပားစြာ ဖြံ႕ၿဖိဳးတိုးတက္လာပါတယ္။ တ႐ုတ္ရဲ႕ တစ္အိမ္ေထာင္ ကေလးတစ္ဦးမူဝါဒဟာ စီးပြားေရးတိုးတက္မႈကို တြန္းအားေပးတဲ့ လူငယ္လုပ္သားအင္အားကိုျဖစ္ ေပၚေစခဲ့တယ္။
လက္ရွိ တ႐ုတ္လူဦးေရရဲ႕အခ်ိဳးအစား တစ္ခုဟာ အေတြ႕အႀကဳံအေတာ္ရေနပါၿပီ။ တစ္ခ်ိန္တည္းမွာပဲ အိႏၵိယကေတာ့ လူဦးေရပမာဏတစ္ခုကို တိုးတက္ေနၿပီျဖစ္ေပမယ့္ လူအေတာ္မ်ားမ်ားမွာ ကေတာ့ လယ္ယာလုပ္ငန္းခြင္မွ တျခားစက္မႈလုပ္ငန္း ေတြဆီေ႐ႊ႕ေျပာင္းဖို႔ လုံေလာက္တဲ့အလုပ္အကိုင္ေတြ ရွားပါးေနပါတယ္။
ဒါက အမ်ားျမင္ရတဲ့ သမား႐ိုးက် ဇာတ္ေၾကာင္းပါ။ ဒါေပမဲ့ အဲဒီႏွစ္ႏိုင္ငံရဲ႕ ရွည္လ်ားတဲ့သမိုင္းေၾကာင္းတစ္ေလွ်ာက္ ေခတ္မီပညာေရးကို လက္ခံက်င့္သုံးပုံအရ ပိုမိုအေျခခံက်တဲ့ တြန္းအားတစ္ခုနဲ႔ လည္ပတ္ေနတာျဖစ္ပါတယ္။ ေခတ္မီပညာေရးကို ခ်ဥ္းကပ္ပုံက်င့္သုံးပုံ ျခားနားခ်က္အရ ခုလို ကြဲျပားေနရျခင္းျဖစ္တယ္လို႔ဆိုရင္ ဘယ္လို သေဘာရပါသလဲ။ နီတင္ကူးမားဘာတီနဲ႔ လီယန္းအမည္ရွိ ျပင္သစ္ ႏိုင္ငံ ပါရီစီးပြားေရးတကၠသိုလ္ဘြဲ႕လြန္ေက်ာင္းသား ႏွစ္ဦးတို႔ကေတာ့ အဲဒီအတိုင္းပဲ ရႈျမင္ခဲ့ၾကပါတယ္။
" ကမာၻ႔မညီမွ်မႈမ်ားဆိုင္ရာ သုေတသနဌာန"မွ အိႏၵိယနဲ႔ တ႐ုတ္ေက်ာင္းသားႏွစ္ဦးတို႔ဟာ ႏွစ္ႏိုင္ငံစလုံးရဲ႕ စာသင္ေက်ာင္းမ်ားမွာ ဘာေတြသင္ ၾကားတယ္၊ ဘယ္ေလာက္ၾကာၾကာ ပို႔ခ်ေပးခဲ့တယ္ ဆိုတာ(၁၉၀ဝ)ျပည့္ႏွစ္ေနာက္ပိုင္း တရားဝင္အစီရင္ ခံစာမ်ား ႏွစ္ခ်ဳပ္စာအုပ္မ်ားမွတစ္ဆင့္ေလ့လာၿပီး ေဒ တာေဘ့စ္တစ္ခု ျပဳလုပ္ခဲ့ၾကပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ ေပါင္း (၁၀ဝ)အတြင္း သက္ဆိုင္ရာႏိုင္ငံတို႔က ပုံစံခ် ခဲ့ၾကတဲ့ မတူညီတဲ့သင္တန္းေတြဟာ အဲဒီႏိုင္ငံရဲ႕ လူ သားရင္းျမစ္၊ စြမ္းရည္နဲ႔ ကုန္ထုတ္စြမ္းအားအတြက္ သိသာထင္ရွားတဲ့ရလဒ္ေတြကို ျဖစ္ေပၚေစႏိုင္ ေၾကာင္းေတြ႕ရွိရတယ္လို႔ "(၂၁)ရာစု တ႐ုတ္ႏွင့္ အိႏၵိယကိုထုဆစ္ျခင္း"အမည္ရွိ သူတို႔ရဲ႕ ပူးတြဲစာ တမ္းမွာ ေဖာ္ျပထားပါတယ္။
အိႏၵိယႏိုင္ငံဟာ အေနာက္တိုင္းပုံစံပညာ ေရးမွာ ႏွစ္ (၅၀)ခန႔္ေစာခဲ့တဲ့အတြက္ (၂၀)ရာစုအ စပိုင္း အိႏၵိယရဲ႕ေက်ာင္းသားဦးေရဟာ တ႐ုတ္ႏိုင္ငံ ထက္ ရွစ္ဆႀကီးမားခဲ့ပါတယ္။ တ႐ုတ္ကေတာ့ ကြန္ ျဖဴးရွပ္အယူဝါဒရဲ႕ ပညာေရးအေပၚလႊမ္းမိုးမႈ အဆုံး သတ္တဲ့ (၁၉၀၅)ခုႏွစ္ "အင္ပါယာႏိုင္ငံေတာ္ စာ ေမးပြဲစနစ္"ကို ဖ်က္သိမ္းၿပီးမွသာ အမီလိုက္ႏိုင္ခဲ့ တယ္။ (၁၉၃၀)ျပည့္ႏွစ္ေတြမွာ တ႐ုတ္ရဲ႕ စုစုေပါင္း ေက်ာင္းသားေက်ာင္းအပ္ႏွံမႈအေရအတြက္ဟာ အိႏၵိယနဲ႔ တန္းတူျဖစ္လာပါတယ္။
(၁၉၅၀)ျပည့္ႏွစ္ေတြမွာ "တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ"အျဖစ္ အသစ္ထူေထာင္ခဲ့တယ္။ အလယ္တန္းေက်ာင္းေတြမွာ ယဥ္ေက်းမႈေတာ္လွန္ ေရး (၁၉၆၆ -၁၉၇၆) လႈပ္ရွားမႈ ေပၚေပါက္ခဲ့ေစကာမူ ပညာေရးအေျခအေနမွာေတာ့ တည္ၿငိမ္တဲ့ တိုးတက္ မႈကိုရရွိခဲ့ပါတယ္။ သို႔ေသာ္လည္း ယဥ္ေက်းမႈေတာ္ လွန္ေရးဟာ အဆင့္ျမင့္ပညာေရးအေပၚ အႀကီးအ က်ယ္ထိခိုက္ေစခဲ့ပါတယ္။ (၁၉၈၀)ျပည့္ႏွစ္ေစာေစာ ပိုင္းႏွစ္ေတြမွာ အိႏၵိယရဲ႕ေကာလိပ္ေက်ာင္း တက္ ေရာက္သူအေရအတြက္ဟာ တ႐ုတ္ထက္ ငါးဆပို မ်ားခဲ့ပါတယ္။ ဒါေပမဲ့ (၂၀၂၀)ျပည့္ႏွစ္ေရာက္တဲ့အခါ အေျခအေနဟာ ေျပာင္းျပန္သြားၿပီး အဆင့္ျမင့္ပညာ သင္ယူဖို႔ (ျပည္ပကို)ေစလႊတ္တဲ့ တ႐ုတ္ရဲ႕တကၠ သိုလ္ေက်ာင္းသားအ႐ြယ္ဦးေရဟာ အိႏၵိယထက္ ပို မ်ားလာပါတယ္။
