(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
362
Pika (NP News) - နိုဝင်ဘာ ၂၂
တရုတ်နိုင်ငံ Guizhou ပြည်နယ်နှင့် ယူနန်ပြည်နယ်ကြားနယ်စပ်အနီး အလွန်မတ်စောက်သော ချောက်ကမ်း ပါးနှစ်ခုကြားတွင်တည်ရှိသည့် Beipanjiang တံတားသည် Beipan မြစ်ချိုင့်ဝှမ်းအထက် အမြင့်(၅၆၅) မီတာရှိပြီး ကမ္ဘာ့အမြင့်ဆုံး တံတားအဖြစ် အသိအမှတ်ပြုခံထားရသည်။
Duge တံတား သို့မဟုတ် ‘‘China’s Impossible Engineering Feat” ဟုလူသိများကြသော ကမ္ဘာ့အမြင့် ဆုံးတံတားသည် တရုတ်အင်ဂျင်နီယာများနှင့် ၎င်းတို့ ၏ဆန်းသစ်တီထွင်မှုများကို သက်သေပြနေသည့်အရာတစ်ခုလည်းဖြစ်သည်။ Beipanjiang တံတားကို တည်ဆောက်ရန်အတွက် ဒီဇိုင်းဆန်းသစ်တီထွင်မှုများနှင့် နည်းပညာသစ်များစွာလိုအပ်ပြီး အဆိုပါ တံတားကိုတည်ဆောက်ခဲ့သည့် ကုမ္ပဏီသည် တံတားတည်ဆောက်ရေးနယ်ပယ်တွင် နိုဘယ်ဆုအဖြစ် သတ်မှတ်ခံထားရသော Gustav Lindenthal Gold Medal ဆုကို ရရှိခဲ့ကြောင်းလည်းသိရသည်။
အဆိုပါတံတားတည်ဆောက်မှုမှာ (၂၀၁၆) ခုနှစ်တွင် ပြီးစီးခဲ့ပြီး Guizhou ပြည်နယ်နှင့် ယူနန်ပြည်နယ် တို့ကိုဆက်သွယ်ပေးသော ကမ္ဘာ့အမြင့်ဆုံးတံတားသည် ယခင်က ကားများ နှင့်ကုန်တင်ထရပ်ကားများ သွားလာ၍မရသော ဧရိယာတစ်ခုလုံးကို လမ်းကြောင်း ဖွင့်ပေးနိုင်ခဲ့ကြောင်း လည်းသိရ သည်။ တရုတ်နိုင်ငံ၏ Beipanjiang Duge တံတားသည် အထပ်(၂၀ဝ)ရှိ သည့် အဆောက်အအုံ နှင့်ညီမျှသော အမြင့်(၅၀ဝ) မီတာကျော်ရှိသည့် ကမ္ဘာ့ပထမဆုံးတံတားဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးတံတားခေါင်းစဉ်ကို ကိုင်ဆောင်ထား သည့် ပထမဆုံး ကြိုးတံတားဖြစ်ကြောင်းလည်း
သိရသည်။
သို့သော်လည်း Beipanjiang တံတားကို တည်ဆောက်ရာတွင် ဒေသ၏ကြမ်းတမ်းသောမြေ မျက်နှာပြင်ကြောင့် သာမက အဆိုပါအမြင့်တွင်တိုက် ခတ်လာသောလေများကြောင့် ကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် Guizhou ပြည်နယ်အာဏာပိုင်များသည် Huajiang Grand Canyon တံတားကို လာမည့် နှစ်တွင် ဖွင့်လှစ်ရန်စီစဉ်နေမှုနှင့်အတူ Beipanjiang တံတားသည် ကမ္ဘာ့အမြင့်ဆုံးတံတားဆိုသည့်ခေါင်းစဉ်ကို လအနည်းငယ် လောက်သာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖွယ်ရှိနေကြောင်းလည်းသိရသည်။ လာမည့်နှစ်တွင် ဖွင့်လှစ်ရန်စီစဉ်ထား သည့် Huajiang Grand Canyon တံတားသည် အနည်းဆုံး(၆၂၅)မီတာအမြင့်ရှိမည်ဖြစ်ကြောင်း လည်းသိရသည်။
