မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

 677

နာမူ (NP News) - နိုဝင်ဘာ ၂၁

မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင် (၂၁) ဦးကို ငွေကျပ် (၂၇ ဒသမ ၅)ဘီလျံကျော် တန်ဖိုးရှိ တရားမဝင်မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်၊ နံနက် ၅ နာရီအချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝမှ ကလေးမြို့ဘက်သို့ စိန်လွင်မောင်းနှင်ကာ ချစ်စန်းကို လိုက်ပါလာသည့် FUSO (၁၂)ဘီးယာဉ်ကို သတင်းအရ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ၎င်းယာဉ်ပေါ်မှကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ (၅၀ ဒသမ ၆)ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးချက်အရ ယင်းနေ့တွင်ပင် မန္တလေးမြို့မှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ခဲ့သည့် မြင့်နိုင်ဦး(ခ) မောင်စိုးနှင့် ဇော်ဝင်းထွန်း (ခ) နိုင်ဝင်းထွန်း(ခ) နားကားတို့အား မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း၊ ဘရန်မွန်း(ခ) ဇော်တန်ကို မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်တွင်လည်း ကောင်း၊ ရန်နိုင်ကို မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများအား ကလေးမြို့တွင် သိုလှောင်ကာ မြန်မာ-အိန္ဒိယနယ်စပ်သို့ တင်ပို့ရောင်းချသူများဖြစ်သည့် လားထန်ပွီးယာကို ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၀)တွင် ထိန်းချုပ် ဓာတုပစ္စည်း ကဖင်း (၃) တန်နှင့်လည်းကောင်း၊ သောက်နယ်လွယ် (ခ) ပုသောက်ကို ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ (၁၃) တွင် စိတ်ကြွရူးသွပ် ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်အဖက်တမင်း) (၄၁၂) ကီလို၊ ဘိန်းဖြူ သုည ဒသမ ၄၃ ကီလိုတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာ ၆ ရက်တွင် မန္တလေးမြို့မှ ကလေးမြို့သို့ မူးယစ်ဆေး ဝါးများတင်ပို့ခဲ့သည့် ဝင်းဌေးအောင်ကို ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတင်ပို့ခဲ့သည့် မူးယစ်ဆေးဝါးများကို ကလေးမြို့တွင် သိုလှောင်ပေးထားသည့် လှမိုး(ခ)ဆန်းလွင်ကို ကလေးမြို့၊ လှိုင်သာယာရပ်ကွက်ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် ဘိန်းဖြူ ၁၃ ဒသမ ၂ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖော်ထုတ်ချက်များအရ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်နေ စိုးဝင်း၏ အစီအမံဖြင့် မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် သိုလှောင်ဖြန့်ဖြူးပေးနေသူ ရဲဇော်အောင်(ခ)အားဖကို ချမ်းမြသာစည်မြို့ နယ်၊ ကန်သာယာရပ်ကွက်ရှိ နေအိမ်တွင် ဘိန်းဖြူ ၈၉ ဒသမ ၈ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အထက်ပါ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုမှ ငွေကျပ် စုစုပါင်း ၂၇ ဒသမ ၅ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ်( မက်သ်အဖက်တမင်း) (၄၁၂ ကီလို) နှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း (၃) တန်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းအချက်အလက်များအရ ၎င်းမူးယစ်ဂိုဏ်းသည် မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးမြို့သို့ သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ကလေးမြို့တွင်သိုလှောင်၍ မြန်မာ-အိန္ဒိယနယ်စပ်တွင် တစ်ဖက်နိုင်ငံမှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများနှင့် ချိတ်ဆက်သယ် ဆောင်ရောင်းဝယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တစ်ဖက်နိုင်ငံမှ မူးယစ်ဆေးဝါး နှင့် တရားမဝင် ထိန်းချုပ်ဓာတုပစ္စည်းများအား တင်သွင်းခဲ့ကြသည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင် (၂၁) ဦးကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ကွင်းဆက်ပြစ်မှုကျုးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေ ကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်း ဆည်းနိုင်ရေးအတွက် သက်ဆိုင်ရာက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သတင်းရရှိသည်။