(၁၉)ရာစုေႏွာင္းပိုင္း ခ်င္မင္းဆက္ ေခါင္း ေဆာင္ေတြဟာ တ႐ုတ္စစ္တပ္ထုတ္လုပ္မႈကို ပံ့ပိုး ရန္အတြက္ လူအမ်ားကိုလက္ေတြ႕က်တဲ့ အသက္ ေမြးဝမ္းေက်ာင္းအတတ္ပညာနဲ႔ ေလ့က်င့္သင္ၾကား ေပးရန္ အာ႐ုံစိုက္ခဲ့ပါ တယ္။ ဆန႔္က်င္ဘက္အားျဖင့္ အိႏၵိယရွိ ၿဗိတိသွ်ကိုလိုနီအုပ္စိုးရွင္ေတြအေနနဲ႔ ကုန္ ထုတ္လုပ္မႈ အေျခခံတည္ေဆာက္ေရးမွာ စိတ္ဝင္စား မႈနည္းပါးၿပီး စာေရးစာခ်ီမ်ားနဲ႔ အငယ္တန္းအုပ္ခ်ဳပ္ သူမ်ား ေမြးထုတ္ေပးမယ့္ အိႏၵိယ ပညာေရးစနစ္ကို ပုံေဖာ္ခဲ့ၾကပါတယ္။ ခ်မ္းသာသူ လူတန္းစားမ်ား ေလာက္သာ အစိုးရအလုပ္အတြက္ လိုအပ္တဲ့ပညာ ေရးကို ရရွိႏိုင္ၾကပါတယ္။
(၁၉၄၇) ခုႏွစ္ လြတ္လပ္ေရးရၿပီးေနာက္ အိႏၵိယဟာ စာဖတ္ျခင္းနဲ႔သခ်ၤာကြၽမ္းက်င္မႈမ်ိဳးလို အေျခခံပညာေရးကို လ်စ္လ်ဴရႈထားၿပီး တတိယ အဆင့္ ေကာလိပ္မ်ားမွာ ရင္းႏွီးျမႇဳပ္ႏွံတဲ့နည္းနဲ႔ အဆင့္ျမင့္ပညာေရးကို တိုးခ်ဲ႕ရန္ အာ႐ုံစိုက္ခဲ့ပါတယ္။ အိႏၵိယရဲ႕ အဆင့္ျမင့္ပညာေရးအေပၚ ရည္႐ြယ္ပုံဟာ စာမတတ္သူႏႈန္းထား ျမင့္မားမႈကို ကိုင္တြယ္ေျဖရွင္း ရန္ လိုအပ္ျခင္းကို အေျခခံတဲ့ ေ႐ြးခ်ယ္မႈျဖစ္ပါတယ္။ (၁၉၆၀)ခုႏွစ္မ်ားတစ္ဝိုက္ အိႏၵိယမွာ ေမြးဖြားသူ ထက္ဝက္ဟာ စာမတတ္ပဲျဖစ္ေနခ်ိန္ တ႐ုတ္မွာ ၁၀% သာ စာမတတ္သူ ရွိတယ္လို႔ ယူဆရပါတယ္။ အိႏၵိယကေလးအမ်ားစုဟာ သူတို႔ေက်း႐ြာကို ေရာက္ရွိလာမယ့္ ဆရာဆရာမမ်ားမရွိျခင္း သို႔မဟုတ္ သူတို႔မိသားစုမ်ားဝမ္းေရးအတြက္ အလုပ္လုပ္ရန္ လိုအပ္ျခင္းေၾကာင့္ ေက်ာင္းထြက္ခဲ့ၾကပါတယ္။
ဆန႔္က်င္ဘက္အေနနဲ႔ တ႐ုတ္မွာေတာ့ ေအာက္ေျခအဆင့္ခ်ဥ္းကပ္နည္းကို က်င့္သုံးခဲ့ပါ တယ္။ ကေလးအေျမာက္အမ်ားကို အနည္းဆုံးငါးႏွစ္အထိ ေက်ာင္းတက္ခြင့္ေပးၿပီး အထက္ တန္းေက်ာင္းတက္ခြင့္ကို တိုးခ်ဲ႕ခဲ့ပါတယ္။ အတန္းခြဲေပါင္း အမ်ား အျပားနဲ႔ အထက္တန္း ေက်ာင္းမ်ားအထိ (၁၂)ႏွစ္ ၾကာသင္ယူေလ့လာေစျခင္းကို စတင္ခဲ့ၿပီး ေနာက္ဆုံး (၁၆)ႏွစ္ၾကာသင္ယူရတဲ့ အဆင့္ျမင့္ပညာေရးကို ပိုမိုက်ယ္ျပန႔္စြာ အာ႐ုံစိုက္လာေစပါတယ္။
