လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
399
ရောင်နီ(NP News) - နိုဝင်ဘာ ၂၂
လာအိုနိုင်ငံမှာ သြစတြေးလျ ဆယ်ကျော်သက်တစ်ဦး မီသနောပါတဲ့အရက်ကို သောက်ပြီးနောက် ကြာသပတေးနေ့ (နိုဝင်ဘာ ၂၁ ရက်)မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ လာအိုနိုင်ငံမှာ အရက်သောက်ပြီး လူသေဆုံးတဲ့ စတုတ္တမြောက် နိုင်ငံခြားသား ဖြစ်ပါတယ်။
ဘင်ကာဂျုံး အမည်ရှိ အသက်(၁၉)နှစ်အရွယ် ဩစတြေးလျနိုင်ငံ သားဟာ မြို့တော် ဗီယင်ကျန်းရဲ့ မြောက်ဘက် နှစ်နာရီခန့်အကွာရှိ ခရီး သွားနေရာ ဗန်ဗီယန်မြို့မှာ လည်ပတ်နေရင်း ပြီးခဲ့တဲ့ သီတင်းပတ်က နာမကျန်းဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ ရက်က အိမ်နီးချင်း ထိုင်းနိုင်ငံ၊ အူဒန်သာနီမြို့မှာရှိတဲ့ ဆေးရုံကို ပို့ဆောင်ပြီးတဲ့နောက် ကြာသပတေးနေ့(နိုဝင်ဘာ ၂၁ ရက်) မှာတော့ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆရာ ဝန် ဆေးစစ်ချက်အရတော့ အရက်အတုသောက်ပြီး အဲဒီထဲမှာ ပါဝင်တဲ့ မီသနော အဆိပ်ကြောင့် ဦးနှောက်ရောင်ရမ်း သေဆုံးရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဂျုံးဟာ လာအိုနိုင်ငံမှာ အရက်သောက်ပြီး သေဆုံးရသည့် စတုတ္ထမြောက် နိုင်ငံခြား ခရီးသွားဖြစ်လာခဲ့ပါတယ်။ ဂျုံးရဲ့ သူငယ် ချင်း ဟော်လီဘိုးလ် အသက်(၁၉)နှစ်ကတော့ ဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေ အနေရှိနေတယ်လို့ သိရပါတယ်။
zawgyi version
လာအိုမွာ ညစ္ညမ္းအရက္ေၾကာင့္ ၾသစေၾတးလ်ဆယ္ေက်ာ္သက္တစ္ဦး ေသဆုံး
ေရာင္နီ(NP News) - ႏိုဝင္ဘာ ၂၂
လာအိုႏိုင္ငံမွာ ၾသစေၾတးလ် ဆယ္ေက်ာ္သက္တစ္ဦး မီသေနာပါတဲ့အရက္ကို ေသာက္ၿပီးေနာက္ ၾကာသပေတးေန႔ (ႏိုဝင္ဘာ ၂၁ ရက္)မွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ ဒါဟာ လာအိုႏိုင္ငံမွာ အရက္ေသာက္ၿပီး လူေသဆုံးတဲ့ စတုတၱေျမာက္ ႏိုင္ငံျခားသား ျဖစ္ပါတယ္။
ဘင္ကာဂ်ဳံး အမည္ရွိ အသက္(၁၉)ႏွစ္အ႐ြယ္ ဩစေၾတးလ်ႏိုင္ငံ သားဟာ ၿမိဳ႕ေတာ္ ဗီယင္က်န္းရဲ႕ ေျမာက္ဘက္ ႏွစ္နာရီခန႔္အကြာရွိ ခရီး သြားေနရာ ဗန္ဗီယန္ၿမိဳ႕မွာ လည္ပတ္ေနရင္း ၿပီးခဲ့တဲ့ သီတင္းပတ္က နာမက်န္းျဖစ္ခဲ့ပါတယ္။ ႏိုဝင္ဘာ ၁၃ ရက္က အိမ္နီးခ်င္း ထိုင္းႏိုင္ငံ၊ အူဒန္သာနီၿမိဳ႕မွာရွိတဲ့ ေဆး႐ုံကို ပို႔ေဆာင္ၿပီးတဲ့ေနာက္ ၾကာသပေတးေန႔(ႏိုဝင္ဘာ ၂၁ ရက္) မွာေတာ့ ေသဆုံးသြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ဆရာ ဝန္ ေဆးစစ္ခ်က္အရေတာ့ အရက္အတုေသာက္ၿပီး အဲဒီထဲမွာ ပါဝင္တဲ့ မီသေနာ အဆိပ္ေၾကာင့္ ဦးေႏွာက္ေရာင္ရမ္း ေသဆုံးရျခင္း ျဖစ္တယ္လို႔ ေျပာပါတယ္။
ဒီျဖစ္ရပ္ေၾကာင့္ ဂ်ဳံးဟာ လာအိုႏိုင္ငံမွာ အရက္ေသာက္ၿပီး ေသဆုံးရသည့္ စတုတၳေျမာက္ ႏိုင္ငံျခား ခရီးသြားျဖစ္လာခဲ့ပါတယ္။ ဂ်ဳံးရဲ႕ သူငယ္ ခ်င္း ေဟာ္လီဘိုးလ္ အသက္(၁၉)ႏွစ္ကေတာ့ ေဆး႐ုံမွာ စိုးရိမ္ရတဲ့ အေျခ အေနရွိေနတယ္လို႔ သိရပါတယ္။