"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်

 1199

ရောင်နီ (NP News) - နိုဝင်ဘာ ၂၂

မောင်ရီဇီယို ကတ်တလန်ဆိုတဲ့ အီတလီ အနုပညာရှင်ရဲ့ ငှက်ပျော သီးကို တိတ်ကပ်ထားတဲ့ အနုပညာဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က နာမည်ကြီး ဆပ်သဘီ လေလံရုံမှာ မူလခန့်မှန်းထားတာထက် လေးဆ မက ကျော်လွန်တဲ့ဈေးနဲ့ လေလံတင် ရောင်းထွက်သွားခဲ့ပါတယ်။

အနုပညာ လက်ရာအတွက် လေလံတင်ငွေကို အမေရိကန်ဒေါ်လာ (၁)သန်းမှ အမေရိကန်ဒေါ်လာ (၁.၅)သန်းအထိသာ ရရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းထားတာပါ။ ဝယ်ယူသူဟာ တရုတ်နိုင်ငံဖွား ဒစ်ဂျစ်တယ် ခရစ်ပ်တို ငွေကြေး နဲ့ ချမ်းသာလာသူ စွန့်ဦးတီထွင်သူဌေး ဂျပ်စတင်ဆွန်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီ ငှက်ပျောသီးကို တိတ်ကပ်တဲ့အနုပညာဟာ အင်တာနက်မှာ လှောင်ရယ်သံတွေနဲ့ ဝေဖန်ခံရတဲ့ အနုပညာ လက်ရာတစ်ခု ဖြစ်ပါတယ်။ အနုပညာ လက်ရာကို Art Basel Miami ကမ်းခြေမှာ ၂၀၁၉ ခုနှစ်က စတင်ပြသခဲ့တာ ဖြစ်ပါတယ်။

အခုလေလံတင်ရောင်းချဖြစ်တဲ့ အနုပညာ လက်ရာကတော့ ကတ်တလန်ရဲ့ (၄)ခုမြောက် ငှက်ပျောသီး အနုပညာဖြစ်ပြီး ကျန်လက်ရာ (၃)ခု လုံးကို အမေရိကန်ဒေါ်လာ (၁၂၀,၀၀၀) မှ အမေရိကန်ဒေါ်လာ (၁၅၀,၀၀၀) အတွင်း ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

zawgyi version
"နံရံမွာ တိပ္နဲ႔ကပ္ထားတဲ့ ငွက္ေပ်ာသီး" အႏုပညာ လက္ရာ ေလလံပြဲမွာ ေဒၚလာ(၆.၂)သန္းနဲ႔ ေရာင္းထြက္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၂

ေမာင္ရီဇီယို ကတ္တလန္ဆိုတဲ့ အီတလီ အႏုပညာရွင္ရဲ႕ ငွက္ေပ်ာ သီးကို တိတ္ကပ္ထားတဲ့ အႏုပညာဟာ အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕က နာမည္ႀကီး ဆပ္သဘီ ေလလံ႐ုံမွာ မူလခန္႔မွန္းထားတာထက္ ေလးဆ မက ေက်ာ္လြန္တဲ့ေဈးနဲ႔ ေလလံတင္ ေရာင္းထြက္သြားခဲ့ပါတယ္။

အႏုပညာ လက္ရာအတြက္ ေလလံတင္ေငြကို အေမရိကန္ေဒၚလာ (၁)သန္းမွ အေမရိကန္ေဒၚလာ (၁.၅)သန္းအထိသာ ရရွိႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းထားတာပါ။ ဝယ္ယူသူဟာ တ႐ုတ္ႏိုင္ငံဖြား ဒစ္ဂ်စ္တယ္ ခရစ္ပ္တို ေငြေၾကး နဲ႔ ခ်မ္းသာလာသူ စြန္႔ဦးတီထြင္သူေဌး ဂ်ပ္စတင္ဆြန္း ျဖစ္တယ္လို႔ သိရပါတယ္။ ဒီ ငွက္ေပ်ာသီးကို တိတ္ကပ္တဲ့အႏုပညာဟာ အင္တာနက္မွာ ေလွာင္ရယ္သံေတြနဲ႔ ေဝဖန္ခံရတဲ့ အႏုပညာ လက္ရာတစ္ခု ျဖစ္ပါတယ္။ အႏုပညာ လက္ရာကို Art Basel Miami ကမ္းေျခမွာ ၂၀၁၉ ခုႏွစ္က စတင္ျပသခဲ့တာ ျဖစ္ပါတယ္။

အခုေလလံတင္ေရာင္းခ်ျဖစ္တဲ့ အႏုပညာ လက္ရာကေတာ့ ကတ္တလန္ရဲ႕ (၄)ခုေျမာက္ ငွက္ေပ်ာသီး အႏုပညာျဖစ္ၿပီး က်န္လက္ရာ (၃)ခု လုံးကို အေမရိကန္ေဒၚလာ (၁၂၀,၀၀၀) မွ အေမရိကန္ေဒၚလာ (၁၅၀,၀၀၀) အတြင္း ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.