ကူးမားနဲ႔ ယန္းတို႔ရဲ႕ ေလ့လာမႈဟာ ႏွစ္ႏိုင္ငံေကာလိပ္ဒီဂရီမ်ားရဲ႕ ႀကီးမားတဲ့ ကြာျခားခ်က္ကို လည္း ေဖာ္ထုတ္ခဲ့ပါတယ္။ အိႏၵိယအေနနဲ႔ သမိုင္းေၾကာင္းအရ လူမႈေရးသိပၸံဘြဲ႕ရမ်ားကို အမ်ားအျပားေမြးထုတ္ေပးခဲ့ၿပီး တ႐ုတ္ကေတာ့ သင္ၾကားေရး၊ အင္ဂ်င္နီယာ၊ ေဆးပညာနဲ႔ စိုက္ပ်ိဳးေရးမ်ိဳးတို႔လို နယ္ပယ္မ်ားမွာ ေလ့က်င့္ေရး၊ ကြၽမ္းက်င္ပညာရွင္မ်ား ပ်ိဳးေထာင္ေရးကို ပိုမိုအာ႐ုံစိုက္ခဲ့ပါတယ္။ တကယ္ေတာ့ တ႐ုတ္ႏိုင္ငံရဲ အဲဒီေျပာင္းလဲမႈဟာ (၁၉၃၀)ခုႏွစ္မ်ားေစာေစာပိုင္းကတည္းက စတင္ခဲ့ျခင္းျဖစ္ပါ တယ္။ ဖြံၿဖိဳးၿပီး ကမာၻ႔စီးပြားေရး နံပါတ္တစ္ အေမရိကန္မွာ ေရွ႕ေနမ်ား ဝင္ေငြေကာင္းပါတယ္။ ဒါေပမဲ့ သာမန္ ႏိုင္ငံတစ္ႏိုင္ငံ လ်င္လ်င္ျမန္ျမန္ ဖြံ႕ၿဖိဳးတိုး တက္ဖို႔ဆိုရင္ေတာ့ ေရွ႕ေနမ်ားထက္ အင္ဂ်င္နီယာမ်ားကို ပိုမိုလိုအပ္ေၾကာင္း သုေတသနျပဳခ်က္မ်ားအရ သိရပါတယ္။
အိႏၵိယဟာ အထူးသျဖင့္ နည္းပညာဆိုင္ရာ အင္ဂ်င္နီယာမ်ားစြာကို ေမြးထုတ္တဲ့အတြက္ လူသိမ်ားေပမယ့္ အေတာ္မ်ားမ်ားဟာ လစာဝင္ေငြပို ေကာင္းတဲ့ အေနာက္ႏိုင္ငံမ်ားကို ယိုစီးသြားၾကပါ တယ္။ တ႐ုတ္ရဲ႕ အင္ဂ်င္နီယာနဲ႔ အသက္ေမြးဝမ္း ေၾကာင္း ေလ့က်င့္ေရးဆိုင္ရာ အေလးထားမႈဟာ ႏိုင္ငံရဲ႕ကုန္ထုတ္လုပ္မႈတိုးတက္ေရးကို အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။
