လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်

 355

ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၂၂

ကိုဗစ် ၁၉ ကပ်ရောဂါကာလမှစတင်ကာ လေးနှစ်ဝန်းကျင်ကြာအောင် ရပ်နားထားသည် ရန်ကုန်မြို့ရှိ ရေကျော်ပွဲဈေးကို ယ‌နေ့ (နိုဝင်ဘာ ၂၂ ရက်) တွင် ပြန်လည်ကျင်းပမည်ဟု ဒေသခံပွဲဈေး ကျင်းပရေးကော်မတီများထံမှသိရသည်။

“ဆိုင်ခန်းနေရာတွေကိုမနေ့ကတည်းက အကုန်နေရာချပေးထားပြီးပြီ။ ပွဲတော်ဖွင့်ပွဲကို ဒီနေ့ နိုဝင်ဘာ( ၂၂ )ရက် ညနေမှာအခမ်းအနားနဲ့ဖွင့်မှာပါ” ဟု ဈေးပွဲတော်ကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ နာမည်ကြီး ရေကျော်ပွဲဈေးကို (နိုဝင်ဘာ ၂၂ ရက်မှ ၂၆ ရက်) အထိ (၅)ရက်ကြာ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ “ရေကျော်ပွဲဈေးကို ၂၂ ရက်ကနေ ၂၆ ရက်နေ့အထိ ၅ ရက်ကြာ လုပ်သွားမှာပါ။ ဒီနှစ်မှာ အမျိုးသားနေ့နဲ့ တွဲပြီး လုပ်တာပေါ့နော်။ ခါတိုင်းနှစ်တွေမှာတော့ သီတင်းကျွတ် ကာလမှာလုပ်နေကျ။ မလုပ်ဖြစ်တာဆိုရင် ၄ နှစ် ကျော်သွားပြီ။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကာလကနေ ၂၀၂၃ ခုနှစ်အထိဖြစ်ပါတယ်။ ယခုနှစ်မှာ ပြန်လည် လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ပုဇွန်တောင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ဆိုင်ခန်းနေရာချထားရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေကျော်ပွဲဈေးသည် လည်ပတ်သူများပြားသဖြင့် အလွန်စည်ကားသည့်ပွဲဈေးဖြစ်ပြီး လက်ရှိအချိန်၌ ပွဲဈေးတန်းအတွက် ဆိုင်ခန်းနေရာများကို ထုံးစည်းများချကာ နံပါတ်အလိုက် ကြိုတင်ငှားရမ်းမှုများရှိနေကြောင်း နှင့် ပွဲတော်ကျင်းပနေချိန်အတွင်း ရေကျော်လမ်းတစ်ခုလုံးကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ေလးႏွစ္ဝန္းက်င္ရပ္နားထားသည့္ ေရေက်ာ္ပြဲေဈး ယေန႔ ျပန္လည္က်င္းပမည္
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၂၂

ကိုဗစ္ ၁၉ ကပ္ေရာဂါကာလမွစတင္ကာ ေလးႏွစ္ဝန္းက်င္ၾကာေအာင္ ရပ္နားထားသည္ ရန္ကုန္ၿမိဳ႕ရွိ ေရေက်ာ္ပြဲေဈးကို ယ‌ေန႔ (ႏိုဝင္ဘာ ၂၂ ရက္) တြင္ ျပန္လည္က်င္းပမည္ဟု ေဒသခံပြဲေဈး က်င္းပေရးေကာ္မတီမ်ားထံမွသိရသည္။

“ဆိုင္ခန္းေနရာေတြကိုမေန႔ကတည္းက အကုန္ေနရာခ်ေပးထားၿပီးၿပီ။ ပြဲေတာ္ဖြင့္ပြဲကို ဒီေန႔ ႏိုဝင္ဘာ( ၂၂ )ရက္ ညေနမွာအခမ္းအနားနဲ႔ဖြင့္မွာပါ” ဟု ေဈးပြဲေတာ္က်င္းပေရးေကာ္မတီဝင္တစ္ဦးက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ နာမည္ႀကီး ေရေက်ာ္ပြဲေဈးကို (ႏိုဝင္ဘာ ၂၂ ရက္မွ ၂၆ ရက္) အထိ (၅)ရက္ၾကာ ျပန္လည္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။ “ေရေက်ာ္ပြဲေဈးကို ၂၂ ရက္ကေန ၂၆ ရက္ေန႔အထိ ၅ ရက္ၾကာ လုပ္သြားမွာပါ။ ဒီႏွစ္မွာ အမ်ိဳးသားေန႔နဲ႔ တြဲၿပီး လုပ္တာေပါ့ေနာ္။ ခါတိုင္းႏွစ္ေတြမွာေတာ့ သီတင္းကြၽတ္ ကာလမွာလုပ္ေနက်။ မလုပ္ျဖစ္တာဆိုရင္ ၄ ႏွစ္ ေက်ာ္သြားၿပီ။ ၂၀၂၀ ျပည့္ႏွစ္ ကိုဗစ္-၁၉ ကာလကေန ၂၀၂၃ ခုႏွစ္အထိျဖစ္ပါတယ္။ ယခုႏွစ္မွာ ျပန္လည္ လုပ္ေဆာင္တာျဖစ္ပါတယ္” ဟု ပုဇြန္ေတာင္ၿမိဳ႕နယ္၊ အမွတ္(၉)ရပ္ကြက္ရွိ ဆိုင္ခန္းေနရာခ်ထားေရး တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

ေရေက်ာ္ပြဲေဈးသည္ လည္ပတ္သူမ်ားျပားသျဖင့္ အလြန္စည္ကားသည့္ပြဲေဈးျဖစ္ၿပီး လက္ရွိအခ်ိန္၌ ပြဲေဈးတန္းအတြက္ ဆိုင္ခန္းေနရာမ်ားကို ထုံးစည္းမ်ားခ်ကာ နံပါတ္အလိုက္ ႀကိဳတင္ငွားရမ္းမႈမ်ားရွိေနေၾကာင္း ႏွင့္ ပြဲေတာ္က်င္းပေနခ်ိန္အတြင္း ေရေက်ာ္လမ္းတစ္ခုလုံးကို ယာယီပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.