zawgyi version
ျမန္မာ-အိႏၵိယနယ္စပ္သို႔ မူးယစ္ေဆးဝါးမ်ား တင္ပို႔ေရာင္းခ်ေနသည့္ မူးယစ္ဂိုဏ္းအဖြဲ႕ဝင္(၂၁)ဦးကို ေငြက်ပ္ (၂၇)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိ
နာမူ (NP News) - ႏိုဝင္ဘာ ၂၁

ျမန္မာ-အိႏၵိယနယ္စပ္သို႔ မူးယစ္ေဆးဝါးမ်ား တင္ပို႔ေရာင္းခ်ေနသည့္ မူးယစ္ဂိုဏ္းအဖြဲ႕ဝင္ (၂၁) ဦးကို ေငြက်ပ္ (၂၇ ဒသမ ၅)ဘီလ်ံေက်ာ္ တန္ဖိုးရွိ တရားမဝင္မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၅ ရက္၊ နံနက္ ၅ နာရီအခ်ိန္၌ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕ နယ္၊ က်ီကုန္းေက်း႐ြာလမ္းဆုံတြင္ ကေလးဝမွ ကေလးၿမိဳ႕ဘက္သို႔ စိန္လြင္ေမာင္းႏွင္ကာ ခ်စ္စန္းကို လိုက္ပါလာသည့္ FUSO (၁၂)ဘီးယာဥ္ကို သတင္းအရ ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ရွာေဖြရာ ၎ယာဥ္ေပၚမွကုန္ပစၥည္းမ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာသည့္ ဘိန္းျဖဴ (၅၀ ဒသမ ၆)ကီလိုအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္စစ္ေဆးခ်က္အရ ယင္းေန႔တြင္ပင္ မႏၲေလးၿမိဳ႕မွ ကေလးၿမိဳ႕သို႔ မူးယစ္ေဆးဝါးမ်ား တင္ပို႔ခဲ့သည့္ ျမင့္ႏိုင္ဦး(ခ) ေမာင္စိုးႏွင့္ ေဇာ္ဝင္းထြန္း (ခ) ႏိုင္ဝင္းထြန္း(ခ) နားကားတို႔အား မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ထြန္တုံးရပ္ကြက္ရွိ ေနအိမ္တြင္လည္းေကာင္း၊ ဘရန္မြန္း(ခ) ေဇာ္တန္ကို မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာၿမိဳင္(၁)ရပ္ကြက္တြင္လည္း ေကာင္း၊ ရန္ႏိုင္ကို မဟာေအာင္ေျမၿမိဳ႕နယ္၊ စၾကၤာႏြယ္စဥ္ရပ္ကြက္တြင္လည္းေကာင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ အဆိုပါမူးယစ္ေဆးဝါးမ်ားအား ကေလးၿမိဳ႕တြင္ သိုေလွာင္ကာ ျမန္မာ-အိႏၵိယနယ္စပ္သို႔ တင္ပို႔ေရာင္းခ်သူမ်ားျဖစ္သည့္ လားထန္ပြီးယာကို ကေလးၿမိဳ႕ တာဟန္းရပ္ကြက္ နယ္ေျမ(၁၀)တြင္ ထိန္းခ်ဳပ္ ဓာတုပစၥည္း ကဖင္း (၃) တန္ႏွင့္လည္းေကာင္း၊ ေသာက္နယ္လြယ္ (ခ) ပုေသာက္ကို ကေလးၿမိဳ႕၊ တာဟန္းရပ္ကြက္၊ နယ္ေျမ (၁၃) တြင္ စိတ္ႂကြ႐ူးသြပ္ ေဆးျပား ၅ ဒသမ ၅၁ သန္း၊ အိုက္စ္ (မက္အဖက္တမင္း) (၄၁၂) ကီလို၊ ဘိန္းျဖဴ သုည ဒသမ ၄၃ ကီလိုတို႔ႏွင့္အတူ ဆက္လက္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ႏိုဝင္ဘာ ၆ ရက္တြင္ မႏၲေလးၿမိဳ႕မွ ကေလးၿမိဳ႕သို႔ မူးယစ္ေဆး ဝါးမ်ားတင္ပို႔ခဲ့သည့္ ဝင္းေဌးေအာင္ကို ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ သင္ပန္းကုန္းရပ္ကြက္တြင္ ဖမ္းဆီးရမိခဲ့ၿပီး ၎တင္ပို႔ခဲ့သည့္ မူးယစ္ေဆးဝါးမ်ားကို ကေလးၿမိဳ႕တြင္ သိုေလွာင္ေပးထားသည့္ လွမိုး(ခ)ဆန္းလြင္ကို ကေလးၿမိဳ႕၊ လႈိင္သာယာရပ္ကြက္ရွိ ကုန္စည္ပို႔ေဆာင္ေရးဂိတ္တြင္ ဘိန္းျဖဴ ၁၃ ဒသမ ၂ ကီလိုႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္ေဖာ္ထုတ္ခ်က္မ်ားအရ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေက်းသီးၿမိဳ႕နယ္ေန စိုးဝင္း၏ အစီအမံျဖင့္ မူးယစ္ေဆးဝါးမ်ားကို မႏၲေလးၿမိဳ႕တြင္ သိုေလွာင္ျဖန႔္ျဖဴးေပးေနသူ ရဲေဇာ္ေအာင္(ခ)အားဖကို ခ်မ္းျမသာစည္ၿမိဳ႕ နယ္၊ ကန္သာယာရပ္ကြက္ရွိ ေနအိမ္တြင္ ဘိန္းျဖဴ ၈၉ ဒသမ ၈ ကီလိုႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အထက္ပါ မူးယစ္ေဆးဝါးဖမ္းဆီးရရွိမႈမွ ေငြက်ပ္ စုစုပါင္း ၂၇ ဒသမ ၅ ဘီလ်ံေက်ာ္ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၅ ဒသမ ၅၁ သန္း၊ အိုက္စ္( မက္သ္အဖက္တမင္း) (၄၁၂ ကီလို) ႏွင့္ ထိန္းခ်ဳပ္ဓာတုပစၥည္း ကဖင္း (၃) တန္တို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