(၁၉၉၀) ျပည့္လြန္ႏွစ္မ်ားအတြင္း တ႐ုတ္နဲ႔ အိႏၵိယႏွစ္ႏိုင္ငံစလုံးမွာ ႀကီးမားတဲ့ စီးပြားေရး အလွည့္အေျပာင္းမ်ားကို ႀကဳံေတြ႕ခဲ့ၾကပါတယ္။ တိန႔္ေရွာင္ဖိန္ (၁၉၇၈-၁၉၈၉ ခုႏွစ္) လက္ထက္ တ႐ုတ္ႏိုင္ငံဟာ အေနာက္ႏိုင္ငံမ်ားရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈကို ဖြင့္လွစ္ခဲ့ပါတယ္။ အိႏၵိယအေနနဲ႔ကလည္း စီးပြားေရးပါရဂူ မန္မိုဟန္ဆင္း ဘ႑ာေရးဝန္ႀကီးျဖစ္တဲ့ (၁၉၉၁)ခုႏွစ္အေရာက္ ဆိုရွယ္လစ္မူဝါဒမွ ႐ုန္းထြက္ခဲ့ၿပီး ေဈးကြက္စီးပြားေရးစနစ္ကို စတင္ခဲ့ပါတယ္။ ေနာင္မန္မိုဟန္းဆင္းဟာ (၂၀ဝ၄ ခုႏွစ္မွ ၂၀၁၄ ခုႏွစ္အထိ) ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးေကာက္ခံရၿပီး ေန႐ူး-အင္ဒီရာဂႏၶီနဲ႔ နာရင္ျဒာမိုဒီ တို႔ၿပီးလွ်င္ စတုတၳေျမာက္ ရာထူးသက္တမ္းအရွည္ဆုံး အိႏၵိယ ေခါင္းေဆာင္ ျဖစ္လာပါတယ္။ ဒါေပမဲ့ အိႏၵိယရဲ႕ ပညာေရးစနစ္ဟာ ၿဗိတိသွ်ကိုလိုနီ အုပ္ခ်ဳပ္မႈရဲ႕ အထက္မွ ေအာက္သို႔ ဩဇာအာဏာ လႊမ္းမိုးတဲ့ ပုံစံအတိုင္းရွိေနဆဲ ျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။
(၁၉၇၆)ခုႏွစ္ တ႐ုတ္ႏိုင္ငံမွာ တရားဝင္ စာသင္ေက်ာင္းတက္ခြင့္မွ ပ်က္ကြက္ခဲ့တဲ့ အ႐ြယ္ ေရာက္ၿပီးသူ သန္း (၁၆၀) ရွိေနခ်ိန္ အိႏၵိယႏိုင္ငံမွာ (၁)သန္းသာရွိပါတယ္။ ဒါေပမဲ့ အေျခခံပညာေရး ခိုင္မာမႈကိုရရွိထားၿပီး တ႐ုတ္ႏိုင္ငံရွိ လူအမ်ားအျပား တို႔အေနနဲ႔ အိႏၵိယနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ တိုင္းျပည္ စီးပြားေရး တိုးတက္မႈႏႈန္းကို ျမန္ဆန္ေစရန္ အ ေထာက္အကူ ျဖစ္ဖြယ္ရွိတယ္လို႔ ျပင္သစ္ ပါရီစီးပြား ေရးတကၠသိုလ္ ႏိုင္ငံတကာ မညီမွ်မႈမ်ား ဆိုင္ရာဌာန သုေတသနေက်ာင္းသား နီတင္ကူးမားဘာတီနဲ႔ လီ ယန္းတို႔ရဲ႕ ဘြဲ႕လြန္ဒီဂရီအတြက္ စာတမ္းမွာ ေဖာ္ျပထားပါတယ္။