zawgyi version
(၅၆၅)မီတာျမင့္တဲ့ တ႐ုတ္ႏိုင္ငံက ကမာၻ႔အျမင့္ဆုံးတံတား
Pika (NP News) - ႏိုဝင္ဘာ ၂၂
တ႐ုတ္ႏိုင္ငံ Guizhou ျပည္နယ္ႏွင့္ ယူနန္ျပည္နယ္ၾကားနယ္စပ္အနီး အလြန္မတ္ေစာက္ေသာ ေခ်ာက္ကမ္း ပါးႏွစ္ခုၾကားတြင္တည္ရွိသည့္ Beipanjiang တံတားသည္ Beipan ျမစ္ခ်ိဳင့္ဝွမ္းအထက္ အျမင့္(၅၆၅) မီတာရွိၿပီး ကမာၻ႔အျမင့္ဆုံး တံတားအျဖစ္ အသိအမွတ္ျပဳခံထားရသည္။
Duge တံတား သို႔မဟုတ္ ‘‘China’s Impossible Engineering Feat” ဟုလူသိမ်ားၾကေသာ ကမာၻ႔အျမင့္ ဆုံးတံတားသည္ တ႐ုတ္အင္ဂ်င္နီယာမ်ားႏွင့္ ၎တို႔ ၏ဆန္းသစ္တီထြင္မႈမ်ားကို သက္ေသျပေနသည့္အရာတစ္ခုလည္းျဖစ္သည္။ Beipanjiang တံတားကို တည္ေဆာက္ရန္အတြက္ ဒီဇိုင္းဆန္းသစ္တီထြင္မႈမ်ားႏွင့္ နည္းပညာသစ္မ်ားစြာလိုအပ္ၿပီး အဆိုပါ တံတားကိုတည္ေဆာက္ခဲ့သည့္ ကုမၸဏီသည္ တံတားတည္ေဆာက္ေရးနယ္ပယ္တြင္ ႏိုဘယ္ဆုအျဖစ္ သတ္မွတ္ခံထားရေသာ Gustav Lindenthal Gold Medal ဆုကို ရရွိခဲ့ေၾကာင္းလည္းသိရသည္။
အဆိုပါတံတားတည္ေဆာက္မႈမွာ (၂၀၁၆) ခုႏွစ္တြင္ ၿပီးစီးခဲ့ၿပီး Guizhou ျပည္နယ္ႏွင့္ ယူနန္ျပည္နယ္ တို႔ကိုဆက္သြယ္ေပးေသာ ကမာၻ႔အျမင့္ဆုံးတံတားသည္ ယခင္က ကားမ်ား ႏွင့္ကုန္တင္ထရပ္ကားမ်ား သြားလာ၍မရေသာ ဧရိယာတစ္ခုလုံးကို လမ္းေၾကာင္း ဖြင့္ေပးႏိုင္ခဲ့ေၾကာင္း လည္းသိရ သည္။ တ႐ုတ္ႏိုင္ငံ၏ Beipanjiang Duge တံတားသည္ အထပ္(၂၀ဝ)ရွိ သည့္ အေဆာက္အအုံ ႏွင့္ညီမွ်ေသာ အျမင့္(၅၀ဝ) မီတာေက်ာ္ရွိသည့္ ကမာၻ႔ပထမဆုံးတံတားျဖစ္ၿပီး ကမာၻ႔အျမင့္ဆုံးတံတားေခါင္းစဥ္ကို ကိုင္ေဆာင္ထား သည့္ ပထမဆုံး ႀကိဳးတံတားျဖစ္ေၾကာင္းလည္း
သိရသည္။
သို႔ေသာ္လည္း Beipanjiang တံတားကို တည္ေဆာက္ရာတြင္ ေဒသ၏ၾကမ္းတမ္းေသာေျမ မ်က္ႏွာျပင္ေၾကာင့္ သာမက အဆိုပါအျမင့္တြင္တိုက္ ခတ္လာေသာေလမ်ားေၾကာင့္ ႀကီးမားေသာစိန္ေခၚမႈတစ္ခုျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ Guizhou ျပည္နယ္အာဏာပိုင္မ်ားသည္ Huajiang Grand Canyon တံတားကို လာမည့္ ႏွစ္တြင္ ဖြင့္လွစ္ရန္စီစဥ္ေနမႈႏွင့္အတူ Beipanjiang တံတားသည္ ကမာၻ႔အျမင့္ဆုံးတံတားဆိုသည့္ေခါင္းစဥ္ကို လအနည္းငယ္ ေလာက္သာ ဆက္လက္ထိန္းသိမ္းထားႏိုင္ဖြယ္ရွိေနေၾကာင္းလည္းသိရသည္။ လာမည့္ႏွစ္တြင္ ဖြင့္လွစ္ရန္စီစဥ္ထား သည့္ Huajiang Grand Canyon တံတားသည္ အနည္းဆုံး(၆၂၅)မီတာအျမင့္ရွိမည္ျဖစ္ေၾကာင္း လည္းသိရသည္။