သတင္းအခ်က္အလက္မ်ားအရ ၎မူးယစ္ဂိုဏ္းသည္ မူးယစ္ေဆးဝါးမ်ားအား ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ မႏၲေလးၿမိဳ႕သို႔ သယ္ေဆာင္ၿပီး ထိုမွတစ္ဆင့္ ကေလးၿမိဳ႕တြင္သိုေလွာင္၍ ျမန္မာ-အိႏၵိယနယ္စပ္တြင္ တစ္ဖက္ႏိုင္ငံမွ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္သူမ်ားႏွင့္ ခ်ိတ္ဆက္သယ္ ေဆာင္ေရာင္းဝယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ တစ္ဖက္ႏိုင္ငံမွ မူးယစ္ေဆးဝါး ႏွင့္ တရားမဝင္ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ားအား တင္သြင္းခဲ့ၾကသည့္ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕ဝင္ (၂၁) ဦးကို ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ခဲ့ၿပီး ကြင္းဆက္ျပစ္မႈက်ဳးလြန္သူမ်ားကိုလည္း ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ၎တို႔မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္ရာမွ ရရွိသည့္ ေငြ ေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္း ဆည္းႏိုင္ေရးအတြက္ သက္ဆိုင္ရာက ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ ဆက္လက္အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သတင္းရရွိသည္။

Related news

© 2021. All rights reserved.